ကိုယ်တို့မြန်မာတွေ စကားပြောတဲ့အခါ ဥပမာ၊ ဥပမေယျ၊ ပုံတိုပတ်စကလေးတွေ ခိုင်းနှိုင်းပြီး သဘောပေါက်နားလည်လွယ်အောင် ပြောလေ့ရှိသလိုပဲ ချန်တို့။ မော်တို့၊ တိန့်တို့၊ ကျန်တို့ တိုင်းပြည်ကြီးမှာလည်း ဘာလေးပြောလိုက်ပြောလိုက် အဲသလို စကားတန်ဆာ အလင်္ကာလေးတွေနဲ့ ပြောလေ့ရှိကြပါသတဲ့။ ၁၉၈ဝ တုန်းက တိန့်ရှောင်ဖိန်ကြီး မာဂရက်သက်ချာနဲ့ ဟောင်ကောင်ကျွန်းကို ပြည်မကြီးထံ ပြန်ပေးဖို့ စာချုပ်ချုပ်ကြတဲ့အခါမှာ သူကတိုတိုတုတ်တုတ် စကားတစ်ခွန်းတည်းနဲ့ တရုတ်ပြည်သူတရပ်လုံးရဲ့ထောက်ခံမှုကို အရယူလိုက်နိုင်ပါသတဲ့။ “အပင်မြင့်ချင်သလောက်မြင့် အရွက်ကြွေတဲ့အခါမှာတော့ အမြစ်ရှိရာ ပြန်လာရစမြဲပဲ” တဲ့။ “Shu gao qian zhang, Lao ye gui gen.” (Even if a tree reaches the height of ten thousand feet, falling […]