zaw linNovember 5, 20181min11226
ဖိုဘီကိတ်ရဲ့ ပုံလေးကိုကြည့် ရိုစီတာသီချင်းလေးကိုနားထောင် မန္တလေးမြို့ကြီးကိုလွမ်း ငါတမ်းတခဲ့ဘူးပါရဲ့။ ကျောင်းကိုအသွား အဖြူအစိမ်းလေးတွေကြား ခြေလှမ်းမှန်အောင်လျှောက် ပုဆိုးအထက်အောက်မှားတာကိုစ ငါအရှက်ရခဲ့ဘူးပါရဲ့။ မမတစ်ယောက် လူမြင်ကွင်းမှာစိတ်ဖေါက်လို့ ငါ့ပါးကိုနမ်း ရှက်သွေးဖြန်းဖြန်းထ အိမ်တွင်းပုန်းဘဝလည်းရောက်ခဲ့ဘူးပါရဲ့။ နယ်တကာသွား ကျားဆိုမှကျား တက်စုံရွက်ကုန်ဖွင့်ခဲ့တဲ့သကောင့်သား ခုများကျမှနောက်လှည့်ကြည့် အဖေါ်မရှိတဲ့အဖြစ် ချစ်တတ်တဲ့နှလုံးသား ယမုံနာတစ်ဖက်ကမ်းမှာထားခဲ့ရော့သလား အတိတ်တွေကိုပြန်ရစ် ရကော်ဒါလိုပြန်ရစ်လို့ရခဲ့ရင် ငါ့ရဲ့နှလုံးသား ပြန်ယူပေးကြပါလားဟင်


ko sixNovember 5, 20181min6303
^^^^^^^^^^^^^^^^^^^ ဆိုက်ကလုံးကို ဆာဟာရက အမြဲ ကြိုဆိုနေသလောက် ပင်လယ်မှာပဲ အသေခံတယ် မွန်းကြပ်လာတိုင်း ခေါင်းမော့ပြီးရှူခဲ့တယ် ငဲ့ညှာမှုသမိုင်းမှာ အောက်ဆီဂျင်ကတော့ ယောက်ျားချင်းဆုံသလို ခပ်ပါးပါး ခြေဖျားထောက်ပြီး ခူးခဲ့တယ် ဓူဝံကြယ်ဟာ မြောက်အရပ်ကို သစ္စာရှိနေတုန်း ဆရာဝန်ကတော့ တစ်ခါရယ်ရင် တစ်ရက်အသက်ရှည်သတဲ့။ ဒီလိုပါပဲ အမြန်လမ်းမကြီးပဲဖြစ်ဖြစ် ရိုးမတောပဲဖြစ်ဖြစ် မြစ်ဆုံအရပ်ပဲဖြစ်ဖြစ် ကာဗွန်တွေပဲ တထောကြီး သီးထနေတယ်။ အိပ်မက်ကတော့ ယပ်တောင်တစ်ချက် ယပ်တိုင်း အောက်ဆီဂျင်တွေ လွင့်နေတယ်လို့ မက်ကောင်းနေတုန်း။ ကိုစစ်


ko sixNovember 3, 20181min5342
ပလပ်စတစ်ကောက်တတ်သူနဲ့ ကြွပ်ကြွပ်အိတ် မသုံးသူဟာ ထောင့်မညီဘူး။ ကြယ်မြင်လမြင်ခေါင်မိုးနဲ့ မြေညီထပ်အခန်းဟာ ထောင့်မညီဘူး။ ရွံ့စေးလမ်းနဲ့ နိုင်လွန်ကတ္တရာလမ်းဟာ ထောင့်မညီဘူး။ လက်လုပ်လက်စား ကြမ်းခင်းနဲ့ ခရိုနီမွေ့ယာဟာ ထောင့်မညီဘူး။ ငယ်ငယ်ကအိပ်မက်နဲ့ အနာဂတ်မျှော်စင်တွေဟာ ထောင့်မညီဘူး။ ရိုးရိုးကျင့်တာနဲ့ မြင့်မြင့်မှန်းတာဟာ ထောင့်မညီဘူး။ နိမ့်ချနေတာနဲ့ နိမ့်ကျနေတာဟာ ထောင့်မညီဘူး။ အချစ်ဆိုတာနဲ့ မေတ္တာတရားဆိုတာ ထောင့်မညီဘူး။ လာခြင်းဟာ ပြန်ခြင်းနဲ့ ထောင့်မညီဘူး။ ဒီလိုပါပဲ ထောင့်မညီဘူးဆိုတာကိုက အနားတွေမှာပဲ အပြစ်ဖြစ်နေသလိုလို။ သက်သေပြတာတော့ မဟုတ်ပါဘူး။ တကယ်က မင်းရပ်နေတဲ့ ပထဝီဝင်နဲ့ ငါရပ်နေတဲ့ ရေကြောမြေကြောတွေက ထောင့်တွေညီမနေကြဘူးဆိုတာ မင်းမြင်သွားရုံလေး နင်းပြလိုက်တာပါ။ ကိုစစ်


