ကထူးဆန္းMarch 27, 20131min65125
( ကျွန်တော် တို့ ရွာသားကြီး ကိုထွန်းဝင်းလတ် မှ တင်ပေးဖို့ အကူ အညီတောင်းလာသော ကြောင့် တင်ပေးလိုက်ခြင်းဖြစ်ပါသည် ။) ရွာကလေးက အနာဂတ်ကြယ်လေး၏ ရင်ဖွင့်သံ…. ကျနော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ ဖားပန်အေးချမ်းကျေးရွာက ကျောင်းသားလေးတစ်ယောက်ပါ… ကျနော်ဒီနှစ် ဂရိတ်တူးခေါ်တဲ့ ပထမတန်းစာမေးပွဲကို ဖြေဆိုထားပါတယ်…ကျနော့်နာမည်လေးကတော့ မောင်အောင်ဘုပါ… ကျနော်မှာ ညီလေးတစ်ယောက်နဲ့ ညီမလေးတစ်ယောက်ရှိတယ်…ညီလေးကတော့ ဒီနှစ် ဂရိတ်ဝမ်းခေါ်တဲ့ သူငယ်တန်းပေါ့…ညီမလေးကတော့ ငယ်သေးတယ်.. အဖေ့နာမည်ကတော့ ဦးပျဉ်းမောင်ပါ နာမည်ကြောင့် ဦးဦးဒေါ်ဒေါ်တို့က ကျနော့်အဖေကို လူပျင်းကြီးလို့ မထင်ကြပါနဲ့နော်…သားအဖေက ရွာမှာ ကျုံရာကျပန်းအလုပ်တွေလုပ်ပါတယ်…မိုးရာသီမှာ သူများလယ်တွေမှာ သူရင်းငှားလုပ်တယ်..လယ်တွေစိုက်ပြီးရင် တောထဲတောင်ထဲမှာ ဖားရှာငါးရှာတာပေါ့..အမေ့နာမည်ကတော့ ဒေါ်ပုလို့ခေါ်ပါတယ်…အမေကတော့ ကျနော်တို့ မောင်နှမသုံးယောက်နဲ့ အဖေအတွက် ချက်ရေးပြုတ်ရေးကို တာဝန်ယူတဲ့အပြင် အားလပ်တဲ့ အချိန်တွေမှာ တောထဲကို […]


လက်ရှိဖြစ်ပေါ်လျှက်ရှိသော အဖြစ်အပျက်များမှာ နို်င်ငံရေးအခင်းအကျင်းအရ အင်မတန် အန္တရာယ်များသော အခြေအနေဟု ထင်မြင်မိပါသည်။ သို့ပါသောကြောင့် ဖြစ်နိုင်ခြေများအား စဉ်းစားပေးကြနိုင်ရန်နှင့် ကျွန်တော်၏ တစ်သီးပုဂ္ဂလ ခံယူထားသော တွေးမြင်ထားသော အချက်များအား တင်ပြ ရေးသားထားခြင်းဖြစ်ပါသဖြင့် ဝေဖန်ဆွေးနွေးပေးကြပါကုန်… လှုပ်ရှားမှုများအား စည်းရုံးလှုံဆော်ကာ ပြသာနာများအား ဖြစ်ပွားစေသည်ဟု အစိုးရအဖွဲ့ နှင့် တပ်မတော်အား သံသဃ ရှိနေပါသည်ဟု အချို့မှ ပြောဆို ဝေဖန်မှုများ ရှိနေပါသည်။ သို့ဖြစ်ပါ၍ အချက်အလက်များအား ဝိုင်းဝန်း စုစည်း ဝေဖန်ကြပါကုန်…   အစိုးရအဖွဲ့အတွင်းဖြစ်နိုင်ချေ အတွေးအခေါ်များ… ၁) ကုလားများမှာ အတိုက်အခံအဖွဲ့များနှင့် နိုင်ငံရေးတွင် ပူးပေါင်းလှုပ်ရှားနေခြင်းကြောင့် ပညာပေးခြင်း။ ၂) တရားမဝင် ပေးအပ်ထားသော မှတ်ပုံတင်များနှင့် နေထိုင်ခွင့်များအား ပြန်လည်စီစစ်လိုခြင်း (သို့) အသစ်တစ်ဖန် ပြန်လည်ထုတ်ပေးလိုခြင်း။ မှတ်ချက်။    […]


ကိုမိုးသီးဘလော့ကနေ ကူးယူပါသည်။ http://komoethee.blogspot.com/2013/03/blog-post_25.html#links Monday, 25 March 2013 မြန်မာ တောတောင်များ ကုန် သလောက် ဖြစ်လာနေပြီ ဂိုဂဲလ် ဓါတ်ပုံပညာရှင်များ မြန်မာပြည်အတွက် အသက်ရှူကြပ်ကုန်ပြီ ကမာ္ဘတဝှမ်းမှ နိုင်ငံများအတွက် မြေပုံလမ်းညွန် လိပ်စာ နှင့် သက်ဆိုင်ရာ အဆောက်ဦးများအား အတိကျ လမ်းမမှားပဲ တိုက်ရိုက် သွားရောက် လည်ပတ် နိုင်သော ဧည့်လမ်းညွန်နှင့် ဆက်သွယ်ရေဆိုင်ရာ ဝန်ဆောင်မှုများအား ဆောင်ရွက်ပေးသော ဂိုဂဲလ် GOOGLE ကုမ္မဏီ၏ ဓါတ်ပုံနှင့် ဆက်သွယ်ရေး ဆိုင်ရာ အယ်ဒီတာများက လွန်ခဲ့သော ဖေဖေါ်ဝါရီလ၏ ပထမ အပတ်တွင်းကပင် ကမာ္ဘ့နိုင်ငံအသီးသီးတွက် ကောင်းကင်မှသော်၎င်း မြေပြင်မှသော်၎င်း ခရီးလမ်းညွန် ဓါတ်ပုံများစတင်ရိုက်ကူးခဲ့ကြသည်။ ယခု မတ်လ၏ ဒုတိယအပတ်အတွင်း ကောင်းကင်မှ ရိုက်ကူးရရှိသော သန်းနှင့်ချီသည့် […]


ayeyarwaddy-tunMarch 25, 20132min68314
ကဲ.. သူငယ်ချင်းတို့ရေ ဧရာဝတီထွန်းက ကယန်းလူမျိုးဆိုတော့ ဒီတစ်ခေါက်ပို့စ်ကို ကယန်းအကြောင်းနည်းနည်းမိတ်ဆက်ပေးပါရစေ ကယန်းဆိုတာက သူငယ်ချင်းတို့ပဒေါင်လို့ သိထားတဲ့လူမျိုးပါ …. ပဒေါင်ဆိုတာကအရပ်ခေါ် အသုံးအနှုံးဖြစ်လို့ ကယန်းဆိုတာကို မြန်မာပြည်ကလူတစ်ချို့ကမသိသေးတာပါ…. အခုဒီပို့စ်တင်ရခြင်း အဓိကအကြောင်းအရင်းကတော့ အာစီယံ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ မြန်မာနိုင်ငံက ကယန်းအလှ(Kayan Beuties) ဆိုတဲ့ရုပ်ရှင်ကားကြီးနှင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သူငယ်ချင်းအားလုံးကို အသိပေးချင်ယုံဖြစ်ပါတယ်ရှင်… ဒီရုပ်ရှင်ကားကို ဒါရိုက်တာ အောင်ကိုလတ်က နိုင်ငံတကာအဆင့်အတန်းဝင်အောင် ငွေကြေးအမြောက်အများ အကုန်အကျခံကာ ရိုက်ကူးထားကြောင်း နဲ့ သဘာဝအရပ်သူ ကယန်းလူမျိုုးအစစ် သရုပ်ဆောင်များကိုသာ အသုံးပြုပြီး ကယန်းလူမျိုးများရဲ့ ဓလေ့တွေကို ရိုက်ကူးထားကြောင်းသိရှိရပါတယ်ရှင်.. အစမ်းသဘောအနေနဲ့တော့ youtube မှာ Kayan Beauties ဆိုပြီး ထွေလာလေးတော့ကြည့်လို့ရနေပါပြီ ဇာတ်လမ်းအစအဆုံးကိုတော့ ရုပ်ရှင်ကားကြီးထွက်ပြီးမှပဲ ကြည့်ရမယ်လို့ထင်ပါတယ်ရှင်… ကဲ… သူငယ်ချင်းတို့ရေ ဒီတစ်ပါတ်တော့ ကယန်းဆိုတာဘာလဲဆိုတာရယ် […]


ကို ၿပံဳးMarch 24, 20133min5492
နဂါးဦးနှောက်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခြင်း (အပိုင်း-၁) အား ပြန်လည်ဖတ်ရှု့ရန် SSPP/SSA အဖွဲ့ တပ်မတော်နှင့် ဝမ်ဟိုင်းဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့စဉ်အတွင်း ခေါင်းဆောင်ဖြစ်သူ ပန်ဖနှင့် ခေါင်းဆောင်ပိုင်းအများစု ပန်ဆန်းသို့ သွားရောက်တိမ်းရှောင်ခဲ့ရဖူးသည်။ အပြန်အလှန်အကျိုးစီးပွားများ အတွက် ညှိနှိုင်းမှုများဆောင်ရွက်ခဲ့သည်။ ဝမ်ဟိုင်း၏နောက်ပေါက်မှတစ်ဆင့် ပန်ဆန်းသို့ဆက်သွယ်ရေးလမ်းထွင် ထားသည်။ ပန်ဆန်း၏ ရှေ့ကာအဖြစ်နေပေးမည်။ လိုအပ်သည်များထောက်ပံ့ကူညီပါရန် ညှိနှိုင်းသဘောတူထား သည်။ ဝမ်ဟိုင်းဒေသသည် မြန်မာနိုင်ငံအတွင်းပိုင်းသို့ ရောက်ရှိနေခြင်းကြောင့် မြန်မာ့တပ်မတော်၏ အချိန်မရွေး ချေမှုန်းခြင်းခံရနိုင်ကြောင်း သုံးသပ်လျက် “ ဝ ” တပ်ဖွဲ့နှင့် စစ်ရေးမဟာမိတ်ပြုကာ အားကိုးရှာထားခြင်းလည်း ဖြစ်သည်။ SSPP/SSA တပ်ဖွဲ့ဝင်များ လူ၊ လက်နက်တိုးပွားလာမှုကစဉ်းစားစရာဖြစ်သည် KIO/KIA အဖွဲ့   ဝမ်ပေါင်အိပ်မက်ရှည်ကို မက်ဆဲဖြစ်သည်။ ဗိုလ်ချုပ်ဂွမ်မော်က ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ရွှေလီဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးစကားကို […]


nicolus agralMarch 22, 20131min44811
ငယ်ငယ်တုန်းကတော့ ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုလုပ်ခဲ့ရာက တဖြေးဖြေး အရွယ်ကလေးရလာတဲ့အခါ ကိုယ့်ဘာကိုယ် ဟုတ်သည် မဟုတ်သည် ချင့်ချိန်တတ်လာပါတယ်။ နောက်တော့လည်း ကိုယ့်ထက် အ တဲ့သူတွေ့ရင် ကြပ်တင်ပေး ချောက်ချ ပေါက်ကရတွေ ချွန်တွန်းလုပ်ခဲ့ပေမယ့် လူတဘက်သားနစ်နာလောက်အောင်တော့ အကျီစားမသန်ခဲ့ပါဘူး။ သူငယ်ချင်းပါဆိုမှ ချစ်လို့ခင်လို့ ပေါင်းတာကိုး။ အကြိုက်စရိုက်မတူလို့ သဘောထားကွဲလွဲတာသာ ရှိကောင်းရှိမယ်။ တစ်ယောက်နဲ့တစ်ယောက် ရန်သူကြီးများလို တွေ့ရာသချင်္ိုင်း ဓါးမဆိုင်း သတ်မဟဲ့ဖြတ်မဟဲ့ ဘယ်သူနဲ့မှ မရှိခဲ့ဘူး။ အလုပ်ထဲရောက်တော့ ကိုယ့်ပေါ် မကောင်းကြံ၊ ဒုက္ခပေးတဲ့သူတွေကိုလည်း ဟိုတုန်းကပြောခဲ့သလိုပဲ ခွဲခွာတဲ့အချိန်မှာ တခါတည်း မေ့ပစ်ခဲ့တယ်။ သယ်မလာတော့ဘူး။ ဒါကြောင့်မို့ ခုချိန်မှာ ခါးခါးတူးတူး မုန်းတဲ့သူရှိသလားဆိုရင် တော်တော်စဉ်းစားယူတာတောင် ဘယ်သူ့ကို ပြောရမှန်းမသိဘူး။ သူများတွေလည်း သည်လိုပဲ ရှိပါလိမ့်မယ်။ မျက်နှာကြောမတည့်လို့ အမြင်ကပ်ရင်ကပ်လိမ့်မယ်။ အငြှိုးတကြီးနဲ့တော့ ငါမင်းကို […]


ကထူးဆန္းMarch 21, 20132min63714
ဒီတစ်ခါတော့ လမ်းဘေး ကားလမ်း မီးပွိုင့် နား မသွားပါဘူး ဆယ်အိမ်ခေါင်းရယ် .. မမြင်အပ်တာ မြင်လိုက်ရပြန်တော့ လေက ပွ လာပြန်တာ မို့ ခွင့်လွှတ် နော် .. ဒီတစ်ခါတော့ မြန်မာတိုင်း ဂျာနယ် . မတ်လ ၂၂-၂၈ ထုတ် စာမျက်နာ ၅၂ မှာပါတဲ့ ကြော်ငြာ လေး တစ်ခု ကြောင့်ပါ ကွယ်ဝှက်ပြီး လဲ မပွလို ဒဲ့သာ ပွ မှာ မို့ ပွရလားဆိုပြီး ရိုက်မယ်ဆို လည်း တတ်နိုင်သလောက် ထွက်ပြေးပါ့မယ် ။ သတ်မယ် ဆိုရင်တော့ မန်းဂဇက် ကနေ သတ်နေပါပြီဆို အော်ပေးနော် … ကြော်ငြာ က အခြားသူ ကြော်ငြာ […]


koyin sithuMarch 20, 20131min62030
ကိုယ်ပေါ်မှာ ဝတ်ထားသော အသက်ကယ် အင်္ကျီ ကို တစ်ခေါက်ထပ်မံစစ်ဆေးနေမိသည်…. ပင်လယ်ပြင်၏ အအေးဒဏ်မှ ကာ ကွယ်ပေးနိုင်မည့် အီမားရှင်းဝတ်စုံကို လည်း စစ်ဆေးရပြန်သည်…. အသက်ကယ်အင်းကျီထဲ တွင် ပလတ်စတစ် အိတ်နှင့် သေချာ ထုတ်ထားသော လစာသုံးလစာ နှင့် နိုင်ငံကူးလက်မှတ်ကို ပြန်စမ်းကြည့်သည်.. ဟုတ်ပြီ.. ဒါဆို အဆင်သင့်ဖြစ်ပါပြီ…. သဘောင်္အား စွန့်ခွာရန်အချက်ပေးသည်နှင့်.. အသက်ကယ်လှေပေါ်တက်ရန်အဆင်သင့်ဖြစ်ပါပြီ… လက်ထဲမှ ပုတီးကို သန်ဗုဒေ ဂါထာ တစ်ခေါက်ရွတ်ရင်း ..တစ်လုံးစီချနေမိသည်….. အမေ့ကိုလည်း သတိရသည်… အဖေကို လည်း သတိရသည်….. ချစ်သူကိုလည်း သတိရနေသည်…..ညီအငယ်ကောင်ရော.. ငါမရှိတော့ ရင်……….. တွေးနေရင်းမှ မျက်ရည်တွေက ကျလာပြန်သည်…….. ထိုအချိန် “ ဒုန်း! “ ကနဲ အသံကို ကြားလိုက်ရသဖြင့်.. ထိုင်နေသူအားလုံး […]


