black chawFebruary 3, 20131min46820
နိဒါဏ်း ၂၀၀ဝ ပြည့်နှစ် ဖေဖေါ်ဝါရီလ ၃ ရက်မှာ ကိုခင်ဝမ်းတစ်ယောက် ဘယ်တော့မှ ပြန်ရောက်မလာနိုင်တော့တဲ့ လမ်းရဲ့သယ်ဆောင်ရာနောက် ကောက်ကောက်ပါအောင်လိုက်ပါသွားခဲ့…။ ပန်းချီဆရာ ခင်ဝမ်းအတွက် ပန်းချီ အနုပညာလောကသားတွေက ယူကြုံးမရ ဝမ်းနည်းပူဆွေးကြ…။ ကဗျာဆရာ ခင်ဝမ်းအတွက် ကဗျာ ချစ်သူတွေက ဝမ်းနည်းကြေကွဲကြ…။ တေးရေးတေးဆို ခင်ဝမ်းအတွက် ဂီတလောကသားတွေ ဂီတ ချစ်ပရိသတ်တွေက တသသ…။ သေချာတာကတော့ ခင်ဝမ်းသည် အနုပညာရှင် စစ်စစ်ဖြစ်ခဲ့တာပါပဲ…။ ဒီထက်သေချာတာတောင် ဒီလောက်သေချာမှာမဟုတ်ပါဘူး…။ ဒါ ကျွန်တော်တို့ သတ်မှတ်တာမဟုတ်ပါ…။ သမိုင်းက သတ်မှတ်ခဲ့တာပါ…။ အဲဒီသမိုင်းကိုလည်း ကိုခင်ဝမ်းကိုယ်တိုင်က အလှဆုံးစုတ်ချက်တွေနဲ့ ပန်းချီကားတစ်ချပ်လို ရေးဖွဲ့ခဲ့တာပါ…။ ကိုခင်ဝမ်း ကွယ်လွန်ခြင်းအတွက် ၂၂-၂-၂၀၀ဝ နေ့ထုတ် ယနေ့ခေတ်ဂျာနယ်က ခင်ဝမ်းအမှတ်တရ အဖြစ် ထုတ်ဝေခဲ့ပါသည်။ ထိုစဉ်က ယနေ့ခေတ်ဂျာနယ် အယ်ဒီတာချုပ်မှာ […]


KyaemonFebruary 3, 201322min2063
  ပျော်ရွှင်သာယာတဲ့နှစ်သစ်ဖြစ်ပါစေ၊ ————- ၂၀၁၃ နှစ်သစ်ကူး၊ နိုင်ငံတကာကဓာတ်ပုံအလှတွေကိုဆက်လက်ပြီးကြည့်ရအောင်၊ ————-   ကဗျာဆန်ဆန်၊ဆုမွန်ကောင်းအမျိုးမျိုး တောင်းပေးနေတာပါ   Happy New Year 2013 Video Poem ecard – YouTube http://www.youtube.com/watch?v=pdADZqjDGuc   842,328   ကောင်းကင်အမြင့်ကမြင်ကွင်းတွေပြရင်း၊သီချင်းလဲဆို ဆုလဲတောင်းပေးနေတာ၊ ► HAPPY NEW YEAR 2013 (HD) – YouTube http://www.youtube.com/watch?v=ump8nwWQcZs  519,442 HAPPY NEW YEAR  / ABBA – YouTube http://www.youtube.com/watch?v=TX5wZBRmRZs   204,460 abbny11 ABBA….HAPPY NEW YEAR – YouTube http://www.youtube.com/watch?v=1CmNzr2aJ90      93,183 […]


