ကမ ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အခမ်းအနားကို မန ္တလေး မြို့ ၂ရလမ်း ၆၄-၆၅လမ်းကြားရှိ Green Elephant စားသောက်ဆိုင်တွင် ယနေ့ မေ (၃)ရက် နံနက် (၉)နာရီမှာ ကျင်းပသည်။ ထိုအခမ်းအနားကို မန ္တလေးရှိ စာနယ်ဇင်းလွတ်လပ်ခွင့် အရေး လှုပ်ရှားသူများစုစည်းထားသော freepressmyanmar အဖွဲ့က စည်းရုံး ကျင်းပခြင်းဖြစ်သည်။ အခမ်းအနားဖွင့်လှစ်ပြီးနောက် စာနယ်ဇင်း လုပ်ငန်းခွင်အတွင်း အမှန်တရားအတွက် အသက်ပေးစွန့်သွားခဲ့ကြသော ကမ ္ဘာ တစ်ဝန်းလုံးမှ စာနယ်ဇင်းသမားများကို အောက်မေ့ဂုဏ်ပြုသောအားဖြင့် တစ်မိနစ်မျှငြိမ်သက်စွာ ဂါရဝပြုကြသည်။ ဆရာသင့်နော်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး တက်ရောက်ချီးမြှင့်ကြသော ပရိသတ်များထဲမှ ဆရာကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာ မောင်သစ်လွင်လူထု၊ ဆရာညီစေမင်း၊ ဆရာညီပုလေး၊ဆရာသိုက်ထွန်းသက်၊ဆရာညိုထွန်းလူ တို့က စာနယ်ဇင်းလွတ်လပ်ခွင့် အပေါ်ထားရှိသော သဘောထးအမြင်များနှင့် အတွေ့အကြုံများကို […]