Mon LayNovember 23, 20201min31380
မွန်လေး ရက်၃၀ challenge လေးလုပ်ထားလို့ပါ အခု day 1 က describe your personality တဲ့။ ကိုယ့် ကိုယ်ရည်ကိုယ်သွေးအကြောင်းကို စပြောရမှာဆို‌တော့ အကောင်းကနေစပြောမယ်နော်။ မွန်လေး ဘာပဲလုပ်လုပ် လုပ်ချင်ပြီဆို ဇွဲရှိရှိနဲ့လုပ်တတ်တယ်။ မပျင်းဘူး။ မခိုဘူး။ ရည်မှန်းချက်  ကြီးတယ်။ လုပ်ပြီဆိုရအောင်လုပ်တာ။ မလုပ်ရင်လည်းမလုပ်ဘူး။ တခါတလေလောဘကြီးတတ်လို့ ရောင့်ရဲတင်းတိမ်ဖို့ ကိုယ့်ကိုယ်ကို ကြိုးစားရတယ်။  စိတ်ထားကောင်းထားတယ်။ စိတ်ပုတ်၊ စိတ်ယုတ်မရှိဘူး။ ကိုယ်လည်းမတရားမလုပ်ဘူး။ ကိုယ့်ကိုမတရားလုပ်ရင်လည်းမခံဘူး။ မဟုတ်မခံ ပြန်ပြောတတ်တယ်။ စွာတယ်။ မျှမျှတတနဲ့ သမာသမတ်ကျတာပဲကြိုက်တယ်။ ကိုယ့်အပေါ်မကောင်းလုပ်ရင် ကပ်ကပ်လန်အောင်ပြန်အော်တတ်တဲ့ အကျင့်ဆိုးတစ်ခုရှိတယ်။ အအိပ်မက်တယ်။ အစားမက်တယ်။ ခရီးသွားရတာကြိုက်တယ်။ လူတစ်ယောက်က ကိုယ့်ကို မခင်ခင် ကိုယ်ကစပြီးခင်တတ်တယ်။ သူကကိုယ့်ကိုပြန်မခင်လို့ကတော့ နောင်ခင်ဖို့ မွန်လေးမှာ ဆန္ဒမရှိ။ ဒါပါပဲ။ #day1challenge #30dayschallenge


Mon LayNovember 22, 20201min3630
ယခုလူငယ် နောင်ဝယ်လူကြီးမိန်းကလေးလူငယ်လုပ်ငန်းရှင်တိုးတတ်မူ အောင်မြင်မှု ခေတ်အမြင် idea အလန်းစားနဲ့ ကိုယ်ဘဝကိုလည်း အသက် ၃၀ ရောက်ရင် ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ကိုင်နိုင်ရမယ်ဆိုပြီး အသက် ၂၄ ထဲက အွန်လိုင်းလုပ်ငန်းကို အကောင်အထည်ဖော်ခဲ့ပါတယ်..အဲ့လို planထားခဲ့တဲ့အတိုင်း အခုအသက်၃၀ မှာ ကိုယ်ပိုင်လုပ်ငန်းကိုစတင်လုပ်ကိုင်နေပါပြီ။ အခုထိအလုပ် သက်တန်း ၆နှစ်ရှိပြီရပ်တည်ခဲ့တာအပိုမကြွားဘူး လေမကြီးဘူးလောကကြီးကို အလုပ်နဲ့ သက်သေပြခဲ့တယ်။မွန်လေး ဒီထက်မကကြိုးစားသွားမယ်။အမိုက်စားတွေ လာမယ်။လူငယ်လုပ်ငန်းရှင် အလားအလာရှိတယ်တကယ်ကြိုးစားတယ်ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်တယ်ဘဝကို လက်တွေ့နဲ့တည်ဆောက်တဲ့အမျိုးသမီး လူငယ်လုပ်ငန်းရှင် ကိုမှ ယုံကြည် လက်တွဲချင်တယ်ဆို အချိန်မရွေး🙏welcomeဘယ်သူ့ ပုံစံတူ ဘယ်သူ့idea တူကိုဘဝမှာ သူများဖောက်ထားတဲ့လမ်းအလွယ်မလိုက်ခဲ့ဘူးဘယ်သူလူမှ လိုက်ခိုး လိုက်မိတ်ဆက်တာ သမိုင်းမှာလည်းမရှိခဲ့ဘူး နောက်လည်းရှိလာမှာမဟုတ်ဘူးကိုယ့်စီးပွားရေးသမိုင်းကို သိက္ခာရှိရှိတည်ဆောက်မယ်။ကိုယ့်ကို လက်တွဲခေါ်ချင်သူထက် ကိုယ်တတ်လာမှာအောင်မြင်လာမှာ ကြောက်သူ ပိုများခဲ့တယ်။ကိုယ်နဲ့ ပက်သက်သမျှ လူတိုင်း ကိုယ့်လိုမဖြစ်အောင်ဘယ်သူမဆိုလက်တွဲခေါ်ခဲ့တယ်။ယုံကြည်ရင် ကျွန်မ လက်ကိုတွဲထား အမြင့်ဆုံးအထိ အတူတတ်မယ်။Agent တွေကို နင်းပြီးတတ်မဲ့သူထဲ ကျွန်မ မပါယုံမှ လက်တွဲပါ။🥰🥰🥰


