Nan ShinMay 5, 20131min1610
ကျောင်းဆရာတစ်ဦးကပန်းချီပြိုင်ပွဲတစ်ခုကိုစီစဉ်လိုက်သည်။‘’လှပသောဘဝ’’ဟူသောခေါင်းစဉ်ဖြင့်ဆွဲကြရ   မည်ဖြစ်သည်။ မိမိကြိုက်နှစ်သက်ရာပုံကိုရေးဆွဲခွင့်ရှိသည်။ ခေါင်းစဉ်နှင့်အကိုက်ညီဆုံးဖြစ်အောင် သရုပ်ဖော်ရေးသားနိုင်သူအား ဆုချီးမြှင့်မည်ဟု ကြေငြာလိုက်သည်။ ကျောင်းသားအတော်များများဝင်ေ   ရာက်ယှဉ်ပြိုင်ကြသည်။ ထို ့နောက် ပန်းချီးကားသုံးခုကို နောက်ဆုံးစံချိန်တင်ရွေးထုတ်လိုက်သည်။   ပထမဆုံးပုံမှာတည်ငြိမ်အေးချမ်းလှသောရေကန်းလေးဖြစ်သည်။ကန်ရေပြင်သည်မှန်သားပြင်ကဲ့ သို ့တည်ငြိမ်ခံငြားလှပပြီး တောင်းတန်းများလည်း ဝိုင်းရံထားသည်။ နူးညံ့သေသပ်တဲ့တိမ်သားရယ် အပြာရောင်ကောင်းကင်ကြီးရယ်ကခန် ့ခန် ့ငြားငြား အုပ်မိုးကာရံထားသည်။ တောင်ထိပ်မှာတော့ ပျော်ရွှင်ဖွယ်မိသားစုလေးတစ်စု နေထိုင်ကြတဲ့ အိမ်ကလေးတစ်လုံး ရှိသည်။ကျောင်းသားများအားလုံးက ဒီပုံလေးကို ကြည့်ပြီး အလှပ အသေသပ်ဆုံးဘဝကိုသရုပ်အဖော်နိုင်ဆုံးပန်ချီကားတစ်ချက်ဖြစ်တယ်လို ့ကောက်ချက်ချကြသည်။ဘဝဆို   တာငြိမ်းချမ်းမှုမရှိရင် အနှစ်သာရမရှိဘူး ဟုယုံကြည့်လက္ခံလိုက်သည်။   ဒုတိယပုံမှာ ခန် ့ငြားထည်ဝါပြီး ငြိမ်းချမ်းမှုအပြည့်ကိုပေးစွမ်းနိုင်သော တောတွင်းတစ်နေရာက ပုံဖြစ်သည်။ စိမ်းလန်းစိုပြေလှသောသစ်ပင်များနှင့်ပြာလဲ့လဲ့ကောင်းကင်၊ပြီးတော့ ရေးတံခွန်လေးတစ်ခု။ပြီးတော့ ကျေးငှက်   သာရကာ စသည်တို ့ကလည်းစိမ်းလဲ့ပြာရီတောတန်းလေးကို ပိုမိုလှပစေသည်။သည်ထက်ထူးခြားသည်က […]


Aung Myint MyatMay 3, 20131min1902
ကွှန်တော်တို့တွေ အမှောင်ဖုံးနေတဲ့ စနစ်ဆိုးကြီးရဲ့အောက်မှာ နေလာခဲ့ရတာ နှစ်တွေတော်တော်ကို ကြာခဲ့ပြီပဲ။ အခုလို နိုင်ငံတော်က ပေါ်လစီတွေပြောင်းပြီး Reform, Reconstruct လုပ်နေတဲ့ ကာလမှာ ကျွန်တော့် အတွေ့အကြုံတွေထဲက သင်ခန်းစာယူစရာတစ်ချို့ကို လက်ရှိ ကျောင်းပြီးခါစ လူငယ်တွေ သင်ခန်းစာယူပြီး  ရှောင်ကြဉ်သင့်တာတွေ ရှောင်ကြဉ်လို့ ရနိုင်အောင် တင်ပြပေးပါရစေ။   ကျွန်တော် ရေကြောင်းတက္ကသိုလ်ကနေ ၂၀၁ဝ ဖေဖေါ်ဝါရီ ၆ရက်နေ့မှာ B.E(Marine Engineering)ကို ရခဲ့တယ်။ ကျွန်တော်တို့ ကျောင်းက ဘွဲ့တွေ မရခင်ကတည်းက နိုင်ငံခြားကုမ္ပဏီတွေ လာပြီး အလုပ်အကိုင်တွေ ခေါ်ကြတာတွေရှိတယ်။ အဓိကက ကိုရီးယားကုမ္ပဏီတွေပေါ့ဗျာ။ ကျွန်တော် ဒီမှာ အလေးအနက်ပြောချင်တဲ့ အကြောင်းအရာက ကျောင်းတက်နေဆဲနဲ့ကျောင်းပြီးခါစ ညီငယ်၊ညီမငယ်များ ရွေးချယ်မှု မမှားစေဖို့ပါ။ ကျွန်တော်က နယ်ကနေပြီး အမေ ဈေးရောင်းတဲ့ […]


