မဟာသက္ကရာဇ် (၁၂၃) ခုနှစ်တွင် သဗညုတဘုရားသခင်သည် ရဟန္တာငါးရာခြံရံလျှက်သုနာပရန္တတိုင်း၊ လယ်ကိုင်းအရပ်တွင် စူဠပုဏသူကြွယ်လှူအပ်သော စန္ဒကူးနံ့သာကျောင်းတော်ကို အလှူခံတော်မူ၍ ခုနှစ်ရက်ပတ်လုံးသီတင်းသုံးတော်မူခဲ့သည်။ထိုမှတဖန်ဆားပွက်တောင်ည်ိုတိုခြံရံအပ်သော ကောလာသဘစက္ကိန်းတဲ တောင်ထိပ်တွင် ရှေးနောင်တာ်ဘုရားများကဲ့သို့ သီတင်းသုံးတော်မူသည်။သိကြားမင်းသည် မြသားအတိပြီး သော သလွန်တော်ကို မြတ်စွာဘုရားထံသို့ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။ ထိုအခါ ဧရာဝတီမြစ်အရှေ့ဘက် တောအုပ်၌နေထိုင်သော ဘောသော၊ဘော်ကျော်၊ဘောသူရ၊ ဘောရသ၊ညီအစ်ကိုလေးဦးသည် နှမငယ် ယက္ခသာဂီ၊ယက္ခဒါလီတို့အား မပြောဘဲ ကြစုသီး၊ဖန်ခါးသီးများဖြင့် မြတ်စွာဘုရားသခင်အား လှူဒါန်းပူဇော်ကြသည်။မြတ်စွာဘုရားသခင်က ဘီလူးညီနောင်တို့အား မြသားသလွန် တော်ကို ပေးအပ်တော်မူခဲ့သည်။ဘီလူးညီနောင်တို့သည် မိမိတို့နေထိုင်ရာ တောအုပ်တွင် သလွန်တော်ကို ဌာပနာ၍ မြစေတီ ကို တည်ထားကိုးကွယ်ရာ သိကြားမင်းက မြတ်စွာဘုရား မှတ်သားခပ်နှိပ် ဗျာဒိတ်တော်နှင့် မညီသဖြင့် စေတီတော်ကို ဖြိုဖျက်ကာ သလွန်တော်ကို ဆောင်ယူခဲ့သည်။သလွန်တော်အား ဒိဗစက္ခူ၊ ဒိဗသောတ၊ဒိဗဃာနမည်သော ရသေ့ညီနောင်သုံးဦးထံတွင် အပ်နှံထားခဲ့ပေသည်။ […]