ムラカミJanuary 10, 20121min18010
ပွဲစပြီ …. မိုက်ကီ ကြက်ဆင် ကိုပင် အသေစောစေခဲ့သော ….ကမာ္ဘသိ မြန်မာ အကဝိဇ္ဇာပီပါဟိန်း၏ …တစ်ဦးတည်းသော  ချစ်ဒဘဲ့ ….မိုးစက် ကလေး ၏ အငြိမ့် အစီအစဉ်ပီးဆုံးပီးသကာလ …… ရွှေခါးပတ်ရှင် ဗမာ့လက်ဝှေ့ကျော် နိုဇိုးမိ နှင့်  စိန်ခေါ်သူ တွေ့မရှောင်ကိုမည်းကြီး တို့၏ ပွဲ ….. ဗိန်းမောင်းသံတွေ ညံနေ၏ …. commentator တွေပင် …ဟိုင်းရား ဟိုင်းရား အော်နေပေပြီ …. ထိုအချိန်….     ငွေသိမ်းသတ္တာကို တွန်းလာသော လုံခြုံရေးဝန်ထမ်း၂ယောက် ဗော့လ်ထဲ ဝင်လာသည် …. သတ္တာထားပြီး ဟန်မပျက် အသာအယာပင် ပြန်ထွက်သွား၏…. ထိုသတ္တာတွင်းတွင်ကား …. အောက်စီဂျင်ဗူးတပ် ကိုသော်စ့်… ပါရှိ၏။ ထို၂ယောက်ဆိုသည်ကား ..တက္ကနစ်ရှင် […]


ဖိုးထောင်January 9, 20121min1033
ကောင်လေး အရေးဋ္ဌကီးလို.သွားတာနော် သေချာပြောထား ကျနော်၏ဒယ်ဒီဖေဖေ မှာသောစကား(လေယာဉ်ပြည်တွင်း departure)ထဲဝင်တော့မှာတမ်းခြွေသည့် စကားဖြစ်ပါသည်။ ထို.ဋ္ဌေကာင့်ကျနော်လည်း ခေါ်လိုက်သည်——– လူဋ္ဌကီးမင်း++++++++ sorry++++++ ထပ်ခေါ်——— လူဋ္ဌကီးမင်း++++++ sorry++++++++ ထပ်ခေါ်——— လူဋ္ဌကီးမင်း++++++ sorry++++++++ ထိုသို.ဖြင့်လေယာဉ်သည် မန်းရွှေမြို.တော်သို.ရောက်သွားပြီ ကျနော်က လူဋ္ဌကီးမင်းနှင့်တွေ.နေတုန်း ထို.ဋ္ဌေကာင့် နိဂုံးချုပ်သော် မသဲနုအေးပြောတာမှန်ပါတယ် သို.သော်မပြည့်စုံ small cat ပြောတာလည်းမှန်ပါတယ် သို.သော်မပြည့်စုံ အပြည့်အစုံ မှာ ဆက်သွယ်ရေးမှ ဖုန်းများအားလုံးဖြစ်ပါတယ် ဒန်.တန်.တန်.


ဖိုးထောင်January 8, 20121min21612
သူငယ်ချင်းတွေ ပင်ပန်းနေဋ္ဌကလို.စိတ်ပြေလက်ပျောက် စကားထာလေးတစ်ခုပါ ခေတ်သစ်စကားထာပေါ့ ခေါ်လို.မရ ထူးလို.မဋ္ဌကားအရေးဋ္ဌကီးလို.အမြန်ပြေးပြောလိုက်ပါဦးမယ် ဆိုတာဘာလဲ သိတဲ့လူဖြေပေးပါခင်ဗျာ


fattyJanuary 7, 20121min18613
သူကြီး အကြွေးမရသေးဘူးနော် နှစ်သစ်မှာမင်္ဂလာရှိအောင် အကြွေးလေးဘာလေးဆပ်ပါလား။ နို့မို့ရင်သံသရာ ပါသွားမှာစိုးလို့ … အဟဲ ..။


