shwe niMarch 12, 20111min1813
မဝေဝေ တင် ထားတဲ့ ရန်ကုန်မှာပွင့်တဲ့ Cherry post ကို်ဖတ်ရင်း ဒေသကိုလိုက်ပြီး အခေါ်အဝေါ်လေးတွေမတူတာကိုသတိရလို့ ၂၀၀၂ April-June မှာ တာဝန်တခုနဲ့ စစ်တွေဖက်ကိုရောက်တော့ ကြားဖူးတဲ့ဒေသအခေါ်လေးတွေပါ . အဲတုန်းက အရင်ရောက်တဲ့ စီနီယာက ညီမ ပဒက်ခါ သီးသုတ်သိတ်ကောင်းတယ်ဆိုပြီး မှာကျွှေးတာ သဘောင်္သီးသုတ် ပါ။ တစ်ရက်တော့ စုတ်ဖွားသီး ဝယ်ကျွေးဦးမယ်ဆိုပြီးမှာပေးတာ ကြည့်လိုက်တော့ လိုင်ချီးသီးကို သူတို့ဒေသကခေါ်တာပါ။ တစ်ခါ မြို့ထဲ လက်ဖက်ရည်သောက်ရင်း ယနေ့ ပူဒိန် ရသည်ဆိုတော့ ထူးဆန်းတာနဲ့ ဘာလဲလို့မေးကြည့်တာ ကြက်ဥပူတင်း ကိုခေါ်တာဖြစ်နေရော . ထားဝယ်ဖက်က သူငယ်ချင်းတွေ ဇင်းကန်းထောင်းရမ်းကောင်းတယ် ဆိုတုန်းက ထူးဆန်းလို့ယူစားတာ မရမ်းသီးသေးသေးလေးတွေ ငပိနဲ့ထောင်းတာကိုခေါ်တာကိုး။ ကျမကတော့မြေလတ်သူဆိုတော့ သူတိုု့အသံထွက်ကို ကိုနားလည်သလိုရေးပြတာပါ . နယ်အရပ်ရပ်မှာ သူငယ်ချင်းတွေရှိတာ […]


politicalviewMarch 12, 20111min1370
ကိုင်ရိုနဲ့ တူးနစ် က ဆန္ဒပြပွဲတွေကို နှင်းတွေပိန်းပိတ်နေတဲ့ ယူကရိန်းနိုင်ငံ ကေယူးမြို့ကနေ စိတ်အားတက်ကြွ ဝမ်းပန်းတသာနဲ့ ကျမ စောင့်ကြည့် ဖြစ်ပါတယ်။ အီဂျစ်နဲ့ တူနီရှား လူထုတွေ သူတို့အာဏာရှင် အစိုးရတွေ ဖြုတ်ချဖို့ တောင်းဆိုတာဟာ မှန်ကန်ပြီး သူတို့အတွက် ဂုဏ်ယူစရာပါပဲ။ ဒါပေမဲ့ ယူကရိန်းရဲ့ ငြိမ်းချမ်းတဲ့ တော်လှန်ရေးမှာ ဦးဆောင်ပါခဲ့သူတစ်ဦးအနေနဲ့ ပြောရရင်၊ အခု အီဂျစ်နဲ့ တူနီရှား ဆန္ဒပြသူတွေရဲ့ ဂုဏ်ယူမှုကို လက်တွေ့ကျမှုနဲ့ တွဲစပ်နိုင်ဖို့ ကျမ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရ အပြောင်းအလဲ လုပ်နိုင်တာဟာ တရားဥပဒေစိုးမိုးမှုနဲ့သွားမယ့် ဒီမိုကရေစီစနစ် ထူထောင်ဖို့အတွက် ပထမအဆင့်ပဲ ရှိလို့ပါ။ ဒါကို ကျမတို့နိုင်ငံ ယူကရိန်းက သက်သေပြနေပါတယ်။ ယူကရိန်းရဲ့ ပျော်ရွှင်ဝမ်းမြောက်ဖွယ် တော်လှန်းရေးဟာ မှေးမှိန်ကျသွားပြီး နဂိုဒုံရင်းဆီ […]


