အတော်အသုံးမကျတဲ့ ငါပဲ………… ကြည့်စမ်းပါဦး။ သူများတွေမှာဖြင့် တိုက်ကြီးကလည်း အကြီးကြီး။ငါ့မှာတော့ ထန်းရွက်မိုး၊ထန်းရွက်ကာ တဲသေးသေးလေး တစ်လုံးသာ။ငါ လည်း သူ့လို တိုက်ကြီးဖြစ်ရမယ်။ ကြည့်စမ်းပါဦး။ သူ့မှာ ကားက အကောင်းစား ။ အော်တို ဂီယာ ဆိုလား။ဒီဇယ် အင်ဂျင် တပ်ထားတော့ အဲကွန်းကလည်းကောင်းမှကောင်း။ ငါ့မှာတော့ နွားလှည်းလေး က   ကချွတ်ကချာ ဗမာပု နွားကလေး တစ်သျှင်း တည်း ရှိတယ်။နွားလှည်းကို ငါမစီးချင်တော့ဘူး ။ သူ့လိုကား ငါလည်း စီးရရင် သိပ်ကောင်းမှာ။ ကြည့်စမ်းပါဦး။သူ့ဆိုင်ကျတော့ ဝယ်လိုက်ကြတာ လူတွေ အများကြီးပဲ။ဝယ်လိုက်ကြ၊ ဝင်လိုက်ကြ ၊ ထွက်လိုက်ကြ နဲ့။ ရောင်းကောင်းနေလိုက်တာ။ ငါ့ဆိုင်ကျတော့ သူ့ဆိုင်လောက်လည်းရောင်းမကောင်းဘူး ။ သူ့ဆိုင်လောက်လည်း လူမစည်ကားဘူး။သူ့ဆိုင်ထက် ငါ့ဆိုင် သာစေရမယ်။ ကြည့်စမ်းပါဦး။ […]


Diamond KeyMay 7, 20125min28315
        မန္တလေး အမရပူရမြို့နယ် အတွင်းက ရှေးဟောင်းသမိုင်းဝင် ရွှေကြက်ယက်ဆုတောင်းပြည့် မြတ်စွာဘုရားရဲ့ ကဆုန်ညောင်ရေသွန်းပွဲတော်ကြီးဆီကို ရောက်ဖူးအောင် သွားမယ် သွားမယ်နဲ့ မရောက်သေးတာ မန္တလေးကို ရောက်ကတည်းကပါ။ မနှစ်က ရောက်အောင်သွားမယ်ဆိုပြီး ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်နေ့ ရောက်သွားတော့ ဖွင့်ပွဲက မနေ့က ပြီးသွားပြီလို့ ဆိုပါတယ်။ ရွှေကြက်ယက်ဆုတောင်းပြည့် မြတ်စွာဘုရားရဲ့ ကဆုန်ညောင်ရေသွန်းပွဲတော်က နှစ်စဉ်နှစ်တိုင်း ကဆုန်လဆန်း ၁၄ ရက်နေ့ မှာ အခမ်းအနား လုပ်ပြီး ၁၄ ရက်နေ့ နဲ့ ၁၅ ရက်နေ့တွေမှာ ကျင်းပပြုလုပ်တာပါ။         ဒါနဲ့ ဒီနှစ်တော့ ရောက်အောင်သွားမယ်ဆိုပြီး သွားဖြစ်ခဲ့ပါတယ်။ ဒီရွှေကြက်ယက် ဆုတောင်းပြည့် မြတ်စွာဘုရားရဲ့ ကဆုန်ညောင်ရေသွန်းပွဲတော် မှာ ထူးခြားတာက ဒေသခံရွာတွေက ရှေးမူမပျက် ဝင်းခင်းကာ စုပေါင်းလှည့်လည်ကြပြီး ရွှေကြက်ယက်ဆုတောင်းပြည့် […]


manawphyulayMay 7, 20121min82441
အမှတ်တမဲ့ကနေ အမှတ်တရ ဖြစ်ခဲ့ရတဲ့ ခရီးစဉ်ပါပဲ။ ရွာသူရွာသားတွေ အားလုံးက စည်းလုံးပြီး ညီညွတ်စွာ ပျော်ရွှင်ခဲ့ရတဲ့ ခရီးစဉ်လေးကိုတော့ တစ်သက်တာမှ ဘယ်တော့မှမေ့မှာမဟုတ်တော့ပါဘူး။ သူတို့ရဲ့ချစ်စရာအမူအရာလေးတွေလည်း ရိုက်ယူခဲ့ပါတယ်။


