တစ်လောက ပျင်းပျင်းရှိတာနဲ့ ပြစ်မှုဂျာနယ်ဝယ်ဖတ်ကြည့်မိတယ်။ ဆက်မဖတ်ရဲတော့တာနဲ့ အောက်ချ (ငယ်စဉ် ကြောက်စရာကားများကြည့်ရသလိုခံစားရပါတယ်) ခေတ္တတွေးတော ပြီးမှဆက်ဖတ်ကြည့်မိပါတယ်။ မှုခင်းသတင်းတွေတော်တော်များများဟာ မကြားဝံ့မနာသာ ရက်စက် ယုတ်မာပုံတွေ ကိုယ့်သွေးသားရင်း ဖိုးအေက အရွယ်မရောက်သေးတဲ့မြေးငယ်ကို၊ အရက်သမားက၅နှစ်အောက်ကလေးငယ်ကိုလူမဆန်စွာ၊ MRTV4 မှအသက်နှစ်ဆယ်ကျော်ကောင်မလေးက အသက်၁၈နှစ်အရွယ် အိမ်ဖေါ်ကို ရက်စက်စွာအသက်သေအောင်နှိပ်စက်တာတွေ ဒီဘက်ခေတ်မှာ ကိုယ့်ကိုကိုယ် မြန်မာလူမျိုးလို့ ပြောရမှာရှက်စရာကောင်းအောင်ကို မှုခင်းတွေမှာတွေ့ရပါတယ်။ ဒီကြားထဲ မြောက်ပိုင်းကအဖြစ်အပျက် ကိုဖတ်လိုက်ရတော့။ သီပေါမင်းနန်းတက်ဘို့ မင်းညီမင်းသားတွေ ဝါးရင်းဒုတ်နဲ့လည်မျိုရိုက်သတ်တဲ့ ဖြစ်စဉ်တွေဟာ မြန်မာ့သမိုင်းမှာအမည်းစက်ကြီးထင်ကျန်ခဲ့ဘူးသလို အခု မှုခင်းတွေဟာလည်း မြန်မာလူမျိုးတွေရဲ့ ရက်စက်မှုသမိုင်းမှတ်တိုင်တွေဖြစ်ကျန်နေရစ်ခဲ့ပါပြီ။ ကျွန်တော်တို့ငယ်ရွယ်စဉ်က သွေးသံရဲရဲ ဆိုရင် ရုပ်ရှင်ကို ဆက်မကြည့်ရတော့ဘဲ အောက်ကိုငုံ့နေရတာ တစ်ခါတစ်လေ ဇါတ်ကားအရသာတောင်မသိလိုက်ရပါဘူး အခုခေတ် ကလေးငယ်တွေဟာ သူရဲကား၊ လူသတ်ကား၊(ရက်စက်စွာ အပိုင်းပိုင်းအတစ်တစ်ခုတ်ထစ်ဖြတ်တောက်) လက်စားချေလူသတ် ကားတွေကို ခုံမင်စွာ […]