Kyaw LayOctober 4, 20141min3215
“လူလူချင်းစာနာမူပံသကူအလှု” ——————– ဒီနေ့မနက် ဈေးချိုဘေးက ဗေဒါရွှေကြာ လက်ဖက်ဆိုင်ကို ဈေးသွားဝယ်တော့ အဖွားအိုတစ်ယောက် နာမည်က ဒေါ်နန်းရင် အသက်က(၈၄) သားသမီးတွေက ပစ်သွားတော့ အဆင်ပြေသလို ဈေးထဲလိုက် လိုက်တောင်းနေရတာပါဆိုလို့ အလူငွေ(၁၀၀၀၀)ကျပ်လူဒါန်းခဲ့ပါတယ်… အလူရှင်ကတော့ —————— ညီမငယ် Khar Khar (ရန်ကုန်) မှဖြစ်ပါသည်။


manawphyulayOctober 4, 20141min3717
မသိလိုချင် မဖတ်ချင်လည်း စိတ်ထဲကတော့ သိချင်လှ နေ့စဉ်အမြဲ ဖတ်နေကျ ကဏ္ဍစုံလင် ဤရေးအင်ကို နှစ်ထောင်းအားရ ရှိပေစွ… လူမျိုးဘာသာ စုံလင်စွာနှင့် ဌာနေဒေသ မတူညီကြ အရောင်အသွေး စုံလင်လှ… အယုတ်အလတ် အမြတ်မရွေး ငယ်သည့်သူလည်း ကလောင်သွေး ကြီးတဲ့သူလည်း မချန်ပါ့ ဆူကြုံနိမ့်မြင့် စုံလင်စွ….. ဝါသနာတူ စာပေလူတို့ ပေါင်းစု အင်အား လာစုကြ တို့တွေ ဂေဇက်ဗျ…. မနောဖြူလေး ခံစားသီကုံးသည် ၄.၁၀.၂၀၁၄


ကျုပ်ငယ်ငယ်ကတည်းက အဖေစစ်သားကြီးပြောင်းရွေ့ရာလိုက်ပါကြီးပြင်းခဲ့ရတာပေါ့ဗျာ ကျုပ်ကိုမွေးတာက ပဲခူးတိုင်း ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာနားမှာအခြေစိုက်တဲ့… ခြေလျှင်တပ်ရင်းတစ်ခုထဲက တပ်တွင်းသားဖွားခန်းမှာပါ… ကျုပ်လူမှန်းသိတတ်စအရွယ်မှာ အဖေက တပ်ကြပ်ကြီး လစာဘယ်လောက်ရတယ်တော့မသိပေမဲ့..အဖေ့လစာရယ် တပ်ကထောက်ပံ့တဲ့ရိက္ခာ ရယ်ပေါင်းလိုက်တော့…ကျုပ်တို့အိမ်မှာတော့ သိပ်မချို့တဲ့လှပါဘူး.. ထမင်းအနပ်တိုင်း အသားဟင်းတစ်ခွက်ပါတာကျုပ်မှတ်မိနေသေးတယ်… အိမ်နောက်၊ အိမ်ဘေးက ကွက်လပ်တိုင်းမှာ သီးပင်စားပင်လည်းအဖေကစိုက်တော့…သိပ်ဝယ်မစားရဘူးဗျ.. အိမ်မှာ ကြက်သားဟင်းကတော့ တစ်လ တစ်ခါလောက်စားရပါတယ် အဲ့ဒါလည်းအိမ်မှာမွေးထားတာတွေပဲ….ကြက်တွေရော..ဘဲငန်းတွေရော..ဝယ်စရာမလို… ကျုပ်လေ..ခုထိမှတ်မိသေးတယ်..အိမ်မှာများ ကြက်သားဟင်းချက်တဲ့နေ့ဆို ဟင်းအိုးဆူပြီး အနံ့သင်းသင်းလေးစထွက်လာကတဲက ကျုပ်အိမ်အောက်မှာကစားနေရာက ချက်ချင်းပြေးတက်လာပြီး ဟင်းချက်နေတဲ့အမေ့နားကမခွာတော့ဘူး… ပြီးတော့ အမေ့ကို ဟင်းဘယ်အချိန်ကျက်မှာလဲလို့တတွတ်တွတ်မေးနေတော့တာပဲ.. အမေကလည်း ကျုပ်ခေါင်းကိုပွတ်ပြီး…သားရယ် အသားဆိုတာနူးမှစားကောင်းတာခဏစောင့်နော် ဆိုပြီးနှစ်သိမ့်လေ့ရှိပါတယ်…ကျုပ်ကလည်း အမေ..နူးမနူးမြည်းရအောင်လေဆိုလိုက်ရင် အမေက အိုးထဲက အရိုးတစ်ဖတ် အသာခပ်ပြီး ဇလုံလေးတစ်ခုမှာထည့်ပေး…ပြီးတော့ သား အဲ့အရိုးလေးကိုက်ကြည့်..နူးရင်အမေတို့ထမင်းစားလို့ရပြီသား..တဲ့ ကျုပ်ဆိုတဲ့အငတ်ကောင်ကလည်း အမေထည့်ပေးတဲ့အရိုးကို အငမ်းမရကိုက် ပူကလဲပူ..ကိုက်လို့လည်းမရ…ဆိုတော့မှ အမေက ရယ်ပြီး..သားရယ်..သွားဆော့နေပါ..တော်နေကြာရတော့..အမေလှမ်းခေါ်လိုက်ပါ့မယ်တဲ့ ……..ဒါကတော့ […]


