johnnydeerOctober 1, 20131min3237
(((ကဲ…ရွာက အမျိုးတွေလဲ မတွေ့တာတောင် ကြာလှပေါ့….စာကလဲ မရေးရတာကြာတော့ ဘာရေးရမှန်းတောင် မသိတော့ဘူး…ထူးပါဘူး…ရေးစရာ မရှိ ကိုယ့် အကြောင်းကိုယ်ပဲ ရေးတော့မယ်…)))   ဂျော်နီ ဒီးယား က ဘယ်လို ဖြစ်တည်လာသလဲ ဆိုတော့  ကျွန်တော် G Mail အကောင့်  စ  ဖောက်တော့ ဟိုနာမည်နဲ့ လုပ်မရ…ဒီနာမည် နဲ့လဲ လုပ်မရ နဲ့…အဲ့ဒါနဲ့ မင်းသား ဂျော်နီဒိပ် ကို စိတ်ထဲ သွားသတိရလိုက်တယ်…အင်း…ဒီနာမည်နဲ့လဲ ရမှာမဟုတ်ဘူး..နည်းနည်းတော့ ပြင်လိုက်ပါဦးမယ်လေ ဆိုပြီး နောက်ဆုံးစာလုံးလေး P လေးကို  R လို့ ပြောင်း ပြင်လိုက်မှ G Mail အကောင့် ဆိုက်ဆိုက် မြိုက်မြိုက် ရသွားပါရော…ဒီလို ဒီပုံ နဲ့ သမင်ကလေး ဂျော်နီ ဖြစ်လာပါတော့တယ်…. […]


ဦး ၾကိမ္September 30, 20131min56314
လောဘကျွန် ဒေါသကျွန် မောဟကျွန်…….ဘာကျွန်ဖြစ်ဖြစ်…ကျွန်ဖြစ်ရတာမကောင်းမှာကကခပ်များများ ချွင်းချက်တော့ရှိသဗျာ…ဘုရားကျောင်းကန်ဝေယျာဝစ္စ၊ကျွန် ၊ သာသနာ့ဝေယျာဝစ္စကျွန် ကိုတော့ နောင်ဘဝ ကံကောင်းထောက်မစွာ..လူမျ ား ဖြစ်ခဲ့ရင်တော့ အူဝဲဆိုကထဲက သာသနာဘောင်ထဲရောက်ပါစေသစ္စာဆိုမိတယ်…ပိုပို သာသာလေး ပြောမှ တော်ယုံမကျ တဲ့ခေတ် မို့ပါ…..။ ဖြစ်ခဲ့ ရတဲ့ကျွန်တွေက မျ ားတော့….ဘယ်ကျွန်အကြောင်းစရေးရမယ်ဆိုတာကိုယ့်ဖာသာတောင်ဇဝေဇဝါ ဖြစ်မိတယ်…ဟိုမရောက် ဒီမရောက်ဘဝထဲမှာကျင်လည်ခဲ့ရတာမို့ ကောင်းတာကနည်းနည်းပါ ဗိုလ်ကြီးအဆင့်လည်းမဟုတ်ရိုးရိုးတပ်သားလဲမကျ……. စာအရေးအသားကလည်းမညက်ညောဆိုတော့သည်းခံပြီးဖတ်ပေးဗျ ာ…ကျနော်ဖြစ်ခဲ့ရတဲ့(ဆေး)သမားကျွန်ပါ….ဆေးသမားဖြစ်ဖို့ကပိုက်ဆံရှိမှ၊ အပေါင်းအသင်းကောင်းမှ ၊ဒါမှမဟုတ်ရင် ဆေးအရောင်းအဝယ်လုပ်တတ်ကိုင်တတ်မှ။ ဒါမှ ရေရွှင်မယ်  ရေ ရွှင်မှဆေးချ ရမယ် ဆေးသမားဘဝခံယူနိူင်မယ်…. ဆေးလိပ်သောက်တိုင်းဆေးသမားမဖြစ်ပေမဲ့ ဆေးသမား ၈၀% ကတော့ဆေးလိပ်စမ်းသောက်ရင်း ဆေးသမားဘဝ ဆေးသမားဘွဲ့ကိုခံယူသွားကြတာပါ…။ ကျနော်ဆေးနဲ့ စရင်းနှီးဖူးတာက ဗီလီယမ် ဖိုက်ကနေစတာပါပဲ….ဗီလီယမ်တန်း ပြီးတော့ဆေးခြောက်ပေါ့…ဆေးခြောက်ကိုတော့ နာမည်အမျူ ိးမျူ ိးခေါ်ကြတယ် ဆရာကြီး၊ မုတ် ၊ဂန်ဂျာ ၊ခုတ်မေး […]