DavitMay 7, 20121min43213
ခုလို  “ကားဈေးတွေထိုးကျကုန်ပြီး ဖုန်းဈေးတွေလည်းမကြာမီမျှော်”  ရမဲ့အချိန်လေးမှာ  “အင်တာနက်ဇာတ်လမ်း”  ကလာမဲ့  “စုံထောက်အောင်တိုက် နှင့် ကြောင်ဝတုန်ဂိုဏ်း” ဇာတ်ကားလေးကို  “ချိုပေါ့ကျ”  လေးတစ်ခွက်လောက်သောက်ပြီး ထိုင်ကြည့်နေချင်တဲ့  “ကျွန်တော့်စိတ်ကူး”  လေးပေါ်လာတုန်းပေါ့ဗျာ…..  “တိုင်းပြည်မွဲကြောင်း နည်းလမ်းကောင်း”  တွေကိုဖေါ်ဆောင်ခဲ့ပြီး  “ကြောက်စရာကောင်းသောလူ”  တစ်ဦးဖြစ်တဲ့  “ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်”  တယ်ဆိုတဲ့ သတင်းလည်းကြားလိုက်ရရော  “လူလည်ကြီးမောင်ကမ်း”  တော့ထိသွားပြီဆိုတာသိလိုက်ရသဗျို့။ ဒါနဲ့စကားမစပ်ပြောရဦးမယ်ဗျ … “ဧရာဝတီ ခရီးစဉ်” တုန်းက  “ဗုဒ္ဓဆိုင်ရာ မှက်သားစရာ”  တွေပါထည့်ပြောသွားတဲ့  “ဂေဇက်ရွာသူကြီးရဲ့ ပြောပေါက်ဆိုပေါက်”  ကတော့ဗျာ… တယ်မှက်သားစရာပဲဗျို့။  “လှိုင်သာယာ ကစင်ကျောင်းဆရာတော်ကြီး၏ ဓါတ်တော်များကြွင်းကျန်ခဲ့”  ဆိုတဲ့သတင်းလည်းကြားရော ကျွန်တော့်သူငယ်ချင်း 3 ယောက်ဗျာ ဘာပြောတယ်မှက်သတုန်း….တစ်ယောက်က  “ဒဂယ်လား နှစ်ကယ်လား really”  ဆိုပြီးသိပ်မယုံတဲ့သူက မယုံ၊  “ယုံမှက်ပြီးပုံအပ်ထားချင်တယ်ကွာ”  လို့ဆိုတဲ့သူကဆို … နောက်တစ်ယောက်ဆိုကြည်ညိုလွန်းလို့  “ဘယ်မှာဘာယူလာပြီး လှူရမလဲတဲ့”  ဆိုပြီးဝိုင်းမေးနေကြလို့  “ကျွန်တော်နဲ့ […]


ကိုယ်ချင်းလည်း မစာဘူး။ သူတို့တုန်းကတော့ နေချင်သလိုနေပြီး ငါတို့ကျမှ ဟိုလို မနေနဲ့။ ဒီလို မနေနဲ့။ ဟိုလိုလေး လုပ်ကြည့်ပါလား။ ဒီလိုလုပ်တာမှားတယ်။ တော်တော်ကို ကို်ယ်ချင်းမစာကြတဲ့ လူကြီးတွေပဲ။ ********************* “ ဒီအရွယ်မှာ ရည်းစားမထားရဘူးနော် ´´ သူတို့တုန်းကတော့ ထားခဲ့ကြတယ်။ ကျွန်တော်တို့ကျမှ မထားနဲ့တဲ့ဗျာ။ ********************* “မပျင်းကြနဲ့။ ပျင်းရင် ပညာမရဘူး´´ သူတို့လည်း ကျွန်တော်တို့အရွယ်တုန်းက ပျင်းခဲ့ကြတာပဲ မဟုတ်လား။ “ပိုဆံစုကြ ၊ မဖြုန်းကြနဲ့´´ တော်တော် အဟြေကောင်းတယ်။ သူတို့ ပိုက်ဆံမစုခဲ့ကြလို့၊ ငွေတွေကို ဖြုန်းတီးခဲ့ကြလို့ ကျွန်တော်တို့ ဒီလိုနေနေကြရတာ မဟုတ်ဘူးလား။ “အရက်မသောကနဲ့ ငါ့သား´´ ပါးစပ်မှာက အရက်နံ့တွေနဲ့။ ကျွန်တော်တို့ကို လာပြီး ဆုံးမနေတယ်။ “ဆေးလိပ်သောက်တာ မကောင်းဘူး´´ သူ့အိတ်ထောင်ထဲမှာ စီးကရက်ဘူးကြီးနဲ့။ဆေးလိပ်မကောင်းကြောင်း […]


ムラカミMay 7, 20121min1287
သည်တခါ ဟနွိုင်အလွဲကလည်း ရှယ်ပါပဲခညာ… အော်… လွဲနေတာချည်းပဲ ..တခါတလေလေး တည့်ပါဦးလား မောင်ဂီ့ ရယ်… အဟမ်း ..ကိုယ့်ပေါင် ကိုယ်လှန်ထောင်းရရင်ဖြင့် ..ဂလို … မွေးသမိခင် ကြီး လှေခါး၃ထစ်ပြုတ်ကျ ခြေကျိုးနေပြီး မောင်ဂီ့ ကြပ်ပေးလို့ ကားရောင်းထားပြီးသကာလ.. မောင်ဂီ့ ပါခြေ၂ချောင်းလုံး ကျိုးနေသလို ဖြစ်တဲ့ ကာလကြီးပါဗျာ … ပြန်တဲ့နေ့က တာကူစီ ကို ငှားပြီး တကိုယ်တော် အလှူခံ မဏ္ဍပ်ကြီး အဲလေ …လေယာဉ်ကွင်းကြီးကို ဆင်းချသွားသပေါ့ …။ လေဆိပ်ရောက် ပစ္စည်းတွေဘာတွေ စစ် လတ်ဂေ့ချ် အပ် ..အဲ့ ..ဝိတ်ချိန်တဲ့ ငတိက ၁ထောင် တောင်းသွားသေး.. သက်သာတယ်နော … ကျုပ်ဟာကျုပ် တွန်းလာတဲ့ အိတ်ကို ၁ချက်ကလေးမပြီး ကတ္တားပေါ်တင်ပေး […]


htet wayMay 7, 20121min21218
ကျွန်တော်က အင်တာနက်ဆိုတာကို စိတ်ဝင်စားပါတယ်။ကိုယ့်မြို့က နယ်မြို့လေးဆိုတော့ အင်တာနက် ဆိုတာ မရှိဘူး။ အင်တာနက် ဆိုတာ ကို ဘာရယ်လို့ သေသေချာချာမသိကြဘူး။ သိသလိုမသိသလို ပဲ ဖြစ်နေတယ်။ ပုသိမ်ကို ရောက်ရင်တော့ အင်တာနက် သုံးသူတွေ တွေ့ရတယ်။ ကိုယ်က လည်း ကွန်ပျူတာ မတတ်တော့ အရင် ဆုံး ကွန်ပျူတာ သင်ဖို့ လုပ်ရတယ်။ သင်တန်းတက်ဖို့ ဆိုတာကလည်း ကလေးတွေ ကြားထဲမှာ မသင့် ကိုယ်က လည်း တက္ကသိုလ်ဝင်တန်းတွေကို ကျူရှင်သင်တဲ့ ဆရာကိုး။ ဒါကြောင့် အိမ်မှာ ကွန်ပျူတာ အခြေခံ စာအုပ်လေးဝယ် အားတော့ ဖတ်၊ နောက် အင်တာနက် လမ်းညွှန်စာအုပ်ဝယ်ပြီး ဖတ် ဒီလို ကျင့်ရတာပါ။ပညာရေးမှူးရုံးမှာ ကွန်ပျူတာကိုင်တဲ့ ဆရာလေးကို ပေါင်းပြီး […]


