“သမိုင်းဘီးကြီး ချာချာလည်” ၁၈၇၈ခုနှစ် မင်းတုန်းမင်းနတ်ရွာစံသောအခါ ဆင်ဖြူမရှင်ကြိုးကိုင်မှုဖြင့် ဘုန်းကြီးဝတ်နေသောမောင်ရေစက်အား သင်္ကန်းဆွဲချွတ်၍ သီပေါမင်းအဖြစ်နန်းတင်သည်။ ၁၈၇၉ ဖေဖော်ဝါရီလတွင် နန်းတွင်းအာဏာလုပွဲများဖြင့် မင်းညီမင်းသားအယောက်၄၀ကျော်ကို (သွေးမြေမကျရအောင်ဆိုကာ)လည်မြိုတုတ်နှင့်ရိုက်သတ်ခဲ့ကြဖူးသည်။ နန်းတွင်းအာဏာလုပွဲများ တခြိမ်းခြိမ်းချနေချိန်တွင် တိုင်းရေးပြည်ရေး စစ်ရေးမငြိမ်သက်။ သူပုန်စုံထလျှက် အာဏာစက်လည်း ကျယ်ပြန့်မသက်ရောက်။ ၁၈၈၄တွင် မင်းသွေးပါသူ အယောက်၄၀၀ကျော်ကို နောက်တကြိမ်မျိုးဖြုတ်သတ်ဖြတ်ပြန်သည်။ ထိုအချိန်အောက်မြန်မာနိုင်ငံမှာ အင်္ဂလိပ်ကိုလိုနီအဖြစ် စီးပွားဖြစ်ထွန်း နိုင်ငံရေးတည်ငြိမ်ရကား အောက်ပြည်အောက်ရွာသို့ ထွက်ပြေးခိုလှုံကြသူ မြန်မာလူမျိုးသိန်းချီခဲ့ဖူးသည်။သို့နှင့် အင်္ဂလိပ်စစ်သင်္ဘောများ ဧရာဝတီမြစ်ကြောင်းအတိုင်းတက်လာပြီး ၁၈၈၅ နိုဝင်ဘာလတွင် သီပေါမင်းအားကြက်/ငှက်ကလေးလိုဖမ်း၍ အိန္ဒိယသို့ပို့ပေးလိုက်ပါလေသတည်း။ လူထုမှာ တိုင်းရေးပြည်ရေးစိတ်ပျက်လွန်းနေချိန်ဖြစ်ရကား လက်ခုတ်များတီး၍ အရောက်ပို့ပေးလိုက်လေသလောပင်မပြောတတ်။ ယခုလည်း မျှော်ကြရပြန်သည်။ ဘင်္ဂလားပင်လယ်ဖက်မှ စကြဝတေးမင်းတပ်ကြီးကားပေါ်မလာ။ “မင်းမှာသစ္စာ လူမှာကတိ စစ်သားမှာမသိ”ဗိုလ်ချုပ်ကြီးနေဝင်းအား ထိုစဥ်ကဝန်ကြီးချုပ်ဦးနုမှ ၁၉၅၈ အောက်တိုဘာမှ ၁၉၆၀ ဧပြီအထိ မြန်မာ့နိုင်ငံရေး/စစ်ရေးမငြိမ်မသက်မှုများအကြောင်းပြုခေတ္တအာဏာအပ်ဖူးသည်။ ယခုဧပြီလ […]