မြသဲ ( 17082011 )October 10, 20131min120163
လွန်ခဲ့တဲ့တလလောက်က ဂေဇက်ရွာကြီးတခုလုံးကိုအုန်းအုန်းကြွက်ကြွက်ဖြစ်သွားစေတဲ့ သတင်းတခုဖြစ်သွားပါတယ်။ အဲသတင်းလဲကြားရော ရွာသူ ရွာသားတွေကော၊ ရွာ့သတင်းထောက်တွေဖြစ်တဲ့ စီဂျေတွေရော လှုပ်လှုပ်ရွရွတွေဖြစ်လို့။ ရွာသူရွာသားတွေကလဲ သူ့ထက်ငါသတင်း အတိအကျသိချင်လို့၊ စီဂျေတွေကလဲ သူ့ထက်ငါ သတင်းရဖို့ ကင်မရာတွေ အသံဖမ်းစက်တွေတပြင်ပြင်နဲ့ပေါ့။ သတင်းကတော့ တော်တော်ကိုထူးဆန်းပါတယ်။ ဂေဇက်မြို့ကနေထွက်တဲ့ အပျော်စီးသင်္ဘောကြီး လမ်းမှာ ပြန်ပေးဆွဲခံရတယ်ဆိုတာပါပဲ။ အဲဒီလိုပြန်ပေးဆွဲခံရတာမှာ သင်္ဘောပေါ်မှာပါတဲ့ သင်္ဘောစပါယ်ယာမလေးက ဝန်ထမ်းနဲ့ခရီးသည် ၃၅ဝ တို့ရဲ့အသက်ကို စွန့်စွန့်စားစားကယ်လိုက်တယ်ဆိုတာပါပဲ။ သင်္ဘောပေါ်မှာဖြစ်ခဲ့တဲ့ သတင်းဆိုတော့ ဖုန်းထဲကနေကြားရသလောက်ပဲဆိုတော့ ဖြစ်စဉ်ကိုအတိအကျမသိရတော့ ကုန်းပေါ် ကလူတွေကအရမ်းကိုစိတ်ဝင်စားနေတော့တာပေါ့။ အဲဒါကြောင့်လဲ သင်္ဘောကြီး ဂေဇက်ရွာ ကိုပြန်လည်ဆိုက်ကပ်မဲ့နေ့မှာ တွေ့ဆုံမေးမြန်း အဖြစ်မှန်သိရဖို့ တရွာလုံး စိတ် ဝင်စားနေကြတာပေါ့။ ဒီလိုကြမ်းတမ်းတဲ့ ပြန်ပေးသမားတွေကိုဘယ်လိုများ ဒီလိုအားနွဲ့တဲ့မိန်းကလေးက အံတုလိုက်ပါလိမ့်ပေါ့။ သင်္ဘောကြီးပြန်လာမဲ့မနက်အစောကြီး တရွာလုံး အစောကြီးထ နေရာရဖို့ ဆိပ်ကမ်းကို သူ့ထက်ငါဦးအောင်သွား၊ […]


Hlaing Zar ChiOctober 9, 20131min4390
မကွေးမြို့နယ်မြောက်ဘက်(၈)မိုင်ခန့်အကွာ မကျီးခြေထောက် ကျေးရွာနေ အသက်(၂၈)နှစ်၊သော်တာဝင်းသည် အောက်တိုဘာ (၇)ရက်နေ့ နံနက်(၈)နာရီ အချိန်က နေအိမ်တွင် ပိုးသတ်ဆေးအနံ့များ နံနေ၍ ကိုကျော်ဦးသေဆုံးသူ၏ ယောက်ဖမှ သွားရောက်ကြည့်ခဲ့ရာ သော်တာဝင်းမှာ ပိုးသတ်ဆေးဘူးနှင့်အတူ ငုတ်တုတ် ထိုင်နေကြောင်း တွေ့ရှိရသဖြင့် ကျေးရွာ သားဖွားဆရာမဒေါ်ငြိမ်းငြိမ်းဦးအား ခေါ်ဆောင်၍ ပြသခဲ့ရာ လုံးဝသတိမရတော့သည်ကို တွေ့ရှိရ၍ မကွေး တိုင်း ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ရန် စီစဉ်နေစဉ် သေဆုံးခဲ့သည်ဟု ဆို၏ အဆိုပါအမျိုးသားသေဆုံးမှုနှင့် ပတ်သက်ပြီး ဒေသခံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဦးမှ ရဲစခန်းသို့ ဖုန်းဖြင့် အကြောင်းကြားသဖြင့် သက်ဆိုင်ရာ မကွေးမြို့မရဲစခန်းမှ သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့ရာ အဆိုပါသေဆုံး သူသော်တာဝင်းသည် ပြင်ပ ဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိဘဲ AWBA ကုမဏီထုတ် ဒါနာဒင် (၄၀) (Ec […]


Hlaing Zar ChiOctober 9, 20131min2828
မြို့သစ်မြို့နယ်၊မြို့မရဲစခန်းအရှေ့တောင်ဘက်(၁၂)မိုင်ခန့်အကွာ စည်ပင်သာအုပ်စု စည်ပင်ကျေးရွာတွင် အောက်တိုဘာ(၇)ရက်နေ့ နေ့လည်(၁)နာရီ မိနစ်(၃၀)အချိန်က သားဖြစ်သူမှ ဖခင်ဖြစ်သူအား ဓါးဖြင့်ခုတ်၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါနေ့ နေ့လည်(၁၁)နာရီ(၃၀)မိနစ်ခန့်က စည်ပင်ကျေးရွာအရှေ့ဘက်(၁)မိုင်ခန့်အကွာရှိ မဲသုသာအင်းတွင် တောင်သူလုပ်ကိုင်နေသည့် ဦးဘိုဝင်း အသက်(၅၅)နှစ် မြို့သစ်မြို့နယ်နေသူ၏ယာထဲတွင် ဦးဘိုဝင်းမှ အရက်မူးပြီး ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဝင်းတင် ဆဲဆိုနှိပ်စက်၍ ရန်ပြုနေစဉ် ၎င်း၏သားဖြစ်သူ (၂၂)နှစ် မောင်မောင်ရောက်လာပြီး ဝင်ရောက်ဖြန်ဖြေပေးခဲ့ရာ ဦးဘိုဝင်းမှ ဇနီးအား ပုဂံလုံးဖြင့် ပစ်ပေါက်ပြီး အနောက်တဲပေါ်ရှိ ဓါးမအားယူ၍ ခုတ်ရန်ပြုစဉ် သားဖြစ်သူမောင်မောင်မှ ဖခင်ဦးဘိုဝင်း၏လက်အတွင်းရှိ အရိ်ုးအသွား တစ်တောင့်ထွာခန့် ဗျက်(၂)လက်မ (၂)လက်မခွဲခန့် ဝါးရိုးတပ် ဓါးမအားလုယူ၍ ဖခင်အား ခုတ်ခဲ့ရာ အဆိုပါဖခင်၏ လည်ပင်းဝဲဘက်ခြမ်းတွင် အရိုးထိပြတ်ရှဒဏ်ရာ (၁)ချက်ရရှိပြီး အဆိုပါနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့သည်ဆို၏ မိခင်ဖြစ်သူ ဒေါ်ဝင်းတင်မှ တရားလိုပြုတိုင်တန်းခဲ့ရာ သက်ဆို်င်ရာ […]


DEPARKO DEPARKOOctober 9, 20131min3818