ရှစ်မိုင် အရက်ဆိုင်အတွင်းသို့ရောက်သောအခါ…   ဘိန်းစားပေါက်ဖော်အား ဆိုင်ရှင်တရုတ်ကြီးမှမြင်တွေ့လျှင်တွေ့ချင်း တရုတ်စကားများဖြင့် အပြန်အလှန်စကားပြောဆိုကြပြီး အမြည်းသုံးပွဲနှင့် အကောင်းစားနိုင်ငံခြားဖြစ်အရက် တစ်လုံးအား အလျှင်အမြန်စီစဉ်ပေးပါတော့သည်…   ရသေ့ကြီးစည်သူအတွက်မူ အချိုရည်ဖြင့် အလစ်ဟင်းစေရန်တည်ခင်းဧည့်ခံလေသည်…   “ ပိုင်လှချည်လား ပေါက်ဖော်… တရုတ်သူဌေးတောင် ခင်ဗျားကိုတလေးတစားဆက်ဆံ တယ်ဆိုမှဖြင့် အမျိုးတွေလား၊ ကျေးဇူးရှင်တွေလားဗျာ…”   “ ကျေးဇူးရှင်ဆိုတာထက် လူတစ်ယောက်ဒုက္ခရောက်နေစဉ်မှာ ကိုယ်ရောစိတ်ပါ အကူ အညီပေးခဲ့လို့ အခုလို့ကျုပ်တို့ အကူအညီအသဲအသန်လိုအပ်တဲ့အချိန်မှာလဲ အမြဲတမ်း ပြန်ရတတ်တယ်လို့ပဲ သဘောထားလိုက်ပါဗျာ…”   “ တယ်ဟုတ်ပါလားပေါက်ဖော်ရဲ့….” နှူးဘာဂိုဏ်းချုပ်က ဝင်ထောက်လိုက်သည်…   “ ဟုတ်ပါတယ်သမိန်ဂီ… လူတိုင်းဟာကြွေတစ်လှည့် ကြက်တစ်ခုန်ဆိုသလို ထင်းခွေမကြုံ ရေခပ်တော့ ဒုက္ခနဲ့ကြုံစမြဲပါဗျာ… ဆိုင်ရှင်ကြီးက မိဘလက်ငုတ်လက်ရင်းခေါက်ဆွဲဆိုင် လေးကနေပြီး ရှိသမျှအရင်းအနှီးအကုန်ရင်းပြီး အခုစားသောက်ဆိုင်အကြီးကြီးဖွင့်ဖို့ ကံကို […]


etoneMay 7, 20123min39026
                အောင်ဇေယျ တံတား အဆင်းအနီး ၊ လှိုင်သာယာမြို့နယ်တွင်း ကစင်ကျောင်းဆရာတော်ကြီးဧ။် ဓါတ်တော်များကို ၄-၅-၁၂နေ့ ညနေပိုင်းတွင် အမှတ်မထင် ဖူးခွင့်ကြုံခဲ့ပါသည် ။ ကစင်ကျောင်းဆရာတော်ကြီးဘဒ္ဒ န္တ သုမနမဟာထေရ် ၊ သက်တော် ၉ရ ၊ ဝါတော် ၇ရ သည် ၁၀-၄-၁၂ ရက်နေ့(အင်္ဂါနေ့)  မနက်ဆယ်နာရီခန့်တွင် ပန်းလှိုင်ဆေးရုံ၌ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည် ။ ဆရာတော်ကြီးဧ။် ရုပ်ကလပ်အား ၃၀-၄-၁၂နေ့ ည ရနာရီအချိန်တွင် ဈာပန အခမ်းနားဖြင့် ယမ်းဒုံးကျည်ပစ်လွှတ်  မီးသဂြိုလ်ခဲ့ကြောင်းသိရပြီး ၊ သနပ်ခါးတုံးများနှင့် ယမ်းများအား မီးစာ အဖြစ် အသုံးပြုခဲ့ကြောင်းလည်း သိရသည် ။ သာမန်အားဖြင့် […]


