Ko chogyiAugust 29, 20141min40611
(၁ ) စတင်တွေရှိသူကတော့ ထူးခြားစွာ လုံးဝန်းချောမွတ်နေသော ကျောက်တုံးတစ်တုံးအမှတ်နှင့် ကောက်ယူကြည့်မိခြင်း ဖြစ်လေသည်။ လက်ထဲရောက်သော အခါမှ အချိန်အဆနှင့် အနှစ်အသားအရ သူ့လက်ထဲမှ အရာသည် ကျောက်တုံး မဟုတ်ကြောင်း ခံစားသိရှိလိုက်၏။ ဘာမှ မဟုတ်သော လောကကြီးအတွင်းမှ ဘာမှမဟုတ်သော အရာတစ်ခုအဖြစ် ပြန်လည်လွှင့်ပစ်ခဲ့လျှင် ရသော်လည်း လူ့သဘာဝအရ စူးစမ်းလိုစိတ်ကလေးက ရှိနေပြန်သေး၏။ ထိုသို့ဖြင့် ထို “တစ်စုံတစ်ရာ”လေး ကို လူနေရပ်ကွက်အတွင်းသို့ ယူလာကာ အားလုံးထံ အထင်အမြင်တောင်ခံကြည့်ရေတော့၏။ ထိုသို့ဖြင့်…. (၂ ) “ငါ့အထင်တော့ ဒါဟာ “ကျောက်ဥ” ဖြစ်ရမယ်…” ထိုလူကြီးက သူ့စကားကို ဆက်ရှင်းလေသည်။ “ဆေးဆရာတွေ တောနင်းရှာတတ်တဲ့ ကျောက်သွေးလိုမျိုးပေါ့။ ကျောက်ကရတဲ့ ကျောက်ဥ ဖြစ်ရမယ်။ ကျောက်သွေးလိုပဲ အကြီးအကျယ် ဆေးဖက်ဝင်နိုင်တယ်။ အနီးအနားမှာ […]


ကာရံAugust 23, 20141min990
ရှေးရာဇဝင်မှတ်တမ်းက အချစ်ကြီးသူတစ်ချို့ ဘဝကိုစတေးဖူးကြတယ် နွယ်ဆိုတာ ရစ်ပတ်သူတဲ့ အပြစ်မဲ့တဲ့ ချစ်ခြင်းစကားကို အရောင်တွေပြောင်းလဲကြဖူးသေးတယ် အချစ်ကြောင့် မုန်းကြတယ် အချစ်ကြောင့် အလွမ်းတွေ အစပျိုးကြတယ် အချစ်ကြောင့်ပဲ နှလုံးသားတွေ နာကျည်းကြပြန်သေးတယ် မေတ္တာစစ်ရင်လေ သစ္စာဆိုတဲ့စကားက ရင်မှာ တည်ကိန်းဖြစ်ရင် အကြွင်းတစ်နေရာကမင်းက ထာဝရဖြစ်မှာပါ အရောင်းအဝယ် အပြုသင့်တဲ့ ချစ်ခြင်းကဗျာလေးကို မင်း တန်ဖိုးထားတက်ရင်လေ သံယောဇဉ်ကြိုးလေး ရစ်ပတ်နေသူမို့ ရာဇဝင်ထဲကသူကလေ ကာရံ ၂၃ ့၈ ့၂၀၁၄