ムラカミJanuary 6, 20122min25215
ပြီးခဲ့သော ဇာတ်လမ်း အကျဉ်း ..... အမ်ဂျီအမ်-မာရာ့ချ်-ဘလားဂျီးယို့ ကာစီနိုများရှင် ကိုကြောင် ကိုလက်စားချေရန် အတွက် တချိန်က သဂျီးတဖြစ်လဲ .. မန့်သ်လေး ဘေး ပိုင်ရှင် သဌေးဂျီး မိုက်ခယ်လ် သဂျိုင်ခီး သည် ကပေ နှင့်တကွသော အခြား လူစွမ်းကောင်း ၉ယောက် (မိမိ နှင့် ဆို စုစုပေါင်း ၁၁ယောက်) ကို စုစည်းပြီး ဘလားဂျီးယိုစ့် ကာစီနိုကို ဖောက်ရန် ကြံသည် .... ။ ကပေ့ လူစွမ်းကောင်း ၁၁ယောက် စာရင်းမှာ ဤသို့ ဖြစ်၏။ ၁။ မန့်သ်လေး ဘေး ပိုင်ရှင် သူဌေး မိုက်ကယ်လ် သဂျိုင်ခီး.. (project sponsor, investor) ၂။ တခ်နစ်ကယ်လ် […]


၂၀၁၁ခုနှစ် အထူးခြားဆုံး ပုဂ္ဂိုလ်ဆုကို ဖွတ်အလကားဂျာနယ်မှ မျက်နှာလိုအားရ ပေါချောင်ကောင်း စက္ကူသွင်းခွင့်မျှော်၍ ဒီပုပ်ထဲမှဒီပဲ ဆိုသူအား ရွေးချယ်လိုက်လေရာ ၎င်းဂျာနယ် အဓိကပြိုင်ဖက် (အတိအကျ ပြောရင် နှာတဖျား အသာတွင်ရှိသည်) မန်းတာလေဂေဇက်ဒေါ့ကွန်းမှ အားကျမခံ ၂၀၁၁ခုနှစ်၏ အထူချာဆုံး ပုပ်ကိုယ်စုတ် ကို အယ်ဒီတာချုပ်မှူးကြီး ဦးကြောင်မှ သံမဒဂျီး ဦးကြောင်ချီးအား ရွေးချယ်လိုက်သည်။ ဂေဇက် အတိုင်ပင်ခံ အယ်ဒီတာအဖွဲ့နှင့် အမှုဆောင်အယ်ဒီတာအဖွဲ့တို့မှလည်း ကန့်ကွက်ခြင်း အလျဉ်းမရှိကြပေ။ (မရှိဆို အဆိုပါ အဖွဲ့များ လုံးဝမရှိခြင်းဖြစ်သည်။) သံမဒဦးကြောင်ချီးသည် နှစ်ပေါင်းငါးဆယ်ကျော်အတွင်း စစ်ဗိုလ်ပေါင်းများစွာအနက် ပြည်သူ့အသံကို နားရွက်ဖြင့် ကြားရမှန်းသိသူ ပထမဆုံး စစ်ဗိုလ်ချုပ်ဟောင်း သမဒဂျီး ဖြစ်သည့်အပြင် လက်ညှိုးဖြင့် ညွှန်ပြပြီး ပါးစပ်နှင့် လမ်းညွှန်ချက်များပေးသူ၊ မြစ်ဆုံစီမံကိန်းသို့သော စီမံကိန်းကြီးအား အဘချုပ်ကြီး ခိုင်းသည့်အတိုင်း […]