BMTM MdyFebruary 3, 20131min45717
ရှားစောင်းလက်ပတ်ပင် သိပ်ကို အသုံးဝင် သော၊တန်ဖိုးရှိသော ၊ချစ်စရာကောင်း သောအပင်လေးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတာ သိရအောင် စု တု ပြု ထားတာလေးတွေကို share ပေးလိုက်ပါတယ်နော်။                                     အားလုံးက ကွန်ပြုတာသမားတွေဖြစ် ကြမှာပါ။ မျက်စိဝေဒနာ လည်းသေချာပေါက်ရှိကြမှာပါ။ ရှားစောင်း လက်ပတ် အတွင်းသားကို ဇွန်းလေးနဲ့ ခြစ်၊ ပြီးရင် ရေသန့်သန့် လေးနဲ့ ရေဆေး ပြီး ပန်းကန်ထဲ ထည့်ပါ။ ညဘက်ကိုယ် အနားယူတဲ့ အချိန်မှာ ပက်လက်အိပ် အနေထားမှာ မျက်လုံးပေါ်မှာ အဝတ်ပါးပါးလေးခံ ပြီး အနှစ်ကို       မျက်လုံးပေါ်  တွင်15မိနစ်လောက်ကပ်ပေးထားပါ။(သီချင်းလေးနားထောင်ရင်းပေါ့) ။ပြီးရင်ခွာပြီး မျက်နှာသစ် ပေးလိုက်ပါ မျက်စိပူ၊မျက်ရည်ယို ၊မျက်သားတက် တာတွေ အတွက် အရမ်းကောင်းတဲ့ သဘာဝနည်းလေးပါ။တစ်ပတ်တစ် ကြိမ် ဒါမှမဟုတ် ရက်ခြားလုပ်ပေးပါနော် အားလပ်တဲ့ […]


နိုင်နိုင်February 2, 20131min3127
ကဗျာက အဆိပ်သင့်လူ… နှလုံးသားအဝမှာ ချိန်ကိုက်ဗုံးနဲ့ အချိန်တွေသက်မှတ် သူထွက်သွားတော့မယ် ငါ့အနား တစ်သက်တာ…။ နှစ်တွေအကြာ အနေတွေဝေး… အချိန်က စကားပြောလိုက်တာလား လမ်းခွဲစကား…။ အတိတ်ရဲ့ နေ့တွေ သူမေ့လိုက်ပြီ ကာရံမညီ ငါ့နှလုံးသားတွေ တစ်စစီ…။ အမှတ်တရ ခါးသီးဆုံးည နောက်ထပ်တစ်ကြိမ် နှစ်သစ်ကူးပြီ ငါ့ရဲ့ စိတ်တွေ ဆောက်တည်ရာမဲ့ ယောက်ယက်ခက်လို့ နေလေပြီ.. အသဲကွဲတာ မဟုတ်ဘူး.. ဘဝကွဲတာ တစ်ခြမ်းပဲ့ ဘဝ ငါ ဘယ်ကို ဘယ်လမ်းကို မျှော်လင့်ချက်တွေ သေကုန်ပြီ….။ မင်းပြောထွက်တဲ့ စကား မုန်တိုင်းကို သနားသေးရဲ့ ငါ့ဘဝကို ခါးသက်စေခဲ့ မျှော်လင့်ခဲ့ ညတွေ နေဝင်နေပြီ …. သူထားရစ်ခဲ့လေပြီ အချစ်နဲ့ ဘဝခါးသီးသွား ကော်ဖီခါးခါး ငါ့အတွက်ဆိုရင် ဒီကဗျာဟာလည်း ကဗျာခါးခါးပေါ့ […]