ကာရံAugust 23, 20141min1371
ကြမ်းတမ်းတဲ့ ဘဝခရီးကြမ်းမှာ မင်းလေးမောဟိုက်နေရောပေါ့ ငါကမ်းလင့်ချင်ပါတယ် အားအင်တစ်ချို့ လောဘ လှေကားထစ် ကိုတက်မလှမ်းချင်ပါနဲ့ နွေးထွေးတဲ့ အကြင်နာလက်ကလေး ကြိုဆိုနေကြတယ် ပန်းကလေးရယ် မနွမ်းလိုက်ပါနဲ့နော် ငါလေဘေးမှာ စမ်းချောင်းလေးအဖြစ် ရပ်တည်ပေးချင်သေးတယ် အတ္တတွေ အရိပ်ဆိုးနဲ့ လမ်းမထက်မှာ ဖြန့်ကျဲနေကြတယ် မေတ္တာအတိမ်အနက်ကို လက်ချိုးမရေချင်ပါနဲ့ စိတ်ထဲမှာ အမြတ်ဒေါသဆိုးတွေ အတိုးနဲ့ ကျန်ရစ်နေလိမ့်မယ်လေ သူငယ်ချင်း သံသရာခရီးကြမ်းမှာ မင်းလမ်းတစ်ဝက်က ဖြတ်မပြန်ချင်စမ်းပါနဲ့ လင်းလက်ကြယ်လေး အမြဲမသာပေမယ့် ပန်းတိုင်းမရောက်မချင်း ဆက်လျှောက်စေချင်တယ် ဒေါသကိုအရောင်မဆိုးပါနဲ့ကွာ လိုတိုင်းတမရပေမယ့် ငိုတိုင်းပြီးမသွားတဲ့ ချိန်နာရီ စက္ကန့်တိုင်းမှာ နာကျည်းချက်များ အနိုင်ကြဲနေကြလိမ့်လေ သူငယ်ချင်းဆက်ရမယ့် ခရီးလမ်း မပြီးဆုံးသရွှေ့တော့ ဘဝအမောတွေကို လှောင်ပြုံးလေးနဲ့ရယ်လိုက်ပါ တစ်နေ့ အနိုင်ရမယ့် ပန်းတိုင်က လက်တစ်ကမ်းမှာ ရှိပါတယ် ကာရံ ၂၃ ့၈ ့၂၀၁၄


မ " တတ္ ပါ့ "August 21, 20141min49219
:boss: ဟိုတစ်နေ့က သူငယ်ချင်းတစ်ယောက်က သူ့ကောင်လေးနဲ့ အဆင်မပြေလို့ ကိုယ့်ကိုလှမ်းပြီး ဖွဘုတ်မှာ တက်တယ် တစ်ယောက်ထဲနေ တစ်စိတ်တည်းထား ဆိုပြီး ။ သူ့ကောင်လေးက အောက်က ပြန်မန့်တယ် တစ်ယောက်တစ်နေရာဆီမှာနေ တစ်စိတ်တည်းထား လုပ်ပါတဲ့ ။ ခုသူတို့ အဆင်ပြေသွားတော့ ပြောပြန်တယ် ငါတို့က နှစ်ကိုယ့်တစ်စိတ်ပါတဲ့။ :s: တတ်လည်းတတ်နိုင်တယ်နော်။ အော် … လူ့စိတ်ဆိုတာ မျောက်စိတ်တဲ့။ ဂဏှာမငြိမ်ပုံကို တင်စားပြောတာဖြစ်မှာပါ။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလို။ သူများစိတ်တွေကို ဖတ်တတ်နေလို့ ဘာအကျိုးထူးမလဲ။ ကိုယ့်စိတ်လေးကို ကိုယ်စစ်ပြီးနေမှ ၊ ဘယ်သူ ကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းဖို့လိုသလို ။ ကိုယ့်အထုပ် ကိုယ်ထမ်းလို့ ကိုယ့်လမ်းကိုယ်လျှောက်ရမယ်။ ကိုယ့်သမိုင်း ကိုယ်ရေးရမယ်။ အကုသိုလ်စိတ်တွေ အဝင်မခံဖို့ ကြိုးစားနေပါတယ်ဆိုမှ။ မနေ့ကပေါ့။ […]


