Wai Yan LattJanuary 9, 20131min2476
““ဆရာမနက်တိုင်း မနက်တိုင်း လမ်း လျှောက်တယ်မို့လား”” ““ဟုတ်ကဲ့ ကျွန်တော်မနက်တိုင်း ကျန်းမာရေးအတွက် လမ်းလျှောက်ပါ တယ်။”” ““ဆရာ့ကို ကျွန်တော်မနက်တိုင်း တွေ့တွေ့နေရလို့ပါ။ လမ်းလျှောက်ရင် ကားတွေကို သတိတော့ထားပါ ဆရာ ရယ်။ လွန်ခဲ့တဲ့ (၃-၄)ရက်လောက်က လှည်းတန်းဈေးထဲက ကုန်စုံရောင်းတဲ့လူ ငယ်လေးတစ်ယောက်လမ်းလျှောက်နေ တုန်း ကားတစ်စီးကဝင်တိုက်သွားတာ ပွဲ ချင်းပြီးပဲတဲ့ တရားခံကားကိုလည်း မသိ လိုက်ဘူး။ တိုက်တဲ့ကားကမောင်းပြေး သွားတယ်လို့တော့ ပြောနေကြတာပဲ ဆရာ””တဲ့။ ““ဟုတ်ကဲ့ ကျွန်တော်သတိထားပါ့ မယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ”” နေ့စဉ်လမ်းလျှောက်ရင်းတွေ့နေကျ မျက်မှန်းတန်းမိသူတစ်ဦးက စေတနာဖြင့်ပြောလာခြင်းဖြစ်သည်မှာ ခံစားမိသည်။ ရန်ကုန်မြို့တွင်ကားအမျိုးမျိုး စည်း မဲ့ကမ်းမဲ့မောင်းနှင်နေသည်ကို သတင်းရင်းမြစ်အသီးသီးကတဆင့်ပြည်သူများ သိပြီး ဖြစ်ပါလိမ့်မည်။ထို့အတူ နယ်မြို့များတွင်လည်း ကား၊သုံးဘီးဆိုင်ကယ်၊ရိုးရိုးဆိုင် ကယ်များ စည်းမဲ့ကမ်းမဲ့ မောင်းနှင်မှုများ ကြောင့် လူအသေအပျောက်ရှိသော သတင်းများကိုလည်း […]


Wai Yan LattJanuary 9, 20132min2967
ကျွန်တော် မောင်အောင်ခမ်းက ဟက်ကာတစ်ယောက်မဟုတ်ပေမယ့် Facebook အကောင့်တစ်ခုကို အောင်အောင်မြင်မြင် ဟက်ခဲ့ပါတယ်။ ဘာ ဟက်ကာ ဆော့ဖ်ဝဲမှ မသုံးပါဘူး။ အဲဒီအကောင့်က ကိုယ့်စိတ်ကြိုက်လိုသလို သုံးလို့ရတဲ့ အဆင့်ထိ ရောက်သွားပါပြီ။ တကယ်ပြောတာပါ။ သို့ပေမယ့် စမ်းသပ်ရန် ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာ ဖြစ်ပြီး သူငယ်ချင်း အရင်းခေါက်ခေါက်ကို တောင်းပန်ကာ အကောင့်ပြန်ပေးမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ သူစိတ်ဆိုး နေလောက်ပါပြီ။ ဒီတော့ သိထားသူများလည်း သတိထားနိုင်ရန် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ပြီးတော့ ဒီစာ မျှဝေတဲ့ ရည်ရွယ်ချက်က အကောင့် ခိုးစေဖို့မဟုတ်ပါဘူး။ ဗဟုသုအနေနဲ့လည်းကောင်း၊ ကာကွယ်နိုင်ရန်လည်းကောင်း၊ အကောင့် ခိုးသူများ ဘယ်လိုနည်းလမ်းတစ်ခု အသုံးပြုနေပါသေးတယ်ဆိုတာကို လည်းကောင်း သိစေလို လို့ ဖြစ်ပါတယ်။ အများသူငှာ ထိခိုက်အောင် မလုပ်ဖို့ အနူးအညွတ် မေတ္တာရပ်ခံပါတယ်။ […]


