၁၉၈ဝ အဖေဖားကန့်က အပြန်ငှက်ဖျားမိ ရန်ကုန်မှာ ဆေးကုဖို့ ပြန်တော့ ကျွန်တော့အတွက် ငရဲခန်းငရဲဘုံပြန်ရပြီလေ ၉တန်းကျောင်းသား စိန်ဂျွန်းကျောင်းသား အိမ်ကနေ ကျောင်းတက်ဘို့ ကားဂိတ်ကို မနက် ၆နာရီထသွား ထမင်းချိုင့်မပါ၊ တစ်နေ့ကားခတစ်ကျပ် နံပါတ်ရှစ် ကားဂိတ်ကို ၅ဝ မိနစ်လောက် လမ်းလျှောက် ကားခ အသွားပြား၃ဝ အပြန်၃ဝ ပေါင်း၆၀ ဟံသာဝတီကနေ ၁၂ကားစီး၂ဝပြား ဒီတော့မုန့်ဖိုးကျန်အောင် အုတ်ကျင်းဘူတာအထိ တစ်နာရီခွဲလောက် လမ်းပိုလျှောက်ပြီး ရထားခ၁ဝပြားနဲ့ ကျောင်းတက်ပြီးကျောင်းဆင်းချိန်ညနေ၃နာရီ အမအကြီးဆုံးရှိတဲ့ ဒေသ၃ ကောလိပ်ကိုသွား (တက္ကသိုလ်အင်္ဂလိပ်စာပြ) သူသင်တဲ့အခန်းထဲ ဝင်ပြီးနားထောင် (ဆရာမမောင်ဆိုတော့ကျောင်းသား/သူတို့ကလဲနေရာပေးတယ်လေ) အဲဒီတုန်းကရှိတ်စပီးယားပလေး (ဗီးနစ်မြို့ကကုန်သည်၊အော်သယ်လို) ဆဲဗင်းမာကာစတာ၊ တစ်ချို့တစ်ဝက်မှတ်မိနေသေးတယ် ညနေ၅နာရီကောလိပ်က (လှည်းတန်း) ခေမာရဇ်အဆောင်ကို အမကြီး ပြန်တော့ ကျွန်တော်လိုက်သွားပြီး အဆောင်ရှေ့လက်ဘက်ရည်ဆိုင်မှာ အမကျွေးတဲ့ မုန့်နဲ့လက်ဘက်ရည်သောက် (အဆင်ပြေတဲ့အချိန် […]