ကဲ ပိတ်သတ်ကြီး ရေ ဒီတလော ဖွဘုတ် မှာ မော်ဒယ် တစ်ယောက် ကို MAI က လေယာဉ်မောင် က လေယာဉ်အတက် မှာ ဖုန်းပိတ်ခိုင်းလို့ ဆိုပြီး မော်ဒယ် က ချဲ ထားတာ ကို ဖတ်မိကြရဲ့လားဗျ။ မဖတ်မိသေးဘူး ဆိုလဲ အတိုချုပ် က ဂလို ဗျ။ သူ့သူငယ်ချင်း တစ်ယောက် က လေယာဉ်မောင် ပြောတာကို နားကြပ် တပ်ထားလို့ မကြားလိုက်ဘူးပေါ့။ အဲ့ဒါ ကို သူတို့က ဝိုင်းရယ် တော့ ဒါ safety အတွက် ပြောတာ ရယ်စရာ မဟုတ်ပါဘူး လို့ ပြောသတဲ့။ ဒါက တကြောင်း နောက်ပြီး ဖုန်းကို Airplane mode လုပ်ထားတယ် ဆိုတာကို ပါဝါ ပိတ်ပေးပါ […]


ムラカミAugust 11, 20141min39214
ကနေ့ မိညီမနဲ့ ဖုန်းပြောတယ်…အထွေအထူး မရှိပါဘူး… သည်လိုပဲ.. (မှတ်မထားပေမယ့် … သတိတရ ရှိမနေပေမယ့် … မသိစိတ်က သိနေတဲ့ ဒင်းဖုန်းနံပါတ်ပေါ့) အရှက်ကကွဲချင်တော့ ဖုန်းအားကုန်တယ်လေ… ချစ်ဖို့ကောင်းတာက ဒင်းက ကျနော် ့အိမ်ဖုန်းမှတ်မိနေတာလေး… (သူတယောက်ပဲ ခေါ်တဲ့ နာမည်ပြောင် နဲ့ဆိုပါတော့) 😛   တခုပဲ …အိမ်ကိုလာ .. ဟိုလူ့ အော် .. ဒီလူ့ငေါက် … (အဘိုးဘွားတွေဆို) ခြေဆုပ်လက်နယ်နဲ့… မကြာမကြာ အနိုင်ကျင့် တတ်တဲ့မိညီမ ကို လွမ်းမိရဲ့…   သူ့ရည်းစားဟောင်းကောင်းမှုနဲ့ နောက်ရီးစား အော်တိုမက်တစ် ခေါင်းရိုက်ခွဲချင် မယ့် ဇာတာရှင် ဖြစ်မှန်းမသိ ဖြစ်နေတာ ခုမှ သဘောပေါက်မိဖူးတယ်… အိုကွယ် ဖြစ်ရလေ… ဂဇက်မန်ဘာများ အမျိုးတော်ချင်ရင်ပြောပါလေ… ကျုပ် မိညီမ က … ကျုပ် ၂ဆ စမတ်ဖြစ်ကြောင်းရယ်…။။ P.S. […]


ေမာင္ရိုးAugust 10, 20141min58127
        မနေ့ကနဲ့ ဟိုးးး တနေ့က မောင်ဆာမိတို့ဆီကို မိတ်ဆွေတချို့ဆီက ဖုံးတွေတဂွမ်ဂွမ်ဆက်ပါတယ် …… အကြောင်းအရာကတော့တစ်ခုတည်းပါဘဲ ။ “” သတိထားနေကြ ၊ စားရေရိက္ခာစုထားကြ “” ဒီလို … ဒီလို သံတူကြောင်းကွဲ သတိပေးစကားတွေကို ရပ်နီးရပ်ဝေး ဆွေမျိုးမိတ်သဟာများထံက ကြားရပါတယ် ။ အလွန်ကိုချစ်စရာ ကျေးဇူးတင်စရာကောင်းတဲ့ ဂရုစိုက်မှုလေးပါဘဲ။ အခုလိုသတိတယ ရှိပေးတာကိုလည်း ကျေးဇူးတော်တင်ပါကြောင်းးး ……   သို့သော် …… ဘာအကြာင်းတွေများဖြစ်မှာမို့ဒီလိုသတ်တွေပေးနေတာလဲပေါ့ ။ မောင်ဆာမိလည်း ပတ်ဝန်းကျင် နဲနဲစပ်စုလိုက်တော့ … လား လား တချိ်ု့တွေက အတော်ကိုထိတ်လန့်နေတာတွေ့လိုက်ရတယ် ။ လန့်ရှာမှာပေါ့လေ … တချို့မြို့နယ် ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးပိုင်းက လူကြီးတွေက လော်စပီကာနဲ့လိုက်အော်နေပါသတဲ့ […]