ခင္ခDecember 26, 20121min1485
၂၆-၁၂-၂၀၁၂ နေ့ ပြောကြား သော သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ပြည်ထောင်စုဝန်ကြီးဌာန ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများအားလုံး မင်္ဂလာအပေါင်း နဲ့ ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သ ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံအုပ်ချုပ်ရေးတာဝန်ယူပြီး နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး ထမ်းဆောင်ခဲ့တာ တစ်နှစ်နဲ့ ကိုးလခန့်ရှိပြီဖြစ်ပါတယ်။ ခေတ်သစ် စနစ်သစ် ထူထောင် တည်ဆောက်ဖို့ အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဆင့်ဆင့် ဖွဲ့စည်းမှုများ စတင်ဆောင်ရွက် ခဲ့ပြီး ခေတ်စနစ်သစ် အတွက် လိုက်လျောညီထွေရှိမယ့် ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေ၊ ပြင်ဆင်သင့်တာတွေ၊ အသစ်ရေးဆွဲသင့်တာတွေ ရေးဆွဲဆောင်ရွက်ခဲ့ပါတယ်။ အချို့ကိစ္စရပ်များဟာ မပြီးပြတ်သေးဘဲ ကဏ္ဍအလိုက်နဲ့ ဒေသအလိုက် အလုပ်ရုံဆွေးနွေးပွဲများ၊ […]


nicolus agralDecember 24, 20121min641
တရုတ်မကြီး ဒေါ်ယင်းမာရဲ့ “ရွှေစင်တစ်ထောင် ပုံဆောင်စကား” (A Thousand Pieces of Gold by Adeline Yen Mah) စာအုပ်ကလေးကို ဖတ်ရှုခံစား ရေးသားမျှဝေလာခဲ့တာ စက်တင်ဘာ ၂၉ ရက်ကတည်းကဆိုတော့ အခုဆို တစ်လခွဲတင်းတင်းပြည့်မှပဲ ဆုံးခန်းတိုင်သွားတာ ခေါင်းပေါ်က အထုပ်တစ်ခု လိုရာအရောက် ပို့ပေးလိုက်ရသလို လွတ်လပ်ပေါ့ပါးပြီး စိတ်ထဲမှာလည်း အတိုင်းအတာတစ်ခုထိ ကြေနပ်သွားပါတယ်။ ဝတ္တရားကြီးတစ်ရပ်လို ရေးခဲ့တာ မဟုတ်ပေမယ့် ဘယ်အထိရောက်မှာလဲ သိချင်စိတ်နဲ့ လျှောက်ခဲ့တဲ့ လမ်းတစ်ခုအဆုံးထိရောက်ခဲ့ရတော့ ကိုယ်လိုပဲ စိတ်ရှည်လက်ရှည် လိုက်ဖတ်နေကြတဲ့သူတွေနဲ့ “ဒါက ဒီလိုရှိတယ်” အတွေးအမြင်ချင်း ဖလှယ်ဖို့ လိုပါသေးတယ်။ စာတစ်ပုဒ်စီ တစ်ပုဒ်စီကို ပုလဲလုံးကလေးတွေလို ရင်ထဲကခံစားလို့ အုထုတ်လိုက်ပြီးတဲ့အခါ အဲဒီပုလဲလုံးကလေးတွေကို သီကုံးပေးဖို့လည်း လိုဦးမှာပေါ့။ ဒါမှလည်း အများသူငါ […]