Mon LayNovember 22, 20201min3670
လေလိုင်းစီးပွားရေး ကို ရအောင်လုပ်ပါလုပ်တတ်အောင် ကျွမ်းကျင်အောင်လုပ်ထားပါခေတ်နောက်ကျမကျန်ခဲ့ပါစေနဲ့ကမ္ဘာလုံးစီးပွားရေးကိုရအောင်တတ်ပါInternet Business လုပ်နေပြီ ဖြစ်တဲ့ မွန်လေးနဲ့ လက်တွဲပါ။အခုနောက်ပိုင်းအစိုးအလုပ်တွေတောင် online system နဲ့သွားနေဘီသူဌေး လုပ်ငန်းရှင်တွေတောင် online ပေါ် အပြိုင်တတ်နေဘီသင့်တို့ကော ဘုပြောဘေးထိုင်လုပ်မနေနဲ့လေလိုင်းပေါ်မှ ပိုက်ဆံရှာတတ်အောင်လုပ်ပါမွန်လေး က နေ့စဉ် လိုင်းပေါ်တင် ပြီး ပစ္စည်းတွေရောင်းပေး..group တွေဖွဲ့ပြီး ရောင်းပေးနေတာမို့မကြောက်နဲ့ လက်တွဲလိုက်ကမ္ဘာကြီးက ရွာကြီးဖြစ်နေပြီsocial အသုံးချ ပြီးစီးပွား ရှာကြည့်ပါလုပ်တတ်သွားရင် ခဏ အတွင်းအောင်မြင်နိုင်တယ်မွန်လေးအွန်လိုင်းလုပ်လာတာ ၆နှစ်ထဲရောက်လာပြီ..သီးသန့်ထွက်ပြီးလုပ်တာ ၁၁လထဲရောက်နေပြီ..အရမ်းအဆင်ပြေတယ်..သူများလုပ်ငန်းလုပ်စရာကိုမလိုတာ…ကြိုးစားဖို့တော့လိုတာပေါ့နော်.


Mon LayNovember 21, 20201min3990
စားသုံးသူက စီးပွားရေးလုပ်ငန်းတွေကို ချမ်းသာစေတယ် လာဘ်စားခြင်းက နိုင်ငံရေးသမားတွေကို ချမ်းသာစေတယ် အကြွေးယူသူတွေကို ဘဏ်တွေကို ချမ်းသာစေတယ် ၀◌န်ထမ်းတွေက အလုပ်ရှင်ကို ချမ်းသာစေတယ် စီးပွားရေးသမားတွေက မိမိကိုယ်ကို ချမ်းသာအောင်လုပ်တယ် သင်ဘယ်ထဲမှာ ပါနေလဲ…ပြန်စမ်းစစ်ပါ…