ခင္ခAugust 1, 20141min40510
” EBOLA (သို့) သေမင်းဗိုင်းရပ် “   ကျန်းမာရေးမို့ လက်မနှေးဘဲ မျှဝေပေးလိုက်တာပါ၊ ထိုဗိုင်းရပ်က ကူးဆက်ရောဂါအနွယ်မို့ ဗဟုသုတအဖြစ် သိထားကြရင်ကောင်းမယ်လို့ ယူဆမိလို့ပါ။ အီဗိုလာသည် ှနှာခြေ ၊ ချောင်းဆိုး စသော လေထုထဲမှတဆင့်မကူးစက်သည်မှာ အလွန်ကံကောင်း သည်ဟုဆိုရမည် ။ ၎င်းသည် တုတ်ကွေးကဲ့သို့ ချောင်းဆိုးသူကြောင့် လေထဲမှတဆင့် မပျံနှံ့ပါ ။ EBOLA သည် ရောဂါရှိသော တိရိစာ္ဆန်များ ၏ အရည် ၊ သွေးသား တို့အား လက်ဖြင့်ထိခြင်း ၊ ထိုအသားအားစားခြင်း ။ရောဂါခံစားနေရသောသူ နှင့် လက်ခြင်းထိတွေ့ခြင်း ၊ အရေပြား ပေါက်ပြဲသောနေရာအား ထိတွေ့ခြင်း ၊ သွေးသားခြင်းထိတွေ့ခြင်း ၊ နမ်းခြင်း ၊ လိင်ဆက်ဆံခြင်းတို့ စသဖြင့် […]


ကုိ ထြဋ္July 29, 20142min50416
အခုလို မိုးရာသီလေးမှာဆို.. ပုဇွန်တို့.. ကဏန်းတို့က… ပေါမှပေါရယ်… ချက်ရလွယ် စားလို့ကောင်း… ဈေးလည်းနည်းပါတယ်… နည်းနည်းဆိုပေမဲ့.. ထမင်းလေးနဲ့ မြုပ်စားတာလေ… မိန်းမလဲ ကြိုက်တယ်.. ကျွန်တော်လဲ ကြိုက်တယ် ပုဇွန်ဆီဟင်း… ဆိမ့်တယ်ဗျ… နောက်များမှ မြိတ်ကော်ပြန့်လုပ်စားရင် ပုဇွန်ဆီသုံးနည်း ထပ်ပြပေးမယ်… ဒီအစီအစဉ်လေးက ဘယ်လို ရှိမယ်တော့ မသိတော့ဘူး.. ဇီဇီတို့နဲ့ ထမင်းဆိုင်ဖွင့်ဖို့ ပြောထားတော့… အဲအတွက် လုံးပန်းရဦးမယ်… ဟဲ.. ကြားဖြတ်အနေနဲ့တော့ လာချင်လာဦးမှာပါ… ဒါလေးက စကားချီးပေါ့… စချက်မယ် ဆိုတော့ လိုတာလေးတွေ ပြောရမယ်… ပုဇွန်ဆီက     ၂ဝ သားလောက်ဆို ရပြီ… ၁၅၀ဝ လောက်ပဲ ကျတယ်… ကြက်သွန်ဖြူက     အမွှာကြီး ၃ မွှာလောက်…. ကြက်သွန်နီ         အလုံးကြီး ၃ လုံး… အောက်က […]


