DEPARKO DEPARKOSeptember 22, 20121min207
မောရဝတီရေတပ်စခန်;ဌာနချုပ် ရေယာဉ်စုကိုဆင်းတော့ ရေယာဉ်စုမှူး ဒုမှူးကြီးမြင့်နိုင် ကျွန်တော့်ကို ကြာအင်းဆိပ်ကြီးမှာ တာဝန်ကျတဲ့ ဆက်သွယ်ရေးကို လူစားလဲဘို့ကျွန်တော့်ကို လွှတ်တယ်။ အရပ်ရေယာဉ် ဧရာဝတီနဲ့လိုက်သွားဖို့ ညွှန်ကြားတယ်။ နောက်နေ့ ကြာအင်းဆိပ်ကြီး ထွက်တဲ့မနက် ၅ နာရီကောင်နဲ့ လိုက်ရတယ်။ သင်္ဘောအပေါ်ထပ် ယာဘက် ထောင့် ဦးပိုင်းမှာ ကျွန်တော့ပစ္စည်းတွေချပြီး နေရာယူထားတယ် ၁ဝ နာရီလောက်မှာ တအိအိ နဲ့သွားနေတဲ့ သင်္ဘောပေါ် ကျွန်တော် ပျင်းလာတာနဲ့ ပါလာတဲ့ အရက်တစ်ပုလင်းထုတ်ပြီး မြေပဲကျော်နဲ့။ ဘေးကတစ်ယောက် ပါးစပ်တပြင်ပြင်နဲ့ ဖြစ်နေတော့ ကျွန်တော် အရက်သမားခြင်း ကိုယ်ချင်းစာလို့ လာသောက်ဖို့ခေါ်တာ နှစ်ခါမခေါ်ရဘူး ဝိုင်းထဲရောက်လာတယ်၊ ဧရာဝတီက အစောင့်ပါလာတဲ့ လုံခြုံရေး ရဲတွေက ကွက်ကြည့် ကွက်ကြည့်နဲ့ ကျွန်တော် အဓိပ္ပါယ် မပေါက်ခဲ့ဘူး သံပုရာရွာရောက်တော့ ညနေ […]


MgMobileSeptember 22, 20121min21412
အားလုံးဘောလုံးဝါသနာရှင် ညီကိုများအားလုံး မင်္ဂလာပါ။ ၂၂-၉-၂၀၁၂ စနေနေ့ မှာယှဉ်ပြိုင်ကစားကြမယ့် ပရီးမီယာလိဂ် စီးရီးအေ နှင့် စပိန်လာလီဂါ ပွဲးစဉ်များထဲမှ အကောင်းဆုံးပွဲးစဉ်များကို ရွေးထုတ်ပေးသွားမှာဖြစ်ပါတယ်။ ဒီကနေ့ညမှာ ယှဉ်ပြိုင်ကစားကြမယ့်ပွဲစဉ်များနဲ့ အချိန်စာရင်းပါ ၆း၁၅ ဆွမ်ဆီး & အဲဗာတန် ၈း၃ဝ ချဲလ်ဆီး & စတုတ်စီးတီး ။      ဆောက်သမ်းတန်း & အက်စတွန်ဗီလာ ။       ဝက်စ်ဘရွန်း & ရီဒင်း ။        ဝက်စ်ဟမ်း & ဆန်းဒါးလန်း ။         ဝီဂန် & ဖူလ်ဟမ် ။         ဇာရာဂိုဇာ & ဆိုဆာစူနာ ၁ဝး၃ဝ ဆဲလ်တာဗီဂို & ဂီတာဖေး […]


footySeptember 21, 20121min1251
ဒီည တစ်ပွဲ တိုက်စစ်မှူးတွေ ဂိုးသွင်းသေချာတဲ့ နစ်သင်းရဲ ့ပွဲမှာတော့ ဂိုးပေါ် လုံးဝသေချာပါတယ် ခန် ့မှန်းချက်…… Nurnberg vs Frankfurt (2 – 2)


footySeptember 21, 20121min1180
ဒီည တစ်ပွဲ တိုက်စစ်မှူးတွေ ဂိုးသွင်းသေချာတဲ့ နစ်သင်းရဲ ့ပွဲမှာတော့ ဂိုးပေါ်  လုံးဝသေချာပါတယ် ခန် ့မှန်းချက်…… Nurnberg vs Frankfurt (2 – 2)  


DEPARKO DEPARKOSeptember 21, 20121min374
တစ်လောက ပျင်းပျင်းရှိတာနဲ့ ပြစ်မှုဂျာနယ်ဝယ်ဖတ်ကြည့်မိတယ်။ ဆက်မဖတ်ရဲတော့တာနဲ့ အောက်ချ (ငယ်စဉ် ကြောက်စရာကားများကြည့်ရသလိုခံစားရပါတယ်) ခေတ္တတွေးတော ပြီးမှဆက်ဖတ်ကြည့်မိပါတယ်။ မှုခင်းသတင်းတွေတော်တော်များများဟာ မကြားဝံ့မနာသာ ရက်စက် ယုတ်မာပုံတွေ ကိုယ့်သွေးသားရင်း ဖိုးအေက အရွယ်မရောက်သေးတဲ့မြေးငယ်ကို၊ အရက်သမားက၅နှစ်အောက်ကလေးငယ်ကိုလူမဆန်စွာ၊ MRTV4 မှအသက်နှစ်ဆယ်ကျော်ကောင်မလေးက အသက်၁၈နှစ်အရွယ် အိမ်ဖေါ်ကို ရက်စက်စွာအသက်သေအောင်နှိပ်စက်တာတွေ ဒီဘက်ခေတ်မှာ ကိုယ့်ကိုကိုယ် မြန်မာလူမျိုးလို့ ပြောရမှာရှက်စရာကောင်းအောင်ကို မှုခင်းတွေမှာတွေ့ရပါတယ်။ ဒီကြားထဲ မြောက်ပိုင်းကအဖြစ်အပျက် ကိုဖတ်လိုက်ရတော့။ သီပေါမင်းနန်းတက်ဘို့ မင်းညီမင်းသားတွေ ဝါးရင်းဒုတ်နဲ့လည်မျိုရိုက်သတ်တဲ့ ဖြစ်စဉ်တွေဟာ မြန်မာ့သမိုင်းမှာအမည်းစက်ကြီးထင်ကျန်ခဲ့ဘူးသလို အခု မှုခင်းတွေဟာလည်း မြန်မာလူမျိုးတွေရဲ့ ရက်စက်မှုသမိုင်းမှတ်တိုင်တွေဖြစ်ကျန်နေရစ်ခဲ့ပါပြီ။ ကျွန်တော်တို့ငယ်ရွယ်စဉ်က သွေးသံရဲရဲ ဆိုရင် ရုပ်ရှင်ကို ဆက်မကြည့်ရတော့ဘဲ အောက်ကိုငုံ့နေရတာ တစ်ခါတစ်လေ ဇါတ်ကားအရသာတောင်မသိလိုက်ရပါဘူး အခုခေတ် ကလေးငယ်တွေဟာ သူရဲကား၊ လူသတ်ကား၊(ရက်စက်စွာ အပိုင်းပိုင်းအတစ်တစ်ခုတ်ထစ်ဖြတ်တောက်) လက်စားချေလူသတ် ကားတွေကို ခုံမင်စွာ […]


wintayzahlaingSeptember 21, 20121min1362
Less waste, better results ¬– Standards increase efficiency ပန်းတစ်ပွင့် ပွင့်ပြီးတစ်နေ့ ကြွေရမည်ပင်။ ဒါပေမယ့်၊ မကြွေခင်… လေလွင့်အောင်မချွေစေ့စေချင်။ ဒါ့အပြင်၊ ပင်ယံမှာတင့်စေချင် ပန်သူကိုလည်းအလှဆင် စံထိုက်တဲ့ပန်းတစ်ပွင့်အသွင်။ တို့ဘဝ တို့ဝန်းကျင် ပိုတင့်ဖို့အနာဂတ်တွင် တို့စွမ်းအား ကြိုးစားမြှင့်တင် စံထိုက်တဲ့ပန်းတို့နဲ့အလှဆင် စံသတ်မှတ်ရေး ပန်းဥယျာဉ်။ ။