padonmarMarch 10, 20112min1450
ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (၁၂) by May Aye Oo on Thursday, March 3, 2011 at 8:44am YOUTH CAMP 26/2011 ၂၆-၂၇၊ ဖေဖော်ဝါရီလ၊ ၂၀၁၁ ကျောက်ကွင်းကျေးရွာ၊ ပြည်ခရိုင်၊ ပဲခူးတိုင်းဒေသကြီး။ ဒီတစ်ခါတော့ ကျောင်းမနေတော့တဲ့ လူငယ်ပိုင်းအတွက် CAMP လေးပါ..။ ရပ်ရွာအတွက် တတ်နိုင်သလောက် ကူညီ နေကြတဲ့ ကလေးတွေကို အားပေးချင်တာရော..၊ ကျန်တဲ့ လူငယ်လေးတွေကိုလဲ educate လုပ်ပေးချင်တာ ကြောင့် ရော ပေါ့လေ.. ။ ပြီးတော့ စာကြည့်တိုက်လေး လုပ်ပေးနေတာမို့ အခြေအနေလေးလဲ ကြည့်ချင်တာလဲ ပါတာပေါ့လေ..။ သင်တန်းကို ရွာက လူငယ်များ မည်သူမဆို တက်ရောက်နိုင်တာကြောင့်၊ အသက် ၁၆ […]


manawphyulayMarch 9, 20111min1542
အခုတစ်လော blog တွေ၊ wiki တွေ အပြင် ကိုယ်ပိုင်ဒိုမိန်းတွေနဲ့ အုပ်စုတွေ၊ website တွေ တိုးတက်များပြားလာတာကို အချိန်တိုအတွင်းမှာ တွေ့ရှိလာရပါပြီ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် လူငယ်လူရွယ်တွေ အချိန်ကို အလဟဿ မကုန်ဆုံးအောင် အသုံးချတတ်လာကြပြီလို့ မှန်းဆလို့ ရပါတယ်။ ဒါဟာ ဖြစ်လည်း ဖြစ်သင့်ပါတယ်။ တိုးတက်နေတဲ့ ခေတ်အခြေအနေမှာ နည်းပညာတွေ တစ်နေ့ထက် တစ်နေ့ အသစ်အသစ်တွေ ပေါ်ထွက်လာနေချိန်မှာ ကျွန်မတို့တစ်တွေဟာ ခေတ်နောက် ပြတ်ကျန်လို့မရပါဘူး။ မီဒီယာစတိုင်သစ်တွေနဲ့အတူ တတ်နိုင်သရွေ့ ရှေ့ကို အရောက်လှမ်းနိုင်ဖို့ ကြိုးစားကြရမှာပါပဲ။ နောက်ပိုင်း blog တွေ များပြားလာတာနဲ့အမျှ အများရဲ့အမြင်မှာ ကွဲပြားခြားနားစွာ မြင်တတ်ဖို့လည်း လိုအပ်တယ်လို့ ထင်မြင်မိပါတယ်။ blog တွေဟာ လမ်းကြောင်းတစ်ခုတည်းအတွက် ရည်ရွယ်တာ မဟုတ်ပါဘူးဆိုတာပါပဲ။ ကိုယ်ပိုင် […]


မောင်ဆန်းMarch 9, 20113min56342
 လူတိုင်းမှာ အမှတ်တရဖြစ်စေမဲ့ ပျော်ရွင်စရာ မွေးနေ့လေးတွေ ကိုယ်စီရှိကြပါတယ် အဲဒီမွေးနေ့လေးတွေ ရောက်ပြီဆို ကိုယ့်ကို ခင်မင်ချစ်ခင်ကြတဲ့ မိဘ ဆွေမျိုး သူငယ်ချင်းများနဲ့ အတူ မွေးနေ့ပွဲလေးကို ပျော်ရွင်စွာဆင်နွဲကြပါတယ် မွေးနေ့ရှင်အတွက် မွေးနေ့ဆုတောင်းသီချင်းလေးကို အားလုံးက တက်ညီလက်ညီနဲ့ လက်ခုပ်တီးသီဆိုရင်း  Happy Birthday to You ပေါ့   အဲဒီဆုတောင်းသီချင်းလေးကို ဘယ်ကတဲက ဆိုတတ်နေတာလဲ မမှတ်မိတော့ပါဘူး သူများတွေဆိုတာကြည့်ရင်းနဲ့ အလွတ်ရလာခဲ့တာ တော်တော်ကြာခဲ့ပါပြီ ဟိုတလောက ဖတ်လိုက်ရတယ် မြန်မာပြည်က Dr.GP သင်တန်းတစ်ခုတက်ဘို့အတွက် အမေရိကကို ခဏရောက်တုန်း သင်တန်းသားတစ်ဦးရဲ့ မွေးနေ့ပွဲနဲ့ ကြုံပါတယ် အားလုံးက Happy Birthday to You …….. ဆိုပြီးချိန်မှာ သင်တန်းသားတစ်ယောက်ချင်းစီက ကိုယ့်မိခင်ဘာသာစကားနဲ့ မွေးနေ့ဆုတောင်းသီချင်းဆိုဘို့ လုပ်ကြပါတယ် […]