အရိပ္စစ္May 1, 20131min3559
အဲဒီတုန်းက သူ ပြန်သွားတော့မည်ဆိုပြီး မိတ်ဆွေများကို  တစ်ယောက်ပြီး  တစ်ယောက် လိုက်နှူတ်ဆက်နေသော်လည်း သူမဆီကိုတော့ စကားတစ်ခွန်းမပြောနှင့် အကြည့်တစ်ချက်လောက်ပင် ရောက်လာခဲ့ပုံမပေါ်။နောက်ဆုံး သူ့အသံ  လုံးဝ မကြားရတော့ဘူးဆိုကာမှ  သူမ တစ်ယောက်ထဲကို ချန်ကာ နူတ်မဆက်ပဲပြန်သွားတာ သေချာသွားခဲ့သည် ။ *  *  *  *  * မတွေ့ရတဲ့ သုံးနှစ်အတွင်း ကိုကြီးကတော့ ဘာမှ မပြောင်းလဲ ။ခင်ရာဆွေမျိုး မိန်ရာ ဟင်းကောင်းဆိုသလို တနယ်တကျေးကနေ လာပြီး အလုပ်လာလုပ်နေကြသူချင်းပီပီ လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်း မိသားစုတွေလို ရင်းနှီးချစ်ခင်ခဲ့ကြသည် ။အခုလို ပြန်တွေ့ ရတော့လည်း တကယ့်သွေးသား ရင်းချာ တစ်ယောက်ကို ပြန်တွေ့ရသလိုု ဝမ်းသာအဲလည်း ဖြစ်ရသည် ။ “  တွေ့ခဲ့တယ် ပုတုလေးရေ ပုတုလေးက မေးနေတယ်လို့လည်း […]


lin naingApril 30, 20131min1500
“ဘယ်ကဖုန်းလဲ      ဇွဲ………..” “မင်းသူငယ်ချင်း  လွန်းသွေး  လမ်းကူးမှားလို ့     ယဉ်ထိမ်းရဲတွေ   ဖမ်းထားတယ်တဲ ့………အဲ ့ဒါ      သူ ့ကို   လာရွေးပါတဲ ့…………….” “ဒီကောင်က    မအူမလည်နဲ ့ဆိုတာ့   ………  ဖြစ်တော့မယ်လို ့    ထင်သား……..ထင်တဲ့အတိုင်းပဲ        အခုတော့  ဖြစ်ပြီ…….” “တော်ပါကွာ      အပြောပါနဲ ့တော့    သက်ပိုင်ရယ်……….သူ ့အကြောင်းလဲ   မင်းသိရဲ ့သားနဲ ့     ဘယ်တုန်းကများ   လည်လည်ကွယ်ကွယ်ရှိလို ့လဲ………ငါသွားရွေးလိုက်အုံးမယ်……..” “အေး   မြန်မြန်သွား………..ပြီးရင်   လိုက်လာခဲ ့တော့……..” “အေး………….” သက်ပိုင်ကိုနုတ်ဆက်ပြီး    အပြေးလေးတစ်ပိုင်းနဲ ့    တက္ကစီငှားလိုက်လေသည်။      သူတို ့သူငယ်ချင်းသုံးယောက်တည်းမှာ     လွန်းသွေးက        အနေအအေးဆုံး    အဆင်းရဲဆုံး …      […]


Mobile HouseApril 30, 20135min3236
Android ဖုန်း ဝယ် မည့် သူများ အဝယ် မမှား ရအောင် Mobile House မှ မန်ဘာ များ အတွက် Mobile House Admin ကိုရဲရင့်အောင် မှ ရေးပေး လိုက် ပါတယ် ။ ဖုန်း တစ် လုံး ဝယ် ပြီး အနည်း ဆုံး ၆လ က နေ ၁ နှစ် ၂ နှစ် ထိ သုံး ကြပါတယ် ။ အဲ့ တော့ ဝယ်ပြီး တဲ့ အချိန် မှဟိုဟာ မရ ၊ ဒီဟာ မရ ၊ စက်က လေး ၊ […]


Aung Myat LinApril 29, 20131min2666
စစ်ကိုင်းမြို့နယ် ကံတလူဘုရား အရှေ့ဖက်တွင် မြွေရှင်တော်ဘုရားကို သွားရောက်ဖူးမြော်နိုင်ပါသည်။ မျောက်၊ လိပ်၊ ယုန်၊ ပူး၊ ချိုးငှက်၊ ကြက်တူရွေး၊ မြွေကြီး(၄)ကောင် တို့ကို တိရိစ္ဆာန် ဥယျာဉ်သဖွယ် တွေ့မြင်နိုင်ပါသည်။  


nicolus agralApril 28, 20131min3579
Fight ဂျာနယ်အယ်ဒီတာကြီး ဦးဖွသည် ချောင်းဆိုးသဖြင့် ဓာတ်မှန်ရိုက်ရာမှ အဆုတ်တွင် အလုံးသေးသေးလေး တစ်လုံးတွေ့သဖြင့်ကင်ဆာအထူးကုဆရာဝန်တစ်ဦး၏ ဆေးခန်းသို့ရောက်လာလေသည်။ “လာဗျာ။ဦးဖွ.. ထိုင်ပါ။လူကိုတော့ မမြင်ဖူးသေးဘူး။နာမည်ကတော့ ကြားဖူးနေတာကြာပါပြီ။”ဟု ကင်ဆာဆရာဝန် က ကြိုဆို လေ၏။ရောဂါရာဇဝင်ကိုမေးမြန်း နှင့်ဓာတ်မှန်နှင့် လိုအပ်သည်များကို ကြည့်ရှူစစ်ဆေးပြီးသည့်အခါ ဆရာဝန်က ဦးဖွကိုပြောလေသည်။ “ကဲ..ဦးဖွ။ရင်ဘတ်ထဲက အကျိတ်လေးကိုတော့ ကင်ဆာလို့ထင်တယ်။ ကင်ဆာလို့ ကျွန်တော်မပြောသေးဘူးနော် ဦးဖွ။အသားစယူဖို့လိုတယ်။ ကွန်ပြူတာဓာတ်မှန် ရိုက်ဖို့လိုတယ်။ ကျွန်တော့်အတွေ့အကြုံအရ ကင်ဆာထင်ပေမယ့် နောက်ကင်ဆာမဟုတ်ဖူး အဖြေထွက်လာရင် ကျွန်တော့်နာမည်ကြီး ဂျာနယ်ထဲပါလာဦးမယ်။ ကင်ဆာလို့ ညာကုတဲ့ ကင်ဆာ ဆရာဝန်ဆိုပြီး။ ဒီတော့ ခင်ဗျား အသားစယူဖို့ ဓာတ်မှန်ဆရာဝန်တစ်ယောက်ဆီလွှဲလိုက်မယ်။ သူက ကွန်ပြူတာဓာတ်မှန် အကူအညီနဲ့ ခင်ဗျားရင်ဘတ်ထဲက အကျိတ်ကို အပ်ကလေးနဲ့ စုပ်ပြီး အသားစယူပေးလိမ့်မယ်။” ဟုပြောဆိုလျက် လွှတ်လိုက်လေသည်။ ဦးဖွသည် […]