တညင္သားSeptember 29, 20131min55121
  နိင်ငံရေး လူမှူ့ရေးတွေမှာ အမှားလုပ် မိ/ခဲ့ရင် တောင်းပန်တယ် ကျေးအေးတယ် ဆိုတာ လူ့ယဉ်ကျေးတွေရဲ့ လုပ်ရပ်လို့ ဆိုလေတော့… ကျွန်တော်ကလဲ ရွာလူကြီး လူလတ် ၊ လူငယ် ၊ အပျိုကြီး ၊အပြိုလေး ဟာဂျာ..ဟာဂျာ…..   အားလုံးကို တားတား မသိတဲ့ အမှားများ လုပ်မိ/ခဲ့ ရင် တောင်းပန်ပါတယ်နော်… ခုတလော ရွာမှာ နဲနဲလေး ဆူညံသံလေး ကြားနေမိတယ်..ရွာအတွက်  အကျိုးပြု ဆူညံသံလို့ပဲ ထင်မိပါတယ် ရွာလူကြီးတွေလဲ ရွာကြီးစည်ကားရေးအတွက် ခေါင်းတိုက်ဆွေးနွေးနေလေရဲ့..ဂဇတ် ဥပဓေ ကိုပြင်မှရမယ် သဂျီးက ပွင့်လင်းမြင်သာမှု့မရှိဘူး လူသစ်တွေကိုနေရာပေးရမယ် အမျိုးသမီး အခွင့်အရေး..အို စုံလို့စုံလို အဲဒီအထဲမှာမှ တားတားက ဘယ်နေရာမှ မကူညီနိင်တော့ စိတ်မကောင်းဖြစ်မိတယ်.. ရွာကြီးအနှောက်ယှက်တွေကင်းဖို့ ရွာကြီးစည်ကားဖို့ တားတား တက်နိင်တဲ့ဘက်ကနေ […]


manawphyulaySeptember 28, 20131min4128
ကျွန်မ ခုတစ်လော မှန်တာပြောရရင် ဒီရက်ပိုင်းမှာ အလုပ်တွေ များပြီး အပြင်သင်တန်းတွေတက်နဲ့ဆိုတော့ အရမ်းပင်ပန်းပြီး စာရေးချင်စိတ် လုံးဝ မရှိဘူး။ ရေးချင်စိတ်မရှိတဲ့အချိန်မှာ ဖြစ်ညှစ်ရေးရင် ဝတ်ကျေတန်းကျေတွေ ဖြစ်ပြီး ကိုယ်ပြောချင်တဲ့အကြောင်းအရာတွေလည်း ထိထိရောက်ရောက်မရှိမှာ အရမ်းစိုးရိမ်တဲ့အတွက်ကြောင့် သိပ်မရေးဖြစ် တာပါ။ ကျွန်မအနေနဲ့ ခံယူထားတာကတော့ စာရေးတဲ့အခါ စာရေးသူဘက်ကနေ မရေးပဲ စာဖတ်သူအနေဖြင့်သာ ရေးချင်ပါတယ်။ နောက်ပြီး သိသမျှကို ဝေမျှခြင်းဟာ ကိုယ့်အတွက်ကော သူများအတွက်ကော ပိုမိုအကျိုးရှိစေပါတယ်။ အများအားဖြင့် အကြောင်းက ခုခေတ် လူငယ်လေးတွေ ကျောင်းပြီး ဘွဲ့ရလို့ တစ်ချို့ အလုပ်အကိုင်နဲ့ ဖြစ်သွားကြတဲ့ သူတွေရှိသလို၊ တစ်ချို့ကျတော့လည်း အလုပ်မရသေးတော့ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ လက်ဖက်ရည်ဆိုင် ထိုင်၊ အင်တာနက်ဆိုင်ဝင်၊ ချက်တင်တက် ဒါတွေအပြင် ခုနောက်ပိုင်း ပိုဆိုးတာက လမ်းဘေးအရက်ဆိုင်၊ […]


