ရင်ထဲမှာမကောင်းလွန်းလို့ ရေးလိုက်ရတာပါ။ ဖြစ်ရပ်မှန်ကိုယ်တွေ့ဖြစ်ရပ်ကလေးတစ်ခုပေါ့။ အဲဒီအချိန်က အုတ်ကျင်းဘူတာနားကမြနန္ဒာအိမ်ယာ။(၅)လမ်းတိုက်ခန်းတစ်ခု မှာငှားနေပါတယ်။ သင်္ကြန်အတက်နေ့မှညနေစောင်းမှာ လူ(၃)ယောက်စာအုပ်လေးတစ်အုပ်ကိုင်ပြီး နှစ်ဆန်းတစ်ရက်နေ့မှာ သက်ကြီးပူဇော်ပွဲလုပ်ဖို့လာအလှုခံကြောင်းပြော ပါတယ်။ အဲဒါနဲ့ ငွေ၁၅၀ဝကျပ်ကိုထုတ်ပြီးလှုလိုက်ပါတယ်။ တစ်ဦးက ဒီအိမ်မှာအသက် ၆ဝကျော်ရှိ၊မရှိမေးပါတယ်။ ကျွန်တော့်အမေကအသက် ၈၃နှစ်မို့လို့ ရှိကြောင်းပြော လိုက်ပါတယ်။ အဲဒါနဲ့အမေနာမည်နဲ့အသက်ကိုစာအုပ်ထဲမှတ်သွားပါတယ်။မနက်ကျတော့ အမေ့အတွက်သက်ကြီးပှုဇော်ပွဲဖိတ်စာလာပေးပါတယ်။ လာနိုင်ရင်လာဖို့၊ မလာနိုင်ရင်အလှုငွေလာပေးမယ်လို့ပြောသွားပါတယ်။ အမေကသိပ်မလျှောက်နိုင်လို့ မသွားဖြစ်ခဲ့ပါဘူး။ အဲဒီနေ့ညဦးပိုင်းမှာအပြင်ကပြန်လာတဲ့သမက်က အမေ့နာမည်ရယ် ရှေ့ခန်းကအဒေါ်ကြီးနာမည်ရယ် အိမ်လိုက်လှုဖို့ပြောနေတာကြားကြောင်းပြောပါတယ်။ ဒါပေမယ့်နောက်တစ်နေ့ညရောက်တဲ့အထိ အလှုငွေရောက်မလာ ခဲ့ပါဘူး။ လိုက်မပေးဖြစ်သေးလို့များလားဆိုပြီး အိမ်ရှေ့ခန်းကိုမေးကြည့်တော့ သူတို့အိမ်ကရကြောင်းပြောပါတယ်။ ဒါဆိုဘာကြောင်ံအမေ့အလှုငွေရောက်မလာရတာလဲ။ လကုန်လို့ကျောက်မြောင်းကိုသာပြန်ပြောင်းလာတယ်အလှုငွေနဲ့ပါတ်သက်ပြီးဘာမှမကြားရတော့ပါဘူး။ အဲဒီအလှုငွေကောက်တဲ့လူတွေက ရပ်ကွက်ဂေါပကနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဖြစ်ကြောင်းသိရပါတယ်။ဒီလူတွေထဲမှာမသမာတဲ့စိတ်ဓာတ်ရှိသူတွေပါတာကြိမ်းသေပါပြီ။ မြန်မာလူမျိုးဖြစ်ပြီးဒီလိုစိတ်ဓာတ်တွေရှိတာအလွန်မှ ရှက်စရာကောင်းတာမို့ ရွာသားများနဲ့ နိုင်ငံတော်ကသိစေချင်လို့ရေးလိုက်ရပါတယ်။ မကောင်းသူများကိုဖယ်ပြီး နိုင်ငံဂုဏ်သိက္ခာကိုမြင့်တင်ကြပါစို့။(အလှုငွေက ၇၅၀ဝိထဲပါ။ဒါပေမယ့် ———-)