black chawOctober 22, 20144min65842
  လိုရင်းကိုပဲ ပြောကြရအောင်ပါဗျာ။ မန်းလေး ဂဇက်ရဲ့ နာမည်ကျော် မန္တလေးသူ ဒေါ်ကေဇီ နဲ့ သီချင်းအကြောင်းဆွေးနွေးထားတာလေးပါ။ ပြောထားဆိုထားကြတာ ၂ လ လောက်ရှိနေပါပြီ။ အချိန်မရတဲ့ ကြားကတင်ရတာမို့ လိုတာရှိရင် ဖြည့်ဖတ်ပေးကြဖို့ တောင်းပန်ထားချင်ပါတယ်။   Mr. Black          –           မကေဇီ မင်္ဂလာပါခင်ဗျာ…။ ကေဇီ                –           ဟော့ !!!  မင်္ဂလာပါ ဦးဘလက်…။ Mr. Black          –           ဒီနေ့တော့ ကျွန်တော်တို့ သီချင်းတွေအကြောင်း ပြောကြရအောင်ပါ။ ကေဇီ                –           ဟော့…။ Mr. Black          –           Music ဆိုတဲ့ စကားလုံးအပေါ် မကေဇီ  ရဲ့ ကိုယ်ပိုင် အဓိပ္ပါယ်ဖွင့်ဆိုချက်လေး သိပါရစေ။ ကေဇီ                –           […]


ေမာင္ရိုးOctober 21, 20143min68346
  ## သဘာဝရဲ့ ရင်သွေးငယ်တွေ ~~       ဒီခရီးကိုစတင်ထွက်လာတုန်းကတော့ တာဝန်ဝတ္တရားတစ်ခုကိုကျေပွန်အောင် ဆောင်ရွက်ခြင်းမျှသာ …………   သို့သော် … မြင်ရ ကြားရ နာယူမိပြန်လေသောအခါ ဤသို့ ဆောင်ရွက်ခွင့်ရသည်ကိုပင် အထူးကျေနပ်နေမိပြန်တော့သည် ။ ဒီခရီး၏ အစသည် ဘယ်ကစတင်ဖြစ်ပေါ်လာရပါသနည်း ဟု ဆိုပါလျှင် .………   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   သဘာဝရိပ်သာနှင့် ရိပ်သာဆရာတော်အကြောင်းကိုတော့ ကြားဖူးနေသည်မှာကြာခဲ့ပါပြီ ။ အထွေထွေသောအကြောင်းများကြောင့် တစ်ခါမှ မရောက်ခဲ့ဖူးပါ ။ ယခုသော် ကိုယ်တိုင်ကိုယ်ကျ သွားရောက်စရာအကြောင်းက မဖြစ်မနေဖန်ခဲ့လေတော့သည် ။ ပြီးခဲ့သော စက်တင်ဘာလက ဦးကျောက်ခဲ မြန်မာပြည်သို့တစ်ခေါက်ပြန်လာခဲ့လေသည် ။ သူနဲ့တွေ့ဆုံစဉ် သဘာဝရိပ်သာသို့သွားရောက်၍အလှူကိစ္စစုံစမ်းမည်ဖြစ်ကြောင်း ၊ သိန်း ၂ဝ မ, […]


ဇီဇီOctober 21, 20141min56930
ဒီ ရွာမှာ ကျုပ် အကိုကြီးတွေထဲ ဆာဆာ၊ ကျောက်(စ) နဲ့ အမတ်မင်းပြီးရင် ကျုပ်က ကိုကြီးဘလက် (Black Chaw) ကို အချစ်ဆုံးရယ်။ ကျုပ်နဲ့ တူတာတွေ အများကြီးးးးး  :mrgreenn: ပေါက်ကရတွေပြောတတ်လို့ ပေါက်တတ်ကရလုပ်တတ်တယ်လို့ အထင်ခံရတာ (အမှန်တော့ မဟုတ်တာကို မလစ်ရင် မလုပ်ပါဘူးး) ဘာလုပ်လုပ် စိတ်အားတက်ကြွစွာ လုပ်တာ။ သူများလည်း တက်တက်ကြွကြွ ပါစေချင်သေးတာ။ (အဲလိုမဟုတ်ရင် ဒေါသကြီးတာ စိတ်ကောက်တတ်တာကတော့ ထည့်မပြောတော့ဘူးး) အရေထူမယ် ထင်ရပြီး သူများ စကားတို့ အမူအရာတို့ကို အသေးစိတ်ထိခိုက်လွယ်တတ်တာ။ (ပြီးရင် ဂရုမစိုက်ပါဘူး ဆိုတာ ပြောပြောပြီး ထပ်တလဲလဲ စားမြုံ့ပြန်ပြီး ခံပြင်းတတ်သေးရဲ့) ကိုယ်မနိုင်ရတဲ့သူကို လက်လျှော့သလောက် နိုင်ရတဲ့သူဆို အင်မတန်နိုင်စားတာ၊ (ဘေးနား အနီးဆုံးရှိတဲ့သူ နာပြီသာမှတ်) […]


ဇီဇီOctober 20, 20149min85458
    သမိန်ပေါသွပ် ခေါ်ချက်တာမဟုတ်ဘူးးနော်…. ဒီ တစ်ပတ်တော့ အသီးအနှံ တစ်ခုခုထဲကို အသားတစ်မျိုးမျိုး အစာသွတ်တာ ရေးမားလို့။ ဟိ။  :mrgreenn:  အသားဟင်းချည်း သီးသန့်မစားချင်တဲ့ သူတွေ အကြိုက်ပေါ့။ KZ အဖေ ဆို ဂလို အရောအနှောလေးတွေမှ ခံတွင်းတွေ့တာရယ်။ ဒါပေမဲ့ ခုရေးမှာက အစာသွတ်ဟင်းတွေ။ အရောအနှောဟင်းက နောက်မှ သတ်သတ်လာမှာ။     ~~~~~~~~~~ ၁) ဗုံလုံသီးကို ဝက်သားအကြေသား သွတ်မယ်နော်။ ဒီမှာက ဝက်သားတောက်တောက် စင်းပြီးသားရတယ်။ အဲဒါကို ပဲငံပြာရည် အကြည်၊ ဂျင်း၊ ကြက်သွန်ဖြူထောင်းထားပြီးသားနဲ့ နယ်ထားး ဗုံလုံသီးဝယ်ရုံပဲ။ ပဲလင်းမြွေသီးလို့လည်း ခေါ်တယ်လေ။ ထိပ်ပိုင်းလေးကို ဈေးသည်မသိအောင် ချိုးကြည့်။ အဟွတ်။ ဖျောက် ကနဲ့ ကျိုးမှ […]


ကုိ ထြဋ္October 17, 20141min22214
– ကျွန်တော် တွေးမိတာလေးတွေပါ… ဆဲရင် လဲ ခံရမှာပဲ.. ဒါပေမဲ့ သိသူများ ဖြေပေးစေချင်ပါတယ်… 🙂 – တချို့ အတွက်က အဖြေတွေ ရှိတယ်.. ကြားဖူးတယ်… မမှတ်မိတော့လို့ … နံပါတ်စဉ် တပ်လိုက်မယ်နော်…   ၁ – ည အရက်သောက်ပြီး … မနက် ရေ ပြန်သောက်ရင် ဘာလို့ ချိုတာလဲ… ????????   ၂ – ကြမ်းပိုးကို သတ်ပြီးရင် နံမှန်းသိရက်နဲ့ ဘာလို့ နမ်းကြည့်ကြတာလဲ…?????????   ၃ – နှာခေါင်းထဲမှာ ဘယ်ကနေ နှပ်ချေးတွေ ရောက်လာတာလဲ…. အဖတ်လိုက်ကလေး( မဲမဲလေးတွေ အဓိက) ဘယ်ကရောက်လာတာလဲ…????????????   ၄ – အထူးသဖြင့် […]


weiweiOctober 15, 20141min62541
  သဘာဝရဲ့ ဂရုဏာ ။ https://myanmargazette.net/205792   သဘာဝရဲ့ ဂရုဏာပို့စ်နဲ့ ဆက်စပ်ပြီး ဖတ်ကြည့်နိုင်ပါတယ်။ မွသဲက သဘာဝရဲ့ ဂရုဏာပို့စ်ကို တင်လိုက်ပြီးပြီဆိုတော့ ဘိုးဘွားတွေအတွက် လိုအပ်ချက်တွေကို သိသင့်သလောက်သိသွားကြပါပြီ။ သိသွားတဲ့အခါမှာ ဒုက္ခရောက်နေသူတွေ စုဝေးနေတဲ့နေရာကို စီမံအုပ်ချုပ်တဲ့အခါ ဘယ်လိုစိတ်ဓါတ်မျိုးနဲ့ ဆောင်ရွက်နေသလဲဆိုတာနဲ့ ဒုက္ခတွေကို ဘယ်လိုခွန်အားတွေနဲ့ အံတုပြီးနေကြသလဲဆိုတဲ့ သဘာဝရဲ့ တရားဓမ္မတွေကို စိတ်ဝင်စားမိခဲ့ပါတယ်။ တကယ်စဉ်းစားကြည့်ရင် သာမန်မိသားစု ၅ ယောက်လောက်ရှိတဲ့ အိမ်တစ်အိမ်ရဲ့ စားဝတ်နေရေးနဲ့ လူမှုရေးကိစ္စတွေကို စီမံဆောင်ရွက်နို်င်ဖို့တောင် ခက်ခဲပါတယ်။ လူပေါင်း ၂၀၀ဝ ကျော်ကို နေ့စဉ် စားဝတ်နေရေး ကျန်းမာရေးအဆင်ပြေအောင် ဆောင်ရွက်နေရတဲ့ ရိပ်သာတစ်ခုအနေနဲ့ ဘယ်လောက်ခက်ခဲမယ်ဆိုတာ မှန်းဆလို့တောင် မရနိုင်ပါဘူး။ ဆရာတော်ကပြောပြပါတယ်။ တကယ်တော့သူစလုပ်တဲ့အခါမှာ အခုလို အများကြီးကနေ စလုပ်ခဲ့တာမဟုတ်ပါဘူး။ တစ်နိုင်တစ်ပိုင် […]


ဇီဇီOctober 15, 20141min34241
ဒီနေ့ အရင် ဓာတ်ပုံတွေ မွှေရင်းနဲ့ သများ အချစ်ဟောင်းကြီး ဓာတ်ပုံ ၂ပုံ သွားတွေ့တယ်။ ဒီမှာ ဓာတ်ပုံကြည့်လိုက်။ ကြာပြီ ဆိုတော့ ဝါးတားတားဖြစ်နေပြီ။                                           သများ ၉ တန်း မှာ မွေးမေလေ့ ရဲ့ ကြောင်မ ကြီးက မွေးတာ။ ၃ ကောင်။ သူ အသေးဆုံးပဲ။ ကျန်တဲ့ကောင်တွေ ဘယ်လောက် ဝ မယ် ဆိုတာ စဉ်းစားသာကြည့်!!!   […]


