“ဒေါင်းလည်ပြန်” ၂၁ရာစုလူသားတို့အတွက် အဆိုးဝါးဆုံးများသယ်ဆောင်လာသည့် သက္ကရာဇ်၂၀၂၀ ကုန်တော့မည်။ လည်ပြန်ကြည့်လျှင် ကမ္ဘာလူသားအသက် ၁သန်း၈သိန်းကျော်တွင် အမေရိကန်အသက် ၃သိန်းကျော်ပါခြွေသွားသည့် ကိုဗစ်-၁၉ရောဂါကို တနှစ်လုံးလိုလိုခုခံဖြေရှင်းနေရမည်။ မကြုံစဖူးလောင်ခဲ့သော တောမီးရာသီ ဇူလိုင်ကုန်မှ ဒီဇင်ဘာလယ်အတွင်း အမေရိကအနောက်ပိုင်းပြည်နယ်တို့၏တောမီး အကြိမ်၁၀၀ကျော် ၈.၂သန်းဧကနှင့် ဧက၄၇သန်းလောင်ကျွမ်းသွားသော သြစတေးလျှတောမီးကြီးကိုကြားရ/ခံစားကြရမည်။ဇွန်မှနိုဝင်ဘာလကုန်မုန်တိုင်းရာသီတွင်းအတ္တလန္တိတ်သမုဒ္ဒရာအတွင်း သမိုင်းစံချိန်ဖြစ်တည်ခဲသောခဲ့သော နာမည်တပ်မုန်တိုင်းအလုံး(၃၀)၏ အမေရိကနိုင်ငံကမ်းရိုးတန်းဝင်ဆောင့်ခဲ့သည် ၁၂လုံးဒဏ် ကိုသိရမည်။မေလကုန်တွင်လူမည်းအမျိုးသားဂျော့ဖလွိုက်အသတ်ခံရသည်မှ စလိုက်သည့် BLM လူမည်းအသက်တာလှုပ်ရှားမှုကြီး၏ဂယက်နှင့်ပါတ်သက်ကြရမည်။ကမ္ဘာ့စူပါပါဝါ အမေရိကား၏ နှစ်၂၄၄နှစ်ကြာ ဒီမိုကရေစီစနစ်ကြီးယိုင်နဲ့သွားသည်အထိ နိုင်ငံရေး လိမ်ဖယ်ခဲ့သည်ကို ကြုံကြရမည်။ သမ္မတထရမ့်နှင့် သမ္မတဂျိုးဘိုင်ဒင်တို့၏ ရွေးကောက်ပွဲရလဒ်သည် ယခုစာရေးသည့်အချိန်အထိ ရှုံးသူမှအရှုုံးမပေးသေး၍ မပြီးပြတ်စဲဖြစ်၏။ တိုင်းပြည်၏တရားရေးမဏ္ဏိုင်အဆုံးအဖြတ်လည်း ကြားဝင်ညှိ၍မှမတတ်နိုင်။လက်မှိုင်ချရသည့်အခြေဆိုက်ကုန်၏။ စတုတ္ထမဏ္ဏိုင် မီဒီယာမူလည်း ကောလဟာလလွှင့်ရာတို့ဟုထင်ကုန်ကြသည်။ ၇၄သန်းကျော်ရှိသော သမ္မတထရမ့်အားမဲပေးလိုက်သူ အုပ်စုကြီးမှာ သူတဦးတယောက်၏နောက်လိုက်၍အများစုဆန္ဒကိုခုခံဆဲပါပေ။ပြည်တွင်းစစ်ကာလ(၁၈၆၁-၆၅)နောက်ပိုင်း အကြမ်းဆုံးသော ကွဲပြားခွဲခြားခံလိုက်ရသည့်အခြေအနေရယ်ပါ။ အစမ်းသပ်ခံလိုက်ရသည့်ဒီမိုကရေစီသည် ဇန်နဝါရီ၂၀တွင် ရွေးကောက်ခံသမ္မတသစ်ဂျိုးဇက်ဘိုင်ဒင်ကို […]