စဆရ ႀကီးSeptember 28, 20131min47817
“တောက်” အသံတော်တော်ကျယ်သွားသည်ထင့်။ အရှေ့ခုံမှ စာရေးမမှ ကိုရင်စိုင်းကို နားမလည်သည့် အမူအရာဖြင့် လှည့်ကြည့်သည်။ ခုလေးတင် စက်ရုံမှူးရုံးခန်းမသွားခင်ကမှ ပြုံးပြုံးရွှင်ရွှင် အားတက်သရောဖြင့် ထွက်သွားပြီး ပြန်လာသောအခါ ဖိုင်ကိုလဲ အသံကျယ်ကျယ်ပစ်ချလိုက်ပြီး တောက်ခေါက်သံလဲကြားသဖြင့် အထူးအဆန်းအနေနှင့် လှည့်ကြည့်ခြင်းဖြစ်သည်။ ကိုရင်စိုင်းမျက်နှာမှ မကျေနပ်ခြင်းများကို မြင်သွားသဖြင့်လော၊ ဒေါသများကို သိသွားသဖြင့်လောမသိ ဇက်လေးပုပြီး ပြန်လှည့်သွားလေ၏။ ရုံးခန်းတစ်ခုလုံးကား တိတ်ဆိတ်ငြိမ်သက်ခြင်းများဖြင့် အေးစက်သွားတော့သည်။ ခုံလေးတစ်ချက်ရွှေ့လိုက်သည်သော်မျှ မိုးခြိမ်းသံအလားထင်ရအောင်ပင်။ ကိုရင်စိုင်းတစ်ယောက်လဲ အံဆွဲထဲမှ Vegas ဗူးကိုထုတ်လိုက်ပြီး ဒေါသကြောင့် တုန်ရင်နေသည့် လက်ဖြင့် နှုတ်ခမ်းဖျားတွင် တပ်လိုက်ပြီး မီးခြစ်ကို ထောက်ကနဲမြည်အောင်ခြစ်လိုက်ပြီး ခပ်ပြင်းပြင်းတစ်ရှိုက်ရှိုက်လိုက်သည့်တစ်ခဏ နှုတ်ခမ်းမှ မီးခိုးလုံးတစ်ဆုပ်ကို အားပါးတရမှုတ်ထုတ်လိုက်ပြီးနောက် မီးခိုးငွေ့များ လွင့်ပါးသွားရာသို့ အတွေးများကို ရွက်လွှင့်မိပြန်သည်။ ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ မတရားဘူး။ အတော်လေးကို မတရားဘူးဟုထင်မိသည်။ ကိုရင်စိုင်းအပေါ်တွင်တော့မဟုတ်၊ […]


Kyi LwinSeptember 27, 20131min2054
သီတဂူဆရာတော်ကြီးရဲ့ အလွန်ဖတ်သင့်သော Note လေးပါ ================================== ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော သီတဂူဆရာတော်ကြီးရဲ့ အလွန်ဖတ်သင့်သော Note လေးပါ ……။ ♠ အဆုံးထိဖတ်ဖြစ်အောင်ဖတ်ပေးကြပါ။ ————————————————————————————– ” အပြင်ကမာ္ဘကြီးရဲ ့ငြိမ်းချမ်းရေးကို ခဏထားစမ်းပါ … အတွင်းကမာ္ဘ Inidividual World တစ်ယောက်ဆီ တစ်ယောက်ဆီနဲ့ ဆိုင်တဲ့ကမာ္ဘရဲ ့ငြိမ်းချမ်းရေးကို အရင်လုပ် ….. ( သီတဂူဆရာတော်ကြီး ) မကြာခင်ကလေးက အိန္ဒိယပြည်ကြီးရဲ ့မြောက်ဘက် ကက်ရှ်မီးယားရဲ ့အရှေ့မြောက် လာဒက်က ပြန်လာတယ်။ လာဒက်မှာ ဘုန်းကြီးတရားဟောတယ်။ Buddhist Centre ဆိုပြီးတော့ ဗုဒ္ဓဘာသာအဖွဲ ့ရဲ ့ဌာနချုပ်မြို ့လယ်ခေါင်မှာဖွင့်ထားတယ်။ တစ်မြို ့လုံး ပိုစတာ ထောင်ပြီးတော့ ကြော်ငြာလိုက်တော့ ဗုဒ္ဓဘာသာဝင်ရော ၊ ခရစ်ယာန်စတဲ့ […]