  (၂၄) ကျွန်မက ယုတစ်ယောက်နှင့်သာ အဆက်အသွယ်ရှိတော့သော်လည်း ကိုခန့်နှင့် အဓိကပတ်သက်ခဲ့ဖူးသော ယုထံသို့ သတင်းစကားများက အလိုလိုရောက်လာကြသည်။ ငယ်နှင့် တရားဝင်ချစ်သူဖြစ်နေသော ကိုခန့်က ယုကို ချစ်နေဆဲပါဟု ဆိုလာပြီး အကြိမ်ကြိမ်အခါခါ ဖုန်းဆက်နေသည်ဟု ကြားသိရစဉ်က မျက်နှာပြောင်တိုက်တတ်လွန်းလှသူကို ကျွန်မ ရွံမုန်းခဲ့ရ၏။ “ကလေး ဘာလို့ ငါတို့ကိုလိမ်လဲဆိုတာ ငါသိသွားပြီ” အရာရာကို ဆက်စပ်တွေးတောပြီး ထွက်လာသော အဖြေတစ်ခုကို ကြားသိရသည့်အခါ အလွန်ပင် အံ့ဩမိခဲ့သည်။ ကိုခန့်ကို ချစ်လွန်းလှသည့် ငယ်က သာယာမှုနှင့်အချစ်စစ်ကို မြင်တတ်ခဲ့ဟန် တူပါသည်။ ယုက ပြန်လက်ခံလိုက်ရုံနှင့် သူချစ်သည့် ကိုခန့်ကို ဆုံးရှုံးရမည်ကို သိနေသည့်အတွက် မိန်းကလေးတစ်ယောက်၏ အရှက်နှင့်ရင်းပြီး ဤကဲ့သို့ လိမ်ညာရဲခဲ့သည့် ငယ့်ကို ကျွန်မတို့ သနားမိပါသည်။ သို့သော် ကျွန်မတို့၏ စေတနာကို […]


kaiOctober 14, 20142min23513
အင်္ဂလိပ်ဝေါဟာရ ကြွယ်ဝလိုသော် (၃)   အင်္ဂလိပ်ဝေါဟာရ ကြွယ်ဝလိုလျှင် မိမိနှင့် ရင်းနှီးပြီးသား လွယ်ကူသည့် စကားလုံးလေးများကို ထိထိမိမိ လှလှပပ သုံးတတ်အောင် လေ့လာထားသင့်ကြောင်း အတော်အသင့် တင်ပြခဲ့ပြီးပါပြီ။ ယခု မိမိနှင့် ရင်းနှီးပြီးသား စကားလုံးလေးများကို အခြေခံပြီး ၎င်းဝေါဟာရလေးများနှင့် ဆင်တူယိုးမှား အဓိပ္ပာယ်ရှိသည့် ” synonyms ” ခေါ် စကားလုံးလေးများကို လေ့လာသင့်ကြောင်း တင်ပြလိုပါသည်။ ” synonym ” ဟု လူသိများသည့် ဆင်တူယိုးမှား အဓိပ္ပာယ် ရှိသည့် ဝေါဟာရလေးများသည် စကားပြောဆိုရာ၌လည်းကောင်း ၊ စာရေးသားရာ၌လည်းကောင်း အထူး အဖိုးတန်လှပါသည်။ သုံးတတ်လျှင် လှလှပပ ခန့်ခန့်ညားညား ရေးနိုင် ပြောနိုင်သလို ၊ မသုံးတတ်လျှင် လည်း ဒုက္ခလှလှ တွေ့ရမည်မှာ […]


ေမာင္ရိုးOctober 13, 20143min46620
 ပုံ – ၁  မိုးကြိုးပစ်ခံရသောရဲတိုက်           ဂမ္ဘီရ နဲ့ ဗေဒင်ဆိုတာ ဖျော်ဖြေတဲ့ နေရာကိုပို့ထားတဲ့ သဂျီးခိုင်အတွက် တဲရော့များကပြောတဲ့ သူ့ကံကြမ္မာကို ဖွင့်ချလိုက်ပါတယ် ။   သဂျီးခိုင်နှင့်တကွ ဖတ်မိ ………   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   သဂျီးခိုင် အတွက်ရည်ရွယ်ပြီး ကဒ်သုံးကဒ် ဆွဲပါတယ် ။ အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂါတ် အတွက်ရည်ရွယ်ပါတယ် ။   ပုံ ( ၁ ) က အတိတ်အတွက်ဖြစ်ပြီး ပုံ (၂ ) က လက်ရှိ ပစ္စပ္ပန် ပါ။ ပုံ ( ၃ […]


