မောင်ဖြစ်သူမှအစ်မဖြစ်သူအားအမွေကိစ္စဖြင့်စကားများရာမှပုလင်းဖြင့်ရိုက်မှုဖြစ်ပွား စလင်းမြို့နယ်၊မြောင်းမကြီးကျေးရွာနေတရားလို မမာရီ အသက်(၃၉)နှစ်သည်နေအိမ်တွင်ရှိနေစဉ် မောင်ဖြစ်သူ ဖိုးထောင်(ခ)အေးနိုင် နှင့် သူငယ်ချင်းဖြစ်သူမျိုးကိုတို့အိမ်လည်ရောက်ရှိ လာပြီး နေအိမ် တွင်ချက်ပြုတ်ထားသည့် ဝက်သားဟင်း နှင့်၎င်းတို့အသင့်ပါလာသည့် အရက်နှင့်သောက်စားနေစဉ် ထနောင်းရွာရှိ မိဘများကျန်ရစ်ခဲ့သောအိမ်ဝိုင်းနှင့်ပက်သက်၍အမွေ ကိစ္စစကားပြောရာမှ မောင်ဖြစ်သူ ဖိုးထောင် (ခေါ်)အေးနိုင်မှ အရက်ပုလင်းခွံနှင့်မမာရီ၏ဦးခေါင်းအား(၃)ချက်ရိုက်ခဲ့ရာ မမာရီတွင် ဝဲဘက်ဂျိုဇောင်းပေါက်ပြဲဒဏ်ရာ(၁)ချက်၊နောက်စေ့ပေါက်ပြဲဒဏ်ရာ(၁)ချက်(စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့သဖြင့် မမာရီမှ တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ စလင်းမြို့နယ်၊မြို့မရဲစခန်းမှ (ပ)၆၇/၂၀၁၃၊ပြစ်မှုပုဒ်မ ၃၂၅ ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။ နိုင်ငံတော်ပိုင်သစ်များ ခုတ်ယူ ခွဲစိတ်သယ်ယူပို့ဆောင်နေသူများအားဖမ်းဆီးမိ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ကျွန်းဒုတ်ကျေးရွာနှင့်ချင်းပြည်နယ်၊ဟားခါးမြို့နယ်၊ဘုံဇုံကျေးရွာနယ်စပ်တွင် တရားမဝင် သစ်များခုတ်ယူ၊ခွဲစိတ်၊သယ်ယူပိုဆောင်နေကြောင်းသတင်းအရ သက်ဆိုင်ရာ ဂန့်ဂေါခရိုင်သစ်တောဦးစီးဌာလက်ထောက် ညွှန်မှူး ဦးကျော်မင်းသိန်း ဦးဆောင်သည့်ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ(၅)ရက်နေ့နံနက်(၁၀)နာရီခွဲချိန်က စီးနင်းဝင်ရောက်ရှာဖွေ ခဲ့ရာ ကျွန်းသစ်ပါသစ်လုံး(၄၁)လုံး၊ (၈.၇၇၃)တန်၊သစ်ခွဲသား(၃၁၃)ချောင်း(၅.၃၆)တန်၊(၆)ဘီးအစိမ်းရောင်ကားတစ်စီး၊ (၁၀)ဘီးကရိန်းယာဉ်တစ်စီး၊ဂျင်ဒေါင်းအင်ဂျင်(၁)လုံး၊ ၃.၅ပေလွှဝိုင်း(၁)ဝိုင်း၊ချိန်းစောလွှ(၁)ခု၊ကမ်ဘို ၁၂၅ ဆိုင်ကယ်တစ်စီး၊ ကျွဲ(၂)ကောင်တို့နှင့်အတူ စိန်ဝင်းမောင်၊အသက်(၃၇)နှစ် […]