MAUNGJuly 26, 20141min35110
နိုင်ငံခြား သား မြင် မစ္စတာ မစ္စတာ လုပ် စရာလားဗျာ……. ကျုပ် တို့တိုင်းပြည် ထဲလာ မှုခင်း ကျူးလွန် တောင် မစ္စတာ..မစ္စတာ နဲ့ ခင်ဗျားတို့ ဟာ နဲနဲ မဟုတ်ဘူး တော်တော် လွန်နေပြီ ။ ဘယ်နှယ် ဗျာ…ဒေါ်အောင်ဆန်းစုကြည် လို အမျိုးသမီး မျိုး ကိုတောင် ဘယ်နိုင်ငံခြား မိဒီယာ မှ ဘာမှ တတ်မခေါ်ဘူး ….။ ရှင်းလား..? ဒါ နဲ့ ပါတ်သက်လို့ လွပ်လပ် စွာကွဲလွဲ လို့ရပါတယ်…… မောင်


နိုင်ငံရေး နဲ့ ဝေးဝေးနေသူ (ဝါ) ကိုယ်လုပ်မှကိုယ်စားရတာပါလို့ အမြဲပြော သော သူငယ်ချင်းသို့………… သူငယ်ချင်း ……… မင်းမရှိမဲ့ ရှိမဲ့နဲ့ ဝယ်ထားတဲ့ မြေကွက်လေးပေါ်မှာ မင်းရဲ့ စီးပွါးရေးလေးကို လုပ်နေတုန်း နိုင်ငံတော်က မင်းမြေကွက်လေးဟာ နိုင်ငံတော် စီမံကိန်းမြေနေရာထဲမှာ ပါနေတယ်ဆိုပြီး လျော်ကြေးမဖြစ်စလောက်ပေး သိမ်းပြီးနောက် ခရိုနီကြီးတွေလက်အပ် ဟိုတယ်ကြီး ဟီးနေအောင်ဆောက်နေတာကို မင်း ဝမ်းပန်းတနဲ့ ကြည့်နေရတဲ့ အချိန်။ အိမ်ရဲ့ စီးပွါးရေး အတွတ် တဖက်တလမ်း အကူအညီရဖို့ အထည်ချုပ်မှာလုပ်နေတဲ့ မင်းရဲ့ အချစ်ဆုံးညီမလေး ရတဲ့ လစာ လေးငါးသောင်းမလောက်လို့ အခုအချိန်ခတ်စားနေတဲ့ ဟောင်ကောင်မှာ အိမ်ဖော်သွားလုပ်ဖို့ မင်းကိုပူစာ တဲ့ အချိန်။ မင်းသားလေး နေမကောင်းလို့ စားရိတ်မျှပေး ကျမ်းမာရေး ဆိုတဲ့ ဆေးရုံးကိုသွားပြတုံး မင်းသားလေး […]