ညီမ လေးရေ သူယုတ်မာတစ်ထောင် ရဲ့ ကဲ့ရဲ့သံစကား မတုန် လှုပ်သွားဘို့လေ့ကျင့် စိတ်အကျင့်ဖြူစင်စေဘို့ သူတော်ကောင်းတစ်ယောက်စကား နားဝမှာ မခါးမိစေ လေနဲ့။ ညီမ လေးရေ မင်းရဲ့ကိုယ်ကျင့်တရား သူမိုက်တွေချီးကျူးစကား သာယာမိမသွားစေနဲ့ ကိုယ်စောင့်နတ်မင်းအနား ခွါသွားမှာမင်းစိုးကြောက်လှည့်။ ညီမ လေးရေ ချီးမွန်းခွန်နှစ် ရက် ကဲ့ရဲ့ ခွန်နှစ် ရက် တစ်သက်လုံးအတွက်မဟုတ် မလိုသူတွေ အပနာမစကားကြား မင်းလျှောက်မဲ့လမ်ခြေလှမ်းမတွန့်စေနဲ့ညီမ လေး။ မိုးဆိုတာ တသက်လုံးမရွာ နေသာတဲ့နေမှာ မင်းခေါင်းမော့လို့ပြုံး အရှုံးမ ပေးနဲ့ညီမ လေး။


ဇီဇီOctober 9, 20132min30335
  စင်ကာပူနိုင်ငံသို့လာရောက်လည်ပတ်ရန်(မြန်မာနိုင်ငံသားများ)အတွက် Visa (ဗီဇာ ပြည်ဝင်ခွင့်)လုပ်ရန်လိုအပ်သည်။ ဗီဇာကို ၂မျိုးလျှောက်ထား နိုင်သည်။ (၁) မြန်မာနိုင်ငံရှိ စင်ကာပူသံရုံးသို့ သွားရောက်လျှောက်ထားခြင်း (၂) အွန်လိုင်းမှလျှောက်ထားခြင်း   (၁) သံရုံးတွင် လူကိုယ်တိုင်သွားရောက်လျှောက်ထားမည်ဆိုလျှင်  (i) သက်တမ်းခြောက်လကျော်ကျန်ရှိသည့် နိုင်ငံကူးလက်မှတ် Passport  (ii) စင်ကာပူနိုင်ငံသား (သို့မဟုတ်) အမြဲတမ်းနေထိုင်ခွင့်ရသူ PR (သို့မဟုတ်) စင်ကာပူနိုင်ငံမှ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ လူပုဂ္ဂိုလ်၏ ခေါ်စာနှင့် I.C (Identification Card) မိတ္တူ (iii) လေယာဉ်လက်မှတ် အသွားအပြန် (နှစ်လ နေမည်ဆိုလျှင် ၃လ လက်မှတ်ဝယ်ပါ၊ လေးငါးရက် နေမည်ဆိုလျှင် နှစ်ပတ်လက်မှတ်ဝယ်ပါ)  (iv) Application Form for a Visa (Form IMM […]


johnnydeerOctober 8, 20131min2685
    ဘယ်လို လူတွေကို လိမ်ရတာ အလွယ်ဆုံးလဲ တဲ့… ရှင်းရှင်းလေးပါ… လောဘကြီးတဲ့ သူတွေကို လိမ်ရတာ အလွယ်ဆုံးပါ တဲ့… ခေါင်းထဲမှာ မွေးကတည်းက ပါလာတာကြီးက စဉ်းစားဖို့ တွေးတောဖို့ ဆင်ခြင်ဖို့ပါ… အရာတစ်ခုဟာ သဘာဝမကျတော့ဘူး…ယုတ္တိမတန်တော့ဘူး ဆိုရင် ကိုယ့် ဦးနှောက်ကို ကိုယ် ALARM ခေါက်လိုက်ပါ…သဘာဝမကျတော့ဘူး…STOP လို့ အကျယ်ကြီး ကိုယ့်ဦးနှောက် အနက်ဆုံးရောက်သွားအောင် အကျယ်ကြီး အော်ပစ်လိုက်ပါ…မရပ်လို့ကတော့ တခါထဲ LITT (လစ်) သွားပါလိမ့်မယ်… အရာတိုင်းမှာ တန်ဖိုးဆိုတာ ရှိပါတယ်….အရာတစ်ခု ဟာ သူ့တန်ဖိုးအောက်ကို တရားလွန်ကျဆင်းနေပြီဆိုရင်တော့ သတိပြုပါတော့…အဲ့ဒီအချိန် အချောင်ရမလား ဆိုတဲ့ မတော်လောဘဝင်မိပြီ ဆိုရင်တော့ သေချာပါပြီ…ကိုယ်ခံရတော့မယ်ဆိုတာ…သူများကို လက်တစ်ချောင်းထိုးတဲ့ အချိန် ကျန်တဲ့ လက်လေးချောင်း ကိုယ့်ဘက်အထိုးခံရသလိုပါပဲ…သူများဆီက တစ်ကျပ်ဖိုးအလကား လိုချင်ရင် […]