မနေ့က ကျွန်တော် ကဗျာတစ်ပုဒ် ရေးတယ်.. ကဗျာလေးရဲ့.. ပထမ အပိုဒ်ကို ဒီလိုရေးလိုက်မိတယ်… ကျဉ်ဆံရာတွေကို ထပ်မမြင်ရဖို့… မေတ္တာတစ်ချက် လေပေါ်ထောင်ပစ်ဖို့ပဲ.. လိုအပ်တယ်…ပြီးနောက်တော့.. ယမ်းငွေ့တွေအစား ဂရုဏာတစ်ချို့လွင့်ပျံ့သွားစေမယ်… ကိုယ်ရေးတဲ့ စာ ကိုယ်ဖတ်ပြီး စိတ်ထဲတစ်မျိုးဖြစ်သွားတယ်.. မတန်မရာစာတွေ ရေးနေတာပါလားလို့ လဲ တွေးမိပြီး.. ကိုယ့်ရင်ဘတ်ကိုယ် ပြန်ဖိမိတယ်..ထားပါတော့…ဒါနဲ့နောက်တစ်ပိုဒ်ကိုဆက်ရေးမိတယ်.. မပီမသ ဘဝတွေ..ပျော်ရွှင်မှုတွေ…အေးချမ်းတည်ငြိမ်မှုတွေ…နဲ့…အတည်တကျဖြစ်ဖို့ကြိုးစားထားတာတွေ .. စတဲ့..အရာအားလုံးပေးဆပ်လိုက်ရပေမဲ့လည်း…..နောက်ဆုံးတော့ အပိုင်းအစတွေနဲ့ အငွေ့တလူလူထနေတဲ့ အနက်ရောင်မြေပေါ်မှာ..“စစ်” ဆိုတာတစ်ခုပဲ ပီပီသသ ရုပ်ထွက်ကောင်းခဲ့တယ်… အဲ့ဒီ့တစ်ပိုဒ်အပြီး မှာ.. ကျွန်တော် ဒီကဗျာကို.. ဆက်မရေးတော့ဘူးလို့.. ဆုံးဖြတ်လိုက်တယ်….. ရေးရတာ အရမ်း ဝန်ထုပ်ကြီးလို့ပါ.. ကိုယ်ရေးတာ မကောင်းရင် ကိုယ်ဖော်ကျူးတာမပြောင်မြောက်ရင် ကိုယ်ဆိုလိုတာမထိရောက်ရင်.. တကယ် စစ်ရဲ့ဒုက္ခကိုခံစား နေရတဲ့.. သူတွေကို.. အားနာဖို့ အရမ်းကောင်းလို့ပါ… “တကယ်တော့ […]


loveless. loveless2009February 2, 20131min4373
၁။ ဘဝနော္တ- ရွှေပြည်နိဗ္ဗာန် စိတ်ရည်သန်၍ ထက်သန်ညွှတ်ပြောင်း၊ အို… သူတော်ကောင်းတို့…. ဒုက္ခဝဋ်အတွင်း မလွတ်ကင်း၍ ပူခြင်းအဖြာဖြာ အဝိဇ္ဇာနှင့် တဏှာဩဃ ဤဘဝမှ လွတ်ရန်အသွယ်သွယ် လှည့်လည်နှိုးဆော်(ခေါ်) နိဗ္ဗာန်ဆော်က ရည်မျှော်စေကြောင်း ဆုမွန်တောင်း၍ ပြည်မနိဗ္ဗာန် ရောက်စေရန်အတွက် လူဖွယ်ကပ်၍ ဝပ်တွားကာ အဓိဋ္ဌာန်ထားကြဖို့ နိဗ္ဗာန်တံခါး ဖွင့်ရန် ကြွတော်မူကြပါ ဘဝနော္တ-သပ္ပုရိသအပေါင်း သူတော်ကောင်းတို့…….။ —————————————————————————————————————– ၂။ ဘဝနော္တ- တရားဒေသနာ ရှာဖွေကာဖြင့် နေထိုင်ကြညောင်း အို..သူတောင်ကောင်းတို့၊ အယံကာလော- ဂေါတမမြတ်စွာ သာသနာနှင့် ကြုံကြိုက်လေရာ ယခုအခါကား၊ ဒါနကာလော- နည်းသည်များသည် ခြားမရည်ဘဲ ပွားကြည်နှလုံး တရားအဆီသုံး၍ ရွှင်ပြုံးကြူလျှမ်း လှူဒါန်းကြရမည့် အခါပေတည်း။ တသ္မာ- ထို့ကြောင့်၊ တုမှေ- နိဗ္ဗာန်ဆုတောင်း သင်သူတော်ကောင်း အပေါင်းတို့သည်၊ ဥဋ္ဌေထ- […]


BMTM MdyFebruary 1, 20131min3179
Ance ဝက်င်္ခြ ဝက်ခြံ ဖြစ်နေသူများ ကိုဒါ တွေ ဆန်းစစ်ခိုင်းလိုက်ပါ။ ၁။ သူ အသက် ကဘယ်လောက်လဲ ။ကျားတွေမှာ အသက်  14 15 …20 အတွင်းမှာ  hormone changes ဖြစ်နေချိန်မှာ ဝက်ခြံ ဖြစ်နိုင်ပါတယ်။ ၂။ အိပ်ရေးပျက် များ အပင်ပန်းခံများလွန်းသူများ မှာလည်း side effect အနေနဲ့ဝက်ခြံ ထွက်တက်ပါတယ်။ ၃။ stress တွေ အရမ်းများ နေတာက. ဆက်တိုက်ဖြစ် နေတယ်ဆိုရင် ဒါက ဝက်ခြံဖြစ်စေတဲ့ အဓိက အကြောင်း ရင်းတစ်ခုပါပဲ။ ၄။ နောက်တစ်ခု က သုံးတဲ့ cosmetic တွေကိုဆန်းစစ်ခိုင်း လိုက်ပါ။ အရမ်းပြင်းတဲ့ဆပ်ပြာလား။ အဆီအရမ်းများ တဲ့ make up […]