timothyMarch 8, 20111min1490
ရောင် ရင်း တို့ရေ။ အဲဒါကတော့ Network of Free Ulema-Libya က ဘာသာရေးခေါင်းဆောင်များရဲ့ကြေငြာစာတမ်းပါ။ အာဏာရှင်ဂဒါဖီးကပြည်သူလူထုကိုဝေဟင်ကနေပြီးဒုံးကျည်လက်နက်များသုံး၊ဗုံးကျဲပြီးသတ်ဖြတ်နေတာ၊ သွေးသံရဲရဲနဲ့လူမြင်လို့မကောင်းပါဘူး။ အနောက်နိုင်ငံများ၊ကုလသမဂ်ဂတိုးကလဲလစ်ဗျားလေပိုင်နက်ထဲမှာအာဏာရှင်ရဲ့ဗုံးကြဲတိုက်လေယာဉ်များ၊ မပျံသန်းနိုင်အောင်လေကြောင်းပိတ်ဆို့မှုဥပဒေထုပ်ဘို့လုပ်နေရပြီ။ လူအများကိုရက်ရက်ရောရောသွေသံရဲရဲသတ်ဖြတ်နေတာဘယ်သူကကိုနဲ့မဆိုင်ဘူးဆိုပြီးလက်ပိုက်ကြည့်နေနိုင်မလဲ။ အာရပ်လိဂ်, Gulf Cooperation Council တို့က ဂဒါဖီးရဲ့သတ်ဖြတ်နေမှုများကိုပြင်းထန်စွာရှုံ့ချတဲ့အပြင်၊ Crime against Humanity လူသားတွေကိုသတ်ဖြတ်တဲ့ရာဇဝတ်သားဂဒါဖီးလို့ကြေငြာကြတယ်။ အဲဒါကို Free Ulema-Libya အဖွဲ့ကဘာသာရေးခေါင်းဆောင်ကြီးများကအိမ်နီးချင်းနိုင်ငံများကိုကျေးဇူးတင်ကြောင်း၊ ဆက်လက်ပြီးတော့လစ်ဗျားပြည်သူများရဲ့တော်လှန်ရေးကိုထောက်ခံကြဘို့လဲမေတ္တာရပ်ခံလိုက်ပြန်တယ်။ လူအများကြီးကိုအာဏာရှင်ကရက်ရက်စက်စက်သတ်ဖြတ်နေတာ၊ ပြည်သူလူထုကဒေါသ၊သတ္တိဗျတ္တိအပြည့်နဲ့အာဏာရှင်ကိုရရာလက်နက်ဆွဲပြီးတော်လှန်ကြတာ၊ လူသာမန်များကလဲတသက်မှတကိုယ်လက်နက်ကိုမမြင်ဘူးမထိဘူးသူတွေက၊ အခုတော့နိုင်ငံအတွက်အသက်ပေးပါရစေဆိုပြီး၊လက်နက်သင်တန်းစစ်သင်တန်းရက်တိုတက်ပြီးစစ်ထဲဝင်တော်င်္လန်တာတွေ၊ အဲဒါတွေကိုဘာသာရေးခေါင်းဆောင်များလဲခေါင်းရှောင်နေလို့မရတော့ပါဘူး။ ဘာသာအရားရဲ့သွန်သင်မှုကြောင့်မူစလင်စစ်သားများလဲကိုယ့်လူမျိုးမူစလင်များကိုရက်ရက်စက်စက်၊ မသတ်ရဲတော့ဘူး။မပြစ်ရဲတော့ဘူး။ စစ်တပ်အမျာအပြားလဲတော်လှန်သောပြည်သူလူထုရဲ့တရားသောစစ်၊အာဏာရှင်ဖြုတ်ချရေးမှာဝင်ပါလာကြပြီ။ ဘာသာအရားရဲ့သွန်သင်မှုကြီးမားသောဗမာပြည်မှာလဲစစ်သားများဟာအာဏာရှင်သန်းရွှေကိုစွန့်ခွါတဲ့နေ့မလွဲမသေရောက်လာမှာဘဲ။ ပြစ်ခတ်သေကြေကြတဲ့ပြည်သူလူထုကိုမထောက်ခံတဲ့သူဟာရူးသွတ်နေသောအာဏာရှင်ဘဲရှိပါတယ်။ ဂဒါဖီကအခုအာဏာကဆင်းပေးပါ့မယ်။သူနဲ့သူ့မိသားစုရဲ့လုံခြုံရေး၊စီးစိမ်ချမ်းသာမှုတွေကိုတော့လွတ်လပ်ခွင့်ပေးဘို့၊ တော်လှန်သောလစ်ဗျားယာယီအစိုးရအဖွဲ့ကိုတောင်းပန်နေပြီလို့နောက်ဆုံးသတင်းထွက်နေပြီ။ ဒါကိုတော်လှန်သောပြည်သူလူထုကပယ်ချလိုက်တယ်။ ဂဒါဖီးတယောက်တော့ဟစ်တလာ့လမ်းစဉ်လိုက်ရတော့မယ်။ သူ့အတွက်အချိန်နှောင်းသွားရှာပြီ။သူအသေဆိုးနဲ့သေပြီးတဲ့နောက်သူ့မိသားစုရဲ့ကံကြမ္မာကတော့မတွေးဝင့်စရာအြဖြစ်လို့ဘဲပြောပါရစေ။ ဗိုလ်သန်းရွှေလဲဂဒါဖီးနဲ့မိသားစုရဲ့မလှမပဇာတ်သိမ်းခန်းကိုရင်လှိုက်သဲဖိုရှုစားရင်း၊ ငါဘယ်လမ်းလိုက်မလဲ၊ငါ့ချစ်လှစွာသောကြိုင်ကြိုင်နဲ့မိသားစုငါ့မိုက်တွင်းနက်မှုတွေကြောင့်ရေနက်ထဲနစ်ကိန်းဘဲ။ စာဖတ်သူများလဲဘယ်လိုမြင်ပါလဲ။        


ဆူးMarch 7, 20111min1795
ပုံထဲမှာ မြင်ရတဲ့ စက္ကူပန်းမျိုး အရွက် မှာ ပျောက်ကျား လေးတွေ ပါတဲ့ အမျိုး ဖြစ်နေတဲ့ စက္ကူပန်းပင်က ပန်း၃ပွင့်ကို ဝါးစားလိုက်ရင် သွေးတိုးနေရင် ချက်ချင်းကျတယ်လို့ သိရပါတယ်။ သွေးခဏ ခဏ တိုးတတ်တဲ့ လူတယောက်ဆို ကြောက်စရာ မလိုဘူး လို့ ပြောတာ ကြားမိပါတယ်။ ၁ဝမှတ်လောက် ကျတယ်လို့ ပြောပါတယ်။ နယ်ဘက်မှာ ထို နည်းနဲ့ သွေးတိုးလာရင် ချက်ချင်းကျသွားအောင် လုပ်နေတဲ့ ဆေးမြီးတို ဖြစ်ပါတယ်။ လက်တွေ့မှာတော့ စားလို့ သွေးကျပြီး နောက်ဆက်တွဲ ဘာအကျိုးဆက်တွေ ရှိမလဲ ဘယ်သူမှ မသိနိုင်ပါဘူး။


etoneMarch 7, 20111min3039
မျက်မှန် wrote : အနည်းအကျဉ်း ဝင်ရောက်ဆွေးနွေးလိုပါသည်။ ကို Kai ပြောသော နံပါတ်လေး အချက် သည် ဒက်ထိ မှန်ပါသည်။ မန္တလေး ဂေဇက်တွင် ရေးနေသူတိုင်း တန်းတူ အခွင့်အရေးရှိရပါမည်။ ငါရေးတဲ့ ပို့စ် ငါပိုင်တယ် ဟူ၍ လုပ်ချင် တာ လုပ်လို့မရပါ။ ကို Kai ပြောသလို Like or Dislike အားဖြင့် နှစ်သက်စရာမကောင်းသော ကွန်မန့်မှာ Auto Hide ဖြစ်သွားပါလိမ့်မည်။ မန္တလေး ဂေဇက်တွင် Mod များ မရှိပါ။ စာရေးသူကိုယ်တိုင်သာလျှင် အစစ အရာရာ တာဝန်ယူရမည်ဖြစ်သည်။ (ဤကား စည်းကမ်းချက်တွင် ထင်ရှားပြီး။) ဤအချက်ကို လက်ခံခြင်းအားဖြင့် စာရေးသူသည် Mod တစ်ဦးအနေဖြင့်ပါ တာဝန်ယူဆောင်ရွက်ရမည်ကို […]