U Pyaung GyeJuly 21, 20141min1740
သာသနာဆိုတာအဆုံးအမပါ။ သာသနာကွယ်တယ်ဆိုတာ အဆုံးအမကွယ်တာပါ။ ဘုရားအဆုံးအမကိုလိုက်နာနေသမျှ သာသနာမကွယ်သေးပါဘူး။ ဗုဒ္ဓဘာသာဝင်တိုင်းဟာ ဂရုဓမ္မနိစ္စသီလ(ငါးပါးသီလ)မြဲနေဘို့လိုပါမယ်။ ကျွန်တော်တို့ ဗုဒ္ဓဟာ ဝိဘဇ္ဇဝါဒီပါ၊ ကံနဲ့ကံ၏အကျိုးကို အခြေခံကျစွာ လက်ခံယုံကြည်ပါတယ်။ ကံဆိုတာအလုပ်ပါ၊ ဘယ်လိုအလုပ်မျိုးကိုပြုလုပ်ခဲ့လို့ ရရှိလာတဲ့ အကျိုးရလဒ်က ဘာတွေလဲ။ တင်ပြမယ့် အကျိုးရလဒ်တွေ ဖြစ်လာစေတဲ့ အဓိကအကြောင်းတရားတွေကို ရှာကြစေလိုပါတယ်။ ဝါယာရှော့ဖြစ် မီးလောင်နေတာကို မိန်းမချဘဲ ရေနဲ့ပက်ရင် အန္တရာယ်ရှိပါတယ်ခင်ဗျာ။ တစ်ချိန်က ဗုဒ္ဓဘာသာနိုင်ငံအများအပြားဟာ အခုချိန်မှာ ဗုဒ္ဓဘာသာဝင်မရှိသလောက်ဖြစ်နေတာ ဘာလို့ပါလဲ….. ဗုဒ္ဓဘာသာအမျိုးသမီးတွေ ဘာသာခြားကိုလက်ထပ်ကြတာ ဘာလို့ပါလဲ….. ဗုဒ္ဓဘာသာဝင်လူငယ်အများစုဟာ ၃၈ဖြာမင်္ဂလာတရားတော်ကို မသိ၊ မရ၊ မလိုက်နာကြတာ ဘာလို့ပါလဲ…..(လူငယ်တွေတင်မကပါဘူး၊ လူကြီးတွေလဲပါပါတယ်) ဘာသာခြားတွေမြို့လယ်မှာအစားထိုးဝင်ရောက်လာဘို့ ဗုဒ္ဓဘာသာမြန်မာ တော်တော်များများ မြို့ပြင်ထွက်ပေးကြတာ ဘာလို့ပါလဲ….. ဗုဒ္ဓဘာသာမြန်မာ ဈေးဆိုင်တွေမှာဝယ်ယူအားပေးမှုမပြုကြဘဲ ဘာသာခြားဆိုင်တွေမှာအားပေးကြတာ ဘာလို့ပါလဲ….. ထေရဝါဒ ဗုဒ္ဓဘာသာဝင်လို့ လက်ခံယူဆထားသူများဟာ […]


U Pyaung GyeJuly 21, 20141min1440
စတုတ္ထတန်း အခန်းတွင်းဖြစ်ပါသည်။ ကျောင်းမှသတ်မှတ်ထားသည့် အင်္ကျ ီဖြူနှင့် ပုဆိုးမဝတ်ခဲ့သော ကျောင်းသားကို ခုံပေါ်တက် မတ်တတ်ရပ်ခိုင်း ထားပါသည်။ ကြိမ်လုံးကိုင်ထားသည့် အတန်းပိုင်ဆရာမ လာချေပြီ။ ရိုက်ရန်အတွက် ဘောင်းဘီပေါ်ဖုံးနေသည့် အင်္ကျ ီစကို မတင်ခိုင်း၏။ ကျောင်းသားကားမလှုပ်။ ဆရာမဒေါသထွက်၍ မတင်ခိုင်းပြန်သဖြင့် ကျောင်းသားမှ မတင်ပေးလိုက်၏။ ဆရာမလက်တွင်းမှ ကြိမ်လုံးလွတ်ကျသွားပြီး ကြမ်းပြင်နှင့်ထိတွေ့သံ၊ ကျောင်းသား ၏ ငိုရှိုက်သံနှင့်အတူ ဆရာမ၏သက်ပြင်းရှိုက်သံတို့ ရောထွေးထွက်ပေါ်လာလေသည်။ ကျောင်းအပ်ရန် ပိုက်ဆံမရှိသဖြင့် သနားတတ်သူ၏ ကျောင်းအပ်ခဖြင့် ကျောင်းဝင်ခွင့်ရခဲ့သူ၊ ကွယ်လွန်သွားပြီ ဖြစ်သောဖခင်နှင့် မောင်နှမ ၁ဝ ဦးအတွက် ငွေရှာနေရသောမိခင်မှ မွေးဖွားလာသူ ထိုကျောင်းသားမှာ ဘောင်းဘီဖင်ပြဲလေးဝတ်ကာ ဖင်ပြဲကို သူတစ်ပါးမမြင်စေရန်နှင့် အင်္ကျ ီဖြူ မရှိ၍ သူ့အဖေ၏ စွပ်ကျယ် လက်စကအား လက်ခေါက်ပြီး အင်္ကျ […]