နွေဦးFebruary 9, 20121min35315
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က ရန်ကုန်မြို့ Excel Tower အနီး ကမ္ဘာအေးစေတီလမ်းမပေါ်၌ယာဉ်သုံးစီးဆင့်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း။ ၄၃ အထူးယာဉ်လိုင်းကားမှာအရှိန်လွန်ပြီး မိမိ၏ယာဉ်ကြောမဟုတ်ဘဲ ကွေ့ကြောဘက်၌မောင်းနှင်စဉ် ဓမ္မစေတီမီးပွိုင့်တွင် တက္ကစီကားကိုတိုက်မိ၍ Mark II ရွှေငါးအမျိုးအစား ကားကို ထပ်မံဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Mark II ရွှေငါးကားက တစ်ပတ်လည်သွားပြီး လိုင်းကားက ဘေးကိုတိုက်မိခါ ကား ရှေ့ခြမ်းကိုတက်ကြိတ်သလိုဖြစ်သွားသည်။ ရွှေငါးကားမှာ ရှေ့ခေါင်း ပိုင်းတစ်ခြမ်းနှင့် နောက်ပိုင်းတွင်ပါတော်တော်ပျက်စီးသွားသည်ဟု သိရသည်


နွေဦးFebruary 1, 20121min31814
သူများတကာရှေ့ဖြစ်မှဖြစ်ရလေ ဝန်ကြီးဖြစ်မှတော့ ဝတ်တတ် စားတတ်ဘို့ ..(အဲ စားတာတော့တတ်ပြီသား) လိုတာပေါ့နော် ပိုသိချင်ရင် ဒီမှာကြည့် credit to aung moe win ‘s facebook


“မန်းလေပြဲလေဂေဇက်ရွာ ဂျောက်ထဲကျမည့်ဘေး လက်မတင်လေးအလိုတွင် ကတ်မတော်မှ ရွာတာဝန်များကို မလွှဲမရှောင်သာ လွှဲပြောင်းယူလိုက်ရသည်။ ပုံ- ကတ်ချုပ်ကြောင်ကြီး” တီဗွီရေဒီယို မီဒီယာ သတင်းဌာနများမှ ဂေဇက်ရွာ အာဏာသိမ်းပွဲ သတင်း ပျံ့လွှင့်လာနေသည်။ ဟုတ်၏ မှန်၏။ ဇိမ်ဘုန်းဂျီးလူထွက် ဂေဇက်ရွာသဂျီး အာဏာရှင်ဦးခိုင်အား ဖြုတ်ချပြီး ရွာဝပ်ငြိမ်ပြားပိရေးအဖွဲ့ ငါးကြော်ကြောင်စာ ၁/၂၀၁၂ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ သဂျီးဦးခိုင် ဂျပန်ဘီယာနှင့် ကိုဘေးနွားကင်နှင့် စားသောက်မူးယစ် အိပ်ပျော်နေစဉ် ကြွက်ခလေး စာခလေး ကြောင်ဖမ်းသလို အလွယ်တကူ ခုတ်ယူဖမ်းဆီးခြင်း ခံလိုက်ရသည်။ ဝါးရင်းတုတ် ဗိုလ်ဖြိုးဦးစီးသည့် အပျိုစင်ဂျော်လကီး ကိုယ်ရံတော်တပ်ဖွဲ့မှာလည်း အာဏာသိမ်းပွဲကို တားဆီးရန်ဝေးစွ၊ ဘောလုံးဝိဇ္ဇာကပေ၏ ပရီးမီးယားလိဂ်ဘောပွဲ ခန့်မှန်းချက် တက်တက်စင်အောင်လွဲသဖြင့် စိတ်ဓာတ်ကျကာ ကိလေသာစိတ်ပင် မထနိုင်ကြ။ ထောက်လှမ်းရေးမူး BEDC ဗိုလ်စိန်ပေါက်မှာလည်း အာဏာသိမ်းရန် […]