KingJanuary 4, 20124min16311
အချစ်နဲ့ အခြစ်ဆိုပြီး ပထမတစ်ခါ တင်ဖို့ ကျန်ခဲ့ပါသေးတယ် ဒါပေမယ့်ဗျာ မြန်မာနိုင်ငံမှာနေတဲ့ ဗမာတစ်ယောက်အတွက် ယုံစားမိတဲ့ Connection က ကျွန်တော့်လို မလယ်မဝယ် ရန်ကုန်သားမဟုတ်တဲ့အတွက် ပညာပဲ ပြလိုက်လေသလား …. တင်ထားသမျှတွေဟာ အကုန် ပလုံ ဖြစ်ခဲ့ရတယ် … မတင်တော့ဘူးလို့ ရည်ရွယ်ထားပေမယ့်လည်း ပုံလေးတွေ မြင်တိုင်း တင်ချင်စိတ်က ထပ်ခါထပ်ခါ ပါလာပြန်တော့ … ဒီတစ်ခါ ဆက်လက် တင်လိုက်ပြန်ပြီဗျာ .. အင်ထရိုနဲ့တင် တော်တော်ရှည်နေပီ … 😛 လူတိုင်းလူတိုင်းက အချစ်နဲ့ မကင်းနိုင်ကြဘူးလို့ ယူဆချင်ပါတယ် … မှန်လောက်ပါတယ်နော် .. မမှန်ဆိုရင်လည်း မမှန်ဘူးပေါ့ … ရှင်းရှင်းလေးပဲလေ .. အဲဒီလိုပဲ ဒီ အခြစ်နဲ့ ကင်းနိုင်မှာ မဟုတ်လောက်ကြဘူး […]


CharTooLanJanuary 3, 20121min38527
ဪ… မနေ့ကရုံးဆင်းတော့ လိုင်းကားပေါ်မှာအားနေတော့ အရေမရ အဖတ်မရတွေ တွေးလာတာ…. ဘာမှဟုတ်ဘူး အားလုံးသိပီးသားပဲ အဲ့ဒါကိုလျှာရှည်အကျယ်ချဲ ့ပီးတွေးနေတာ။ ဒီလောက်ရန်ကုန်တစ်မြို ့လုံး “ဝုန်း” ခနဲ တုန်ဟီးပီးတော့ အဆောက်အဦးတွေငလျှင်လှုပ်သလိုခါရမ်းသွားတာ ဘာ့ကြောင့်များပါလိမ့် …. ဘာကြီးကြောင့် အနီးအနားက လူတွေကော အိမ်တွေပါ တစ်စစီဖြစ်သွားရတာပါလိမ့် … ဘယ်အရာက မြေကြီးထဲကို အနက်၁၅ပေ၊ အကျယ် ပေ၃ဝလောက်နစ်ဝင်သွားတာပါလိမ့်…. နှစ်မြို ့နယ်ကျော်ကျော် လောက်ကမြင်ရတဲ့ မှိုပွင့်ပုံမီးခိုးလုံးကြီးက ဘာတွေကြောင့်ပါလိမ့် …. ဒီကန်မီကယ်တွေ၊ ပရဆေးတွေ ဆိုတာအဲ့ဒီလောက် ဆိုသလား …. အဲ့ဒါဆိုလက်နက်တွေဈေးကြီးပေးဝယ်မနေတော့ဘဲ အဲ့ဒီဟာတွေနဲ့ဖန်တီးလို့ရနိုင်တာပဲနော့်။ 😉 ဘယ်အရာက အဲ့ဒီလောက်ဆိုးဝါးသွားစေတာလဲ …. အလဂါးအရေမရ အဖတ်မရဒွေတွေးနေပြန်ပါဘီ။ တော်ပီ ဆက်တွေးရင် ငြိကုန်တော့မယ်… တခြားဟာပဲတွေးတော့မယ်။ ၁၉၉ဝ ခုနှစ်မှာ မေတ္တာညွန့်ရပ်ကွက်မီးလောင်တော့ […]