Mon LayNovember 2, 201812min7951
ရာမညမြေလို့ပြောလိုက်ရင်..မော်လမြိုင်ဆိုတာလူတိုင်းသိကြမယ်ထင်ပါတယ်နော်။ ဆွဲဆောင်မှုရှိလှတဲ့သဘာဝအလှအပတွေနဲ ့ သာယာဖွယ်နေရာလေးတစ်ခုဖြစ်တဲ့ မွန်ပြည်နယ် မော်လမြိုင်မြို ့လေးကို TV ထဲမှာတော့ ခဏခဏတွေ့ဖူးနေကျပါ။ ♥️☘🌸🍀ကမာ္ဘကျော်ကဗျာဆရာ Rudyard Kipling ကတောင် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖူးတဲ့ သုံးရက်အတွင်းစပ်ဆိုခဲ့တဲ့ “By the oldMoulmein Pagoda” ဆိုတဲ့ ကဗျာထဲမှာမော်လမြိုင်ဒေသလေးက ပြီးပြည်စုံလှတဲ့ သဘာဝအလှတရားတွေနဲ့ပြည့် စုံနေကြောင်းကိုလည်းစပ်ဆိုရေးသားခဲ့ပါသေးတယ်။ အေးလှတဲ့ ဆောင်းတွင်းအခါသမယ ခရစ်စမတ်ကာလလေးမှာ အလည် သွားရောက်ဖို့ သင့်တော်အတွက်ကြောင့် ရုံးကဘယ်သွားကြမလဲလို့မေးလိုက်တော့မွန်လေးက မော်လမြိုင်လို့ပဲ ဖြေလိုက် တာပေါ့။ ✔️ရန်ကုန်ကနေသိပ်မဝေးတဲ့ ခရီးစဉ်ဒေသလေးဖြစ်တာနဲ့အညီ စနေ၊ တနင်္ဂနွေပိတ်ရက်တိုလေးကို အချိန်ပေးရုံနဲ့ ဘုရားပုထိုးများ၊ သမိုင်းဝင်နေရာများ၊ သဘာဝလိုဏ်ဂူများနဲ့ ကမ်းခြေစတဲ့ နေရာအနှံ့ကို ကုန်ကျစရိတ်နည်းနည်းနဲ့ ခြေဆန့်နိုင် တဲ့ နေရာလေးလည်းဖြစ်ပါတယ်။ 😄😃😀   မော်လမြိုင်ဆို သည်မှာ💌   […]


ko sixOctober 31, 20181min6654
ပိုက်ဆံမရှိဘူးလို့ ငြီးနေတာ အပျင်းမှာ ဂျိုတပ်ထားကြောင်း လက်မှတ်။ အလုပ်အကိုင်ရှာပါးတာကို လေပင့်နေရင်း သူများချွေးနည်းစာမှာ ဝင်ကစွတ် အမေရိကန်စစ်စတန်ကို နားမလည်ဘူး တစ်နေ့ ၅၀၀ဝ ရတာလုပ်မလား ဒီမေးခွန်းမှာ လိုအပ်ရင်အချိန်မရွေး ဖုန်းဆက်ဖို့ ပုံနှိပ်ထားပါတယ်။ သို့သော်လည်း သို့သော်လည်း ထိုငနဲသားဟာ စာမေးပွဲခန်းကို ဒီကနေ့အထိ ရောက်မလာခဲ့ဘူး။ ကိုစစ်


