တစ်နေ့ကုန်ပြန် ငါ့ရုပ်နာမ်သေရန် တစ်ရက်နီးခဲ့လေပြီ မောင်ဇော်ဂျီ ကိုဇော်ဂျီ ဦးဇော်ဂျီ ဘကြီးဇော်ဂျီ ဘိုးဇော်ဂျီ အဲ့ဒါကြီးထက်ပိုကြီးလာဘို့ကတော့ ဘိုးဘိုးကြီးဇော်ဂျီ ဆိုပြီး နတ်ကတော်နပုန်းပတွေ သနပ်ခါးဖွေးနေအောင်လူးပြီး ဆိုင်းတွေဗုံတွေနဲ့ ပူးနောင်းဂျိမ်းဂျိမ်း ပူးဂျိမ်ဂျိမ် ဆိုပြီးအလုပ်ခံရဘို့ဘဲရှိတယ် အဲ့သလိုများအလုပ်ခံရလို့ကတော့ မချောင်။ တစ်နှစ်တော့ကုန်သွားပြန်ပြီ စာရေးဆရာဖြစ်ရတာမလွယ်ကြော ဘုန်းကျော် ( ဩစတေးလျှ ) ကတော့ ပြောတာဘဲ စာရေးဆရာတွေဆိုတာ လက်ကြောတင်းတဲ့လူတွေမဟုတ်ဘူးဆိုပြီး။ ပြောခြင်တာပြာ ဘယ်ကနေစပြီးရေးရမယ်မသိလို့ ဘာမှမရေးတော့ဘူးလို့တော့တွေးမိသား ဒါပေသိ မန်ဘာတစ်ယောက်အနေနှင့် လူရှိန်အောင်တစ်ပုဒ်လောက်တော့ ရေးဦးမဟလို့ အစဖေါ်ခါမှ ဘယ်ကနေလို့ဘာကိုရေးရမှန်းးးးးးးးးးးးးး ကိုအဟုတ်အတွေးထဲမထင် သို့နှင့်ပင် ဤ မိုက်ကယ်ဂျော်နီအောင်ပု နှင့် ပေါက်တတ်ကရ တောင်တစ်လုံးမြောက်တစ်လုံး ဟူသော ပို့စ်လားဘာလားမသိသောအကြောင်းအရာတို့ကိုရေးချလိုက်ရပေတော့သည်။ ……………………………………………………………………………………………………………………….. ……………………………………………………………………………………………………………………….. ငယ်ငယ်က စာတစ်ပုဒ်အမှတ်ရမိသည် လေးတန်းအောက်မူလတန်းကျောင်းစာဘဲမှတ်တယ်။ သည်။ […]