ကြောင်လေးDecember 30, 20111min2159
တွန်းလိုက်ကြစို့ ရွာသားတို့…………. အဲယားမွန်း၊ဖုံလုံ၊ချွေးအိတ်၊ ကားကြီးတစီးဟာ   ကျောက်ချောခင်းအဝေးပြေး လမ်းမကြီးမှာ တရွေ့ရွေ့ မောင်းနှင်လာပါတယ်။ ကားကြီးရဲ့နာမည် ကတော့ “တိုးတက်ရေး” တဲ့ ။ နာမည်လိုက်ပါတယ်၊ ရှေ့ပိုင်းမှာသာ ချောင်ချောင်ချိချိဖြစ်ပြီး နောက်ပိုင်းမှာတော့ ကုန်တွေ ကြားကို တိုးတက်ရတာပါ၊ ထုိုင်ခုံတွေ အောက်မှာလည်း ငါးခြောက်အိတ်၊ ပုဇွန်ခြောက် အိတ်တွေနဲ့မို့ ကားစီးသူများဟာ ခုံပေါ်မှာ တင်ပါးနဲ့ ပေါင် တသားတည်းဖြစ်အောင်  ခြေထောက်ချပြီး သက်တောင့် သက်သာလိုက်ရတာမဟုတ်ပါဘူး၊ ဒူးနှစ်လုံး ထောင် ပြီး မြီးညှောင်းရိုးနဲ့ ထိုင်လိုက်ရတာပါ။ ခုံနှစ်တန်းရဲ့ အလယ်လမ်းမှာလည်း စီချထားတဲ့အိတ်တွေပေါ်မှာ ကော်ခုံလေးတွေချထားပြီးအလယ်လူတင်ပါသေးတယ်။ ဒါကြောင့် တက်တဲ့ လူတွေ က တိုးတက်ရတာပါ၊ ဪ မဖွင့် ဖြိုးသေးတဲ့ မြို့လေးက ကားပဲ ဒီလောက်တော့ရှိမှာပေါ့။ ကားပိုင်ရှင် […]


etoneDecember 29, 20111min44431
ဒီရက်ပိုင်းအတွင်း လူတွေကို စိတ်ဒုက္ခရောက် ၊ စိတ်အနှောက်ယှက်ဖြစ်စေသော သတင်းတစ်ရပ် လူသတင်း လူချင်းဆောင်ပြီး မသိမသာ တမျိုး ၊ သိသိသာသာတမျိုးနဲ့ ပျံ့နှံ့နေပါတယ် ။သူများတွေပြောတော့လည်း …နိုင်ငံပိုင်သတင်းစာမှာလည်းပါသတဲ့..(ဟုတ်မဟုတ်ကိုယ်တိုင်မဖတ်မိလို ့မသိ )  အီးမေးလ်ထဲမှာလည်း ပလူပျံလို့ … ၊ ဂရုမေးလ် ၊ ဖေ့စ်ဘွခ်တို့မှာလည်း အုံးအုံးကြွတ်ကြွတ်နဲ့ …. ထင်မြင်ချက်များ ၊ ညည်းညူသံများ ၊ ကြိုတင်ပြင်ဆင်မှုတွေလုပ်မယ် ရည်ရွယ်သံများစွာနဲ့ အပြန်လှန် ဆွေးနွေးနေခဲ့ကြတယ် …. ။ အဲ့ဒီသတင်းကတော့ …  ဒီဇင်ဘာ ၂၉ ရက်နေ့ကနေ … ဇန်နဝါရီ ၁ရက်နေ့ထိ  လျှပ်စစ်မီးတွေပြတ်တောက်ထားတာရှိမယ် … မီးလာလည်း … ဗို့အားအပြည့်မရနိုင်ဘူး …ဆိုတာပါပဲ … ။ %%%%%%%%%%%%%% ရန်ကုန်မြို့၌ ၄ […]