မိဘတစ်ဦးက သမီးကို အဝတ်လျော်ခိုင်းလိုက်တယ်…. သမီးဖြစ်သူက သူမလျော်ချင်ပေမယ့် မိဘဖြစ်သူက လျော်ခိုင်းတာမို့ မလွန်ဆန်နိုင်ပဲ..မကျေမနပ်နဲ့ လျော်နေရတယ်ပေါ့…..။ သူ့ခမျာ မလုပ်ချင်တဲ့အလုပ်တစ်ခုကို လုပ်နေရပေမယ့် မိဘဆိုတဲ့သူရဲ့ စကားအခိုင်းကြားမှာ မလွတ်လပ်၊ မအေးချမ်းတဲ့စိတ်နဲ့ အဝတ်လျော်နေလိုက်ရတာ….။ ဆိုတော့… လုပ်တော့လုပ်နေတယ်၊ မလွတ်မလပ်ဘူး။ ပြီးတော့ အကျိုးမများဘူး။ မျက်နှာကလည်း ဆူပုတ်၊ လုပ်တဲ့အလုပ်ထဲလည်း စိတ်မပါ၊ မိဘဖြစ်သူကိုလည်း မကျေနပ် ဖြစ်နေတော့ တာပေါ့ဗျာ….။ ဆိုလိုချင်တာက အဲဒီကလေးမရဲ့သဏ္ဍန်ဟာ ကိုယ်ရော၊ စိတ်ပါ မငြိမ်းချမ်း ဘူး ဆိုတာပါပဲ။ အဲဒါဟာ မတရားခြင်းရဲ့ဖြစ်ရပ်နဲ့၊ သူနဲ့ဆက်စပ်တဲ့ ရလာဒ်တစ်ခုလို့ ထင်မြင်မိတယ်။ အဲဒီတော့…..ဒီလိုလေးပြောင်းကြည့်မလားလို့….တွေးမိတယ်။ “ ငါဟာ..ဒီအဝတ်ကို မလျော်လို့မဖြစ်တော့ဘူး။ မိဘက ခိုင်းတာလည်းဖြစ်တယ်၊ ငါလျော်လိုက်ရင်လည်း မိဘတင်မဟုတ်ဘူး၊ ငါနဲ့ပါတ်သက်နေတဲ့ ငါ့ရဲ့ညီအစ်ကို မောင်နှမတွေ သက်သာမယ်၊ သူတို့လုပ်ချင်တဲ့ […]


တလောက မြန်မာပြည်ပြန်ခဲ ့တယ်။ အိမ်အတွက်လုပ်စရာ ကိုင်စရာတွေကို လုပ်နေရင်းတန်းလန်းက အကြောင်းကိစ္စပေါ်လာလို ့ ရထားနဲ ့ ရန်ကုန်ကိုတက်လာရင်း လမ်းဘေးကမြင်ရတာလေးတွေကို ခလုပ်နှိပ်လာမိတယ်။ ထားဝယ် ရန်ကုန် ရထားပေါ်က လမိုင်းဘူတာအလွန် တစ်နေရာက မြင်ကွင်းလေးတစ်ခု လမိုင်းဘူတာက စထွက်တော ့ညနေ ၄ နာရီကျော် သံဖြူဇရပ်ဘူတာကိုရောက်တော ့မိုးချုပ်ပြီ မော်လမြိုင်ဘူတာကို ရောက်တော ့ ငိုက်ချင်ပြီ ခလုပ်နှိပ်မှားသွားတယ်။ (မော်လမြိုင် ဘက်ခြမ်း သံလွင်တံတားပေါ် အတက်က မြင်ရတဲ ့ဘုရား) ဘီးလင်း၊ကျိုက်ထို ဘက်ရောက်တော ့ မနက်၃ နာရီ ဝန်းကျင်၊ လုံးဝ အိပ်မရ ငိုက်မရ။ ဇန္နဝါရီ ၁၂ ညဟာ ဒီနှစ်မြန်မာပြည်ရဲ  ့ အအေးဆုံးညမှာပါသလားပဲ။ ရန်ကုန်ကိုရောက်တော ့ ချောင်း […]