ဆူးMarch 6, 20114min35235
ပင်ကွင်းလေး မျက်စိ သူငယ် နားသူငယ် မဖြစ်ရအောင် ရွာလည် ထွက်ချင် စိတ်ပေါက်ပြီး လောကကြီးကို လေ့လာရေး ခရီးစတင် ထွက်လာခဲ့ပါတယ်။ ဟေ့ကောင် မင်း ဘယ်သွားမလို့လဲ.. ကိုယ့်နယ်မြေ မှာ နေတာတောင် စိတ်မချရတာ မင်း ဘယ်သွားမှာလဲ။ နေပါ့စေ.. အဲကောင်ကို လွတ်ထားလိုက် သူအထိ နာမှ ငါတို့ ပြောတာ သိလိမ့်မယ်။ မင်းသွားမယ် ဆိုတော့ ငါတို့ မတားတော့ပါဘူး။ ပြန်လာရင် မင်းသိခဲ့တာတွေ ငါတို့ကို ပြောပြပေါ့ကွာ.. ငါတို့ကတော့ ဒီကနေ မခွာနိုင်ဘူး။ ငါတို့ သူငယ်ချင်း ဘေးဒုက္ခ မကြုံရပါစေနဲ့။ ခရီးစဉ် ချောချော မောမော ပြန်ရောက်ပါစေ။ ပထမဆုံး ရွာထဲ ဝင်လာတဲ့ အခါ စူးရှတဲ့ အကြည့်တွေ နဲ့ […]


PareByokeMarch 5, 20117min1830
YouTube – Chinese New Year 2011 – Year of the Rabbit http://www.youtube.com/watch?v=l2ar8hJCCcQ Welcome to the Year of the Rabbit – 2011. Celebrations for the new year were held in Brisbane’s China Town – centrally located in Fortitude Valley. There was so much to see and do over the 3 day celebration, obviously you don’t have […]


PareByokeMarch 5, 201119min2080
YouTube – Sydney Chinese New Year Twilight Parade http://www.youtube.com/watch?v=Vde0no6eLFM&feature=related Highlights from the Sydney Chinese New Year Twilight Parade. Don’t miss the 2011 Twilight Parade on Sunday 6 Feb! For more details visit: www.sydneychinesenewyear.com.au   YouTube – 2011 CNY Opening Ceremony Twilight parade Sydney http://www.youtube.com/watch?v=CjizcwEwCH8&feature=related YouTube – Sydney Chinese New Year Twilight Parade 2011 – NSW […]


PareByokeMarch 5, 201124min3221
Photo from AP Photo – Julia Gillard News, photos, topics, and quotes http://sec.floridatoday.com/photo/0fvM97q6vh1It?q=Julia+Gillard Australia PM delivers greetings to Australian Chinese for Spring Festival, Australia Day http://www.istockanalyst.com/article/viewiStockNews/articleid/4828265   Gillard noted that Chinese people boosted long tradition in the growth of Australia and marks an important part of the nation.   ….”But we know for certain that […]


manawphyulayMarch 2, 20111min1956
စီးပွားရေး ဆက်ဆံမှုမှာ ဖြစ်စေ၊ နိုင်ငံရေး စည်းရုံးရာမှာဖြစ်စေ၊ ချစ်သူများ အကြားမှာဖြစ်စေ၊ အမှန်တရားနှင့် လိမ်ညာခြင်းကို ခွဲခြားတတ်ဖို့ အလွန်အရေးကြီးပါသည်။ တကယ်တော့ လူတစ်ယောက် လိမ်ညာစကား ပြောနေသည်ကို သိနိုင်ရန် အလွန် ခက်ခဲလှပါသည်။ အချို့မှာ အမှန်ပြောနေသလိုပင် လွယ်လွယ်ကူကူ လိမ်ညာ စကား ပြောဆိုတတ် လေ့ရှိသည်။ မည်သို့ဖြစ်စေကာမူ သင်သည် ထိုလူတစ်ဦးက သင့်အား လိမ်ညာပြောနေသည် ဟုတ်မဟုတ်ကို သိမြင် နားလည် တတ်ဖို့လိုပါမည်။ သို့မဟုတ်ပါက သင်သည် သူတပါး၏ လိမ်ညာ လှည့်ဖျားခြင်းကို အလွယ်တကူ ခံရပါလိမ့်မည်။ သို့ရာတွင် လူတစ်ယောက်က သင့်အားလိမ်ညာနေခြင်းကို သင်မည်သို့ သိနိုင်မည်နည်း။ လူတစ်ယောက်က လိမ်ညာစကား ပြောနေသည်ကို သိနိုင် ကြည့်မြင်နိုင်သော နည်းလမ်းများ ရှိပါသည်။ ထိုနည်းလမ်းမှာ လူတစ်ယောက်၏ […]