may julyApril 30, 20121min11910
ဖုန်း ringtunes များကိုမြန်မာသီချင်းကောင်းကောင်းများဖြင့် အသုံးပြုလိုသူများအတွက် www.myringtuneonline.com ဝက်ဘ်ဆိုက်တွင် အသုံး ပြုနိုင်ပါသည် ။  နာမည်ကြီး မြန်မာအဆိုတော်များ၏ တေးသီချင်း ringtunes များသာမက အင်္ဂလိပ်နာမည်ကျော် ဂီတ ပညာရှင်များ၏သီချင်း ringtunesများကိုလည်းရယူနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အိန္ဒိယ၊ တရုတ် အစရှိသည့် နိုင်ငံများမှ နာမည်ကျော် တေးသံရှင်များ၏ ringtunes  များကိုလည်း ဒေါင်းလုပ်ရယူနိုင်မည်ဖြစ်သည်၊ အွန်လိုင်းမှာ ပင် ကိုယ်ပိုင်အကောင့်ဖြင့် ringtunes များကို သိမ်းဆည်းထားချင်သူများအတွက်လည်း ထိုဆိုက်မှာပင် အကောင့်ဖွင့်ပြီး သိမ်းဆည်း ထားနိုင်ကြောင်း သိရပါသည် ။


ဇောက် ထိုးApril 30, 20121min15012
သူကြီးနှင့်တကွရွာသူရွာသားအားလုံးကိုခင်မင်လေးစားစွာဖြင့်စာရေး လိုက်ပါတယ်။ ရွာသူရွာသားအားလုံးကျန်းမာကြတယ်မဟုတ်လား။ကျွန် တော်ရွာမှာတုန်းကသိခဲ့တာက အများအကျိုးဆောင်ရွက်ရမယ်အများ ကောင်းစားရေးကိုလုပ်ရမယ်လို့နားလည်ခဲ့ပါတယ်။ ခုတော့အဲလိုမဟုတ်ပဲ ကိုယ်ကောင်းစားရေးကိုလုပ်ရမယ်ဆိုတဲ့အသိအမြင်တွေရလာခဲ့ပါတယ်။ ဒါလေးကိုရွာသူရွာသားတွေကိုစာရေးပြီးအသိပေးတာပါ။ ကိုယ်ကောင်းစားရေးမလုပ်ပဲ အများကောင်းစားရေးဆိုတာ လုပ်လို့မရပါဘူး။ကိုယ်ကောင်း စားရေးမလုပ်ပဲအများကောင်းစားရေးလုပ်ခဲ့မယ်ဆိုရင်…အဲဒီအများ ကောင်းစားကောင်းစားရေး ကောင်းတဲ့ အကျိုးဖြစ်ထွန်းမှုတွေနည်းမှာပါ။ ကျွန်တော်တို့ ရွာမှာ သီးနှံတွေစိုက်တာဟာ..ကိုယ်ကောင်းစားဖို့… ကိုယ့်မိသားစုကောင်းစားဖို့စိုက်တာဆိုပေမယ့်…. အဲဒီသီးနှံကထွက်တာ တွေကို..မြို့ပို့ပြီး တနိုင်ငံလုံး …ကောင်းစားဖို့ဆောင်ရွက်လိုက်တာပဲ မဟုတ်လား။ လမ်းဘေးမှာ ကိုယ့်စားဝတ်နေရေးအတွက် ဓာတ်ဆီလေးရောင်းနေတာ လဲ ကိုယ့်အတွက်ရောင်းတာလို့ဆိုရပေမယ့် အနားကဖြတ်သွားသူတွေ ဆီပြတ်ရင် အဆင်ပြေအောင်ဆောင်ရွက်ပြီးသားဖြစ်မနေဘူးလား။ တကယ်တော့ ကိုယ်ကောင်းစားရေးလုပ်လိုက်တာနဲ့ အများကောင်းစား ရေးဆိုတာ အလိုလိုလုပ်ပြီးသားဖြစ်သွားပါတယ်။ ကျွန်တော်တို့ရွာထဲက ကိုကြီးကြောင်ဆိုရင်…အမြဲတမ်းသောက်စားမူးရူး နေတယ်။ ညညဆိုဆူညံနေလို့တရွားလုံးစိတ်ညစ်ကြရတယ်။ တခါတလေ ရဲစခန်းပါ အလုပ်ရှုပ်တယ်။ ဒါဟာ ကိုကြီးကြောင်က သူကောင်းစားရေးပါ မလုပ်တော့ အများကောင်းစားရေးလဲမလုပ်သလိုဖြစ်နေတာပေါ့။ ဟော ခုတော့ ကိုကြီးကြောင် အရက်ဖြတ်သွားပြီ။ သူ့ဘဝကောင်းစားဖို့ […]