Mon LayNovember 19, 20201min3770
ကိုယ့်ကို ဘယ်သူ ဘယ်လောက် လှောင်လှောင်ပြောင်ပြောင် ကိုယ်သွားနေတဲ့လမ်းက မှန်နေတယ်ဆို စိတ်သန့်သန့်နဲ့ သူများပြောတာ ခေါင်းထဲ မထည့်ပဲ ဆက်လျှောက်ပါ။ ဘေး တို့ အနောက်တို့မှာ ကိုယ်ပြေးနေတဲ့ ပြေးလမ်း မှာ ရပ်သွားအောင် လုပ်နေတဲ့သူတွေရှိတယ်။  Don’t care. ကျွန်မ ကို ဘယ်သူမှ တွန်းတိုက်လို့မရဘူး။ သူများစိတ်နဲ့ အသက်မရှင်ဘူး။ အောင်မြင်မူ ပန်းတိုင်တစ်ခုထဲသာ အာရုံစိုက်တယ်။ ကျန်တာ လာသမျှ ခေါင်းထဲကိုမထည့်တာ။ အရမ်းသူများပြောမှ ကြောက်တာ။ သူများ မုန်းမှာကြောက်တာ။ သူများတွေ ကို ခေါင်းထဲ သိပ်ထည့်လွန်းရင် ကိုယ်ဟာ သူများစိတ်နဲ့ အသက်ရှင်သူပဲ။ ကိုယ်အကြောင်း ကိုယ် စိတ်ဝင်စားပါ။ကျွန်မ အကြောင်းစပ်စုနေသူများ အလုပ်အရမ်းကြိုးစားရင် လုပ်ငန်းတွေ အိမ်တွေ ခြံတွေ မြေတွေ Condo တွေ […]


Mon LayNovember 18, 20201min3090
၁/ ငါလုပ်ကြည့်လို့ရတာပဲ ၀◌န်ထမ်းဘ၀ကထွက်ပြီး ကိုယ်ပိုင်လုပ်ငန်း..ငါလုပ်ကြည့်လို့ရတာပဲ ၂/ ငါပြောင်းလဲကြည့်မယ် ၀◌န်ထမ်းဘ၀ကနေ…လုပ်ငန်းရှင်ဘ၀ကို ငါပြောင်းလဲကြည့်မယ္ ၃/ အောင်မြင်အောင် အတတ်နိုင်ဆုံးကြိုးစားမယ် လုပ်ငန်းရှင်ဘ၀ကို စပြောင်းတော့ အစပိုင်းမှာ အခက်အခဲနည်းနည်းရှိတယ်။ ဒါမဲ့ အောင်မြင်အောင် အတတ်နို်င်ဆုံးကြိုးစားမယ်…လာစမ်းပါ..အဲ့အခက်အခဲတွေ..ငါ့ဇွဲနဲ့တိုက်ထုတ်ပစ်မယ် ၄/ ဖြစ်နိုင်ချေနည်းနည်းရှိသေးတာပဲ ဒီလောက်အွန်လိုင်းမှာ စေ◌ျးရောင်းသူတွေကြားထဲ ငါတိုး၀◌င်နိုင်ပါ့မလား,,,,ငါဆို လုပ်လာတာ ၆နှစ်ရှိပြီပဲ..ဘာကြောက်နေရမလဲ…ငါ့မှာဆိုင်ခန်းဖွင့်ဖို့ အိမ်ကအောက်ထပ်လေ..ဆိုင်ပါတွဲ ဖွင့်မယ်..ဖြစ်နိုင်ချေနည်းနည်းရှိသေးတာပဲ ၅/ မလုပ်နိုင်စရာတော့မရှိပါဘူး တစ်လကို ၀◌န်ထမ်းဘ၀ ကရတဲ့ လစာကိုအနည်းဆုံးထားပြီးရှာမယ်..၀◌န်ထမ်းဘ၀ကရတဲ့ လစာထက် အများဆုံးကြိုးစားရှာမယ်..၂၀၂၁ မှာ လုပ်စရာရှိတယ်..မလုပ်နို်င်စရာတော့ မရှိပါဘူး ၆/ အသက်ရလာတော့လည်း အတွေ့အကြုံများတာပေါ့ ကြုံတွေရတဲ့အခက်အခဲတွေကတော့ မနည်းစိတ်ရှည်ရတယ်.အထူးသဖြင့်လူတွေနဲ့ဆက်ဆံရတော့ စိတ်ရှည်သည်းခံရတယ်..sale ဖြစ်အောင်..။ ကိုယ်ချင်းစာနာစိတ်ရှိတဲ့လူတွေနဲ့ ကြုံရသလို လူချင်းစာနာထောက်ထားမှုမရှိတဲ့သူတွေ..လူလိမ်တွေနဲ့လည်း ကြုံရတယ်..အသက်ရလာတော့လည်း အတွေ့အကြုံများတာပေါ့ ၇/ ဖြစ်လာတော့လည်း ရင်ဆိုင်လိုက်ရုံပေါ့ ကိုဗစ်ဖြစ်လို့ ဆိုင်ကိုခုထိမဖွင့်ရဲသေးဘူး..၀◌န်ထမ်းခန့်မလို့ဟာလည်း ကိုဗစ်ကြောင့် မခန့်ရဲသေးဘူး.. ဆိုင်ကအိမ်နဲ့တွဲဖွင့်ထားလို့ ကြောက်ဖို့ကောင်းတယ်လေ..ဒီတော့လိုင်းမှာပဲအားစိုက်ရောင်းရတာပေါ့.. ဖြစ်လာတော့လည်း ရင်ဆိုင်လိုက်ရုံပေါ့..ဘယ်တတ်နိုင်မလဲ ၈/ ငါ့ငါခံစားရတာ ဘယ်သူနဲ့မှမဆိုင်ဘူး ကိုယ်လျှောက်ရမယ့်လမ်းကို ကိုယ့်ဖာသာရွေးချယ်ပြီးပြီ။ ကောင်းတာရော…ဆိုးတာရော..ကိုယ်ခံရမှာပဲ..လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာဖို့ အိမ်နဲ့ အတိုက်အခံလုပ်ခဲ့၇တာ..အဲ့တော့ ခံစားရရင်လည်း ငါ့ငါခံစားရတာ..ဘယ်သူနဲ့မှမဆိုင်ဘူး..ဆက်လျှောက်သွားမယ်…ဖြစ်ချင်တာဖြစ်အောင် လုပ်မယ်ဒါပဲ.. ပုံကြည့်ချင်ရင်တော့ https://www.facebook.com/monsuccesseducationcenter/ – ဒီမှာကြည့်ပေးနော်