alinsettOctober 12, 20141min43129
ရ ရက် သားသမီး ဗေဒင် ၂၀၁၄ ခုနှစ် ၊ အောက်တိုဘာလ ၂ဝ ရက်မှ ၊ နိုဝင်ဘာလ ၂ဝ ရက် ။ ———— ၁ ။ တနင်္ဂနွေနေ့ဖွား ။ အလုပ် ရွှေ့ပြောင်းလိုစိတ် ဖြစ်ပေါ်နေမည်။ အလုပ်၌ ရန်ပေါ်တတ်၍ သတိထားပါ။ ငွေဝင် လာဘ်ကောင်းနေမည်။ လင်ယောကျာ်းအတွက် သောကများနေမည် ။ မိတ်ဆွေကောင်းများ၏ ကူညီမှု ရမည်။ ယတြာ ။ ။ ဘုရား၌ ပန်းသီး ၅ လုံး ကပ်လှူ ဆုတောင်းပါ။ ———— ၂။ တနင်္လာနေ့ဖွား ။ ဇနီးသည်၏ အကျိုးပြုခြင်း များစွာ ရမည်။ ဘုရားဖူးခရီး ၊ မြတ်သောခရီး ထွက်ရကိန်း […]


အပိုင်း (၁) – https://myanmargazette.net/204769 အပိုင်း (၂) – https://myanmargazette.net/204809 အပိုင်း (၃) – https://myanmargazette.net/204904 အပိုင်း (၄) – https://myanmargazette.net/204994 အပိုင်း (၅) – https://myanmargazette.net/205096 အပိုင်း (၆) – https://myanmargazette.net/205228     (၁၉) အရာရာသည် ကျွန်မ၏အတွေးထဲတွင် ဝေဝါးနေသည်။ ဆင်ခြင်နိုင်စွမ်းရှိသော ဦးနှောက်က မယုံနှင့်ဟု တားဆီးနေသော်လည်း ကာယကံရှင်မိန်းကလေး၏ ကိုယ်တိုင်ဖွင့်ဟချက်ဟူသော အသိက ယုံလိုက်ပါဟု တိုက်တွန်းနေပြန်သည်။ ဘီယာသောက်ကြရင်း တည်းခိုခန်းသို့ရောက်သွားကြသည်ဟူသော အဖြစ်သည် ကျွန်မအတွက်တော့ ယုံကြည်ရန်ခက်ခဲလွန်းလှသည်။ သို့သော် ကာယံကံရှင်ကိုယ်တိုင်က ဟုတ်ပါသည်ဆိုလာမှဖြင့် ကျွန်မ ကြိတ်မှိတ်ယုံရရုံသာ ရှိတော့သည်။ ကျွန်မတို့နှစ်ယောက်လုံး ရင်နာမိသည်။ စိတ်ဆိုးမိသည်။ ဒေါသထွက်မိသည်။ လက်ခုပ်ဟူသည် […]


ဇီဇီOctober 10, 20141min58656
အဖိုး ပြောတာလေး သွား အမှတ်ရတယ်။ ကျနော် တို့ အမျိုးက ချစ်ခြင်း မုန်းခြင်း ပြသနာတွေ သိပ်များတာ။ ငယ်တုန်းကတည်းက ဘယ်သူမေးမေး ဖြေရတာ… မဖြေမချင်း ကလေးတွေကို ဇွတ်မေးကြတာရယ်။ “ဘယ်သူ နဲ့ ဘယ်သူ မှာ ဘယ်သူ့ ပိုချစ်တုန်း” ဆိုတာမျိုးး… ပြီးရင် … “နင် က ငါ့ ကို အကြီးမ လောက် မချစ်ပါဘူး၊ သိပါတယ်” ဆိုတာ တသွယ်… နောက်လာသေးတယ်… “သူ့ ကြီးကြီးကို ကြည့်ရင် ချစ်စနိုး၊ ဒီ အဒေါ်ကတော့ချဉ်ဖတ်မှန်း သိပါတယ်” တို့ အဲလိုမျိုး အချစ်ရေး ပြသနာတွေကို ငယ်ကတည်းက ရင်ဆိုင်ခဲ့ရတာပေါ့။   ကိုယ့် မေးလို့ကတော့ မေးတဲ့ သူ […]