kaung myatSeptember 21, 20121min1624
(ACSR)စက်ရုံမှာအလုပ်သမားနဲ့အလုပ်ရှင်ကြားကအပေးအယူတွေမမျှတခဲ့ကြတဲ့အဖြစ်အပျက်တစ်ခုပါ အဓိကပြသနာကတော့အခြေခံလစာနဲ့အချိန်ပိုကြေးပါပဲ အခြေခံလစာ(30000)ကိုအချိန်ပိုကြေးတစ်နာရီ(125)ကျပ်နဲ့အရင်ကပေးခဲ့ပါတယ် ဒါပေမယ့်တကယ်တန်းပေးရမှာက(314)ကျပ်ပါ အလုပ်သမားတွေကသူတို့နစ်နာခဲ့တဲ့အချိန်ပိုကြေးတွေပြန်လိုချင်နေကြတဲ့သဘောပါ  ဒါကိုလေဘာရုံကလက်မခံပါဘူး…သူဌေးကလဲပေးမယ့်အလားအလာမရှိ ကဲ..ဘယ်သူတွေများသိနူင်မလဲဗျာ


myanmar oscarSeptember 21, 20121min54925
ယခုမြင်တွေ့နေရတဲ့ဓာတ်ပုံတွေကတော့ မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်၊ကျွန်းလုံးဥသျှောင်(၄၉၈)ရွှေပန်း ဘဲတန်းရပ်(စစ်ကိုင်း-မန္တလေး)ကားလမ်းမဘေး ဝါခေါင်လဆုတ်(၅)ရက် (6.9.2012)နေ့မှာ ပြုလုပ်တဲ့ မယ်တော်ကြိုပွဲ ဖြစ်ပါတယ်။မယ်တော် ဆိုတာဘယ်သူလဲ၊ဒီရာဇဝင်ေလေးကို ကျွန်တော်သိသလောက်အနည်းငယ်ပြောပြပါမည်၊ ဃဂဏန တော့သိပ်မသိပါဘူးလို့ကြိုတင်ပြီးပြောပါ့ရစေ။ တောင်ပြုံးပွဲတော်ဆိုရင်လူတိုင်းသိကြမှာပါ၊ဒီပွဲရဲ့မင်းနှစ်ပါးကတော့ ရွှေဖျဉ်းကြီးနှင့်ရွှေဖျဉ်းလေးတို့ပဲဖြစ်ပါတယ်။ သူတို့ရဲ့ခမည်းတော်နှင့်မယ်တော်တို့ကတော့ ကိုဗျတ္တနဲ့ မယ်ဝင်္ဏ(စာလုံးပေါင်းမှားရင်သည်ခံပါ၊ထပ်ဆင့်စာလုံးရိုက်မရပါ) တို့ပဲဖြစ်ပါတယ်။ ကိုဗျတ္တကတော့ ကွမ်းတရာရေတမုတ်နဲ့ ဘဝပြောင်းသွားတယ်၊ မယ်ဝင်္ဏကတော့ သားတော်နှစ်ပါးလုပ်ကြံ ခံရတဲ့သတင်းကိုကြားပြီး ရင်ကွဲနာကျပြီးသေဆုံးသွားပါတယ်လို့ ရာဇဝင်စာအုပ်တွေထဲမှာဖော်ပြထားပါသည်။ ကျွန်တော်တို့ ဖတ်ခဲ့ဖူးသမျှစာအုပ်တွေနဲ့ ဒီရာဇဝင်ကို video ရိုက်ထားတဲ့ဇာတ်ကားတွေဟာ တစ်ခုနှင့်တစ်ခု နောက်ခံသမိုင်းရာဇဝင်တွေ မတူညီကြပါဘူး။ အလျှင်းသင့်လျှင်လေ့လာပြီး သမိုင်းအစုံကိုဖော်ပြပေးပါမည်၊ ယခုပွဲလေးဟာ မယ်တော်က သားတော်နှစ်ပါးရဲ့ပွဲတော်ကိုသွားပြီးပြန်လာတာကိုကြိုဆိုတဲ့ပွဲဖြစ်ပါတယ်။ တစ်ခုရှိတာက ကြိုဆိုတဲ့ပွဲလုပ်ပြီး၊ မယ်တော်ဘယ်အချိန်သွားပြီးမယ်တော် ပို့တဲ့ ပွဲလုပ်တယ်လို့တော့မကြားမိပါဘူး။ ယခုဆိုလျှင်မယ် တော်ရဲ့ ပွဲတော်ဖြစ်သော အများခေါ်တဲ့ ရတနာဂူ ပွဲတော်ကြီးဟာ(9.9.2012) နေ့တွင်စတင်နေပါပြီ။ တဆက်ထဲပဲ ရတနာဂူပွဲတော်နဲ့ ပတ်သတ်ပြီး ထူးခြားတဲ့အစဉ်အလာလေးရှိပါသေးတယ်။ […]