manawphyulayNovember 16, 20201min9612
သမီး….. ကိုယ်ဒီတစ်သက်လုံးမှာ ကိုယ်ဘာပဲလိုချင်လိုချင် ကိုယ့်ကိုယ်တိုင် ၀ယ်နိုင်ဖို့ ကြိုးစားရပါမယ်။ တစ်ယောက်ယောက် ၀ယ်ပေးဖို့ ဘယ်တော့မှ မမျော်လင့်သင့်ပါဘူး။ မသေချာ မရေရာတဲ့ လောကကြီးမှာ “အားကိုးရတယ်” ဆိုတာ မရေရာဆုံးအထဲမှာ ပါပါတယ်။ သမီး…….. ကိုယ်အလေးချိန်လျှော့မယ်။ ဝိတ်လျှော့မယ် ဆိုတာမျိုး စကားအဖြစ်ပြောကြည့်တာပဲ ကောင်းပါတယ်။ သမီး သိရမှာ ကျန်းမာရေးဟာ အဓိက အကျဆုံးပါပဲ။ ဘယ်လောက်ပဲ ပိန်ပိန်၊ ဘယ်လောက်ပဲ စလင်းကျကျ မကျန်းမာရင် အလကားပါပဲ။ လှပတာထက် ကျက်သရေ ရှိတာက ပိုမိုတင့်တယ်တတ်ပါတယ်။ ကျက်သရေရှိဖို့ဆိုရင် အတွေးအခေါ်ရှိဖို့လိုအပ်ပါတယ်။ အတွေးအခေါ်ရှိဖို့ စာများများဖတ်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ သမီးက ဖက်ရှင်ကျကျ မ၀တ်စားတတ်ဘူး ဆိုရင် ရိုးရိုးရှင်းရှင်း ၀တ်စားဆင်ယင်တာက ပိုပြီး ကျက်သရေ ရှိတတ်ပါတယ်။ သမီး……. လူဆိုတာ […]