ကူမားရ္January 31, 20131min87927
ဂျန်နဝါရီလကုန်ပြီ ဖြစ်သောကြောင့်ဟောလီးဒေးများ စပေးသဖြင့် ဘဆွေ နှစ်ပတ်အနားရပါသည်။ တစ်နှစ်တာအတွင်း တင်ရှိနေသော စာကြွေး ၊ ဘုရားတရားကြွေး ၊မိတ်ဆွေအပေါင်းအသင်းကြွေး၊ လူမှုရေးကြွေး၊ အိမ်တွင်းမှုကြွေး အစရှိသော ကြွေးပေါင်းမြောက်မြားစွာ ကိုပြန်လည်ပေးဆပ်ရန် ရရှိသော တိုရေရှားရေ အချိန်ကောင်းလည်းဖြစ်ပါသည်။ စားသောက်ဆိုင် သုံးဆိုင် အား မနက်မိုးလင်း ညမိုးချုပ် ပါတ်ချာလည် လှည့်ကာအလုပ် လုပ်နေရသဖြင့် စားချိန် အိပ်ချိန် မှလွဲလျှင် အချိန်ပိုမရှိသလောက် ရှားပါးခဲ့သောကြောင့် မိဘ၊ မိတ်ဆွေအပေါင်းအသင်း အဖွဲ့အစည်း၊အိမ်နီးနားခြင်း အစရှိသော သူများ အပေါ် လူမှုရေး ပျက်ကွက် ကာ တာဝန်မဲ့မှုကြွေး တင်နေခဲ့ သည်မှာ ကြာပြီဖြစ်သည်။ ထိုအကြွေးများထဲမှ အဓိက ပေးဆပ်ရန် ရှိနေသည်မှာ Mandalay Gazette အပေါ်တင်ရှိနေသော ပေါင်းစည်းပါဝင်မှုကင်းမဲ့ခြင်း အကြွေး ပင်ဖြစ်ပါသည်။ […]


Wai Aung Chan MyoJanuary 31, 20131min2444
မရှိမဖြစ်လိုအပ်သော ဒြပ်စင် (၁၇)မျိုး မရှိမဖြစ်လိုအပ်သော ဒြပ်စင် ဟု ဖော်ပြထားသော်လည်း အပင်၏ အမှန်တကယ် စားသုံးမှုပုံစံမှာ ဓာတ်စင်ချည်းသက်သက်ကို သာ အသုံးပြုသည်မဟုတ်ဘဲ ၎င်းဒြပ်စင်အဓိကပါဝင်သော ဒြပ်ပေါင်းတချို့ကို အပင်၏ အသက်ရှင်သန်နေထိုင်ရန်အတွက် အသုံးပြုခြင်းဖြစ်သည်။ အပင်အတွက် မရှိမဖြစ်လိုအပ်သော ဒြပ်စင် (၁၇)မျိုးကို အုပ်စု (၄)မျိုးဖြင့် ခွဲခြားဖော်ပြနိုင်သည်။ ၎င်းတို့မှာ- (၁) ရေနှင့်လေမှ အဓိကရရှိသော ဒြပ်စင် (၃) မျိုး (၂) အဓိက အများလို ဒြပ်စင် (၃) မျိုး (၃) ဒုတိယ အများလို ဒြပ်စင် (၃) မျိုး (၄) ပမာဏ အနည်းလို ဒြပ်စင် (၈) မျိုး တို့ဖြစ်သည်။   (၁) ရေနှင့်လေမှ အဓိကရရှိသော […]