mgwaloneApril 30, 20121min775
ယနေ့နံနက် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲသတင်းအရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD လွှတ်တော်ကိုယ်စားလှယ်များ လာမည့် မေ ၂ ရက်နေ့တွင် လွှတ်တော်အစည်းအဝေးသို့ တက်ရောက်မည်ဟု သိရသည်။ Source: http://www.news-eleven.com/index.php?option=com_content&view=article&id=13360:2012-04-30-05-01-26&catid=42:2009-11-10-07-36-59&Itemid=112


ရန်ကုန်၊ ဧပြီ ၃၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ခံ NLD အမတ်များ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မည် ဖြစ်ကြောင်း ဧပြီလ ၃ဝ ရက်နေ့ နံနက်ပိုင်းတွင် NLD ရုံးချုပ်၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။ “အလျှော့ပေး လိုက်တာလားလို့ မေးရင် ဟုတ်ပါတယ်။ အလျှော့ပေးလိုက်တာပါ။ ပြည်သူ့ဆန္ဒအတွက်ပါ” ဟု ၎င်းက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် မေလ ၂ ရက်နေ့တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်သို့ တက်ရောက်ဖွယ် ရှိကြောင်း မြန်မာ့ နိုင်ငံရေး စောင့်ကြည့် လေ့လာနေသူများက ခန့်မှန်းပြောဆိုသည်။ […]


မေမြို့ရောက်တုန်းရောက်ခိုက် လမ်းသလားခဲ့သမျှ လက်ဆော့ခဲ့သမျှကို မျှဝေပေးလိုက်ပါတယ်။ အချို့ပုံတွေကတော့ ဖေစ်ဘုတ်မှာတင်ပြီးဖြစ်ပါတယ်။ ကြည့်ရင်း သတိရနိုင်ပါစေ.   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့။ (24-4-2012)


တနေ့ဂ အင်တာနက်သတင်းတခုမှာ ဦးသိန်းစိန်အစိုးရအဖွဲ့အတွင်း ဝံကျီးငါးယောက် အပြောင်းအလဲလုပ်မယ် ဖတ်လိုက်ရဒယ်။ နောက်တနေ့ကျတော့ အဲဒီဆိုက်က ပြန်ဖြုတ်လိုက်တယ်တဲ့။ ဗွိုက်စ်သတင်းဂျာနယ်မှာ စက်မှုဝန်ကျီး ဦးစိုးသိန်းကို ဝန်ကျီးအဖွဲ့ အပြောင်းအလဲ ရှိနိုင်မလားမေးဒေါ့ ဒီမိုကရေစီအစိုးရလက်ထက်မှာ အစိုးရအဖွဲ့အတွင်း အပြောင်းအလဲတွေ ရှိတတ်ပါဒယ်လို့ မယုတ်မလွန်ဖြေတယ်။ ဝန်ကျီးအဖွဲ့ အပြောင်းအလဲ သတင်းထွက်နေတာကြာပြီ။ သဘောထားတင်းမာတဲ့ ဝန်ကျီးအမည်တွေလည်း ထွက်ထားဒယ်။ ဦးသိန်းစိန် ဂျပန်ခရီးမှာ အန်အယ်လ်ဒီကို ဝန်ကျီးနေရာတချို့ ပေးမယ်လို့ သတင်းထွက်တယ်။ ဟုတ်တာ မဟုတ်တာ အပထား၊ ဟုတ်ခဲ့ရင်ဆိုပြီး မစားရဝခမန်း တွေးကြည့်ပါမယ်။ အစိုးရအဖွဲ့အတွင်း အပြောင်းအလဲ ဖြစ်လာခဲ့ရင် အံ့ဩဇရာ မရှိပါ။ နောက်ဆုံးထွက်လာတဲ့ ဝန်ကျီးငါးဦး စာရင်းမှာ ပြန်ကြားရေး ဦးကျော်ဆန်း၊ စီးပွားရေး ဦးဝင်းမြင့်၊ ဟိုတယ်ခရီး ဦးတင့်ဆန်း၊ လျှပ်စစ် ဦးဇော်မင်း၊ စက်မှု […]