ဦးသုSeptember 20, 20121min31014
ငယ်ငယ်တုန်းက ကျောင်းပိတ်ရင်ကျွန်တော်တို့မှာ ကစားစရာဆိုလို့ သားရေကွင်းပစ်မယ် ဂေါ်လီ ရိုက်မယ်နောက်ပြီး အရုပ်ထောင်ပစ်မယ် ပိုက်ဆံထောင်ပစ်မယ် ပြီးတော့ သေနတ်ပစ်တိုင်းပေါ့။       လေသေနတ်တွေပေါ်ခါစဆိုတော့ အဲဒါကနည်းနည်းတော့ ပြသာနာရှိတယ် မျက်လုံးတွေဘာတွေထိတတ်တယ် မိုးတွင်းဆိုရင် ရပ်ကွက်က ကန်ထရိုက်တွေစဝင်ခါစဆိုတော့ တိုက်ဆောက်ဖို့ ဖောင်ဒေးရှင်းတူးထားတဲ့ ကျင်းကြီးတွေထဲရေတွင်ဝင်ပြီး ရေကန်ကြီးတွေဖြစ်နေတယ် အဲဒီမှာရေတွေကူးတယ် ။ ဘောလုံးကန်တာကတော့ပြောမနေနဲ့တော့။ အခုခေတ် ကလေးတွေကျတော့အဲဒီလိုမဟုတ်တော့ဘူးဗျ အားနေရင်ဂိမ်းဆိုင်သွားမယ် အင်တာနက်ဆိုင်သွားမယ် ကောင်းတဲ့ဗဟုသုတရော မကောင်းတဲ့အကျင့်ကော အကုန်စောစောစီးစီးသိကုန်ရော နောက်ပြီး အခုခေတ် ကလေးတွေက ကျွန်တော်တို့ငယ်ငယ်တုန်းကလို လှုပ်ရှားမှုနည်းတော့ body က ညှက်တယ် ဖွံဖြိုးမှုနောက်ကျတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက တယ်လီဖုန်းဆိုတာ ဟမ်းဖုန်းကိုင်နိုင်တဲ့သူကို သူဌေးလို့သတ်မှတ်ပြီးသား ဖုန်းတဆင့်ခေါ်ပေးတဲ့အိမ်မှာ ဖုန်းလာလို့သွားကိုင်ရင် ကလေးဆိုပြီးပေးမကိုင်ချင်ဘူး နောက်ပြီးတော့ အိမ်မှာတီဗွီတွေဘာတွေဆိုတာ လူကြီးတွေဖွင့်ပေးမှကြည့်ရတဲ့ သူငယ်ချင်းတွေတောင်ရှိတယ်။ အခုခေတ်ကလေးတွေကတော့ ကျွန်တော့်သမီးဆိုရင် ၅နှစ် […]