ဇီဇီOctober 4, 20142min100855
ကိုယ့် နှလုံးသားးး ဒီ ငရုတ်သီးလေး စားမိသလို ရင်ထဲ ပူပြီး တကယ်စပ်တယ် ဒါပေမဲ့တော့ ရှောင်ဖို့ခက်။   :sar: ဂုတလော နေရထိုင်ရ ခံစားရတာ ပူစပ်ပူလောင်ဖြစ်နေလို့။ :s: ဟိ။ ဒါ ကို Red Hot Chilli Pepper Spice ခံစားချက်လို့ ခေါ်တယ်။ ခွိခွိ 😳 ဒါသများ စိုက်ခင်းဟုတ်ဘူးးး ဟိုတခါ ပြပွဲကဟာ။                                             […]


manawphyulayOctober 3, 20141min3925
တိတ်ဆိတ်တဲ့ ဟောဒီည လပြည့်ည မဟုတ်တဲ့ အလင်းလေးက ဖျော့ဖျော့ရယ်ပေါ့… ပြတင်းပေါက်က ကျလာတဲ့ မှိန်ဖျော့ဖျော့အလင်းရောင်ကြောင့် ဟိုးအဝေး ကောင်းကင်ကို မော့ကြည့်မိတယ်…. အစွမ်းကုန်လှပနေတဲ့ ကြယ်ပွင့်လေးတွေ အနှောင်အဖွဲ့ ကင်းမဲ့စွာ လင်းလက်နေလိုက်ကြတာ သူတို့ဘဝတွေက ကျေနပ်ချင်စရာ ဪ… ငါ့ဘဝနဲ့များ တခြားစီ ကြယ်တွေလိုများ ငါ့ဘဝ ပြည့်စုံခဲ့ရင်….. မနောဖြူလေး


ကုိ ထြဋ္October 3, 20141min82730
. တကယ်တော့ ဒီပို့စ်က ရေးရမှာ သိပ်မရှိလှဘူး… နှစ်ဘက်မိဘ တွေ့ပြီးပြီဆိုတော့ တော်တော် အိုကေနေပြီလေ… . မြန်မာ ရုပ်ရှင်ကားတွေထဲကလို ဖြစ်မှာကြောက်လို့ အရင် ပေးတွေ့လိုက်တာ… 😛 . နောက်မှ တချိန်က စီးပွားပြိုင်ဘက်၊ ရည်းစားလုဘက် ဖြစ်ခဲ့ရင် ဘယ့်နှယ်လုပ်မလဲ… ဟီး… ( ကန်တော့… ကန်တော့…) . တွေးတာတော့ တွေးရတာပေါ့… ဟုတ်ဘူးလား… စေ့စပ်မှ ထချကြရင် တိုင်ပတ်ပြီလေ… အဲကြောင့် … . ၂ ဘက်စလုံး အိုကေတော့ ရက်ရွေးရတယ်.. အင်း… ကြားရက်ရွေးရင်လဲ အမှတ်တရ… အမှတ်တရ ဆိုတာထက် မှတ်မိလွယ်မယ့် အထိမ်းအမှတ်နေ့ ကိုပဲ… . နဂါးခေါင်းက ဘယ်ဘက်ကိုလှည့်လဲ… ပြသဒါးလား… အမြိတ္တစုတ် ရက်ဆို […]