ဇီဇီOctober 8, 20133min76434
ကဲဗျာ။ မွန်မွန်လေးက အသားအရေအတွက် ရော စားဖို့ရော တပြိုင်နက် လုပ်ချင်လို့တဲ့။ 😀 အဲဒါ ဟိုရှာ ဒီရှာနဲ့ ရှာလိုက်တာ။ ကိုယ်တိုင်ရေးရင် မပြည့်စုံမှာစိုးလို့။   ~~~~~~~~~~~~~~~~~~   A) အသားအရေကို​လှပစေသော သစ်သီးများ အသားအရေ လှပချောမွေ့ဖို့အတွက် အချို့သောသီးနှံများဟာ အထောက်အကူများစွာ ဖြစ်စေနိုင်ပါတယ်… သဘာဝအသီးအနှံတွေနဲ့ ပြုပြင်ထုတ်လုပ်ထားတဲ့ အလှပြုပြင်ထိန်းသိမ်းရေး (skin care products) တွေလည်း မြောက်များစွာ ရှိတာကို တွေ့ရမှာပါနော်… ဒါကြောင့် မိမိအနီးအနားမှာ ရှိနေတတ်တဲ့ အသီးအနှံတွေဟာ မိမိရဲ့ အရေပြားကို သန့်စင်လှပ ဝင်းမွတ်ဖြူစင်ဖို့အတွက် ဈေးကြီးပေးစရာမလိုတဲ့ အလှပြုပြင်ရေးပစ္စည်းများ ဖြစ်နေပါတယ်.. ဒါကြောင့် ဘယ်လိုအသီးအနှံက ဘယ်လို အစွမ်းထက်တယ်ဆိုတာ ရှာဖွေ ဖတ်မိတာလေးကို ပျိုမေတို့ အကျိုးရှိစွာအသုံးချဖို့ ပြန်လည်ဝေမျှပါမယ်ရှင်။ သင်္ဘောသီး […]


alinsettOctober 8, 20132min3088
ကမာ္ဘ လောကကြီးမှာ လူတွေဟာ ရယ်စရာ ကြုံရင် ရယ်မော တတ်ကြပါတယ်။ “ရယ်ရင် အသက်ရှည်တယ်” လို့လည်း ဆိုထားတယ် မဟုတ်လား။ He, who Laughs, Lasts လို့ အင်္ဂလိပ်ဘာသာ စကားမှာ ရှိတယ်လေ။ “စိတ်ပျိုရင် ကိုယ်နု” ဆိုတဲ့ မြန်မာစကား ကလည်း လူတွေ စိတ်ပျော်ရွှင် လန်းဆန်းအောင် နေတတ်ဖို့ အားပေးနေတယ်။ “စိတ်ထောင်းကိုယ်ကြေ” ဆိုရင်တော့ ဘဝက သက်သာလှမယ် …မထင်ပါဘူး။ ငရုတ်သီး ကိုသာ ထောင်းပြီး၊ စိတ်ကို မထု မထောင်းမိအောင် ကြိုးစား နေထိုင် တတ်ဖို့တော့ လိုမယ်နော်။ ဘုရားရှင် တိုင်းရဲ့ အဆုံးအမ စကားကလည်း စိတ်ကို သန့်စင်အောင်၊ ကြည်လင်အောင်၊ လန်းဆန်းအောင်၊ ရွှင်ပျနေအောင် ထားတတ်ဖို့ […]


DEPARKO DEPARKOOctober 7, 20131min3448