mzmJanuary 13, 20121min28216
ကျနော်တို့ စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားရှိ ဂေါပကအဖွဲ့မှ ဘဏ္ဍာထိန်း ဦးအောင်သိန်းအား အတွင်းကျကျ လေ့လာစစ်ဆေး ပြီး လိုအပ်သလိုအရေးယူပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်။ ထိုဘုရားလူကြီး ဦးအောင်သိန်းနှင့်အဖွဲ့သည် နှယ်လည့်အလှူခံလာသော ပိုက်ဆံများထဲမှ ကိုယ်ကျိုးအတွက် အရှက်အကြောက်မရှိ ဘုရားမကြောက် တရားမကြောက် အလွဲသုံးစား ပြုလုပ်နေသည်မှာ သီရိခေမာ ရပ်ကွက်အတွင်းနေထိုင်သူများအားလုံး အသိပင်ပင်ဖြစ်၏။ ထို့ပြင် ဦးအောင်သိန်းသည် ဂေါပကလူကြီးမဖြစ်ခင်ကလည်း ဖဲရိုက်၊အရက်သောက် ခိုးဆိုးပေတေသူတစ်ယောက် ယခုလက်ရှိမှာလည်း သမီးအရွယ်မိန်းကလေးနှင့် လူမသိသူမသိ ဖောက်ပြန်နေပါကြောင်း သတင်းရရှိပါသည်။ ရပ်ကွက်အတွင်းရှိ အတွင်းသိသူတစ်ယောက်အားမေးမြန်းကြည့်သောအခါ ထိုသူက(ညီလေးမင်းဘဲစဉ်းစားကြည့် အလှူခံလိုက်တဲ့နေ့ဆို ကလေးတွေ ပိုက်ဆံခွက်ထဲက တစ်ထောင်၊နှစ်ထောင်နိုက်တာကျတော့ လူရှေ့သူရှေ့ သူခိုးဆိုပြီး အရှက်လိုက်ခဲွံတာ၊သူတို့လူကြီးတွေ သိန်းချီပြီး ခိုးသုံးတာကျတော့ဘယ်သူမှတောင်မသိလိုက်ဘူး အဲဒီပိုက်ဆံတွေနဲ့ လူကြီးသူကောင်းလိုလို ဘာလိုလိုနဲ့ ရပ်ကွက်ထဲငွေတိုးချေးစားနေကြတာ တကယ့်တကယ် သူတို့ကမှ သူခိုးအစစ်တွေ)ဟုကျနော့်ကိုပြန်ပြောပြပါသည်။ (အရင်တုန်းက အရက်သောက်၊ဖဲရိုက် […]


နွေဦးJanuary 12, 20121min1557
ဒီနေ့မကောင်းသတင်းစကြားရသည်။ အရှေ့ဖက် တိုက်ခန်းတွေရဲ့ လှေခါးရင်းက ရေမော်တာ နှစ်လုံး ဖြုတ်ခိုးခံရတယ်ဆိုတဲ့ သတင်းပေါ့။ ရေမော်တာ ဖြုတ်ခိုးခံရတယ် ဆိုတာ သတင်းထူးမဟုတ်ပေမဲ့ အခိုးခံရတဲ့ပုံစံက ဆန်းနေလို့ ရွာထဲမှာ ကြုံခဲ့တွေ့ခဲ့ရင် စောင့်ကြည့် တားဆီးလို့ ရအောင် သတင်းပေး ပိုစ့် လေး တင်လိုက်တာပါ။ ခိုးခံရတာကို မေးကြည့်တော့မှ နေ့ခင်းကြောင်တောင် ဖြုတ်ခိုးသွားတာတဲ့။တွေတဲ့သူကလဲ တွေ့တယ် တဲ့။ ဗမာတယောက်နဲ့ အသားမဲမဲ လူမျိုးခြား နှစ်ယောက် ပါတဲ့။ မျက်မြင် တယောက်ရဲ့အပြောအရ အဲဒီ အခိုးခံရတဲ့ တိုက် လှေခါးအောက်မှာ ဒီလူသုံးယောက်ကို သတိထားမိတယ်တဲ့။သူတို့ ပုံစံက Air con: ပြင်တဲ့ သူတွေလို ပစ္စည်းကရိယာတွေ ပါတယ်တဲ့။ ဒါ့ကြောင့် သူလဲ ဘယ်အခန်းမှာပြင် ဘို့လဲလို့ စောင့်ကြည့်နေပေမဲ့ အလုပ်ကိစ္စ […]


အဖေ့မှာစကား မိသားစုအများကြီးရှိသော အာမေနီယန်းဖခင်အိုကြီးသေကောင်ပေါင်းလည်းဖြစ်နေသည်။ မိသားစုအားလုံးကိုသူ.ထံခေါ်လိုက်ပြီး သားအကြီးဆုံးကိုသူ.နားကပ်စေပြီး တိုးတိုးကလေး လေသံလေးနဲ.မှားကြားပြီးနောက်သေဆုံးသွားတော့လေသည်။ မိသားစုဝင်များကသားအကြီးဆုံးဖြစ်သူအားဝိုင်းမေးကြသည်။ အဖေကဘာပြောသွားတာလည်းဟင် ဂျူးတွေကိုကင်တင်ပါတဲ့ မိသားစုဝင်များလည်းဖခင်ကြီးမှာကြားစကားကိုဘာအဓိပါယ်လည်းဆိုတာဝိုင်းစဉ်းစားကြလေသည်။ နောက်ဆုံးတွင် မိသားစုဝင်တစ်ယောက်သူစဉ်းစားမိသည်ကိုပြောလိုက်သည်။ အဖေပြောတဲ့ကဒီလိုလေ….ဂျူတွေကိုကယ်တယ်ပါလို.ပြောခဲ့တယ်။ တကယ်လို.ဂျူတွေကိုမကယ်တင်လို.ကုန်သွားရင် ကျနော်တို. အလှည့်ရောက် လာမှာလေ


တိုင်းပြည်ကို လူမဆန်စွာ ရက်ရက်စက်စက် အုပ်ချုပ်ခဲ့သည့် ချစ်လှစွာသော မဟာခေါင်းဆောင် ကြောင်ကြီး သေလေပြီ။ လူမဆန်ဆို ၎င်းသည်ကြောင်တကောင် ဖြစ်သောကြောင့်တည်း။ သူ့လက်ထက်တွင် လူ့အခွင့်အရေး မပြောနှင့် ကြောင်များမှလွဲ၍ အခြားတိရိစာ္ဆန်များလည်း အခွင့်အရေးမရပေ။ လူများကဲ့သို့ အဖိနှိပ် အခံရဆုံးကား ခွေးများဖြစ်သည်။ တိုင်းပြည်တွင် ခွေးအရိပ်အယောင် ခွေးသံမကြားရ၊ ယုတ်စွအဆုံး ဟဲ့သောက်ခွေး၊ ခွေးမသား စသော အသုံးအနှုန်းများကိုပင် ပြင်းထန်စွာ တားမြစ်ထားသည်။ လူများကိုလည်း ကြောင်နှင့်တူစေရန် လေ့ကျင့်ပေးထား၍ တိုင်းပြည်ရှိလူအားလုံး အူကြောင်ကြောင် ဖြစ်နေပြီး ဝန်ထမ်းများမှာ အဆိုးဆုံးဖြစ်သည်။ ရာထူးမြင့်လေ ပိုကြောင်လေဖြစ်သည်။ ထိပ်ပိုင်း အရာရှိကြီးများကား ကြောင်သည့်အပြင် ဖားလည်းဖားကြသောကြောင့် ကြောင်ဖားများဟု အမည်တွင်သည်။ 🙄 ကြောင်ကြီး ဘုန်းတန်ခိုး နေလတောက်ပချိန်တွင် လက်ညှိုးညွှန်ရာ ငါးကြော် ဖြစ်ခဲ့သည်။ ဒီမိုကရေစီ […]


ယနေ့ခေတ်ကာလ ကမ္ဘာလောကကြီးထဲမှာ ထူးထူးဆန်းဆန်းလုပ်ပြရင် လူတွေစိတ်ဝင်စားပြီး လူထင်ကြီးမူကိုခံယူချင်ကြတာပဲလား…(ဒါမှမဟုတ်)စိတ်ကူးအသစ်တွေကိုဖန်တီးနေကြတာလားဆိုတာ မိမိကိုယ်တိုင်ဝေခွဲလို့မရနိုင်တော့ပါ… အဖြစ်ကဒီလိုပါ….ဒီနေ့မနက် နံနက်စာစားရင်း လက်ထဲကိုရောက်လာတဲ့ မြန်မာ့မိတ်ဆွေအားကစားဂျာနယ် Vol-2,No.122 (9.12.11)မှာပါလာတဲ့ သတင်းလေးတစ်ခုပါ၊ ကိုရီးယားသူလေး မီရူကင်မ်ဟာညစ်ပတ်တာ သိပ်ရွံတတ်တဲ့သူပါ၊ဒါပေမယ့်သူမရဲ့စိတ်ကူးတွေက တလွဲကို ရောက်သွားတယ်လို့ ဆိုရပါမယ်၊သူမဟာ အမေရိကန် နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ်မှာ ဆေးပညာသင်ကြားနေတဲ့ ဆေးကျောင်းသူတစ်ဦးပါ၊ကင်မ် ဟာဝက်ထီးနဲ့ဝက်မနှစ်ကောင်နေတဲ့ ညစ်ပတ်နံစော်လှတဲ့ ဝက်ခြံမှန်လုံခန်းထဲမှာ အဝတ်အစားမပါပဲ နာရီပေါင်း(၁၀၄)ကြာအောင်နေထိုင်သွားခဲ့ပါတယ်၊စားချိန်ရော၊အိပ်ချိန်ပါ အဲဒီဝက်ခြံထဲမှာပါနေထိုင်စားသောက်ခဲ့ပါတယ်၊သူမကတော့ သူဒီလိုအပြုအမူတွေဟာ သူ့အတွက်တကယ့် ဟဲဗီးမက်ပါပဲတဲ့၊ကျွန်မဟာ ဝက်တွေကိုချစ်ပါတယ်၊ကျွန်မကိုလည်း ဝက်တွေက ချစ်ကြမှာပါလို့ဆိုပါတယ်၊သူမရဲ့ အပြုအမူတွေကို လာရောက်ကြည့်ရူသူတွေက လက်ခုတ်ကြီးပြီးအားပေးကြပါတယ်တဲ့။ ကဲရွာသူရွားသားအပေါင်းတို့ရော ဘာကြောင့်လို့ထင်မိပါသလဲဗျာ… မူရင်းလင့်ကိုအောက်မှာရေးသားဖေါ်ပြပေးထားပါတယ်…။ www.dailmail.co.uk/news/articale-2069002/Art-Basel-2011-Muri-Kim’s-The-Pig-Therefor-I-Am-Exhibit.html


တစ်ယောက်က တင်လာတဲ့ အကြောင်းလေးပါ။ ဖြိုးမင်းသိန်းနဲ့ ကိုသိန်းတင်အောင်ကို တွယ်ထားတဲ့စာပါ။ အဲဒီစာကို သားဆွေ ဆိုတဲ့ သူရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပါတယ်။ အဲဒီ ဖေ့စ်ဘွတ်မှာပဲ ဗိုလ်မှုးစိုင်းသိန်းဝင်း က ဝင်ပြီး ကွန်မန့်ပေးထားတာကို တင်သူ သားဆွေ နဲ့ စိုင်းသိန်းဝင်း တို့ အပြန်အလှန် မေးဖြေ နေကြတာကို ဖတ်ကြည့်ရင် ပိုပြည့်စုံလို့ အတင်းအဖျင်းရဲ့ နောက်ဆက်တွဲ အနေနဲ့ ဖတ်ကြရအောင်ပါ။ Sai Thein Win ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်လာသော ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းဆိုသူမှာလည်း သိန်းတင်အောင်၏ ဇနီးဖြစ်သူ ဒေါက်တာနန်းညိုညိုဝင်း၏ မောင်အရင်းဖြစ်ပြီး ပြည်ပမှ နိုင်ငံရေးလှုပ်ရှားသူများအကြား သပ်လျှိုသွေးခွဲရန် ဗိုလ်ချုပ်သိန်းဌေးမှ အကွက်ဆင် စေလွှတ်လိုက်သူဖြစ်သည်။ (ဖြည့်ရေးပေးတာ..) Thar Swe တကယ်ပြောတာလား ဗိုလ်မှူး း) […]