ဦးသုSeptember 20, 20121min36824
  ဘဲဥ တွေက FOREIGNER ဆိုရင်ဟိုးအရင် ကတည်းက အခုထိဘာလို့ကြောက်နေမှန်းကိုမသိဘူး ဗျာ (၁၉.၉.၂၀၁၂ )က ကျွန်တော် တရုတ် ဗီဇာ သွားထုတ်ဖို့ ကို သံရုံးကို ကားငှားပြီးသွားတာ  အဲဒီမှာ ကားသမားကလဲ လိုင်းကား ဒရိုင်ဘာကနေမှ TAXI ပြောင်းမောင်းတာထင်တယ် လိုင်းကား သမားတွေအတိုင်းပဲမောင်းချက်ကတော့ဗျာ။ ကျွန်တော်သွားမယ့် တရုတ်သံရုံးက ပြည်ထောင်စုရိုပ်သာလမ်း ကလေးဆေးရုံ     ရှေ့မှာရှိတာပါ  ကျွန်တော်စီးလာတဲ့ ကားသမား က အလုံလမ်းကနေပြီး ပြည်ထောင်စုရိပ်သာလမ်းဘက်ကို summit park view မရောက်ခင် ပွိုင့်ကနေ နှစ်ထပ်ကွေ့တော့ မီးပွိုင့်ကဘဲဥက ဖမ်းပါလေရော ကားသမားက ညှိတာညှိလို့မရဘူး ဘဲဥက ချလံဖြတ်မယ် ပဲလုုပ်နေတာ အဲဒါနဲ့ ကားသမားက ကျွန်တော်ရယ် ကျွန်တော့်သူငယ်ချင်းရယ်ကို လက်ညှိုးထိုးပြပြီးဘာပြောလိုက်လဲမသိဘူးအိုကေသွားတယ် ။ ကျွန်တော့်သူငယ်ချင်း […]


ထွန်း ပြောင်September 20, 20121min70832
ယခုဆိုလျှင် ၂၁ရာစုသို့ချဉ်းနင်းဝင်ရောက်ခဲ့သည်မှာ ၁၁ နှစ်ခွဲကျော်ကြာမြင့်ခဲ့ပြီဖြစ်လေသည်….. ကမ္ဘာတစ်ဝမ်းလုံးတွင် မရေမတွက်နိုင်သော တိုးတက်မှုများလည်းကြုံတွေ့နေရသလို တိုးတက်မှု၏အခြားတစ်ဖက်တွင်လည်း ဆုံးရှုံးမှုများ၊ ပေးဆပ်မှုများ အများအပြားရှိနေလိမ့်မည်မှာ မလွဲဧကန်ဖြစ်ပေလိမ့်မည်……… . ယနေ့ကမ္ဘာပေါ်တွင် လူသန်းပေါင်းများစွာ အသုံးပြုနေကြသော အင်တာနက်သည်လည်း..နေ့စဉ်လူမှုဘဝတွင် အလွန်တရာအရေးပါအရာရောက်သည်မှာ ငြင်းရန်မလိုသောအချက်တစ်ချက်ပင်ဖြစ်လေသည်…………. ၎င်းအင်တာနက်အား အသုံးပြုရာ၌  မြန်မာစာ. မြန်မာစကားရေးသားရာတွင် သတိမထားမိသောအမှား ၊သေချာမှားသောအမှား နောက်ပြောင်ချင်သောကြောင့်မှားသောအမှား လေးများကို ကျွန်ုပ်ထွန်းပြောင်အပါဝင် စာဖတ်သူလူကြီးမင်းများ ကျူးလွန်မိနေကြသည်ကို သတိထားပြုပြင်နိုင်ကြစေရန်…အလို့ငှာ…. သာဓကပြပါဦးအံ့…. စားပြီးပြီလား = ချားပီးပီယား မသိဘူး =  မတိဝူး မခေါ်ဘူး =  မထော်ဝူး သေပြီလား =  တေဘီယား  …….ဟူ၍နည်းအမျိုးမျိုးဖြင့် မိခင်ဘာသာစကားကို ဖျက်ဆီးမိနေကြပါသည်…. မြန်မာစကားတွင် ‘’အမှားကြာ အမှန်ထင် ”  ” နောက်သလိုနဲ့ အတည်ပြော ” […]