lin naingApril 26, 20131min2705
“ဟော     ဟိုမှာ   လာနေပြီ…….” “လာနေတာကိုတော့  တွေ ့ပါတယ်………ဒါပေမဲ ့   သုံးယောက်ဖြစ်နေတယ်လေ    …….  ဘယ်သူလဲ     မင်းချစ်သူက………” “ဘယ်ဘက်    အစွန်ဆုံးက  တစ်ယောက်………” “မိုက်တယ်……” “ဟေ့ကောင်……….နော်              အဲ ့ဒါ   မင်းသူငယ်ချင်း     ငါ့ရဲ ့  ချစ်သူနော်……..” “ဟ      ဘလိုင်းကြီး    အူတိုနေပြန်ပြီ……….မင်းချစ်သူမှန်းသိတော့   ဘာလုပ်ရမှာလဲ…..ငါက” “မဟုတ်ပါဘူး…….မင်းစိတ်ထဲမှာ  ကြံစည်နေမှာစိုးလို ့     ပြောလိုက်တာ……..” “ရာရာစစကွာ….ငါ ့မျက်နှာကိုသေချာကြည်စမ်း…………………” သူပြောလိုက်တာကို  တစ်ကယ်ပဲ     အဟုတ်ထင်ပြီး     ပြူးကြာင်ကြောင်  ကြည် ့လာတဲ ့       ငပိုင်ရဲ ့  မျက်နှာကို  မြင်လိုက်ရတော့     စ     နောက်     ချင်တဲ ့    သူ့စိတ်က    ပေါ်လာပြီလေ…………. “ငါ့  မျက်နှာက    အဲ ့ဒီလိုလုပ်မဲ့   ရုပ်မျိုး  ဟုတ်လို […]


Aung Myint MyatApril 25, 20132min30416
သည်ကိစ္စနှင့် ပတ်သတ်လာလျှင် ကျွန်တော် တစ်ခါတစ်ခါ အလွန်စိတ်တိုသည်။ မခံချင်လဲဖြစ်သည်။မြင်ပြင်းကတ်သည်။ဝမ်းနည်းသည်။ အားမလို အားမရဖြစ်သည်။ ခံစားချက်က အမျိုးစုံပါပေသည်။ တတိယနိုင်ငံကလာတဲ့လူတွေဆို အထင်သေးချင်ကြတာလား။ မြန်မာလူမျိုးဆိုတာ သေးသိမ်နှိမ့်ချစရာ သတ္တဝါအမျိုးအစားဖြစ်နေလို့လား။ ထို”လား”ပေါင်းများစွာနှင့်ပဲ နိုင်ငံခြားမှာ နေ့ရက်များစွာ ဖြတ်သန်းနေရသူဟာလဲ ကျွန်တော်တစ်ယောက်ထဲပဲလား။ ဆရာဇော်ဂျီဟာ သူ့ရဲ့ ‘တို့တိုင်းပြည်’ ကဗျာမှာ ကျွန်တော်တို့ကို သတိပေးခဲ့သလိုဖြစ်နေတာတော့ အသေအချာပဲ။ ဆရာက ရေးထားလေရဲ့။ “ထလော့မြန်မာ၊အို မြန်မာတို့ တို့ရွာတို့မြေ၊တို့ရွာမြေဝယ် စေတီစပါး၊များလဲများဧ။် များပါလေလဲ၊တမွဲမွဲနှင့် ဆင်းရဲကာသာ၊ကာလကြာလျှင် ယာစကာမျိုး၊တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်၊ မစားလေရ၊ဝမ်းမဝ၍ ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။” ကိုယ့်နိုင်ငံမှာ စိုက်သမျှသီး၊တူးသမျှ သယံဇာတတွေထွက်၊ သဘာဝအလှအပတွေ ပေါများပါလျက်နဲ့ သောက်ဖို့ရေတောင်မထွက်တဲ့ဒီလိုနိုင်ငံငယ်လေး(စကာင်္ပူ)က ကောင်တွေဆီမှာ လုပ်နေရတာ အင်မတန် အသည်းနာသည်။ ကျွန်တော်တို့ ငယ်စဉ်ကတည်းက ဆယ်တန်းအထိ […]