nicolus agralDecember 20, 20121min900
အိမ်ထောင်ပြုမယ် ဆုံးဖြတ်ပြီးတော့ ယင်းမာဖေဖေ နဲ့ မေမေလေးတို့ဆီ သူတို့သားမက်လောင်းကို ခေါ်ပြပြီး နောက်တစ်နှစ်ခွဲလောက်ကြာမှ ကာလီဖိုးနီးယားမှာ မင်္ဂလာဆောင်ဖြစ်ပါတယ်။ အိမ်ကတော့ ဘယ်သူမှ မလာနိုင်ခဲ့ပါဘူး။ ဒါနဲ့ သူတို့ကို မြေထဲပင်လယ်အစပ်က မွန်တီကာလိုမှာပဲ အလည်ခေါ်ပြီး ဘော့ပ်နဲ့ နှစ်ယောက်သား လာတွေ့ဖြစ်ပါတယ်။ မေမေလေးတို့က ပါရီကဖေးမှာ ညစာပြန်ဖိတ်ကျွေးသေးတယ်။ ဈေးကြီးသလောက်လည်း ခမ်းနားတဲ့ဆိုင်ပါပဲ။ မေမေလေးတစ်ယောက် ဝတ်ကောင်းစားလှတွေနဲ့ စိန်တွေရှိသမျှ အကုန်ထုတ်ဝတ်လာပုံရတယ်။ ယင်းမာတို့နဲ့ ကပ်လျက်စားပွဲမှာ လီဆာမင်နဲလီကြီး လာထိုင်တော့ ဆိုင်က စားပွဲထိုးကလေးက မေမေလေးအနားမှာ ဟိုဟာလာပေးသလို ဒီဟာလာပေးသလိုနဲ့ ရစ်သီရစ်သီလုပ်လို့ မဆုံးဘူး။ မကြာပါဘူး သူနဲ့မေမေလေးတို့နှစ်ယောက် ကမာ္ဘကျော် ရုပ်ရှင်မင်းသမီးကြီးတစ်ယောက်လုံးကို သတိမထားမိသလို ဟန်တွေထုတ်ပြီး တဟီးဟီးတဟားဟား ထလုပ်ကြပြန်တယ်။ ဖေဖေအပါအဝင် ယင်းမာတို့ သုံးယောက်သားကတော့ မေမေလေး ဘာတွေ ဒီလောက် […]


ခင္ခDecember 15, 20121min29014
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါများ။ ပင်စိမ်းပင်သည် မြန်မာနိုင်ငံနှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်းဒေသတွင် ပိုမို၍ ပေါက်တတ်ကြသည်။ ပင်စိမ်းပင်သည် သဘာဝအလျောက် ပေါက် ရောက်သော အပင်ဖြစ်သည်။ စိုက်ပျိုး၍လည်းရသည်။ မျိုးစေ့မှတဆင့် အပင်စိုက်ရန် လွယ်ကူသောအပင် ဖြစ်သည်။ မြေဩဇာ အထူးမလိုအပ်လှ ပေ။ တနှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် အရွက်ကို ရယူနိုင်၏။ နောက်ကျလျှင် အလိုလို ကြွေကျသွားသဖြင့် ဂရုပြုဖို့ လိုအပ်လှပေသည်။ အရွက်နှင့် အစေ့ကို ဆေးအဖြစ် အများဆုံး အသုံးပြုကြသည်။ ပင်စိမ်းပင်သည် အပင်ငယ်မျိုးဖြစ်ပြီး အမြင့်နှစ်ပေမှ သုံးပေခန့်အထိ ရှိ၏။ အရွက်မှာ သေးပြီးစိမ်းလျက် နူးညံ့၏။ ရွက်နားမှာ လွှသွားပုံရှိသည်။ အပွင့်ဖြူကလေးများပွင့်တတ်ကာ ရနံ့မှာ အလွန်မွှေးသဖြင့် အချို့သူများမှာ ယင်းချက် ရာတွင် အမွှေးနံ့ရစေရန် ဟင်းခတ်၍ […]