ဂျာမနီနိုင်ငံ စတူးဂတ်မြို့မှာ ယနေ့ပြုလုပ်တဲ့ ပိုရှေးပြိုင်ကားတင်းနစ် ဂရင်းပရီ နောက်ဆုံးဗိုလ်လုပွဲမှာ ကမာ္ဘ့အဆင့်တစ် တင်းနစ်မယ် ဘီလာရပ်စ်နိုင်ငံသူ ဗစ်တိုးရီးယား အဇာရန်ကာကို ဦးကြောင်ကြီးရည်းဇား ကမာ္ဘအဆင့်နှစ်တင်းနစ်မယ် ရှာရာပိုဗာ ၆-၁ ၆-၄ နှစ်ပွဲပြတ်နဲ့ အနိုင်ရသွားပါဒယ်။ ရွာထဲဂ ကြေးမုံဂျီးအမျိုး တရုတ်နိုင်ငံသူ နလီဂတော့ အုပ်စုအဆင့်မှာတင် ပြုတ်ကျန်ရစ်ခဲ့ပါဒယ်။ ကြေးမုံဂျီးရေ အမြင်မှန် ရပါဒေါ့ကွယ်..။ 🙄 ကြောင်ကြီး ပို့သတဲ့မေတ္တာနဲ့ အနိုင်ရသွားတဲ့ ရှာရာပိုဗာဂလေးဟာ ပထမဆုငွေ ဒေါ်လာခုနှစ်သိန်းလေးသောင်းအပြင် ဒေါ်လာတသိန်းရှစ်ထောင်တန် (msrp price) ပိုရှေးပြိုင်ကား Porsche 911 Carrera S Cabriolet ကိုပါရရှိသွားပါပြီ။ ကြောင်ကြီးလည်း ဝမ်းသာလွန်းလို့ အိမ်ဂပို့ပေးတဲ့ ငါးပိထောင်းနဲ့ ကြက်ဥဟက်ဘွိုင်ကို ရေနဲ့မျှောချပြီးစားရင်း အောင်ပွဲခံနေပါဒယ်။ 😎


သားငယ္April 29, 20122min17520
(၂၉.၄.၂၀၁၂) (၃၃)အဆန် အိပ်စင်ရထားသည် နန့်စီးအောင်ဘူတာ မှ (၂၉.၄.၂၀၁၂) နံနက် (၀ဝး၅၆)နာရီအချိန် တွင် ထွက်လာပြီး နံနက် (၁း၁၀)နာရီအချိန် ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊ မော်ဟန်ဘူတာနှင့် နန့်စီးအောင် ဘူတာအကြားမိုင်တိုင် ၆၁၆/၁ နှင့် ၆၁၆/၃ အကြား တံတားအမှတ်(၅၃၄) နေရာတွင် မိုင်း (၂)လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့်ရထားတွဲ (၁၂)ပါဝင်ရာ၊ (၈)တွဲ လမ်းချော်ခဲ့ပါသည်။ အထက်တန်း အိပ်ခန်းတွဲ(၁) ၁၂၆၆၉ နှင့် တွဲ (၇)၁၂၆၅၄BREZ 10919 စားသောက်တွဲတိမ်းမှောက်ခဲ့ပါ သည်။ အိပ်စင် တွဲ(၁) D ခန်းတွင် လိုက်ပါလာသောမျိုးမင်းထိုက် (၂၈)နှစ် ညာဘက်ခြေထောက် ကျိုးသွားပြီး၊ အိပ်စင်တွဲ(၁) B ခန်းတွင် လိုက်ပါလာသောရှင်စန္ဒောဘာသ ခြေမျက်စိ ဒဏ်ရာရရှိခဲ့ပါသည်။ ရထားသံလမ်း ကွန်ကရစ်တုံး(၉၅)တုံး […]