ဂ်စ္စူDecember 28, 20112min60997
၂၀၁၁ ခုနှစ် အယ်ဒီပြာ့ချွိုက်စ် ပို ့စ် အဖြစ်ရွေးချယ်ခံရသော စာမူများမှာ –   အခုပဲစပါ မပျင်းပါနှင့် ဟူသော ခေါင်းစဉ်ဖြင့် ကိုသစ်မင်းက ၎င်း ကင်မရာတစ်လုံး မန်းလေးအဆုံး ဟူသော ခေါင်းစဉ်ဖြင့် ကိုပေါက်(မန္တလေး)က ၎င်း တံခါးစောင့်တာ ဂိတ်ဝင်ကြေး မရဘူး ဟူသောခေါင်းစဉ်ဖြင့် ဘလက်ချောက ၎င်း ခါးပိုက်နှိုက်ကို ပြန်နှိုက်ခြင်း ဟူသောခေါင်းစဉ်ဖြင့် ဘလူးကြီးက ၎င်း အတော်မိုက်တဲ့ သဗွိုက်စ် ဟူသောခေါင်းစဉ်ဖြင့် အဘဖောက ၎င်း ငမွဲပေါတာ ဗုဒ္ဓနဲ ့မဆိုင် ဟူသောခေါင်းစဉ်ဖြင့် နေးချားက ၎င်း ကျနော်ရယ် ဗိုလ်ချုပ်ရယ် အောင်ဆန်းရယ် ဟူသောခေါင်းစဉ်ဖြင့် Asiamasters က၎င်း စမူဆာ စားရင် ဦးထုပ်ဆောင်းပါ ဟူသောခေါင်းစဉ်ဖြင့် cobra က […]


WowDecember 28, 20112min26513
Cop: I’m sorry sir your wife has been involved in a car crash and we would like you to accompany us so you can identify the body. Drunk Husband: I’m a bit busy right now. Can’t you take a photo and tag me on facebook? If it’s her, I will click the “like” button ရဲဝန်ထမ်း […]


KingDecember 23, 20111min33118
ဒီနေ့ ကျွန်တော့်အတွက် မင်္ဂလာသတင်းဆိုရင်လည်း မမှားပါဘူး ဘာလို့လဲဆိုတော့ ပြင်သစ်နိုင်ငံအခြေစိုက်နယ်စည်း မခြားသတင်းထောက်များအဖွဲ့(Re-porters Without Borders-RSF)ကနေ ဆုချီးမြှင့်ပွဲ အတွက် ဖိတ်ကြားလာလို့ပါပဲ … ဂေဇက်မှာပဲ ပေါက်ကရနဲ့ မတောက်တခေါက်ရေးဘူးတဲ့ ကျွန်တော့်ကို ဖိတ်ကြားလာတော့ အံဩမိတာ မဆန်းလိုက်ပါဘူးနော် … ဒါနဲ့ပဲ ပြင်ဆင်စရာရှိတာ ပြင်ဆင်ဆိုတော့ ပတ်စ်ပို့ ရှိရဲ့လား ရှာကြည့်တော့ ရေကန်အသင့်ကြာအသင့်ဆိုသလိုပဲ ကွန်ပျူတာအံဆွဲထဲမှာ အသင့်ရှိနေပြန်တော့ စိတ်ချမ်းမြေ့ စရာတွေချည်းပဲပေါ့ … ဒါနဲ့ လေယျာဉ်လက်မှတ်ကိစ္စကိုလည်း ပူစရာမလိုဘူးဗျ ဖိတ်ကြားစာနှင့်အတူ လေယျာဉ်လက်မှတ်ပါ တစ်ပါတည်း ထည့်ပေးလိုက်လို့ပဲ … စကားချီးတွေတော့ အများကြီး မပြောတော့ပါဘူးလေ … ထုံးစံအတိုင်း ဘန်ကောက်ကနေ ပြောင်းစီးပြီး ပြင်သစ်နိုင်ငံ ပါရီ (Paris) မြို့ကို ရောက်ခဲ့တာပေါ့ … ဆုချီးမြှင့်ပွဲက […]