မအိတုံရဲ.ကျေးဇူးကြောင့် ကျွန်တော် ဆူရှီကျွေးတဲ့ဆီကို ရောက်ခဲ့ရပါတယ်… တော်တော်လေးကို ပျော်စရာကြည်နူးစရာကောင်းပါတယ်.. ဘာလို.လဲဆိုတော့ ရွာသူ၊ရွာသားတွေ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံး ဝါးတီဆွဲကြတာပျော်စရာကြီး.. စိမ်းလန်းစိုပြေကို စဝင်လိုက်တော့ တစ်ခါမှမမြင်ဘူး မဆုံဘူးကြတဲ့လူတွေဆိုတော့ ကိုယ့်ကို ကြည့်ရင် ရွာသူတွေလား ရွာသားတွေလား တထင့်ထင့်နဲ.ပေါ့.. မြင်ဘူးတဲ့ မအိတုံကလဲ အပီအပြင်ပြင်ဆင်လာတော့ ကိုယ့်နောက်မှာ ကပ်ခွာဝယ်ပြီး ထွက်သွားတာတောင် မမှတ်မိဘူးဗျ.. ဟဟဟ.. ဦးဘီလူးကြီးကလဲ ကျွန်တော်တို.ဝင်လာတာမြင်ရဲ.သားနဲ. ခပ်တည်တည်နဲ. အေးလေ သူလဲ တစ်ခါမှ မမြင်ဘူးတာကို.. ဒါနဲ.ပဲ ယောင်တောင်တောင်နဲ. ကပ်ပချိနို မှာသောက်ရတော့တာပေါ့..နောက်ပြီးမှာ ကျောချင်ကပ်ပြီး ဖုန်းတွေခေါ်ကြ တွေ.ကြတော့လဲ မရောက်သေးတဲ့သူတွေ သူလား ငါလား နဲ. မျှော်ကြရတာပေါ့.. နောက်ဆုံးမှ မုန်.ထုပ်တွေဆွဲပြီး မဆူးတို.ရောက်လာကြတယ် ကဲစကြမယ်လဲဆိုရော ထိုင်စရာခုံမလောက်လို. စိမ်းလန်းစိုပြေ KID Zone […]


ဓာတ်ပုံ း myanmarcelebrity.com ရွှေစင်က ခေသူတော့မဟုတ်ဘူး တစ်ချိန်လုံး ဓာတ်ပုံဆရာတွေက သူ့ကိုချည်း ဓာတ်ပုံ လာလာရိုက်နေလို့ထင်တယ် ဒီတစ်ခါတော့ သူလဲ အမီအရ ပြန်ရိုက်ထားပါတယ် ။ ရွာသူ / ရွာသားတွေ မျက်စိဘယ်လောက်ကောင်းလဲ Eyes Test စစ်ကြည့်တာပါ ….. 😀


အခုတလောဧရာဝတီအကြောင်းတွေအပြောများနေပါတယ်။ ဧရာဝတီဘလော့ရဲ့စာတစ်ပုဒ်မှာ    အမိဧရာဝတီ  လို့ခေါင်းစဉ်တပ်ထားတာတွေ့တယ်။ ဟုတ်ပါတယ် ၊အမိမြန်မာပြည်၊အမိဧရာတီပါ။ ဧရာဝတီဟာ မြစ်ကြီးနားက  ကချင်တိုင်းရင်းသားတွေရဲ့အမေပါ။ အလယ်ပိုင်းကမန်းလေးသားတွေရဲ့အမေပါ။ အထက်အညာသားတွေရဲ့အမေပါ။ အောက်အကျေအရပ်က ကျွန်တော်တို့မြစ်ဝကျွန်းပေါ် သားတွေရဲ့အမေပါ။ ကုန်ကုန်ပြောရရင်  … လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ၊အုပ်ချုပ်ခံလူတန်းစား တိုင်းသူပြည်သားများနဲ့ အုပ်ချုပ်သူ အစိုးရအဖွဲ့   အားလုံးတို့ရဲ့အမေပါ။ 8 ယာ (အိပ်ယာ) ကသူ့ရဲ့ဘလော့မှာ ခံစားရေးဖွဲ့ထားတဲ့ကဗျာလေးကိုဖတ်ကြည့်ပါ။ ဆို့နင့်တဲ့ ရင်နဲ့ဝေဒနာ သေရာပါ နာကျင်လှတယ် မြစ်ဧရာကို ပေးမတဲ့လား….. သူကျွေးခဲ့ သားစဉ်မြေးဆက် သမိုင်းတွင်မဲ့ နေ့ရက်တွေနဲ့ မြစ်ဧရာကို ပေးမတဲ့လား….. မျက်ရည်နဲ့ တောင်သူမျက်နှာ ကြေကွဲစွာ အနာဂတ်မဲ့တယ် မြစ်ဧရာကို ပေးမတဲ့လား….. နိုးတစ်ဝက်နဲ့ ရေလုပ်သားအိမ်မက် ဆိုးရိုင်းစွာ မြင်မက်ရတယ် မြစ်ဧရာကို ပေးမတဲ့လား….. ပြောပြစမ်းပါ…. ပြောစမ်းပါ…. မြစ်ဧရာကို ပေးမတဲ့လား….. […]