ဇီဇီSeptember 9, 20132min55956
  KZ ထမင်းဆိုင်ဖွင့်မလို့။ ဒီရွာထဲမှာ။   မျက်စိပြူးမသွားကြပါနဲ့။ ဒီလိုပါ။   အရင်က ကိုယ်က ကိုယ်ပိုင်စီးပွါးလုပ်ဟေ့ ဆိုရင် ထမင်းဆိုင်ဖွင့်ချင်တာရယ်။ ဒါပေသိ ဖြစ်ဖြစ်မြောက်မြောက် ဘာ…..မှ မချက်တတ်တာက တစ်မျိုး။ လူအများစာ အိုးကြီးချက် မချက်တတ်တာကလည်း တစ်ဖြစ်။ ကိုယ့်စီးပွါးဆိုရင် ကိုယ့်ဝင်ငွေ/ထွက်ငွေတွက်ရတော့မှာကလည်း ခေါင်းကိုက်စေမှာတစ်ကြောင်း။ နောက် အလကားလာစားမဲ့သူတွေ အများကြီးရှိတာက တစ်လမ်းမို့ …… လက်တွေ့ အကောင်အထည်မဖော်ဖြစ်သေးဘူးဆိုပါစို့။   😀   နောက် ဖွင့်ချင်တဲ့ဆိုင်ကလည်း မြန်မာထမင်းဟင်းမှရယ်…. ဘာရယ်တော့မဟုတ်ဘူး။ ဟင်းစပ်တည့်တဲ့ ဟင်းလေးတွေပဲ ချက်တဲ့ဆိုင်မျိုး။ လူမျိုးစုံရဲ့ အစားအစာမျိုးစုံ ပါမှာပဲရယ်။   ခု ဖွင့်ထားတဲ့ ဆိုင်တွေက ဘာဟင်းမဆို အကုန်ရတာမျိုးလေ။ ကိုယ့်ဟာကိုယ် ဟင်းစပ်ပြီးမှာစားရတာမျိုးမဟုတ်လား။ အဲဒါမျိုး ဖွင့်ချင်ဘူးရယ်။   […]


ဇီဇီSeptember 6, 20134min34524
၁၂ ရာသီဖွား အကျင့်စရိုက်လေးများ (၁) က ဒီ မှာ   https://myanmargazette.net/154452 ၁၂ ရာသီဖွား အကျင့်စရိုက်လေးများ (၂) က ဒီမှာ    https://myanmargazette.net/164012 ခု ၁၂ ရာသီဖွား အကျင့်စရိုက်လေးများ အပိုင်း (၃) လာပြီ။ စာရေးဖို့ အချိန်မရှိ၊ ဘာဓာတ်ပုံမှလည်းမရှိလို့ ဒါအရင် တင်လိုက်တယ်။ ကျနော် က ကန်ရာသီ ပါ။ မှားတာ မှန်တာ အပျော်ပါ။ ပုံလေးတွေကို ချစ်လို့တင်ပါတယ်။    


ムラカミSeptember 5, 20131min39921
တနေ့သ၌ ကျွန်ုပ် နေထိုင်သော အမှတ် ၃၇၆၊ မရိမ်းတပ် လမ်း သို့ မိတ်ဆွေကြီး ဆားပုလင်း မမနှင်း ရောက်ရှိလာတော့လေသည်။ ကျွန်ုပ်မှ တွန်းဝင်ခဲ့လေ အိုင်ပီ တံခါးက စေ့ထားရုံပါ …   နှင်း။ ဟာ ဟေ့လူ အိုင်ပီဂီ့ လွဲနေဘီ … ဆြာခ စာမှာဆိုရင် ဒါမိုးက ကျုပ်ပြောရမှာလေ။ ကျွန်ုပ်လည်း .. ဒမယ် ဆားပုလင်း မမနှင်း အဲ့ဒါနိုင်တီးဂွိုင်တီး က စာတွေ ။ဒါ ကာလပေါ်ဆားပုလင်းတွေခေတ်။ နှင်း။ ဟုတ်ပါဘီကွယ်…ဒါနဲ့ အမှုပေါ်လို့ အိုင်ပီလိုက်ကြည့်ပါဦးလား လာခေါ်တာဗျ။ ဂီ။ ဘာအမှုတုန်း ဆားပုလင်းရဲ့။ နှင်း။ကျောက်ကုန်း ဘက်မယ် ၃လောင်းပြိုင်လူသတ်မှုဖြစ်သဗျို့။ ကျုပ်လည်း ဌာနကရတဲ့ကား ဆီထုတ်စားတာ လက်လွန်သွားလို့ အိုင်ပီ့ […]


ခင္ခSeptember 5, 20131min27015
“အခမဲ့´´   တန်းဖိုးသင့်ခ မပေးရဘူး ပိုက်ဆံပေးစရာ မလိုဘူး အလကားမတ်တင်းပါ မေတ္တာနဲ့ စေတနာနဲ့ အဲလိုမျိုးတွေကို ခြုံငြုံပြီးသုံးနှုန်းခေါ်တဲ့စကားရပ်လေးက “အခမဲ့´´ တဲ့။ ဘုန်းတော်ကြီးပညာသင်ကျောင်းမှာ စာသင်တဲ့ကလေးတွေအတွက် ဘုန်းတော်ကြီးတွေက အခမဲ့ ပညာ သင်ပေးတယ်။ ဆရာဝန်လေးက စမ်းသပ်ခမယူဘူး အခမဲ့ မေတ္တာနဲ့ကုပေးရှာတာ ဆေးဘိုးတောင် အမြတ်မတင်ရှာပါဘူးအေ။ ဇီဝိတဒါန မျက်စီဆေးရုံးက လူနာတွေကို အခမဲ့ မျက်စိစမ်းသပ်ပေးတယ်တော့။ နာရေးကူညီမှု့အသင်းက အခမဲ့ ပိုဆောင်ပေးတာလေ။ ဗြမ္မာစိုနာရေးကူညီမှုအသင်းက ဖွင့်ထားတဲ့ဆေးခန်းမှာ အခမဲ့ ရောဂါရှာဖွေစမ်းသပ်ပေးနေပါတယ်။ ကျောင်းဆရာမလေးက သူ့အိမ်အနီးနားက ကလေးတွေကို ညဖက်ကျရင် စေတနာနဲ့ စာအလကားပြပေးတယ် ပိုက်ဆံပေးလည်းမယူဘူး အခမဲ့ ပညာကုသိုလ်လုပ်တာတဲ့။ အဲဒီလိုအသံတွေမျိုး စာဖတ်သူတို့ ကြားဖူးကြမယ်ထင်ပါတယ်။ ဒီလိုတွေလည်းပြောကြပါသေးတယ် ဆေးရုံကြီးသွားပြတာ အခမဲ့မို့လားမသိဘူး ဆရာဝန်တွေက ဝတ်ကျေတန်းကျေဘဲ သူတို့ပိုက်ဆံယူတဲ့ […]


Swal Taw YwetSeptember 4, 20132min27310
ရွာထဲကိုမရောက်တာကြာနေတဲ့ရွာသားတစ်ယောက် ရွာကိုလွမ်းလွန်လွန်းလို့ အလှူသေးသေးလေးတစ်ခုကိုရွာအမည်သုံးပြီးလုပ်ခဲ့လိုက်မိပါတယ်။ ပြီးခဲ့တဲ့  ဇွန်လ အတွင်း မန္တလေးမှာရောက်နေရတုံး ရွာနဲ့ဝေးနေရတုံးကပါ။ ရွာထဲက ရွာလူကြီးတွေ စွယ်တော်ရွက် အတွက် လှမ်းပြီး စိတ်ပူပေးခဲ့ကြလို့ပေါ့။ လုံးဝထင်မှတ်မထားခဲ့တဲ့ မန်းဂဇက်ရွာကြီးရဲ့နွေးထွေးမှုတွေ ရခဲ့လိုက်လို့ ရွာ့နာမည်သုံးပြီး ရွာအလွမ်းပြေပေါ့ခင်ဗျာ။   မန္တလေးမြို့။ အလုပ်သမားဆေးရုံကြီး မှာ တက်ရောက် ကုသမှုခံယူနေကြတဲ့ လူနာ ၉ဝ ကျော် အတွက် မနက်စောစာ ကြက်သားကြာဇံချက် လှူခဲ့တာပါ။ လူနာစောင့်တွေဘဲလာယူကြတာမို့ အမျိုးသမီးတွေ ပါတွေ့နေရတာပါ။ စည်းကမ်းလုပ်ထားတာမို့ တန်းစီစနစ် အသက်ဝင်နေပါတယ်။ နံနက်စောစာက ထမင်းပူ ဆီဆမ်းနဲ့ပဲပြုတ်ပါ။ အလှူရှင်ရှိရင်ရှိသလို ကြက်သားဆနြ်ပုတ်၊ ဆန်ပြုတ်နဲ့အီကြာကွေး၊ ကော်ဖီမစ်ထုပ်လေးတွေ၊ ကြက်သားကြာဇံချက် စသဖြင့် စားဖိုဆောင်ကတာဝန်ယူချက်ပြုတ်ဝေငှပေးပါတယ်။ နေ့လည်စာက ကြက်သားဟင်းနဲ့ ဟင်းချိုပါ။ ညနေစာက ငါးဟင်း သို့မဟုတ် ကြက်ဥပါ။ […]


ムラカミSeptember 4, 20131min30116
ဂဇက်ရွာ တရွာလုံး ဒေါသဗုံကျနေလေသည်။ ဟုတ်တယ် ဖြစ်ပုံက ကြည့်အူး။ ဟို ချာတိတ်တယောက် သဂျီးသမီးချာတူးလန်ကို ဗိုက်တလုံးနှင့် ထားပြီး ထွက်သွားသတဲ့လေ..။   တောက်ခ် … ဒါက ကန္နားစီး ရဲ့ တက်ခေါက်သံ။ ဘယ့်နှယ့် ငညီမလေးကို …။ ကန္နားစီးပါးပြင်တွင်မျက်ရည်တို့ စီးကျနေ၏။   ရှောက်သီးဆေးပြားအရောင်းထွက်ရာမှ ပြန်လာသော မာဂယောက်ပြားနှင့် ဒညင်းဝက်တို့လည်း မျက်နှာမကောင်းလှ။ မာမီသော်က မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အံကို ဂျစ်ဂျစ်မြည်အောင်ကြိတ်သည်။ မတ်မမ ကတော့ သန်းဝေချင်ယောင်ဆောင်ရင်း သူမျက်ရည်လည်တာကို လူမသိအောင်ပြု၏။ မမအံ့က အိမ်တိုင်ကို ဂျပန်ပါးရိုက်နည်းဖြင့် သမနေ၏။   ဟုတ်သည် မန်းဂဇက် အချော်တကောက်ရွာမှ အစ်ကိုမောင် တသိုက်၏ ချစ်လှစွာသော တဦးတည်းသော ညီမလေး မဟုတ်ပါလား။ မားခိုမ်ပင် […]


ဇီဇီSeptember 3, 20135min189354
ဟုတ်ကဲ့။ နောက် အလွဲတွေက တော့ ဆယ်လစ်ဗျစ်တီ အလွဲတွေပါ။ အဟွတ်။ ကေဇီနဲ့ ဆယ်လီဗျစ်တီ တွေနဲ့ ဖူးစာကံလွဲတယ်လို့တော့ မမှတ်ကြပါနဲ့။ ဟိဟိ။   😀   ဖြစ်ပုံတွေက ဂလိုပါ။ မန်းလေးမှာနေတုန်းက ဘယ် ကဘာ့ ဖလားမှာတုန်းမသိ (Ricky Martin) ရစ်ကီမာတင် ဆိုသော သကောင့်သားလေးရဲ့ သီချင်းနဲ့ ဖွင့်တယ်ပေါ့ဗျာ။ စမြင်ဖူးကတည်းက မေးစေ့က ကွဲလေးရယ်၊ အပြုံးချိုချိုလေးရယ် ကိုလည်းသဘောကျ။ “ဂိုးဂိုးဂိုး၊ ဟားလေး ဟာလေး ဟာလေး” ဆိုတဲ့ သီချင်းမြူးမြူးလေးလည်း သဘောကျနဲ့ ကေဇီတို့ အင်မတန် ကြွေပါတယ်။ အဲလာ။ အဲလာ ၂၀၁ဝ မှာ သူ့ကိုသူ ဂေးပါလို့ပြောပလိုက်တာ။  😥 ကြိုက်တာကတော့ ကြိုက်တုန်းပါပဲ။ အနုပညာကို အားပေးသူပဲဟာနော့။ ကျန်တာ […]


တနေ ့တာအစပြုလေပြီ။နေမင်းကြီးသည်ကောင်းကင်ပေါ်သို ့မင်းမူ နိုင်ရန်ရှေ ့မှအတားအဆီး ဟူသမျှကို ကျော်ဖြတ်နေလေသည်။ ” ပဲပြုပ်” “ကောက်ညှင်းပေါင်း၊ အကြော်စုံပူပူလေး” အစရှိသည့် နံက်ခင်းဝမ်းဝမ်းဝ အစားပြေ ရောင်းချသော ခေါင်းရ­ွက်ဈေးသည်များ၏တစာစာ အော်နေသံများကြောင့် အိပ်ရေးမဝတဝဖြင့်နိူးထလာခဲ့ရသော်လည်း စိတ်မှာကြည်လင် လန်း ဆန်းနေသည်။ အဘယ့်ကြောင့်နည်း။ အကြောင်းတော့ရှိရမည်။ ဒါဆိုဘာအကြောင်းက အိပ်ရေးမဝတဝနဲ့ကိုစိတ်ကြည်လင်လန်းဆန်းနေရပါလဲ။ အကြောင်းရင်းကိုတွေးမိပြန်တော့ ရယ်မလိုစိတ်ကိုပြန်ထိန်းရသည်။ ညကညဉ့်နက်မှအိပ်ဖြစ်သည်။ အကြောင်းကား တရုပ်မင်းသား စတီဖင်ချောင် ၏သိုင်းကား ကြည့်နေသောကြောင့်ဖြစ်လေသည်။ဇာတ်လမ်းအရ မင်းသားမှာ မိုးနဂါးသိုင်း ၁၈ ကွက်ကို လေ့ကျင့်တတ်မြောက်ရမည်ဖြစ်သော်လည်း နောက်ဆုံးအကွက် ၁၈ ကိုမကျင့်ဖြစ်နေလေ သည်။လူဆိုးဖြစ်သူသိုင်းအကျော်အမော်နှင့်လည်းတိုက်ခိုက်ရတော့မည်။ မင်းသားကလည်း မရနိုင်။မကျင့်နိုင်။အနီးရှိသူများကလည်းအလွန်စိုးရိန်နေကြလေပြီ။ကြည့်နေသောကျွန်ုပ်သည် ပင်လျင်အားမလိုအားမရဖြစ်နေမိသည်။ဘေးမှလည်းဝိုင်းဝန်းကြိုးစားကူညီပေးနေကြ ပြန် သည်။ “ဖျက်ကနဲ့” မီးပျက်သွားလေတော့သည်။ ပြီးခါနီးတဝက်တပျက်နှင့်အိပ်ရာသို့ဝင်ရလေတော့သည်။မီးပျက်လို့သာတော်သေးသည်။ နာရီသံတချက်တီးနေပြီ။မနက်ရုံးသွားရအုံးမည်။ ဇာတ်လမ်းနောက်သို့အလိုက်ကောင်းနေသည်။ စိတ်ကဆောင်နေသော်လည်းကိုယ်က ခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားလေတော့သည်။ […]


ဇီဇီSeptember 2, 20138min70673
အမှန်တော့ ဝါး ကို ကတိပေးပြီးမှ တုန့်ဆိုင်းနေတဲ့ ပို့(စ) ပါ။ ခုတော့ ရေးဖို့ ဆုံးဖြတ်ထားတဲ့ အတွက် အစမှ အဆုံး ရေးချင်တာတွေ တန်းစီရေးလိုက်ပါပြီ။ ခု ပထမဆုံး ရေးမှာက အိတ် ဘရန်းတွေနဲ့ ဘယ်လို အိတ်မျိုးကို ဘယ်နေရာမှာ သုံးသင့်တယ် ဆိုတာ အကြမ်းဖျင်းရေးသွားမှာဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဘရန်းခရေဇီ ထဲမှာ ကျနော် မပါပါဘူးးး တံဆိပ်တစ်ခု အတွက် မတန်မရာ ပေးရတယ်လို့ မြင်လို့ တတ်နိုင်သလောက် ဘရန်းနောက်မလိုက်ပါ။ ဒါမဲ့ လူတောတိုးရတဲ့ အချိန်မှာဆိုရင်တော့ ဘယ်သူဘာပြောပြောသိအောင်နားလည်အောင် ဟိုစပ်စပ် ဒီစပ်စပ် အကုန်လေ့လာထားလေ့ရှိတာမို့ (အဲ) ဘာမှ မထူးချွန်ပဲဖြစ်နေတဲ့ ဘဝ ပါ။ ဟီးးးး  😀   ဒီ အောက်က […]


amatminSeptember 1, 20131min35825
၂၀၁၃ခုနှစ်၊ စက်တင်ဘာလ(၁)ရက်၊တနင်္ဂနွေနေ့..။ မန်းဂဇက်.ဝက်ဆိုဒ်တွင် စာရေးစာဖတ်ပြုရာမှ ရင်းနှီးခင်မင်လာသူများ.အပါအဝင် ကိုယ်စီကိုယ်ငှ ပက်သက်နေရာ. ပတ်ဝန်းကျင်မှမိတ်ဆွေများဖြင့် ပါဝင်ဖွဲ့စည်းထားသော ကျွှှန်တော်များဒါဇင်ပလပ်စ်ပညာရေးဦးစားပေး လူမှုကူညီရေးအဖွဲ့ငယ်လေး၏ ၂၀၁၃ ..စက်တင်ဘာလအတွက်ရည်ရွယ်သော (၁၄) ကြိမ်မြောက်လှူဒါန်းမှုကို (၁.၉.၂၀၁၃)ရက်.တနင်္ဂနွေနေ့တွင် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်. (၈)ရပ်ကွက် သီရိမင်္ဂလာလမ်းရှိ ဘုရားသုံးဆူထေရာရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ မိဘမဲ့ ကလေးငယ်များထံသို့ စာရေးကိရိယာမျိုးစုံ. မုန့်အစားအသောက်အပါအဝင် ငွေသားတချို့ကို သွားရောက်လှူဒါန်းပြီးစီးခဲ့ပါ ကြောင်း.။ ၁ ။ စုံစုံလင်လင် မိဘမဲ့.ခိုးကိုးရာမရှိ ကလေးငယ်များ၏ လူမှုဘဝ မြှင့်တင်ရေးတွင် အဓိက ကျသောပညာသင်ကြားရေးအတွက် ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်လှူဒါန်းသော စာရေးကိရိယာဖိုး (၈၈၀၀၀) ကျပ် ၊ ..ငွေသား (၁၆၀,၀၀၀) တိတိ အပါအဝင် ။ မန်းဂဇက် ရွာသား ဦးကျောက်ခဲ၏ မန်းဂဇက်စာပေဆုရ စားပွဲတင်နာရီ အပြင် ရွာသူမခိုင်ဇာဝင်း(ဆွိ) မှ မွေးနေ့အမှတ်တရ […]


မောင် ပေAugust 31, 20131min2864
မ င်္ဂ လာ ပါ ခင် ဗျာ ။ မ င်္ဂ လာ အ ပေါင်း နဲ ့ ခ ညောင်း တဲ့ စ နေ ည က တော့ ငွေ ရ ဖို ့ ဆို သ လို လို အား လပ် ည တစ် ည အ ဖြစ် ၊ အန် တာ တိန်း မန် ့လို ့ ခေါ် နိုင် တဲ့ ဘော ပွဲ များ နဲ ့ အ တူ ရောက် […]


မောင် ပေAugust 30, 20131min2942
ဒီ ပို ့စ် အ တွက် ပ ထ ဦး ဆုံး ရေး ချင် တာ ကို တော့ စာ ဖတ် ပ ရိ သတ် အား လုံး မ င်္ဂ လာ ပါ ခင် ဗျာ ။ ခေါင်း စဉ် မှာ ရေး ထား တဲ့ အ တိုင်း သော ကြာ ည ( သို ့မ ဟုတ် ) စ နေ မ နက် မှာ ကန် မယ့် ၃ ပွဲ အ ကြောင်း […]