အပိုင်း (၁) – https://myanmargazette.net/204769 အပိုင်း (၂) – https://myanmargazette.net/204809 အပိုင်း (၃) – https://myanmargazette.net/204904 အပိုင်း (၄) – https://myanmargazette.net/204994 အပိုင်း (၅) – https://myanmargazette.net/205096   (၁၆) အဒေါ်အိမ်တွင်နေထိုင်ရင်း အလုပ်လုပ်နေရသော အချိန်ကာလများသည် ကျွန်မ၏ နှလုံးသားကို လျင်မြန်စွာ ကုစားနိုင်ခဲ့သည်။ နောင်တတို့ဖြင့် ကျွန်မကို လွမ်းဆွတ်နေသည့် သူ့အကြောင်းများကို ကြားသိရသော်လည်း ကျွန်မ မတုန်လှုပ်တော့ပါ။ တစ်ခါတစ်ရံတွင် ဖြစ်ပေါ်လာတတ်သော အလွမ်းများကို နာကျည်းမှု၏အောက်တွင် ဖြေဖျောက်နိုင်ခဲ့သည်။ မဖြစ်နိုင်သောလမ်းကို ဆက်မလျှောက်ဖို့ ဆုံးဖြတ်ခဲ့ခြင်းအတွက် ကိုယ့်ကိုကိုယ်ကျေနပ်မိ၏။ အချစ်သည် အလွန်ပင် အပြောင်းအလဲမြန်မှန်း ကျွန်မသဘောပေါက်ခဲ့သည်။ (၆) လဟူသော အချိန်အတွင်းတွင် ကျွန်မသည် သူငယ်ချင်းအားလုံးနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့သည်။ ချစ်ရသောယုနှင့် တစ်လတစ်ခါတွေ့ဖြစ်ရန်ပင် မလွယ်ကူတော့ချေ။ လူချင်းမတွေ့ဖြစ်သော်လည်း ယုကတော့ […]


” ကြင်နာတဲ့ လက်” နဲ့ ” နာကျင်စေမယ့် လက် ” အထိအတွေ့ ကို ကျွန်တော် ခွဲခြားသိတယ် ။ ကွဲကွဲပြားပြား သိတယ် ။ ” ကြင်နာတဲ့ လက် ” တစ်စုံပိုင်ရှင်သာဖြစ်ပါ့စေ တစ်နေ့လုံး အလုပ်တွေ ပင်ပင် ပန်းပန်း လုပ်ရ ၊ လုပ်ရ ညနေခင်းမှာ ကောက်ရိုးခြောက်ပဲ စားရ ၊ စားရ ကျွန်တော် နွေးထွေးပျော်ရွှင်ပါတယ် ။ နေရောင်ခြည်အောက်မှာ မြက်နုနုလေးတွေ စားရတာ ကျွန်တော့် ပျော်ရွှင်မှု ပဲ ။ ဒါပေမယ့် ” နာကျင်စေမယ့် လက်” တစ်စုံဆီ ရောက်ခဲ့မှတော့ နေခြည်အောက် က မြက်နုတွေဟာလည်း ကျွန်တော့် အတွက် ထူးပြီး […]


Sa Yar sanOctober 3, 20141min60711
ပြော တဲ့ ခေါင်းစဉ်အတိုင်း လုပ်မယ် ဆို ခင်ဗျား တို့ လက်ခံမလား? ဘာလဲဗျာ အိမ်နီး ချင်း နိုင်ငံ စိန က ဘုရားရုပ် ထုတွေ ကို အများကြီး ထုတ်လုပ်ပြီး တခြားသော နိုင်ငံတွေကို အိမ် အသုံး ဆောင် အဖြစ်  ရောင်းချ တယ် ကိုယ် တိုင်က ကွန် မြူ နစ် ဝါဒကို သုံးနေတဲ့ လူတွေက စက္ကူ ဆိုတဲ့ လူတွေ သတ်မှတ်ထားတဲ့ ငွေကို ဘဲ ကြည့် ပြီး သူတပါး ရိုသေကိုင်းရှိူင်းတဲ့ ဘာသာ တွေကို  ဆော် ကားတာ ကို နိုင်ငံတကာက ကြည့် နေတယ် နောက် အနောက်နိုင် […]


မစုဥာဏ္October 3, 20141min110419
ဂျူတီကုတ် ကို ချွတ်ပြီး သက်ပြင်းရှည် တစ်ချက် ကို ချ လိုက်ပေမယ့် အမောတွေ က ပြေမသွားဘူး။ ကင်ဆာ ဝေဒနာသည်တွေရဲ ့နာကျင်စွာ ညည်းတွားသံတွေ၊ ပိုက်တန်းလန်းနဲ ့ ခလေးငယ်တွေ။ .. ဆေးရုံဝန်ထမ်းတွေ ကို မကျေမနပ် ပြစ်တင်ပြီး၊ မန်နေဂျာနဲ ့စကားပြောမယ် ဆိုနေတဲ့ လူနာပိုင်ရှင် မိသားစု တစ်စု၊ နံဘေးမှာ အဆက်မပြတ် မြည်နေတဲ့ ဖုန်း စတဲ့ လုပ်ငန်းခွင် က အမောတွေ ကြောင့်၊ အလုပ်ပြီး သွားပေမယ့် ကျွန်မစိတ်တွေ ပေါ ့ပါးမနေဘူး။ အိမ်ပြန်ဖို ့စဉ်းစားမိပေမယ့် “ကြွက်တွင်း သာသာလောက် ရှိတဲ့ အခန်းကျဉ်းထဲ … တယောက်တည်း ငေါင်တောင်တောင်နဲ ့ နေမယ့် အစား၊ […]


မစုဥာဏ္October 3, 20141min494113
တေးသီချင်းတွေ ကို ဆိုတီးပြီး မြန်မာကလေးငယ်တွေ အတွက် ၂၀၀၈ ခုနှစ် ကတည်းက ရံပုံငွေ ရှာပေးနေတဲ့ နယူးယောက်အခြေစိုက် 3hird Medium တီးဝိုင်း ရဲ ့ ခြောက်ကြိမ်မြောက် ဂီတပွဲ ကို စက်တင်ဘာ ၂ရ ရက်နေ ့ က၊ နယူးယောက်မြို ့ရှိ Walter Crowley Intermediate School မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ ဂီတပွဲ မှာ 3hird Medium ဝိုင်းတော်သားတွေ နဲ ့အတူ အဆိုတော် ခင်ဘုဏ်း ကလည်း ပါဝင်သီဆိုခဲ့ပြီး၊ နယူးယောက်ရှိ မြန်မာမိသားစုများက မြန်မာရိုးရာအစားအစာများ ကို ပါဝင်လှူဒါန်းခဲ့ကြတယ်။ ဂီတဖျော်ဖြေမှု အစီအစဉ်အတွင်းမှာ ထိုင်ခုံတွေ မလောက်ပဲ၊ ရုံပြည့်လျှ ံ […]


ဆောင်းနှင်းဝေတဲ့ နံနက်( ကိုစိန်သော့နဲ့ အတူသွားခဲ့ခြင်း)   မနေ့က  ပိုစ်လေးထဲကဓါတ်ပုံကိုမြင်လိုက်တော့ စိတ်ထဲမှာ အတော်ကို ရင်းနှီိးတယ်လို့ ထင်မိတယ်။ ဒီမြင်ကွင်းလေးက 2013 ဒီဇင်ဘာလမှာ ကိုစိန်သော့နဲ့ကျနော် စစ်ကိုင်းတံတားကိုသွားရိုက်ပြီးအပြန် နှင်းတွေပိတ်သွားလု့ိ ဘာမှမမြင်ရလို့ စိတ်ပျက်လက်ပျက်နဲ့ပြန်လာချိန် ရှမ်းလေးကျွန်းအရောက်မှာ ရိုက်လာတဲ့ ပုံလေး ဆို တာ သတိရလိုက်တော့ ပုံအဟောင်းတွေကိုပြန်ရှာတော့ ဒီပုံလေးတွေကို တွေ့ရပါတယ်။ ပုံတွေကိုပြန်တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား