လာလိုက်တဲ့အလှူခံတွေဗျာ။ နဲတာမဟုတ်ဘူး။ အိမ်မှာ ဆန် တစ်ခွက်ကို အမြဲဆောင်ထားရတယ်။ ပုိုက်ဆံငါးဆယ်တန်တွေကို ခွက်ထဲမှာ ထည့်ထားရတယ်။ ဘုန်းကြီးက ဆွမ်းခံတယ်။ တချို ့ဘုန်းကြီးတွေကိုရင် ပိုက်ဆံအလှူခံတယ်။ မယ်သီလရှင်က ဆန်တောင်းတယ်။ တစ်ပါတည်းမဟုတ်ဘူးနော်။ တစ်ယောက်တည်းလည်း မဟုတ်ဘူး။ တစ်ရက်မှာ အနဲဆုံး ၁ဝ ယောက်ကျော်တယ်။ ရက်ကွက်ထဲမှာ လမ်းပြင်၊ လမ်းဖာတာလည်း မလွတ်ဘူး။ လှူရပြန်တယ်။ နေ ့တိုင်း ဒီလိုလူတွေက အနဲဆုံးဆယ်ယောက်အထက်မှာရှိတော့ ဘယ်လောက်ကုန်မလဲဆိုတာ တွက်ကြည့်။ အဲဒါက ထွက်ငွေ။ ဝင်ငွေကတော့ သိတဲ့အတိုင်းပဲ။ မလှူပြန်ရင်လည်း သူတို ့ကစိတ်ဆိုးသေးတယ်။ ပါးစပ်ကတော့ မဟြေဘူး။ မျက်နှာမှာ အထင်သားပေါ်လွင်နေတော့ မြင်ရတာ ရုပ်အတော်ဆိုးတာပဲ။ လှူပြန်ရင် ဆုတွေကပေးတာ နဲတာမဟုတ်ဘူး။ မလှူတော့ မပေးဘူးဗျာ။ ရှင်းရော။ သူတို ့ပဲကြောက်ရတော့မလိုပဲ။ […]