သားငယ္April 29, 20121min853
  ပန်းတွေနဲ့ဝေဖြာ သူ့ဆံကေသာ- ရေးသူ-ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ဧပြီ ၂၉ ရက်နေ့ ဂျပန်နိုင်ငံထုတ် မိုင်အိနိချိ သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Letter from Burma: Flowers in her hair ဆောင်းပါးဘာသာပြန် ၂၀၁၂ခုနှစ် ဧပြီ ၁၆ ရက်ဟာ ကျွန်မမိခင် ဒေါ်ခင်ကြည် ရဲ့ တရားဝင်မွေးနေ့ဖြစ်ပါတယ်။ တရားဝင်လို့ ကျွန်မ ဘာကြောင့်ပြောရပါသလဲဆိုရင် သူ့ရဲ့အမျိုးသားမှတ်ပုံ တင်ကဒ်၊ နိုင်ငံကူးကဒ်နဲ့ အခြား ထင်ရှားတဲ့ စာရွက်စာ တမ်းများမှာ အဲဒီမွေးနေ့အတိုင်းပဲ မှတ်တမ်းတင်ရေး ထားလို့ပါပဲ။ တကယ်တန်းမှာတော့ တရားဝင်ရေးမှတ် ထားတဲ့ မွေးနေ့ထက် တနှစ်နောက်ကျပြီး မေမေဟာ မွေးဖွားခဲ့တာပါ။ စန္ဒြမာသ မြန်မာသုံးပြက္ခဒိန်ပါမွေးနေ့ မွေးရက်ကို ဂရိဂေါ်ရီယံ ကမ္ဘာသုံးပြက္ခဒိန်နဲ့ ညှိနှှိုင်း ပြောင်းလဲရာမှာ […]


mgwaloneApril 29, 20121min784
မန္တလေးမြို ့ အရှေ ့ပိုင်း အုပ်စက် ရပ်ကွက်ပတ်ဝန်းကျင်တွင် ယနေ့ည မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ည ၁ဝ နာရီ ကျော်ခန့်က စတင်လောင်သည်ဟု ခန့်မှန်းရပြီး ၁ဝ နာရီ ၄၅ ဝန်းကျင်ခန့်တွင် မီးငြိမ်းပြီဟု ကြားသိရသည်။ သို့သော် မီးသတ်ကားများ သွားရောက်နေဆဲဖြစ်ပြီး အစဦးပိုင်းက ထင်ထင်ရှားရှား မြင်ရခဲ့သော မီးရောင် မတွေ့ရတော့ပဲ မီးခိုးဖြူများကိုသာ မြင်ရတော့သည်။ မန္တလေးမြို ့ အနောက်ပြင် ဒေးဝန်းရပ်ကွက်မှ မီးသတ်ကားများပြင် လာရောက်သည်ကို တွေ့ရပါသည်။ အိမ်ခြေ မည်မျှ လောင်ကျွမ်းသည်ကို မသိခဲ့ရပါ။ သို့သော် လူနာတင်ယာဉ်နှင့် နာရေးကူညီမှု အသင်းမှ ယာဉ်တို့ မီးလောင်ရာ နေရာသို့ သွားသည်ကို တွေ့ခဲ့ရပါသည်။ မန္တလေး၏ ထုံးစံအတိုင်း လာရောက်ကြသော ဆိုင်ကယ်များ […]


u myoApril 29, 20121min715
1။ ဝင်းမြန်မာဂျစ် 75 သိန်း 2။ စူပါဆလွန်း 90 မော်ဒယ် ဒီဇယ် 8က…… 155 သိန်း 3။ လီမီတက် 5က…………. 160 သိန်း 4။ စူပါဆလွန်း 88 မော်ဒယ် လ……… 120 သိန်း 5။ တိုယိုတာ will 2ဃ……….. 275 သိန်း 6။ Honda Hybird 1.3 အင်ဂျင်ပါဝါ 330 သိန်း 7။ suzuki swift 1.2 အင်ဂျင်ပါဝါ 280 သိန်း 8။ တိုယိုတာ aristo 2ခ…………. 230 သိန်း 09-42100-5717