bigchefMay 7, 20121min1326
ကျတော်နှင့် ရိုဟင်ဂျာ ကျတော် ဒီပိုစ့် ကို ရေး ရ တာ ခပ်ကြောက်ကြောက်ပဲ.လူ မျိူးရေး ဆိုတဲ့ စည်းကမ်း ချက်နဲ ့ ငြိ မလား မသိဘူး. ဘာ ပဲ ဖြစ်ဖြစ် ရေး ချ လိုက်ပြီ. ဘာသာရေး မုန်းတီး မှု တော့ အ လျင်း မရှိပါဆို တာကို တော ့ ကြို ပြော ထား ပါ ရစေ။ ခုတလော fb ထဲမှာလဲ ရိုဟင်ဂျာ အကြောင်းတွေကို တော်တော်များများ ဖတ်နေရတယ်. Voa က ဦးသန်းလွင်ထွန်း က ဝါ ကာအူဒင်း နဲ့ တွေ ့ ပြီး […]


ဒုတိယသမဒဂျီး ဦးတင်အောင်မြင့်ဦး (ခ) ဗိုလ်ရှစ်လုံး အနားယူသွားဂျောင်းသဒင်းမှန်ရင် အပြောင်းအလဲသိပ် မြန်လွန်နေဒယ်။ ကြေငြာသလို ကျန်းမာရေးကြောင့် မဖြစ်နိုင်ဘာ၊ မဟုတ်မှလွဲယော သမဒဂျီး နဲ့ ဘွားဒေါ်ဂျီးတို့ နှစ်ကိုယ်ဂျား သဘောတူချက် တခုခုရှိထားဒါဂို လက်မခံနိုင်လို့လား သို့တည်းမဟုတ် ကုတ်ခြာကာချုပ် ဗိုလ်မင်းအောင်လှိုင်နဲ့ မတည့်မခွဲ့ဖြစ်သလား။ ပထမဟာ ပိုဖြစ်နိုင်ပုံရဒယ်။ အခုသဒင်း မတိုင်မှီလေးဒင် သမဒအကျန်ပေး ဦးကိုကိုလှိုင်ဂနေ သမဒဂျီး ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ မဝင်ဒေါ့ဘူးလို့ လေသံပစ်လိုက်တယ်။ အတည်ပြောဒါထက် ဒုသမဒ ဦးရှစ်လုံးဘက်တော်သားဒွေဂို ချွေးသိပ်တာ ဖြစ်မယ်ထင်ဒယ်။ မင်းတို့ဆြာဂျီးနားသလို ငါလည်းမကြာဂင် နားဒေါ့မှာ ဒေါမကီးဂျနဲ့လို့ အဓိပါယ်ကောက်ရင် ရနိုင်ဒယ်။ တပ်ရှုပ်ကျီးနဲ့ ဒုတပ်ရှုပ်ကျီးဒို့ဂ တပည့်ကျော်ပဲလှော် ဗိုလ်ရှစ်လုံးဂို မုန်းဘီထင်၏။ သူ့နေယာ ဘယ်ဒူယူမလဲ.. စစ်သားဒုသမဒဖြစ်ရမှာမို့ ဗိုလ်ပြုတ်များအစား လက်ရှိစစ်သားထဲဂ ဗိုလ်ရှုပ်တယောက် […]


ကျွန်တော် ရွာထဲကို ပိုစ့် မတင်ဖြစ်တာ ကြာပါပြီ . . . အလုပ်ကလည်း များနေတော့ စာဖတ်ရုံလောက်ပဲ ဖတ်ဖြစ်တာ များပါတယ် . . 1.5.2012 တုန်းက ကျွန်တော် တစ်ကယ်ပဲ ပျော်ခဲ့ရပါတယ် . . ကင်မရာ တစ်လုံးဝယ်ခဲ့ပြီးတော့ ဟိုရိုက်သည်ရိုက် ရိုက်ဖြစ်ခဲ့ပါတယ် . . ပုံတွေကိုတော့ မတင်ပေးတော့ပါဘူး . .  ။ စကားကြောရှည်နေပြီ . . . ကျွန်တော် ပြောချင်တာက ရွာထဲမှာ ဓါတ်ပုံပြိုင်ပွဲ လုပ်ရင်ကောင်းမလား လို့ပါ . .  ကျွန်တော်က တိုင်ပင်ကြည့်တာပါ . . ပြိုင်ပွဲ အတွက် လိုအပ်မယ့် အချက်အလက်တွေ အစီင်္အစဉ်တွေကို ကျွန်တော်နဲ့ […]