koyin sithuJanuary 31, 20132min54420
သဘောင်္သား၊ ပညာရေး၊ လေကျင့်ရေး၊ စာမေးပွဲ၊ လက်မှတ်၊ White List ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ သဘောင်္သည်..ရွေ့လျားသွားလာနေသော..ရေပေါ်စက်ရုံတစ်ခုဖြစ်ပါသည်..။ တန်ဘိုးအားဖြင့် အမေရိကန်ဒေါ်လာသန်းချီပြီးတန်ပါသည်..။ နောက်ဆုံးပေါ် ရေနံတင်သဘောင်္ကြီးများ.. ကွန်တိန်နာ တင် သဘောင်္ကြီးများ၏ တန်ဘိုးမှာ အမေရိကန်ဒေါ်လာ သန်း ၁၀ဝကျော်ပါသည်..။ သဘောင်္ပေါ်တွင် တပ်ဆင်ထားသော ဆက်သွယ်ရေးစက်များ မှာ ခေတ်မီသကဲ့သို့ ရေကြောင်းလမ်း ညွှန် အထောက်အကူပြု အီလက်ထရွန်းနစ်ပစ္စည်းများမှာ.လည်း..နည်းပညာ..အဆင်မြင့်ပါသည်..။ အဆိုပါအဆင့်မြင့်ကိရိယာများကို..ကိုင်တွယ်တတ်ရန်အတွက်..သင်တန်းများတက်ရပါသည်..။ ပြင်ဆင်နိုင်ရန်အတွက်လည်း..အင်္ဂလိပ်စာကောင်းယုံသာမက..နည်းပညာကောင်းဘို့ပါလိုသည်..။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ကိုလွှမ်းမိုးကြီးဆိုခဲ့..သလို..သဘောင်္တက်တဲ့အခါ..သူလေကုန်းပတ်တိုက်ရတယ်.. ဆိုတဲ့.. စာသားက…မမှန်ပါ..။ အကြောင်းအရာတစ်ခု..Field တစ်ခုကို..ဂဃနဏ နားလည်ခြင်းမရှိသူ တစ်ဦး ၏ အဝေးမြင်..အမှန်း..အတွေး..ဖြစ်ပါသည်..။ ကုန်းပတ်တိုက်သည်ဆိုသည်မှာ..ရှေးအခါက..သဘောင်္၏ Main Deck ကို သစ်သားခင်းပါသည်..။ သစ်သားများကြားတွင်..အုန်းဆံကြိုးထည့်ပါသည်..။ ကုန်းပတ်ကိုလည်း..ပြောချောသန့်ရှင်းနေရန်..တိုက်ရပါသည်..။ ဒါက..တော်တော်ကြာလှပါပြီ..။ ကျွန်တော်တို့..မမွေးမီကာလ.ကဖြစ်မည်..။ ကိုလွှမ်းမိုးကြီး..အသံကောင်းပေမဲ့..ဗဟုသုတ..မကောင်းတာကိုတော့..ထားပါတော့..။ ကိုလွှမ်းမိုး..တို့ထက်..ငယ်သော..၊ခေတ်မီသည်ဟု..မိမိကိုယ်ကို..ထင်နေသော.၊.အနုပညာသမား..ဇတ်ညွှန်းဆရာ..အချို့ နှင့် ဒါရိုက်တာအချို့သည်..မဲပြာပုဆိုး..ဇတ်လမ်းထဲက..မထွက်နိုင်..ဗီလိန်ဆိုတာနှင့်.. သဘောင်္သား..ကို […]


နွေဦးJanuary 31, 20132min40217
ရန်ကုန်မြို့က မောတော်ကားများ  စည်းမဲ့ ကမ်းမဲ့ မောင်းနေလိုက်တာများ .. facebook က page တခုမှာတွေ့လို့ ကူးယူတင်ဲပလိုက်ပါတယ် . ဒီပုံတွေအတွက် ခွင့်ပြုချက် ယူပြီးသားပါ..             ဒီလောက်ဆို ရန်ကုန်က ကားတွေ ဘယ်လို စည်းမဲ့ကမ်းမဲ့ ဖြစ်နေလဲလို့ မြင်မှာပါ.. ပိုပြီးသိချင်မြင်ချင်ရင်တော့ facebookက “စည်းမဲ့ ကမ်းမဲ့ မော်တော်ကားများ” page မှာ ကြည့်ပါဗျာ… တနေ့တနေ့ လမ်းမပေါ်မှာ စိတ်ဆင်းရဲလွန်းလို့ပါ။     နွေဦး မျှဝေပေးသည် ။