Kyi LwinSeptember 27, 20131min2333
မင်္ဂလာပါ မန်းဂေဇက်ရွာ။ အခုလည်းဖတ်စေချင်တာလေးကူးပေးရပြန်သပေါ့။ ဖတ်ပြီးသားလူတွေရှိလည်းခွင့်လွှတ်တော်မူကြပေရော့။ ကြည်လွင် ရန်ကုန်မြိုံ။   မြန်မာနိုင်ငံနဲ့စစ်တပ်အာဏာသိမ်း။ ဆရာကြီးဦးဝင်းတင်ရဲ့ ခေတ်စကားအစီအစဉ်မှာ အခုတပတ် “မြန်မာနိုင်ငံနဲ့ စစ်တပ် အာဏာသိမ်း” တဲ့ကိစ္စအကြောင်း စုစည်းတင် ပြထားတာကို RFA မှတဆင့် ကူးယူဖော်ပြပေးလိုက်ပါတယ်။ ဒီအပတ်တော့ ၁၉၈၈ တုန်းက အာဏာသိမ်းတဲ့ကိစ္စကို ပြော ချင်တယ်ဗျ။ အခု ကျနော်တို့တိုင်းပြည်မှာ အာဏာသိမ်းတဲ့ ရက်ပိုင်းကို ရောက်တဲ့အချိန်မှာ ဦးသိန်းစိန်ဘက်ကနေပြီးတော့ သမ္မတဘက်က နေပြီးတော့ လှုပ်လှုပ်ရှားရှားလုပ်လာတာတွေရှိတယ်ဗျ။ ဥပမာဆိုပါ တော့ ဒေါ်စုကိုတွေ့တယ် ဟိုရက်တွေတုန်းက၊ တခါ ဒေါ်စုနဲ့ထပ်ပြီး တော့ ဒီရက်အတွင်းမှာတွေ့ပြန်တယ်။ နောက်တခါ ရှစ်လေးလုံး ကျောင်းသားတွေ မင်းကိုနိုင်တို့ ကိုကိုကြီးတို့စသည်ဖြင့်ပေါ့ဗျာ ဒီလူ တွေကိုလည်း ခေါ်ပြီးတော့တွေ့တယ်။ ဆိုလိုတာက ဘာလည်းဆိုတော့ ဒီကိစ္စတွေကလုပ်တာက တိုက်ဆိုင်နေတာလား၊ […]


nicolus agralSeptember 26, 20131min3577
ငယ်ငယ်တုန်းကတော့ တစ်ခုခု အထူးတဆန်းတွေ့ရင် အနားရှိတဲ့သူကို လက်ကလေးတို့ပြီး ဟိုမှာကြည့်စမ်းပါဦး သည်မှာကြည့်စမ်းပါဦးနဲ့ ခေါ်ခေါ်ပြရတာ အမောပါ။ လူကြီးတွေက တောကျရန်ကောဆိုပြီး ဟန့်ဟန့်ထားလို့သာ နေရတယ်။ လူကတော့ အထူးအဆန်းတွေ့ရင် ကိုယ့်ဘာသာ အသာကြည့်မနေပဲ သူများတွေ မမြင်သေးဘူးထင်ပြီး အော်ကြီးဟစ်ကျယ် လက်ညှိုးထိုးတတ်တာ အကျင့်ကိုပါလို့။ အရွယ်ကလေးရလာတော့မှ အိုက်တင်ကလေးခံတတ်လာပြီး “ဪ ဒါလေးများ” လို့ သိပြီးချင်ယောင်ဆောင်တတ်လာတယ်။ စိတ်ထဲက တအံ့တဩဖြစ်လည်း မှင်နဲ့မောင်းနဲ့ မသိသလို နေတတ်သွားပြီ လို့ထင်ခဲ့တာ။ ခုတစ်ခေါက် ဂျပန်ရောက်တော့မှ အဲဒီရောဂါက သူငယ်နာ မစင်သေးမှန်း သတိထားမိလာပါတယ်။ အနားဘယ်သူမှ မရှိလို့ ကိုယ့်ဗမာအချင်းချင်းပဲ ရှိရင် မေရီချက်ပမန်စကူးက ကလေးလေးတွေ အတန်းထဲ ဧည့်သည်လာလို့ လက်ဟန်ခြေဟန်နဲ့ အတင်းပြောသလို လက်ညှိုးတထိုးထိုးနဲ့ အတင်းတုတ်ကြပါတယ်။ အတူတူလာတဲ့သူချင်းမို့ အံ့ဩတာချင်းလည်း တူတူပါပဲ။ […]


Kyi LwinSeptember 26, 20131min2494
မင်္ဂလာပါ ။ မန်းဂေဇက် ရွာသူကြီးနဲ့တကွရွာသားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြမယ်ထင်ပါတယ်။ ခုတလောတော့ စာရေးစရာလေးတွေ တွေ့နေပေမင့် မရေးနိုင်တာကြောင့် ဖတ်စေချင်တာလေး ကူးပေးရပြန်တယ်။ ကျန်းမာကြပါစေရှင်။ ကြည်လွင် ရန်ကုန်မြို့။   “စင်ပေါ်ရောက်လာတဲ့ ဟွာဟွေး” ကုမ္ပဏီကို ပေးထားသော အမည်ကပင် သံသယရှိချင် စရာ။ ဟွာဟွေးဆိုသည်မှာ တရုတ်၏လက်ချက်- Chinese Actionဟု ဆိုလိုသည်။ ၎င်းမှထုတ်လုပ်လိုက်သော တယ်လီဖုန်းကိုသုံးစွဲ သူများထံမှ လည်းကောင်း၊ ကြေးနန်းဆက်သွယ်ရေး ကွန်ရက်မှ လည်းကောင်း အချက်အလက်များ ကို တိတ်တဆိတ် ထောက်လှမ်းရ ယူနေသည်ဟု စွပ်စွဲချက်များ ရှိနေသည်။ အမေရိကန် လွှတ်တော် ထောက်လှမ်းရေး ကော်မတီက ဟွာဟွေးထုတ် ကိရိယာများကို အရေးကြီးသော ဆက်သွယ်ရေး ကွန်ရက်တွင် အသုံးမပြုရန် သတိ ပေးထားသည်။ သမ္မတ […]


weiweiSeptember 25, 20131min52519
ကျွန်မနှင့် စာတမ်းဖတ်ပွဲတစ်ခု ကျွန်မ ရွာထဲမှာ ပျောက်နေတဲ့ အကြောင်းရင်းတွေထဲမှာ စာတမ်းဖတ်ပွဲတွေလဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ စိတ်ဝင်စားလွန်းလို့မဟုတ်ပဲ တာဝန်အရ နားထောင်ခဲ့ရတဲ့ အများကြီးထဲမှာမှ မှတ်မှတ်ရရဖြစ်နေခဲ့တဲ့ တစ်ခုကို ပြန်လည်မျှဝေလိုက်ချင်ပါတယ်။ ရွာသူားတွေကို ပြန်လည်မျှဝေပေးချင်တဲ့ စိတ်နဲ့ (အိပ်မငိုက်အောင်ကြိုးစားပြီး) သေချာနားထောင်ဖြစ်ခဲ့ပေမယ့် ပြန်ပြောရလောက်အောင် စိတ်ဝင်စားရတဲ့အကြောင်းအရာက တော်တော်ရှားပါတယ်။ ထုံးစံအတိုင်း စာတမ်းဖတ်သူက စင်ပေါ်တက်ပြီးဖတ်၊ နားထောင်တဲ့သူတွေက မေးချင်တာမေး၊ ဖြေတဲ့သူကလဲ ဖြေချင်ရာဖြေပြီး နောက်ဆုံးမှာ မရေမရာနဲ့ပဲ အဆုံးသတ်သွားတာများပါတယ်။ ဒါပေမယ့် လုံးဝထင်မှတ်မထားတဲ့ ခေါင်းစဉ်တစ်ခုမှာတော့ ကျွန်မ အရမ်းကို ကျေနပ်ပြီး စိတ်လှုပ်ရှားခဲ့ရပါတယ်။ ယခုခေတ်နဲ့လဲ ကိုက်ညီတဲ့စာတမ်းတစ်ခုကို ဖတ်သွားခဲ့တဲ့ ဥပဒေဝန်ထမ်းတစ်ဦးကို စိတ်ထဲမှာ စွဲနေခဲ့တယ်။ ကျွန်မက တစ်ဆင့်ပြန်လည်ရေးပြတာဖြစ်လို့ အချိန်အားဖြင့်လဲ တစ်လနီးပါးကြာခဲ့ပြီဖြစ်တဲ့အတွက် အသေးစိတ် မမှတ်မိတော့ပါဘူး။ ဒါပေမယ့် စာဖတ်သူတွေအားလုံး နားလည်အောင် […]