  ကျွန်တော်သည် အမှန်တကယ် သုညမဟုတ်ပါ။ သို့သော် ကျွန်တော်သည် သုည တစ်လုံးဖြစ်ပါသည်။ ဘက်စ်ကားတွေ ပြိုင်မောင်းနေကြတုန်း ဘဝက မောပန်းခဲ့ပါသည်။ ကျွန်တော်က အိမ်အပြင်ဘက် လမ်းလျှောက်ထွက်ရင်း လူတွေကို နံပါတ်စဉ်တွေပေးကြည့်မိပါသည်။ ကျွန်တော်က သုညစင်စစ် ဖြစ်နေပြန်ပါသည်။ ဂလိုဘယ်လိုက်စေးရှင်းဟု ခေါ်ဝေါ်ကာ လူတွေသည် ရင်ဘတ်ကို မေ့၍ မြင်ကွင်းများကို ပုံသေကားချပ်လို မြင်ကွင်းကျယ်လုပ်ကြည့်ကြပါသည်။ ကျွန်တော် သုည မဟုတ်ပြန်တော့ပါ။   ကလေးများတရားထိုင်နေကြပါသည်။ လူကြီးများဖဲရိုက်နေကြပါသည်။ လောကသည် ပန်းများကို ဖူးပွင့်ဖို့ ရုန်းကန်နေရသော ရေနစ်နေသူပမာ ပျံသန်းနေပါသည်။ ဘုရားတသူက တ၊ ဆဲသူက ဆဲဆိုလို့ ကိုယ့်ကိုကိုယ် ပြန်လည် ရောင်းချဖို့အရေး ဘယ်လောက်များ ဈေးချရဦးမလဲဟု တွေးနေဆဲပင် ဖြစ်ပါသည်။ ခန်းစီးများက လုပ်ခါရမ်းသွားချိန်တွင် အချိန်များက မရပ်တန့်နိုင်သေးပါ။ […]


lin naingApril 24, 20131min2928
“ကိုသက်    မပြီးသေးဘူးလားကွာ…………. ဘာလို ့  ဒီလောက်တောင်ကြာနေရတာလဲ…………..” “ဘာဖြစ်လို ့   လော  နေတာလဲကွာ     ဖြည်းဖြည်းပေါ့………….” ဘယ်အရာမဆို   လောလောလုပ်တက်တဲ ့ငပိုင်ရဲ ့   အကျင့်ကတော့   သေသည့်တိုင်အောင်   ပျောက်ကွယ်မှာမဟုတ်ဘူးလေ…………..အဲ ့ဒါကြောင် ့လဲ     အမှားတွေ    ခဏ  ခဏဖြစ်တက်သည်လေ။အခုလဲကြည် ့လေ        IC      အဖွဲ ့သားတွေက    ကန်တော်ကြီးမှာ    ဖျော်ဖြေမယ့်အချိန်က     ည  ရနာရီလေ       အခုမှ     နေလည်    ၃  နာရီပဲရှိသေးတာလေ……………….ဒီလောက်အစောကြီး  ဘယ်သွားပြီးဘာလုပ်အုံးမလဲ  ဆိုတာ    သူသေချာတော့   မသိဘူးလေ……………….. “ဟေ့ကောင်  ဇွဲမာန်………ငါ  စိတ်မရှည်တော့ဘူးနော်……….” “ဘယ်လိုဖြစ်နေတာလဲ   ငပိုင်ရာ………….အခုမှ    နေ ့လည် ၃ နာရီပဲရှိသေးတယ်ကွာ      show   ပွဲက    ည    ရနာရီမှ   စမှာလေ…….အစောကြီးရှိသေး” “ငါ    သွားစရာ   ရှိသေးတယ်ကွ…….အဲ […]


