. . . . . . . . . . . ဘောလုံးပွဲများမှာ မဆဲဖို့ ဗထူးကွင်း ဘောလုံးပွဲများတွင် အလွန်ဆဲနေကြသည်ဟု မိတ်ဆွေများက ပြောကြသည်။ ခဏခဏပင် ပြောကြသည်။ ကျွန်တော် ဘောလုံးပွဲသို့ မရောက်သည်မှာ တော်တော်ပင်ကြာပြီ။ ထို့ကြောင့် ဘောလုံးပွဲအကြောင်း ဘာမှမသိ။ သို့ရာတွင် ဘောလုံးပွဲတွင် ဆဲကြသည်၊ အလွန်ပဲ ဆဲနေကြသည် ဆိုသောသတင်းကို ကြားရသောအခါ အများကြီး စိတ်မကောင်းဖြစ်မိသည်၊ ဝမ်းနည်းမိသည်။ ၁၉၄၇-၄၈၊ ၄၉-၅၀၊ ၅၁-၅၂ ခုနှစ်လောက်ထိ ယခင်က ယူဘီအေကွင်းဟုခေါ်သော ဗထူးကစားကွင်းတွင် ကျွန်တော်တို့တတွေ လူကြီးလုပ်ပြီး ဘောလုံးပွဲများ ကျင်းပခဲ့ကြသည်။ စစ်ပြီးကာစပွဲများ၌ ဆဲကြပါသည်။ ရန်ဖြစ်ချင်ကြပါသည်။ သို့ရာတွင် နောင်တော့ မဆဲကြတော့ပါ။ […]