ဘော့လုံးပွဲကြေ (ညာ) ပါတော့မယ်…ခင်ဗျား…..ကန်မယ့် အသင်းတွေကတော့ လက်ပတောင်းတောင် ဒေသခံ ရွာသားများ အသင်းနဲ့ ဦးပိုင်ဝမ်ပေါင် အသင်းတို့ ဖြစ်ကြပါတယ်…ကန်မယ့်နေရာကတော့ နေပူတော်က လွှတ်တော် အားကစားကွင်းကြီးမှာပါခင်ဗျ….ရွာသားများအသင်းဘက်ကတော့ ရဟန်းပျိုများ…ကျောင်းသားခေါင်းဆောင်များ…ရွာသူရွာသားများနဲ့ ဖွဲ့စည်းထားပြီး…ဦးပိုင်ဝမ်ပေါင်အသင်းကတော့ အငြိမ်းစားရာကနေ အငြိမ်စားဖို့ပြင်ဆင်နေတဲ့ လူတစုနဲ့ တရ ုတ်ပြည်က ကြေးစားခေါ်ယူထားတဲ့ ရတာအကုန်ယူ အဖွဲ့ တို့ပါဝင်ပါတယ်…မစခင်ကတည်းက ဦးပိုင်ဝမ်ပေါင်အဖွဲ့ဟာ လိမ်နည်းခေါက်နည်းတွေကို နည်းပြကြီးဦးသန်းရွှေက စာအုပ်ကြီးဖတ်ကာဖတ်ကာနဲ့ ညွှန်ကြားနေပါတယ်…စလိမ်ပါပြီ…ခင်ဗျား…ရွာသူရွာသားတွေကို မြေဖိုးပေးရင် ၂သိန်းလောက်ပဲရကြမှာမို့လို့ ပိုရစေချင်တဲ့ စေတနာနဲ့ သီးနှံ၃နှစ်စာဖိုး တွက်လိုက်တော့ ၅သိန်းခွဲလောက် ရကြမှာမို့လို့ ပိုရအောင်လျော်ပေးထားကြောင်း….ထပ်လိမ်ပြန်ပါပြီ…ရွာဟောင်းတွေက ရေရှားလို့ ရွာသစ်တွေဆီ ပြောင်းပေးထားရကြောင်း….အိမ်တွေကိုလဲ သိန်း၁၅ဝ တန် အိမ်တွေ ဆောက်လုပ်ပေးထားကြောင်း…နည်းဗျုဟာမြောက် ပုံတွေနဲ့ ထပ်လိမ်ပြပါတယ်ခင်ဗျား…တကယ့်လက်ရွေးစင် ကြေးစားတွေပီပီ ကျွမ်းကျင်ကြပါတယ်…တကွင်းလုံးပတ်လိမ်နေပါတယ်…သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလဲ ဂရုစိုက်ကြောင်း၊ စွန့်ပစ်ရေထဲကို ငါးတွေထည့်လိုက်တာတောင် ပျော်ပျော်ရွှင်ရွှင် […]