manawphyulayNovember 16, 20201min14732
ချစ်ခြင်း မုန်းခြင်း နှလုံးသွင်းမှာ၊ အချစ်များက အပြစ်များ၍၊ အမုန်းများက အရှုံးပွား၏။ ချစ်ခြင်းမုန်းခြင်း ရှောင်ကြဉ်ကင်း၍၊ မေတ္တာနှလုံး ကျင့်ကာသုံးသည့်၊ အဖြူစင်ဆုံး ဤကျင့်ထုံးကား၊ အပြစ်လည်းကင်း အရှုံးကင်းမည့်၊ မချစ်မမုန်း အကောင်းဆုံးတည်း။ မနောဖြူလေး


Mon LayNovember 16, 20201min3560
ညဆို Tv ကြည့်ဖို့နေနေသာသာ..ကိုယ်လူတွေနဲ့ ညတိုင်း Group ပေါင်းများစွာမှ ပြော တစ်မနက်လုံးအလုပ်လုပ်… ညဆို ကိုယ်လူတွေနဲ့ meeting ပြော Tv ဆိုမကြည့်ဖြစ်တာကြာပြီ shopping တောင် မထွက်ဖြစ် ကိုယ်လူတွေ လက်ဆောင်သွား ဝယ် မှ ဟို လျှောက် ကြည့် ဒီလျှောက်ကြည့် ဆပ်ပြာသယ်လင်ပျောက်သလို သုတ်သုတ်နဲ့ ကိုဗစ်ဖြစ်လို့ ကောင်းတာတစ်ခု ပိုက်ဆံ မသုံးဖြစ်ဘူး အဝတ်အစား ဖိနပ်မဝယ်ဖြစ်တာ ကြာပေါ့ ဘာမှ မဝယ်ဖြစ်တာ ၁ရက် ၁ရက်အလုပ်ပဲ လုပ်တာ တနေ့ကုန် ၅၀၀၀တောင် မကုန်ဘူး ပိုက်ဆံသုံးဖို့ကိုတောင်မအားသူ ရတဲ့ ပိုက်ဆံလည်း အရင်းပွားအောင်ပဲလုပ်တယ် ဒါကြောင့်ကိုယ်လုပ်ငန်းကြီးလာတာ ကျွန်မ စုတတ်လို့ ရင်းတတ်လို့ ရှာတတ်လို့ပါ။


Mon LayNovember 15, 20201min4040
တစ်နေ့ကျရင် အဲ့လိုအလုပ်တွေလုပ်နိုင် လိမ့်မယ်လို့ တစ်ခါမှ အိမ်မက်မမက်ခဲ့ဖူးဘူး.. ဘာလို့ဆို ကိုယ်က အထိမခံရွှေပန်းကန်လေ….ပင်ပန်းတတ်လို့..အခုကျလုပ်နိုင်သားပဲ..ဒါတောင်တိုးကအခြေအနေမကောင်းလို့ 1/ MD of a fashion shop 👛 2/ Travel Blogger 🧳 3/ MD of a Travels & Tour company ✈️ 4/ Writer 👩‍💻 5/ MD of a delivery service🚙 ထပ်တိုးလုပ်ငန်းတွေလည်းခေါင်းထဲရှိနေပါကြောင်း 😀