ခင္ခDecember 15, 20121min486
ရဟန်းသံဃာတော်တွေ လမ်းပေါ်ထွက်ဆန္ဒပြ မှုကို မကြိုက်ကြောင်း မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကျဲ ဆရာတော်ကြီးနှစ်ပါးက ရဟန်းသံဃာတော်တွေ လမ်းပေါ်ထွက်ဆန္ဒပြ မှုကို မကြိုက်ကြောင်း ၊ လက်မခံကြောင်း ၊အားမပေးကြောင်း ယနေ့ပြောကြားလိုက်ပြီ။ သီတဂူဆရာတော်ကြီး နှင့် မစိုးရိမ်ဆရာတော် ဦးဝီရသူ တို့တွေဆုံပွဲတွင်ပြောကြားလိုက်ပြီ။ သီတဂူဆရာတော်ကြီးက ကိုယ်တော်တို့လမ်းပေါ်ထွက်တာတွေလျော့ကြ။ ထစ်ခနဲဆို လမ်းပေါ်ထွက်မဲ့အစား သံဃာတော် ထောင်ချီပါဝင်တဲ့ သံဃအစည်းအဝေးပွဲကြီး ဖြစ်အောင်လုပ်ကြ။ ပြီးတော့ အစည်းအဝေးပွဲဆုံးဖြတ်ချက် တွေကို သံဃာထောင်ချီ လက်မှတ်ထိုးပြီး သမ္မတဆီတင်ကြလို့ မိန့်ကြားလိုက်ပါတယ်။ မစိုးရိမ်ဆရာတော်ဦးဝီရသူ ကလည်း မိမိအနေဖြင့်လည်းလမ်းပေါ်ထွက် ဆန္ဒပြမှုတွေကို မကြိုက်ပါကြောင်း သီတဂူ ဆရာတော် ဘုရားကြီး ဦးညာဏိဿရ ကိုပြန်လည်လျောက်ထားခဲ့ပါတယ်။ ဆက်လက်ပြီးမစိုးရိမ်ဆရာတော်က လမ်းပေါ်ထွက်ဆန္ဒပြတာဟာ တိုင်းပြည်ရဲ့ အခြေ အနေတွေကို ပိုမိုရှုပ်ထွေးစေပြီး ဆူပူအကြမ်းဖက်မှုများအထိဖြစ်လာနိုင်ကြောင်း။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ […]


အခုတစ်လော တစ်ကွက် ကာတွန်းလေးတွေကို ခဏခဏ ဖတ်နေမိတယ် ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ကာတွန်းပုံ တစ်ကွက်လေးနဲ့ ထိထိမိမိချပြနိုင်တဲ့ အတွက် သဘောကျနေမိတယ် ဒါကြောင့် သဘောကျမိတဲ့ တစ်ကွက်ကာတွန်းလေးတွေကို တင်ပြပေးလိုက်ပါတယ် …


nicolus agralDecember 14, 20121min610
ကို ပူပန်စပြုလာသတဲ့။ ဒါနဲ့ပဲ သံအမတ်ကြီး ဝူကို ဟန်ကျင်းဆီလွှတ်ပြီး သူ့ဘက်ပါအောင် စည်းရုံးစေပါတယ်။ “ကမာ္ဘလောကကြီးဟာ တချိန်က ချင်မင်းဆက်အောက်မှာ ပြားပြားဝပ် နှိပ်ကွပ်ခံခဲ့ရပါတယ်။ ကျွင်္နုပ်တို့ စစ်သူကြီးရှန်းယုခေါင်းဆောင်လို့ နယ်စားပယ်စားတွေ စည်းစည်းလုံးလုံး တိုက်ထုတ်လိုက်လို့သာ ဒုတိယမြောက်ဧကရာဇ်ကြီး ကျဆုံးသွားရတာပါ။ အဲဒီနောက် စစ်ပွဲကြီး အဆုံးသတ်လို့ ပြည်ထောင်နယ်စားအားလုံး ကိုယ့်ရပ်ကိုယ့်ရွာ အေးချမ်းစွာ ပြန်လည်အုပ်ချုပ်ဖို့ ထိုက်တန်တဲ့သူကို ထိုက်တန်သလို ချီးမြှင့်မြှောက်စား ခွဲဝေပေးခဲ့ပြီး ဖြစ်ပါတယ်။ လျူဘန်ဟာ သူရထားတဲ့ နိုင်ငံနဲ့ မကျေနပ်နိုင်တဲ့အတွက် တံခါးအတွင်းကနယ်မြေတွေကို ဝင်ရောက်ကျူးကျော် သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီကစလို့ ကျွင်္နုပ်တို့ ချူနိုင်ငံက ရှန်းယုစစ်သူကြီးကိုလည်း ထောင်ထားခြားနား ပုန်ကန်လာခဲ့ပါတယ်။ လျူဘန့်လောဘဟာ အတောမသတ်နိုင်တဲ့သဘောရှိပြီး ချင်ဧကရာဇ်ကြီးလို နယ်ပယ်အားလုံး သူ့လက်အောက် မရောက်မချင်း တင်းတိမ်မယ့်ပုံ မရှိပါဘူး။ သူဟာ သစ္စာရှိတဲ့၊ […]


nicolus agralDecember 13, 20121min991
စာရေးဆရာဖြစ်လာတဲ့အခါ စာဖတ်ပရိသတ်ဆီက သူ့အကြောင်းကိုယ့်အကြောင်း ဆွေးနွေးနှီးနှောတဲ့စာတွေ ကမာ္ဘအရပ်ရပ်က လာကြပါတယ်။ လူမျိုးမရွေး ဘာသာမရွေး၊ ဆင်းရဲချမ်းသာ၊ ပညာနိမ့်မြင့် ဘယ်အဆင့်မှာပဲရှိရှိ၊ မိသားစုရယ်လို့ ဖြစ်လာကြရင် အိမ်တွင်းရေးဆိုတာလည်း ရှိစမြဲပဲ။ မိသားစုအတွင်းမှာလည်း ခြေပုန်းခုတ်တာတွေ၊ အတွင်းကျိတ်ကျိတ်ကြံတာတွေ၊ မနာလိုဝန်တိုစိတ်တွေ။ နောက်ကျောကို ဓါးနဲ့ထိုးတာတွေက ထူးတော့ မထူးဆန်းဘူး။ အားလုံးဟာ ပုထုဇဉ်တွေချည့်ပဲ မဟုတ်လား။ တစ်ယောက်ကောင်းစားသွားလို့ တစ်မိသားစုလုံး ပြန်စောင့်ရှောက်နိုင်တာရှိသလို တခါတရံတော့လည်း တစုံတယောက်အတွက်နဲ့ တစ်မိသားစုလုံး ရေစုန်မျောသွားရတာတွေလည်း ရှိတယ်။ တွေ့ဖူးသလောက် တော်တော်များများကတော့ အရွယ်ကလေး မဟိုင်းတဟိုင်း၊ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်မပြေ၊ စီးပွားရေး ချွတ်ခြုံကျ၊ အလုပ်ကလက်မဲ့ဆို ညစ်တွန်းတွန်းပြီး ဘယ်သူ့ညှော်ရမလဲ ဗြောင်းဆန်သွားအောင် မွှေပစ်လိုက်မယ့်သူတွေချည့်ပဲ။ (ဟုတ်တာမဟုတ်တာတော့ သိဘူးနော်။ သူပြောထားတာ ဘာသာပြန်ပေးရတာ) မမကြီးလီဒီယာဟာ အဲလိုမိန်းမထဲမှာ ပါတယ်။ […]


