ပြန်တွေးကြည့်လိုက်တော့ ဘဝမှာ နောက်ပြန်လှည့်စရာ အမှီအခိုမပါပဲ သေမြေကြီး ရှင်ရွှေထီး စွန့်စားခဲ့ရတဲ့အခါမျိုး သုံးခါကြုံခဲ့ရဖူးပါတယ်။ ဖိုးဖိုးဈာပနအတွက် ကွန်ဗင့်ကျောင်းက အိမ်ပြန်လာပြီးတဲ့နောက် မေမေလေးက “ကျောင်းပြန်သွားစရာမလိုတော့ဘူး။ အလုပ်ရှာထားပြီးပြီ” ဆိုတော့ တော်တော်ကို ဆောက်တည်ရာမရ ဖြစ်သွားတုန်းက တစ်ခါ။ မမလီဒီယာကိုလည်း ၁ရ နှစ် နဲ့ လင်ပေးစားလိုက်တာမို့ ကျောင်းထုတ်ပြီးရင် သူတို့ဘာဆက်လုပ်မယ်ဆိုတာ ဖွင့်မပြောပေမယ့် အလိုလိုကို သိနေပါပြီ။ အကိုသုံးယောက်ကို ကောလိပ်ကျောင်းပို့ပေးသော်ငြား ကိုယ်ကမိန်းကလေးဆိုတော့ ပညာရေးဟာ ကိုယ့်အတွက် အနာဂတ်အဖြစ် ရင်းနှီးမြှုတ်နှံပေးလိုက်စရာ ဘာအကြောင်းမှ မရှိပါဘူး။ အိပ်မပျော်နိုင်တဲ့ညပေါင်းများစွာကို ဟောင်ကောင်ဆိပ်ကမ်းမှာကပ်ထားတဲ့ သင်္ဘောကြီးတွေကို ကြည့်ပြီး ငါ့ဘဝဟာ ဘယ်သောင်ဘယ်ကမ်းဆိုက်ပါ့မလဲ တွေးရင်း အခါခါ သက်ပြင်းချမိပါတယ်။ တခုခုတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်မှ ဖြစ်တော့မယ်။ အိုးစားလည်းပစ် လှေလည်းနှစ်ခဲ့ပြီ။ နောက်ပြန်မလှည့်နိုင်တော့ဘူး။ “po […]