ကျန်သော ဧည့်သည်များတွင် မေးခွန်းများ တသီကြီး ရှိနေသည်။ သဲဘုရင်တွေ ဘယ်ကလာသလဲ ဆိုတာ အားလုံးသိချင်နေကြသည်။ ခရက်စ်က ဂျာလာဝူးကို ယဉ်ယဉ် ကျေးကျေး လက်ညှိုးညွှန်၍ – “ဝူး နှင့် ရှိတ် ကုမ္ပဏီက သွင်းတာပဲဗျ။” ဂျာလာဝူးသည် တစ်ညနေလုံး တိတ်တိတ်ဆိတ်ဆိတ်နှင့် ခပ်လျှိုလျှိုနေ နေခဲ့သည်။ “ခင်ဗျား မျက်နှာကို သူတို့ဘာလို့ ထွင်းထားတာလဲဗျ။” “ဒါတော့ဗျာ…ကျနော်က သူတို့ ကောင်းကျိုးအဖြာဖြာအတွက် ရင်းမြစ်ကြီးကိုးဗျ..။” ခရက်စ် က ထိုကဲ့သို့ဖြေသောအခါ အားလုံး ရယ်လိုက်ကြသည်။ “သူတို့ တိုက်ကြခိုက်ကြ ဦးမှာလား..။” “ဒါပေါ့ဗျာ..ဒါပေမဲ့ ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။ စိတ်မပူပါနဲ့…တခြားအစီအစဉ်လေးတွေ ကျန်ပါသေးတယ်။” ခရက်စ်၏ မိတ်ဆွေများထဲမှ ဂျဒ်ရာကစ် ဆိုသူသည် အခြားကမ္ဘာမှ ဂြိုဟ်သားများနှင့် သက်ရှိများအကြောင်းကို လေ့လာ လိုက်စားနေသော […]


Mon LayOctober 19, 20181min6212
post ရေးထားတာ ပျောက်ကုန်ပြီ public မလုပ်သေးဘဲ..အချောမသတ်ရသေးလို့ သိမ်းထားတာ..version အသစ်ပေါ်လာလို့ စာတွေပျောက်ကုန်ပြီ ..ဘယ်လိုလုပ်ရမလဲ..တဂျီးရေ..အမလေးလေး ကယ်တော်မူကြပါ..အတွေးက ၂ခါပြန်မရဘူး.ဟင့်ဟင့်


Mon LaySeptember 19, 20184min3080
ဒီတစ်ခေါက်ကတော့ မွန်လေး မိုးတွေရွာနေတဲ့အခါ၊ နေပူနေတဲ့အခါ ဘာသောညာသော အကြောင်းကြောင်းကြောင့် ပစ္စည်း ဝယ်ဖို့ အပြင်မထွက်ချင်တဲ့အခါ အမြဲဝယ်နေကျ Online Shop ဆိုင်လေးအကြောင်းကို ပြန်ရှယ်ပေးချင်ပါတယ်။😊😊😊 #နာမည်📝 သူလေးကတော့ ပြင်သစ်နာမည်လေးလို့ပြောပါတယ်။ “Fashion La Princesse (www.facebook.com/fashionlaprincesse) တဲ့။ La Princesse Fashion လို့ပေးထားတာတဲ့ တကယ်လည်း ဆိုင်နာမည်ကို facebook မှာ register လုပ်တော့ Fashion La Princesse ဖြစ်သွားတာတဲ့။ အဲ့နာမည်ကပဲ အကျိုးပေးတာလားတော့ မသိ ခုဆို လုပ်လာတာ ၄နှစ်ကျော်လာပြီတဲ့။4⃣ ရောင်းတဲ့လူကတော့ ပိုင်ရှင်၂ ယောက်၊ တစ်ယောက်က နိုင်ငံခြားမှာ၊ တစ်ယောက်က ရန်ကုန်မှာတဲ့။ အရောင်းသမားတွေ ၁၂ယောက်ရှိပါပြီတဲ့။ 😲 #ရောင်းတဲ့ပစ္စည်းတွေ 🥌🧥🧢👝👛👜⌚️🎁🎒🛍🕶👒 ပစ္စည်းတွေကတော့ […]


Lay PaiSeptember 6, 20181min5784
အက္ခရာ တခု ရဲ့ ဂဃန်း ရ လုံးပါ ထောင်တန် အရွက်ရေ ပေါင်း AA0000001 မှ AA9999999 အရွက်ရေ = 10000000 AA =10000000 x 1000 = 1,000,000,000 kyats (သန်းတစ်ထောင်) တစ်ဘီလီယံကျပ် AA ~ AZ = 26 ဘီလီယံကျပ် BA ~ BZ = 26 ဘီလီယံကျပ် AA ~ AZ =6,76 ဘီလီယံ ကျပ် Is above caculation true or false? Kindly check.