Sky ko koMarch 20, 20131min53115
ခေါင်းစဉ်လေးကတော့ policy ဆန်ပေမယ့် အကြံကောင်းလေး ပေးနိုင်မှာပဲဆိုတဲ့အသိနဲ့ ဆရာကြီးဝင်လုပ်ကြည့်တာပါ။ မေးခွန်းလေးအတိုင်း ကျနော်သာယာဉ်ထိန်းရဲတစ်ဦးဆိုလျှင်- ၁။ လူလိုင်စင်မစစ်ဘူး။ ဆိုင်ကယ်စီးတဲ့ပုဂ္ဂိုလ် ဆိုင်ကယ်ဦးထုပ်ဆောင်းမဆောင်းစစ်မယ်။ ၂။ ဆိုင်ကယ်လိုင်စင်ကိုအဓိကမစစ်ဘူး။ ဆိုင်ကယ်တွင် နောက်ကြည့်မှန်ပါမပါ၊ ဆိုင်ကယ် တာယာကောင်းမကောင်း၊ လေချိန်ပြည့်မပြည့်စစ်မယ်။ ၃။ နေ့ပိုင်းသာမက ညပိုင်းကိုပါ ဆိုင်ကယ်ဦးထုပ်ဆောင်းမဆောင်း စစ်မယ်။ ၄။ ဒဏ်ငွေရိုက်မည့်အစား ဆိုင်ကယ်ဦးထုပ် ဝယ်ခိုင်းမယ်။ သူငယ်ချင်းတို့ဆိုရင်ကော? ******************** သူကြီးအပါအဝင် ရွာသူ/သား အားလုံး မိမိအသက်အားတန်ဖိုးထားပြီးအန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ကြပါစေ။ 🙂 🙂 🙂 🙂 🙂 🙂 🙂 Skykoko


မင်္ဂလာပါ ကိုငြိမ်းမောင်ပါ။ ဒီ ဂဇက်ကို ဖတ်မိတာ တော့သိပ်မကြာသေးဘူး၊ အခုတော့ဝင်ပြီး ဆွေးနွေးရေးချင်လို့ ဝင်ခဲ့မိပြီ၊ အားလုံးကူညီကာ သင်ပေးကြပါအုံး လမ်းညွှန်ပေးကြပါအုံးနော်။ ခင်လျှက် ငြိမ်းမောင်။


Lu manMarch 20, 20131min2592
ခရီးသွားပြီးပြန်ရောက်တာမှမကြာသေးပါ  ကျွန်တော်ကိစ္စလေးတစ်ခုနဲ့ လဝက ရုံးကိုရောက်သွားတယ်   တစ်ယောက်သောသူက  သူ့မှတ်ပုံတင်မလုပ်ပေးလို့ ဖုန်းဆက်လိုက်တယ်  ပြီးတော့ လဝက ရုံးကတစ်ယောက်ကိုဖုန်းကိုင်ခိုင်းလိုက်တယ်   လဝက ရုံးကတစ်ယောက်နဲ့ဖုန်းပြောနေတာက ခရိုင်အုပ်ချုပ်ရေးမှူးလို့ပြောတယ်      လဝက ကလူကိုလဲတော်တော်လေးပြောတယ်ထင်တယ်  ပြီးတော့မှပြန်ချသွားတယ် ၊ ကျွန်တော်သိသလောက်ပြောရရင်  ခရိုင်အုပ်ချုပ်ရေးမှူးက  သူ့အမျိုးလို့ပြောပါတယ် အဲဒါ မှတ်ပုံတင်  လုပ်မပေးရကောင်းလားဆိုပြီးဆူတာပါ  လဝကရုံးက ချက်ခြင်းလုပ်ပေးလိုက်ပါတယ်။ ကျွန်တော်တို့လို ဘာမှဆက်ဆရာမရှိတဲ့ပြည်သူထဲကပြည်သူတစ်ယောက်က တော့ ဆက်စောင့်ပေါ့ ၊ လဝက မှာ လူကိုစိစစ်ပြီးမှ မှတ်ပုံတင်ကိုပေးရပါတယ်  ခုလိုမျိုးလူကြီးတွေဖိအားပေးပြီး(လာဘ်ယူပြီး) ထုတ်ပေးထားတဲ့မှတ်ပုံတင်တွေ  များနေပါပြီ ၊ ပြီးတော့  သံတွဲမှာက ကမာန်/အစ္စလာမ်တွေလဲတော်တော်များသွားပါပြီ ဘယ်ကဘယ်လိုအမျိုးစပ်ပြီးတော့ရနေတဲ့ကမာန်တွေလဲမသိပါဘူး မရှိဘူးလို့မပြောလိုပါ  တကယ်လဲ ကမာန်တွေရှိပါတယ် လုပ်ကမာန်တွေများနေတာကိုဆိုလိုတာပါ။ လုပ်ကမာန်တွေဘာကြောင့်ဖြစ် (ပိုက်ဆံပေးလို့ဖြစ်/ဖိအားပေးလို့ဖြစ်)ဆိုသလိုပေါ့။ ပြီးတော့တစ်ဆက်တည်း မာဃလမ်းလမ်းခင်းတာပြီးသွားပါပြီ  ကျွန်တော်ကြည့်ရတဲ့မာဃလမ်းက ဖားပြုပ်တစ်ကောင်ရဲ့ကျောလိုဖြစ်နေပါတယ် ဘယ်လိုမှ အဆင်မပြေပါ    စောစောကလို […]


myohtatMarch 19, 20131min2381
တောင်တက်တောင်ဆင်းလမ်း မိုင်(၁၀၀)ကျော်ရှိတဲ့ မြတ်မော်တင်စွန်းသွားတဲ့ခရီးကို (လေအိတ်မပါတဲ့ကား) စီစဉ်ပေးလိုက်တာကြောင့် ဘုရားဖူးခရီးသည်တစ်ဦး ထိုင်ခုံပေါ်ကပြုတ်ကျပြီး ခါးမှာ ဒဏ်ရာရခဲ့ပါတယ်။ တောင်တက်လမ်းတွေမှာ(အဲယားကွန်း)ပိတ်ပြီးတက်တာကြောင့်လည်း ဘုရားဖူးခရီးသည်များ မူးဝေအော့အံကြရပါတယ်။ ဘုရားဖူးများနားနေအိပ်စက်ဖို့ စီစဉ်ပေးတဲ့အခန်းကလည်း လေဝင်လေထွက်မကောင်းတဲ့ အခန်းကျဉ်းလေးမှာ(၅)ယောက် တစ်ခန်းဆိုတော့ ဘုရားဖူးအပန်းပြေခရီးမဟုတ်တော့ဘဲ ငွေကုန်ခံပြီးဒုက္ခခံတဲ့ခရီးသာဖြစ်နေပါတော့တယ်။ မြတ်မော်တင်စွန်းဘုရားကိုသွားမယ်ဆိုရင် မိမိစီးမည့်ကား၏ ဝန်ဆောင်မှု့များကို အသေးစိတ်စုံစမ်းဘို့တော့လိုပါတယ်။ ဘုရားဖူးပို့ပေးတဲ့ အကျိုးဆောင်ကားတော်တော်များများဟာ မိမိတို့ အမြတ်အစွန်းကျန်ဘို့ဘဲကြည့်တတ်တာကြောင့် စေတနာထားပြီး ဘုရားဖူးခရီးသည်များကို ဝန်ဆောင်မှု့ အပြည့်ပေးတဲ့  အကျိုးဆောင်ကားများကိုသာရွေးချယ်သင့်ပါတယ်။ အပြန်ခရီးမှာတော့ ကားသမားတွေရပ်ပေးတဲ့ထမင်းဆိုင်မှာဘဲ ကောင်းလည်းစားမကောင်းလည်းစားပေါ့ … ကားသမားတွေ အတွက်ကတော့ ရှယ်ဘဲ ခရီးသည်တွေအတွက်ကတော့ …… ဟင်းတွေမစုံလင်တော့တဲ့ ဟင်းအိုးတွေနဲ့ဘဲတွေ့ရမှာပါ …. (၁၅-၃-၂၀၁၃)ည ၉းဝဝ နာရီတွင် မြတ်မော်တင်စွန်းသို့(ရွှေလမ်းခရီး)ကားနှင့် လိုက်ပါခဲ့သော ခရီးသည်တစ်ဦး၏ ကိုယ်တွေ့ ဖြစ်ရပ်ကိုတင်ပြခြင်းဖြစ်ပါသည်။