” ရထား ကြီးကိုတော့ မမြင်ရတော့ဘူးပေါ့ “ ရထားကြီး ဥဩနှစ်ချက်ဆွဲလို့ ဘီးစတင်လှိမ့်ကာ ဘူတာစင်္ကြန်ကနေ ထွက်ခွါလေပြီ။ ဘူတာစင်္ကြန်မှာ ခြေစုံရပ်ကာ ကောင်လေးတစ်ယောက်က လက်တစ်ဖက်မြှောက်ပြီး လက်ဝှေ့ရမ်းကာ လက်ပြ နုတ်ဆက်နေသည် ရထားတွဲတစ်ခု၏ ပြူတင်းပေါက်ကနေ လက်ကိုင်ပဝါလေးကိုင်ထားတဲ့ လက်ကလေးနဲ့လည်း ကောင်မလေး တစ်ယောက်က လက်ဝှေ့ရမ်းပြန်ပြ နုတ်ဆက်နေကြလေရဲ့ ခဏအကြာမှာ လက်ကိုင်ပဝါကိုင်ထားပြီး ပြူတင်းပေါက်အပြင်ဘက် လက်ထုတ်ကာဝှေ့ရမ်းပြနေတဲ့ လက်ကိုဘူတာစင်္ကြန် အလွန်မှာ ပေါက်နေတဲ့သစ်ပင်တစ်ခု၏ သစ်ကိုင်းခတ်လေးက သူ့လက်ကိုရိုက်သလိုဖြစ်တော့ လက်ကိုင် ပဝါလေး လက်က လွှတ်ပြီး လွှင့်ကျသွားလေရဲ့ အဲဒီလို လက်ကိုင်ပဝါလေးလွှင့်ကျတဲ့ဆီကို ကောင်းလေးက အပြေးလေးသွားပြီး ကောက်လိုက်ကာ လက်ကိုင် ပဝါလေးကိုကိုင်ပြီး လက်ဝှေ့ရမ်းမြှောက်ပြလိုက်တာကို ကောင်မလေး မြင်လိုက်ပြီ ရထားက ကွေ့သွားသဖြင့် သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦးမြင်ရတဲ့ မြင်ကွင်းပျောက်သွားခဲပြီ […]