ဇီဇီSeptember 25, 20131min30057
လေယာဉ်ပေါ်မှာဝေတဲ့ အဖြူရောင်ကတ်ပြားလေး (သို့မဟုတ်) White Card ခေါ် (Disembarkation / Embarkation) DE Card အကြောင်း White Card (ဝှိုက်ကတ်) ဆိုသည်မှာ ပြည်ပသို့သွားရောက်တိုင်း အဆိုပါ နိုင်ငံသား (သို့မဟုတ်) နေထိုင်လုပ်ကိုင်နေသူ မဟုတ်သော၊ အလည်အပတ် လာသူများ ဖြည့်ရသည့် သုံးခေါက်ချိုး ကတ်ပြားဖြစ်သည်။ လေယဉ်ပေါ်တွင် အခမဲ့ဝေသည့် အဆိုပါကတ်ကို လေယဉ်ပေါ်တွင် ပြည့်စုံအောင်ဖြည့်ပြီး လေယဉ်ပေါ်မှဆင်းသည့်အခါ လူဝင်မှုကြီးကြပ်ရေး (Immigration) ကောင်တာတွင် ပတ်စ်ပို့ (Passport) နှင့်အတူပြရသည်။  ဖြည့်ရမည့်အချက်အလက်များမှာ အမည်၊ နိုင်ငံကူးလက်မှတ်နံပါတ်၊ မွေးသက္ကရာဇ်၊ နိုင်ငံသား၊ တည်းခိုမည့်နေရာ၊ နေထိုင်မည့်ကာလ၊ စသည် တို့ဖြစ်သည်။ သတိပြုရန်မှာ အချက်အလက်အားလုံးကို အက္ခရာစာလုံးအကြီး (Block Letter, e.g, A […]


Main ComputerSeptember 24, 20132min2754
Normal 0 false false false EN-US X-NONE X-NONE MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-fareast-font-family:”Times New Roman”; mso-fareast-theme-font:minor-fareast; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;} ဖြစ်ရပ်မှန် (၁၊၂၊၃) တွေကိုရေးသားပြီးနောက်ပိုင်း ရွာထဲကိုမရာက်ဖြစ်ခဲ့တာ ကြာလှပေါ့။ အခုတော့ရေးစရာအကြောင်းအရာလေးတွေပေါ်လာလို့ရောက်ခဲ့ရပြန်ပါပြီ။ Jumbo မှာလုပ်တုန်းက ဝန်ထမ်းအခွန်ကိစနဲ့ပတ်သက်ပြီးရေးခဲ့ရာက ဆရာကိုကြီးမိုက်နဲ့ အဖွဲ့ Seminars […]


ခင္ခSeptember 24, 20131min39110
“ဖတ်နေအုံးမှာ ဂဇက်ရွာ´´   ရွာပြင်ဇနပုဒ် မီးလေးမှိန်တုတ် တကုတ်ကုတ်နဲ့ ဘာတွေလုပ် ဂဇက်စာတွေ ဖတ်ကာရှုပ်။ တစ်နေ့မဖတ်ရ မနေနိုင် အချိန်တန်တော့ ဝင်မိပြန်။ ရေးချင်ပေမယ့် အခုတော့နား လမ်းပေါ်အော်ကာ နုတ်ဆက်သွား “ဦးခင်ခကြီး ဘာတွေလုပ်´´။ လှမ်းကာကြည့်ပြီး ပြန်အော်တယ် “ဂဇက်ပိုစ့်များ ဖတ်နေပါတယ်´´။     ခင်ခ။