မင်္ဂလာပါ ……… ကျွန်တော် လင်းဇော်ထက်ပါ။ဇော်ထိုက်လို့လဲ ခေါ်ပါတယ်။ကျနော်ရန်ကုန်ကုန်သား တစ်ယောက်ပါ။ငယ်ငယ်တည်းက ဟိုစပ်စပ် ဒီစပ်စပ်  ပညာရပ်ကို ဝါသနာပါ ပါတယ် ။ ဗုဒ္ဓဟူး သား လူချောလူလှ တစ်ဦးလဲဖြစ်ပါသည်(မိန်းတရေး များသိစေချင်ရို့)။ခင်တတ်မင်တတ်ပျော်ရွှင်တတ်ပါတယ်။ အားလုံးကို တွေရတာဝမ်းသာပါတယ်ခင်ဗျာ။ အရင်ကတည်းက ရွာထဲကို ခဏခဏရောက် ပီး စာလာလာမ အဲအဲ စာလာလာဖက်ပါတယ် ။ အခုရွာသားတစ်ယောက်ဖြစ်လာတဲ့ အနော့ က ရွာထဲက ဦးဦးဒေါ်ဒေါ် ကိုကိုမမ ညီ ညီမလေးအပေါင်းတို့အားခင်ချင် မင်ချင် လို့ အသိအမှတ်ပြုပေးပါလို့ ကိုယ့်ကို ကိုယ် မိတ်ဆက်လိုက်ပါသည် ခင်ဗျားးးးးးးးး :hee:


လောက၌  ဆိုက်ကားနင်းသော ဆိုက်ကားဆရာကြီးသည်  ဆိုက်ကားနင်းခြင်းကို အကြောင်းပြု၍ ရရှိသော ဝင်ငွေဖြင့်  မိမိ၏အသက်မွေးဝမ်းကျောင်းခြင်းအမှု့ကိုပြုလေသည်။  သဗ္ဗာန်ကပ္ပတိန်ကြီးသည် သဗ္ဗာန်ခတ်ခြင်းဖြင့်  သဘောင်္ကပ္ပတိန်ကြီးသည် သဘောင်္ကြီးကိုအုပ်စီးခြင်းဖြင့်  အသက်မွေးဝမ်းကျောင်းမှု့ကိုပြုဘိခြင်း ထိုနည်းတူစွာလည်း  ရွှေပန်းထိမ်သည်တို့သည်လည်းကောင်း ငါးပိငါးခြောက်ကုန်သည်တို့သည်လည်းကောင်း ဒညင်းသီးအိုးစိမ်သည်တို့သည်လည်းကောင်း ဆူးပုတ်ရွက်သည်တို့သည် လည်းကောင်း ကေအက်ဖ်စီသည်တို့သည်လည်းကောင်း မုန့်လက်ကောက်သည်တို့သည်လည်ကောင်း ဂျေဒိုးနပ်သည်တို့သည်လည်းကောင်း ဘိန်းမုန့်သည်တို့သည်လည်းကောင်း မုန့်ပျားသလက်သည်တို့သည်လည်းကောင်း ပွဲစားတို့သည်လည်းကောင်း သူတောင်းစားတို့သည်လည်းကောင်း သူခိုးဓါးပြတို့သည်လည်းလည်းကောင်း ဝှေးသင်းဆရာတို့သည်လည်းကောင်း တပ်မတော်သားများသည်လည်းကောင်း ပြည်သူ့ရဲများသည်လည်းကောင်း ဝံဂျီးများသည်လည်းကောင်း လွတ်တော်အမတ်မင်းကြီးများသည်လည်းကောင်း မော်တော်ကားဒရိုင်ဘာနှင့် စပယ်ယာတို့သည်လည်းကောာင်း ဘာညာဘာညာကွိကွကွိကွတို့သည်လည်းကောင်း လူမျိုးမျိုးအစုံစုံတို့သည် အမျိုးအမျိုးအဖုံဖုံသော လုပ်ငန်းဆောင်တာများဖြင့် အသက်မွေးဝမ်းကျောင်းခြင်းအမှု့တို့ကိုပြုကြကုန်သော်လည်း ဒဘလျှူ ဒဘလျှူ ဒဘလျှူ ဒေါ့ မန်းဒလေးဂေဇက်ဒေါ့ကွမ်း၏ အင်တာနေရှင်နယ် အပျီအပျီဆိုင်ရာ ဆာယေးစယာအကျော်အမော် ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု မှာမူကား ဆာယေးစယာအလုပ်ဖြင့်အရက်ဘိုးအကြွေးတင်နေရရှာလေသဒီး။ ( ဂေဇက်အတွင်းရှိ အခြားဆာယေးစယာများကိုမူ မသိပါ […]