Mon LayNovember 15, 20201min4530
ပစ္စည်းတွေ ရောင်းလာတဲ့သက်တန်းတလျှောက် စိတ်မဆင်းရဲဖူးဘူး။ ဒီလောက် ဖောင်းထုနေတဲ့ facebook socialမှာ Complain ပြောတာတို့ ဝိုင်း Blame တာတို့၆နှစ်လုံးမခံရဖူးဘူး။ကျွန်မ ဘာရောင်းရောင်း အေးအေးဆေးဆေး စိတ်ချမ်းသာစွာလုပ်ရတယ်။ အဲဒါ အဓိက ဆရာတော်ကြီးတွေဟောတဲ့ အအေးစာကို စားလို့ ဘဝမှ စျေးသည်ဟာ စျေးရောင်းရင်အမြတ်ယူရတယ်။ဒါပေမဲ့ ရသင့်သလောက် စားသင့်သလောက်အမြတ်သာလျှင် အအေးစာဖြစ်တယ်။အအေးစာ စားရင် တစ်သက်လုံး အေးချမ်းတယ်။ရောက်လေရာအရပ် ဒုက္ခပေးမယ့်သူမရှိဘူး။ တချို့ စီးပွားရေးသမားတွေ အလှူတန်းတွေဘယ်လောက်လုပ်လုပ် အပူစာ စားမိရင် ပူလောင်ရတယ်။ရန်ဖြစ်ရတယ်။အနောက်မှ ပြသနာရှာမယ့်သူကအဆင့်သင့် အလိမ်ခံရတတ်တယ်။မိတ်ဆွေကောင်းရှားတယ်။မိမိဘာဝယ်လိုက် ဝယ်လိုက် စျေးကြီးမိတယ်။ဘဝမှ ကောင်းတဲ့ဆိုတဲ့အရာတွေဝေးတတ်တယ်။အိမ်ထောင်ဖက်ဆိုးတွေ့တတ်တယ်တဲ့ မိမိရဲ့ ရုပ်မှာပါ အကြည်ဓာတ်ပျက်ပြီး လောဘကြီးတဲ့ ရုပ် သောက ဝေတဲ့ ရုပ် ဖြစ်တတ်တယ်။ တစ်ဘဝလုံး ရောဂါ ထူးပြောတယ်။သေရင် ငရဲ ကျတတ်တယ်။ […]


Mon LayNovember 14, 20201min12120
တခြားလုပ်ငန်းတွေလည်းချမ်းသာနိုင်မှာပါ..အချိန်အခါပေါ်မူတည်ပြီးတော့ပေါ့နော်.. ဝိုင်းထားတာတွေက မွန်လေးအခု လုပ်နေတဲ့ လုပ်ငန်းအမျိုးအစားပါ ၁/ လက်လီဖြန့်ချိရေး မွန်လေးက ပစ္စည်းတွေကိုလက်လီကော၊ လက်ကားပါ..ဖြန့်ပါတယ်ရှင် ၂/ အင်တာနက် လိုင်းပေါ်တက်ပြီး စီးပွားရှာသလို..ဆိုင်လည်းဖွင့်ပါတယ် ၃/ သယ်ယူပို့ဆောင်ရေး ကိုယ်ပိုင်ကား deli ပါလုပ်နေပါပြီ။ နောက်ပိုင်းလုပ်ချင်တာက..အိမ်ခြံမြေပါ..ဝယ်ချင်တဲ့စိတ်ရှိတယ်..ကြိုးစားနေပါတယ်.. ချစ်တို့လည်း ဒီဖော်ပြထားတဲ့အလုပ်ကလေးတွေကို အခြေခံပြီးလုပ်ကြည့်ပေါ့..မွန်လေးကို နငိ့ OS ကဖြစ်မလာပါဘူးကွာလို့ပြောခဲ့တာ..အခုတကယ် ကြီး ဖြစ်လာပြီနော်..အခုOS ကြောင့်အရမ်းကို အောင်မြင်နေကြပြီ🤩


kaiNovember 14, 20205min6851
MAGA= Make America Great Again= အမေရိကားနိုင်ငံကို ပြန်လည်ကြီးပွားစေမယ်။I am not a fan of = သူတို့ သဘောမတွေ့ပါ။ handling of the Virus=ဗိုင်းရပ်ကိစ္စကိုကိုင်တွယ်ပုံWhite Supremacists= လူဖြူကြီးစိုးရေး ဝါဒသမားတွေ Racist= လူမျိုးခွဲခြားဆက်ဆံသူများBlown out of Proportion= ပိုကဲပြောကြတာပါ။ a life-long guess= တသက်လုံး ကြိုးပမ်းရှာဖွေမှုAgree to disagree= သဘောမတူဖို့ သဘောတူကြစို့။ defund the police= ရဲများရဲ့ ဘတ်ဂျက်ကို လျှော့ပစ်မယ်Police reform= ရဲများကို ပြုပြင်ပြောင်းလဲရေး legalize marijuana = ဆေးခြောက်သုံးစွဲမှုကို တရားဝင်စေမယ်What someone stands for= သူဘာကို […]