Mon LayAugust 30, 20188min7762
အစကတော့ ပုဂံကိုသွားတဲ့အခါ စလေကို မသွားဘူးလုပ်ထားတာ။ ဒါပေမယ့် မရောက်ဖူးတော့ အချိန်လည်းရတော့ သွားခဲ့လိုက်ပါတယ်။ သွားချင်နေတာလည်းပါတာပေါ့နော်။😁😁 ဆလွန်းကားကို စလေအသွား၊ အပြန်နဲ့ ကားကြီးကွင်း အရောက်ပြန်ပို့ခ စုစုပေါင်း (၃၅၀၀၀)ကျပ်ကျပါတယ်။ #ဘယ်လိုသွားလဲ🚘 ပုဂံကနေ မကွေးတိုင်းကိုဖြတ်၊ ချောက်မြို့ကိုဖြတ်သန်းပြီး ၂နာရီအကြာမှာ စလေမြို့ကို ရောက်ရှိလာပါတယ်။ ရန်ကုန် – စလေ ဆိုရင် ပြည့်ဖြိုးအောင် – 09 8601651 ကားရှိတယ်။ မနက် (၈)ခွဲကားနဲ့ ည (၈)ခွဲကားဆို စလေအထိ တိုက်ရိုက်ရောက်ပါတယ်တဲ့။ #စလေမြို့🏙 စလေမြို့လေးဟာ ဧရာဝတီမြစ် ရဲ့ အရှေ့ဘက် ကမ်းမှာတည်ရှိပြီး ပုဂံ ရှေးဟောင်းမြို့တော်ရဲ့ တောင်ဘက် 34 မိုင်အကွာ မှာတည်ရှိပါတယ်။ ရန်ကုန်မှလာလျျှင် ရေနံချောင်း ၊ ဂွေးချို လမ်းခွဲ( […]


Kyi LwinJune 20, 20181min7527
မင်္ဂလာပါ မြန်ဂေဇက်ရွာ လွမ်းလွန်းလွန်းလို့လာ မရောက်တာကြာ ကျန်းခန့်သာလို့ မာကြရဲ့လားဗျာ။   မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင်။


Faces Magazine Jan_2018 ဗိုက်ကလေးပေါ် လက်တင်ပြီး တစ်နေရာကိုငေးနေတဲ့ မြ ဆိုတဲ့ မိန်းကလေးကိုကြည့်ရတာဟာ သိပ်ပြီးတော့ မူမမှန်ချင်ဘူး။ တခါတခါ ငိုလိုက်ရယ်လိုက်နဲ့ရှိနေတတ်ပေမယ့် ဒီကနေ့တော့ ထူးဆန်းစွာပဲ မြ ဟာ နုတ်ဆိတ်လို့နေခဲ့တယ်။ ကြည့်ရတာ ငိုရလွန်းလို့ပဲ မောသွားခဲ့လေသလား။ ဒါမှမဟုတ် ဖွ ဟဲ့ လွဲပါစေ ဖယ်ပါစေ ဆိုပြီးပြန်တွေးရတာက မြ ဟာ မကြံကောင်းမစည်အပ်တာတွေများ တွေးနေခဲ့သလားလို့ပေါ့။ ဟော လာကြပြီ။ ရပ်ထဲ ရွာထဲက လူကြီးတွေလာကြပြီ။  ဒီတော့ မှ မြ ဟာ ကျောက်ရုပ်တစ်ရုပ်လို့ ငြိမ်သက်နေရာက လူးလူးလွန့်လွန့်ရှိလာခဲ့တယ်။ မြ ရဲ့ မျက်ဝန်းတွေကိုကြည့်တော့ ငြိမ်သက်နေသယောင်ပါပဲ။ ဒီတော့ ကျွန်မက ထိုင်ရာကနေထပြီး ရောက်လာတဲ့ လူကြီးတွေကို ဧည့်ဝတ်ပြုဖို့ရာပြင်ရတယ်။ ကျွန်မကို ကူဖော်လောင်ဖက်အဖြစ် […]