nicolus agralDecember 12, 20121min821
တကယ်တမ်းကျတော့ အသက် ၁၄ နှစ်အထိသာ တရုတ်နိုင်ငံမှာနေခဲ့ပြီး လူလားမြောက်ကတည်းက အင်္ဂလန် အမေရိက မှာ ကြီးပြင်းခဲ့ရတာမို့ သူများကကိုယ့်ကို “တရုတ်ဖြစ်ရတာ ဘယ်လိုနေသလဲ။ ကိုယ့်ကိုယ်ကိုယ် တရုတ် လို့ရော စိတ်ထဲမှာ ထားသေးရဲ့လား။” လို့ မေးလာရင် ဘယ်လိုဖြေရမှန်းတောင် မသိပါဘူး။ အမှန်အတိုင်းပြောရရင်တော့ အမေရိကန်တွေကြားထဲရောက်နေရင် အမေရိကန်တစ်ယောက်လို့ ခံစားရပြီး တရုတ်တွေကြားထဲပြန်ရောက်သွားရင်တော့ တရုတ်ပြန်ဖြစ်သွားတာပေါ့။ ကျီးယောင်လည်း ဆောင်နေတာ မဟုတ်ဘူး။ ဒေါင်းယောင်လည်း ဆောင်နေတာ မဟုတ်ဘူး။ ပတ်ဝန်းကျင်နှစ်ခုစလုံးမှာ အသားကျအောင် နေတတ်နေပြီ။ အယူအဆ အတွေးအမြင် သဘောထားဆိုတာ တခြားလူတွေ နားလည်စေချင်ရင် စကားလုံးတွေနဲ့သာ ထုတ်ဖော်ပြသရစမြဲမို့ တခါတခါမှာ အင်္ဂလိပ်ဝေါဟာရတွေ တရုတ်ဘာသာမှာ အလားတူ မရှိဘူးဆိုရင် တရုတ်တွေဟာ အဲသလို အတွေးအမြင်မျိုး မရှိဘူး လို့ ယူဆလို့ရတယ်။ […]


nicolus agralDecember 11, 20121min1244
ယင်းမာဖေဖေဆုံးခါနီးတော့ ဟောင်ကောင်က နာတာရှည်ဆေးရုံပေါ်မှာ အယ်လ်ဇိုင်းမားရောဂါနဲ့ နှစ်နှစ်လောက် တက်နေလိုက်ရသေးတယ်။ ဟောင်ကောင်နဲ့ ကယ်လီဖိုးနီးယား ကူးသန်းနေခိုက်မှာပဲ မေမေလေးက ရှန်ဟိုင်းမှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ အန်တီလေးလည်း အူမကြီးကင်ဆာနဲ့ အသည်းအသန်ဖြစ်နေတယ် လို့ ဖုန်းဆက်လာတော့ ဘာလုပ်ရမှန်းတောင် မသိဘူး။ တတ်နိုင်ပါဘူး။ အလုပ်တွေ အကုန်ပစ်ထားပြီး အန်တီလေးဆီလိုက်သွား ခွဲဖို့စိတ်ဖို့ကိစ္စတွေ အကုန်စီစဉ်ရတာပေါ့။ တော်ပါသေးရဲ့။ ရှန်ဟိုင်းမှာ မမကြီးလီဒီယာလည်း ရှိနေသေးလို့။ တို့အမများ အရင်ကနဲ့ကို မတူဘူး။ သူ့ညီမလေးကို ဂရုစိုက်လိုက်ရတာမှ အရိပ်တကြည့်ကြည့်။ မကြည့်ပဲနေမလား သူ့ကလေးနှစ်ယောက်ကို အမေရိကားပို့ချင်နေတာကိုး။ ငါးရက်လောက်နေပြီး ဆေးရုံကဆင်းတဲ့အခါ အိမ်ကိုပြန်ခေါ်လာခဲ့တယ်။ တမနက်တော့ ပန်းကန်တွေဆေးနေတုန်း အန်တီလေးက ဘာစိတ်ကူးပေါက်တယ် မသိ။ “ယင်းမာရေ လာစမ်းပါဦး။ ဆံပင်တွေကလည်း ဖရိုဖရဲနဲ့။ လာလာ အန်တီလေး ခေါင်းဖြီးပေးမယ်။ ဒီရှေ့ကဆံယဉ်ကလေးတွေ တိလိုက်ရင် […]