နိုင်ငံတော်သမ္မတရုံးအကြံပေး ဦးအံ့မောင်ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက မနေ့ညက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ နေပြည်တော် အသိုင်းအဝိုင်းက သိရပါတယ်။ ဦးအံ့မောင်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ကိစ္စဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အဖမ်းခံထားရတဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကိစ္စနဲ့ ဆက်စပ်နေတယ်လို့လည်း သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်သူ ၉ဦးရှိပြီး အဲဒီလူပုဂ္ဂိုလ်တွေအားလုံးကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက ဆက်လက် အရေးယူသွားမယ်လို့လည်း သိရပါတယ်။ RFA အပြစ်ရှိသူတွေရှိသလို အရေးယူခံရပြီး အပြစ်မရှိသူတွေ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ….