ကဂျီရေက ကဂျီးရေးချာကာ ကဂျီရေအလုံးအကြီးကြီးတင်ကိ ကဂျီးရေအလုံးအကြီးကြီးအဆံခတ်ကီ က ကာ ကိ ကီ ဤကား မိုက်ကယ်ဂျော်နီအောင်ပု့(စ်) သင်ဗုံးဂျီးဖတ်စာနိဒါန်းတည်း။ ဒရန်တန်တန်တန်။ ………………………… ဥတုရာသီကာလသည် ပူပြင်းလှပေ၏။ နေပူနေသည့်အတွက် ကြိုးတန်းပြီးလျှင် စောင်များ ခေါင်းအုံးများကို နေလှမ်းကြလေကုန် စောင်တို့တွင် ညစ်ထွန်းနေသော သေးကွက်များနှင့် ခေါင်းအုံးတို့တွင်ဖြစ်တည်နေကုန်သော အာပုတ်ရည်ကွက်တို့သည် ခြောက်သွေ့သွားနိုင်သလို နေရောင်ခြည်သည် ရောဂါပိုးတို့ကို သေစေနိုင်သည်မဟုတ်လော ထိုအကြောင်းကို ဘုမသိဘမသိတတ်ယောင်ကားကယောက်ကတမ်းပြောနေသည်ဟုမထင်ကြပါနှင့် ကျွန်ုပ်ငယ်စဉ်ကသင်ကြားတတ်မြောက်ခဲ့သောမူလတန်းဖတ်စာတွင် အခိုင်အမာပါရှိသည်ကို အခြေခံ၍ပြောနေခြင်းဖြစ်ပါသည်။ ……………………………………………………………………………………………………………………. နေပူခြင်းကိုအကြောင်းပြု၍ ဥတုရာသီ ပူအိုက်ခြင်းဖြစ်ကာ အအေးစာများ ရောင်းကောင်းကြသည့်အတွက် အအေးစာများနှင့် ပတ်သက်ရာပတ်သက်ကြောင်း ရှိသူတို့သည် အကျိုးဖြစ်ထွန်းကြကာ စီးပွားတက်ကြပါ၍ စိတ်၏ချမ်းသာခြင်း ကိုမှီ၍ ကိုယ်၏ချမ်းသာခြင်းတို့သည်လည်းဖြစ်ကြလေကုန်တော့သည်။ ( ဤတွင် ပစ္စည်းဥစ္စာ၌ကျေနပ်ကာ စိတ်၏ ချမ်းသာခြင်း ကိုမှီ၍ ကိုယ်၏ […]