မိုးကျရွှေကိုများ ဒီနေ့ တပ်မတော်ခေါင်းဆောင်တွေကိုပုတ်ခတ် ပြောဆိုနေသူတွေသုံးတဲ့အသုံးအနှုန်းပါ။ အမှန်မြင်အောင်ကြည့်တတ်ဘို့လည်းလိုပါတယ်။ ကျွန်တော်ဟာ တပ်မတော်သား အခြားအဆင့်ပါ အရာရှိမဟုတ်ပါဘူး ။တပ်မတော်ထဲမှာ ကောင်းတဲ့အရာရှိ တွေ ရှိသလို မတစ်ထောင်သားတွေနဲ့ ဖွဲ့စည်းထားလေတော့ ဆိုးတဲ့အရာရှိတွေလည်းရှိကြပါတယ်။ အားလုံးတော့ ဘယ်အရာမဆို စင်းလုံးမချောနိုင်ပါဘူး အများစု အနည်းစု ဆိုတာနဲ့ဘဲ တိုင်းတာပြီး ခြုံငုံပြောမှရနိုင်ပါမယ်။ ကျွန်တော်တာဝန်ထမ်းဆောင်တဲ့ တပ်မတော်(ရေ)မှာလည်း ထိုနည်းတူပါဘဲ။ တပ်မတော်မှ အငြိမ်းစားသွားတဲ့အရာရှိကြီးများကို ဖက်ရမ်းနှုတ်ဆက် ငိုယိုပြီး ရဲဘော်တွေရဲ့ မေတ္တာခံယူသွားသူ အရာရှိကြီးတွေအများကြီးပါ။ ဗိုလ်ချုပ်တွေလည်းပါပါတယ်။ မောရဝတီ ရေတပ်စခန်းဌာနချုပ်မှူးနဲ့ အမှတ်(၂) ဗျူဟာ စစ်ရေယာဉ်မှူးကြီးတွေတပ်မတော်က အနားယူ စဉ်က ရဲဘော်တွေမျက်ရည်လည်ရွဲနဲ့ နှုတ်ဆက်ခြင်းခံရသူတွေမို့ ကျွန်တော် တစ်သက်မမေ့နိုင်တဲ့မြင်ကွင်းတွေပါ။ အများစုကတော့ စစ်ပညာသင်ကြားတဲ့ကျောင်းမှန်သမျှဟာ ယောက်ကျားကောင်း ယောက်ကျားမြတ်ဖြစ်အောင် တာဝန်သိ မျိုးချစ်စိတ်ရှိပြီး တိုင်းပြည်ကိုကာကွယ်နိုင်မည့် ကြံ့ခိုင်တဲ့ စစ်သားကောင်းတစ်ယောက်ဖြစ်အောင် […]


Hlaing Zar ChiOctober 6, 20131min2664
Normal 0 false false false EN-US X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-fareast-font-family:”Times New Roman”; mso-fareast-theme-font:minor-fareast; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;} မကွေးမြို့နယ်တွင် ကျေင်းဆောင်သစ် (၃)ဆောင် လွှဲပြောင်းပေးအပ်ပွဲကျင်းပ        မကွေးမြို့နယ်၊လင့်မြင့်ကျေးရွာအုပ်စု၊လက်ဆည်ကန်ကျေးရွာရှိ အမှတ်(၁၁၁)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် အောက်တိုဘာ(၃)ရက်နေ့ နံနက်(၉)နာရီ(၃၀)မိနစ်ချိန်က လက်ဆည်ကန်ကျေးရွာ […]


DEPARKO DEPARKOOctober 4, 20131min3648
ဒီနေ့ တပ်မ တော်ဆိုတာဟာ ရန်သူနဲ့ တိုက်ပွဲ ဝင်နေတဲ့အချိန် မိုင်းကွင်းကိုလည်း လိုအပ် လာရင် နင်းရဲရမယ် သတ်ကွင်းမှာလည်း ရင် ဖွင့်တက် ရဲရမယ် အမိန့်နာခံမှုဆိုတာ ရဲဘော် တက် ဆိုတဲ့အချိန် ဟာဆရာကြီးကလည်း ရှေ့မှာမိုင်းကွင်းတက် ရင်ပြတ်သွားမှာပေါ့ ဆိုတဲ့စစ်သည်မျိုး ရင် ဆိုင် ကုန်းမှာ ရဲဘော်တက် ဟာဗိုလ်ကြီးကလည်း ရှေ့မှာပစ်နေတာ တက် ရင်သေမှာပေါ့ ဆိုတဲ့စစ်သည်တွေ နဲ့ စစ်တိုက်လို့ မရပါဘူး တိုက်ပွဲအောင်နိုင် ဘို့ လိုအပ် ရင် စ တေးရပါတယ် ဒီလိုစ တေးလိုက်ရလို့ အနိုင် ရတဲ့အ ပေါ် ပျော်မြူးနေမယ်လို့ ထင် ရင် မှားလိမ့်မ ပေါ့ ဆုံးရှုံးသွားရသူတွေ အတွက် ရင် နဲ့အမျှ အမိန့်ပေးသူတွေ […]


DEPARKO DEPARKOOctober 3, 20131min3284
အာဏာဆိုတဲ့အရာ မြန်မာတွေလက်စောင်းထက်စဉ်ကပေါ့ အယုဒ္ဒယကိုသိမ်း ဝါးရင်းဒုတ်ယိမ်းအကနဲ့ တစ်မြို့လုံးကိုချေ တစ်ပြည်လုံးကိုသိမ်း စစ်ဦးဘီလူးပေါ့ ဘယ်သူတွေမှားလို့ ဘယ်သူမှန် သူ့မြို့တော်ရန်အေးရအောင် အရှေ့ဘက်ကိုရှောင်လို့ ဘန်ကောက်လို့ အမည်တွင်ပြန်သတဲ့။ အာဏာဆိုတဲ့အရာ မြန်မာတွေဘုန်းမီးတောက်စဉ်က ပန်းဝါ မဏိပူရ လက်ဆောင်ပဏ္ဍာခစေသမို့ ကညာပျိုမဆက်သေး ခပ်ဝေးဝေးနေရင်လ မြို့တွေပြာကျရအောင် ဘုရင့်နာင်ကြံသေး။ အာဏာကိုမက် ရိုင်းလိုက်တဲ့အမည်းစက် ပြည်မပျက်ရုံပ ကနောင်ကိုလုပ်ကြံညမှာ မြန်မာ့သွေးတွေရေလိုဖြန်းတာပါ့ နန်းရင်ပြင်ဆေးနီသုတ်တဲ့ဘေး။ အာဏာအတွက် သွေးမထွက်တဲ့နန်းမျိုးဆက် ဝါးရင်းဒုတ်နဲ့ချော့သိပ်ညမှာ သီပေါမင်းသား ဘုရင်ရအောင်ပေါ့ မျိုးဆက်ပြတ်ဆေး။ အာဏာတဲ့ အာဏာ ပန်းကွက်သားမှာမို့ လူသတ်ရတယ် မြန်မာတွေထီးဘုံနန်းပျောက်စဉ်ကလည်း ကုလားဖြူဘုရား အတွင်တွင်ခေါ်လို့ နေရာယူအုပ်ချုပ်သူရာထူး သူရူးအသွင် အလိုတော်ရိများရယ်က နှိပ်စက်ခံပြည်သူတွေထကြွ တော်လှန်ကာ နိုင်ငံလွတ်လပ်ပြန်လည်း အယူမမှန်တယူသန်များရန်ကြောင့် နိုင်ငံမှာချွတ်ချုံကျရတယ် သေနတ်သံမဆဲနီုင်သေး။ အာဏာတဲ့ အာဏာ သူ့ပါဝါမသေးတာမို့ လူ့အလိုနတ်မလိုက်နိုင်ဘု အာဏာလိုသူ […]


ဦး ၾကိမ္October 2, 20131min2272
ကော့မှာလည်းနံပါတ် တွေရှိသေးတယ်…….မှတ်မိတာက B6.N7 တို့ပါ…ဒီနံပါတ်တွေကပိုပြီး အာနိသင်ကောင်းတယ်၊ပိုပြီးထိတယ်၊ပိုပြီးတက်တယ်၊ပိုပြီးလာတယ်ပေါ့….အရက်စကားနဲ့ပြောရင်ပစ္စည်းကောင်းတယ် ကြာကြာမူးတယ်ပေါ့……။ဆေးခြောက်နဲ့ နှစ်ပင်လိမ်တာရှိသေးတယ်…ကော့ နဲ့ ဖန် တစ်ခုခုချ ပြီးဆေးခြောက်ရှုတာပါ…ကြိုက်တဲ့သူတွေကတော့ ရှယ်ပေါ့ဗျာ…ကျနော်ကျ မှဘာဖြစ်လည်းမသိဘူး ကော့ဖြစ်ဖြစ် ဖန်ဖြစ်ဖြစ်ချပြီး ဆေးခြောက်ရှု ရင်အရင်ချထားတဲ့ဖီးလ် ဘယ်ရောက်သွားမှန်းမသိတော့ဘူး…..ဒါကြောင့်နှစ်ခါ သုံးခါ စမ်းပြီးကထဲကနောက်ဘယ်တော့မှဖန်နဲ့ဆေးခြောက် ကော့နဲ့ဆေးခြောက် ကိုတွဲမချဖြစ်တော့ဘူး……။ရန်ကုန်ကျောင်းသွားတက်တဲ့သူငယ်ချင်းတွေပြန်လာရင် BPI ကခိုးရောင်းခိုးဝယ်လာတဲ့ ကော့(ပေါင်ပုလင်း) တွေနဲ့ကိုသယ်လာတာ အဲ့ဒီရက်တွေဆိုရင်တော့အကြိုက်ပေါ့….အဝပေါ့ ။အစိုးရဆေးဆိုင်ကနေလည်း ကော့တွေကိုထုတ်ပေးတယ်..ထုတ်ဈေးနဲ့ပေါ့..ထုတ်ပြီးပြန်ရောင်းတဲ့သူတွေဆီကနေ၁၂ကျပ် ၁၃ကျပ်အထိချ လိုက်ရသေးတယ်….နောင်တော့မရတော့ပါဘူး..သုံးစွဲသူတွေများလာတော့ အရောင်းသွက်ကုန်ပစ္စည်းတစ်ခုလို စီးပွားရေးသမားတွေကအစိုးရဆေးဆိုင်တွေနဲ့ ပေါင်းပြီးဆော်ကုန်တာပေါ့ ဒီမှာအထိနာတာကဆေးသမားတွေလေ….မချ ရမနေနိူင် ဆိုတော့ သူတို့ပါးစပ်ကပြောသမျှ ဆိုသမျှ ဈေးနဲ့ တန်သည် မတန်သည်မစဉ်းစားနိူင် ဝယ်ကြရ ကိုယ့်ပိုက်ဆံနဲ့ကိုယ်အောက်ကျခံရ ….ရောင်းပေးတာပဲသူတို့ကိုကျေးဇူးတင်ရ…တစ်ခါတစ်ခါဆို သိက္ခာတွေပါအပိုပေးခဲ့ရတဲ့ နေ့တွေတောင်ရှိလာခဲ့ ရတယ်….။နောက်ပိုင်း့အဖမ်းအဆီးတွေ ရှိလာတော့….ပိုပိုဆိုးလာတော့တယ်..ပစ္စည်းတွေရော နှောပြီး(အင်)ထုတော့တာပါပဲ…ဆေးသမားတွေကတော့မခွဲခြားနိူင်တော့ဘူး….ရရာပဲချရတာပေါ့….လေပစ်ကလည်းတရိပ်ရိပ်တက်ဆိုတော့ အရင်တစ်မတ်ဆို အခုငါးမူး၊အရင်ငါးမူးဆိုအခုသုံးမတ်၊ တစ်ကျပ်တွေဖြစ်ကုန်ရော…ပိုက်ဆံတတ်နိူင်သူတွေကတော့လေပစ်ကိုစွတ်တက်ပြစ်တာ….ပိုက်ဆံကိုဘုန်းဘောလအောမသုံးနိူင် သူတွေကလေပစ်ကိုသူများတက်တိုင်းလိုက်တက်လို့မဖြစ်ဖူးလေ…လေပစ်ကတက်ပြီးရင်ချမရတော့ဘူး….အရက်ကို တစ်ရာဖိုးသောက်သူကငါးဆယ်ဖိုးပဲသောက်ရင်မမူးတော့သလိုဖြစ်ရော…။ […]