alinsettAugust 13, 20145min50214
    အထားမှားတဲ့ ဘဝ… အခုတော့ အေးစက်စက် ညနက်ထဲမှာတောင် ဆာလောင်မှုတွေအကြောင်း ကဗျာရေးတတ်ပြီပေါ့။ ကိုယ့်အဖြစ်က အံဩဖို့ကောင်းသားပဲ ။ ———— ညည်းတွားရှိုက်သံကြားက လက်လက်ထနေတဲ့စိတ်ကူးတွေ ချောက်ကမ်းပါးစွန်းကလူငယ်ကို ဆွဲမတင်နိုင်ဘူး… တည့်တည့်ပြောရရင် ဒီလောကဟာ…မာယာများတယ် ။ ———— တခြားသူတွေ ကြယ်စုံညထဲ တွဲလက်တွေနဲ့ပျော်ပွဲဝင်နေချိန်မှာ ကိုယ်ကတော့. . .မှောင်မဲညထဲမယ် ကြယ်တွေစုံတဲ့ည သီချင်းလေးညည်းရင်းးး တိတ်တိတ်လေး စိုလက်တောက်ပရတယ် ကိုယ့်မျက်ဝန်းကလေးကို ကိုယ် သနားတယ် ။ —————— တခြားသူတွေ နာမည်တစ်ခုခုကို ရေရွတ်တမ်းတလိုက်ချိန်မှာ ကိုယ်ကတော့ ပျောက်သွားတဲ့ ကိုယ့်လျှာနဲ့ ခံတွင်းတစ်စုံကို တမ်းတမျှော်လင့်နေရ. . . ဘာပဲဖြစ်ဖြစ်ပါလေ ကိုယ့် မျက်ဝန်းလေးကို ကိုယ် သနားတယ်။ —————– လူကို မှုတ်ငြှိမ်းပြီး မီးခွက်လေးအိပ်ရာဝင်တယ် […]


ဦးေက်ာက္ခဲAugust 12, 20142min106460
ပြီးခဲ့သောပို့စ် https://myanmargazette.net/202175   ဒီလိုနဲ့ပဲ ဆြာမိုက်ကိုအဖော်ပြုလို့ အကြားအမြင် ဗေဒကဝိ ဆြာဆာမိဆီ ချီတက်ခဲ့ကြတာပေါ့ခင်ဗျာ… “ဗျို့ ကိုရင်ကျောက်ခဲရဲ့ … အကြားအမြင် ဗေဒကဝိကတော့ နားလည်ပါတယ်ဗျ ။ ကျုပ်ကြားဖူးတာ ပုဏ္ဏားတို့ ၊ ဆရာကြီးမင်းသိင်္ခရဲ့ ပုံနားဘကွန်းတို့ပဲရှိတာ… ဟို… အွန်လိုင်းတို့ ပုံစားတို့က ဘာတွေလဲဗျ ။ “ဆြာမိုက်ကတော့ ခေတ်ကြီးနဲ့ အဆက်ပြတ်နေပြီ ။ နာမည်ကိစ္စကတော့ ဆြာ့ကိုတွေ့ရင် ရှင်းသွားလိမ့်မယ် ။ အဟောအပြောကတော့ မှန်သလားမမေးနဲ့ ၊ ပြီးခဲ့တဲ့ ကမ႓ာ့ဖလားဗိုလ်လုပွဲမှာ ဟောလိုက်တာများ မှန်ချက်ကတော့ အာဂျင်တီးနားအသင်းကို အားပေးနေတဲ့သူတွေ နံဘေးကို ပိတ်ကန်လိုက်သလိုပဲဗျ ။ ကျနော်တို့ အရပ်မှာဆို အာဂျင်တီးနားတွေရှုံးလို့ စိတ်ထောင်းကိုယ်ကြေ အိပ်ရာထဲလဲသူလဲ ၊ မတ်စိငုံပြီး ရေထဲ ခုန်ချဖို့ပြင်သူကပြင် […]


Zaw AungAugust 12, 20141min3073
ရွှေအကြောင်းသိကောင်းစရာ(131) ( 130 မှအဆက်) သူခိုးလက်ခံဥပဒေနဲ့ ကျွန်တော်ငြိခဲ့ဖူးတာပြောပြမယ် ရွှေဝယ်တာတော့မဟုတ်ဘူး ရွှေဆိုင်ဖွင့်မလို့ အခန်းဝယ်တာ 2003 ခုနှစ်လောက်က ကိုအလ ဆိုတဲ့ဆို တဲ့လူဆီကဝယ်တာ ငွေချေပြီးမှဒီဆိုင်က သမဝါယမပိုင် ရောင်းလို့မရတဲ့ အခန်းမှန်းသိတာ ဒါနဲ့စာချုပ်ပါစည်းကမ်း ချက်အတိုင်း အလျော်ပြန်ပေးဖို့တောင်းတော့ သူကဒီအခန်းကို ကိုသရ ဆီကဝယ်ထားတာ သူ့ဆီကအ လျော်သွားတောင်းမယ် ရမှပေးနိုင်မယ် မရရင်မပေးနိုင်ဘူး လုပ်ချင်တာလုပ်တဲ့ ဒါနဲ့ ကိုသရ ဆီသွားကြတော့ ကိုသရ ကဒီအခန်းကို သမဝါယမကငှားပြီး အရောင်းအဝယ်စာချုပ်အတုနဲ့ ကိုအလ ကိုရောင်းထားတာ ဖြစ်နေတယ် ပြန်လျော်ပေးမယ်ပြောပြီး နေ့ရွှေ့ညရွှေ့လုပ်နေတယ် နောက်တော့ ကိုအလ ကတစ် ဝက်လျော်ပေးမယ် အရောင်းအဝယ်စာချုပ်ပြန်ပေးဆိုပြီး ညှိလာတယ် သူ့စိတ်ထဲမှာစာချုပ်ပြန်ရရင် ကျန်တဲ့တစ်ဝက် သူပိုင်ပြီထင်နေတယ်လေ (စဉ် 132 သို့) ရွှေအကြောင်းသိကောင်းစရာ(132) ( […]


(၁) ဪ အမျိုးမျိုးအဖုံဖုံ အစုံသုပ်တွေ စားရတဲ့အဖြစ်ကို ပြန်တွေးလို့မှ မရယ်ရရင် ကလိတွေထိုးပြီး ရယ်လိုက်ချင်တော့တယ် တကယ်။ အရပ်ကတို့ရေလို့ အော်ပြီးပြောရမယ့် အကြောင်းတွေ ရင်ဘတ်ကြီးနဲ့ အပြည့်ရှိနေတော့လည်း ခက်တယ်။ မပြောပြန်ရင်လည်း လည်ဝမှာ တစ်ဆို့နေပြီး ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျမယ့် ခေတ်။ စကားတစ်လုံးတစ်လုံးပြောဖို့ လေတောင်ခပ်ရဲရဲမရှုမရှိုက်ရဲ။ တော်တော်ကြာ လေကို ကန်ထရိုက်ဆွဲထားရင်မခက်ပါလား။ ဒါတောင် ခုအဖြစ်က လေလှိုင်းတွေကို အသုံးပြုပြီးပြောနေရတဲ့ ဆက်သွယ်ရေးကိရိယာလေးကြောင့် ပေးလိုက်ရတဲ့ ပိုက်ဆံဆိုတာ ခုနေများပြန်ရှာရင် ကြက်ပျောက် ငှက်ပျောက်။ ဟုတ်တယ် မနေ့က အောင်မင်း ဂဏာန်းပေါင်းစက်ကလေးတစ်လုံးကို တဂျောက်ဂျောက်နှိပ်မိလိုက်လို့ ဒီကနေ့ သွေးတွေတိုးချင်နေတဲ့အဖြစ်က ပြန်တွေးလိုက်ရင် ဇက်ကြောတောင် ပြန်တက်တယ်။ ဂဏာန်းပေါင်းစက်ကို ပြန်နှိပ်မိရတဲ့အကြောင်းကလည်း ရှိတယ်။ အကြောင်းရှိတော့ အကျိုးဖြစ်ပြီပေါ့။ မဟုတ်လား။ အောင်မင်းကလည်း ခုတလော […]


ကုိ ထြဋ္August 12, 20141min3928
တခြား ဟုတ်ပါဘူးဗျာ.. ကိုယ်တွေ့လေးပါ… အဖွန်လောတယ်ဆိုတာ… ခေတ်စကား ဗန်းစကား  စကားလိမ် နဲ့ အဖောလွန်သွားတယ်လို့ ပြောတာပါ… ခိ…ခိ… ဟိုကောင်လေး ခန့်ဖြိုးတောင် မေ့ဖျောက်ချင်တာကို ပြောင်းပြန်ပြန်လိုက်တာ မျောက်ဖြစ်ချင်တယ် ဆိုတာနဲ့ပဲ နာမည်ကြီးသွားတာ… ကိုယ်လဲ ကြီးမလားလို့… အခုမှပဲ နည်းနည်းအားသွားတယ်ဗျာ… မြေကတမျိုး အိုင်အက်စ်အိုက တမျိုးနဲ့… ဖြစ်ပုံက ဒီလိုပါ… ကျွန်တော်တို့ အသိ အဘကြီးတယောက်ပေါ့… စက်ဘီးစီးနေရင်း နောက်ကနေ ကားကဖြတ်တိုက်သွားတာ ခါးရိုးအဆစ်လွဲသွားတယ်ဗျ… ကြားကြားချင်းက ခါးရိုးကျိုးသွားတယ်လို့ ဆိုတော့ တော်တော် စိတ်မကောင်းဖြစ်သွားတယ်… ဆေးရုံကိုသွားလဲ မကြည့်ဖြစ်ခဲ့ဘူး… အလုပ်က မအားတာနဲ့ပဲ… ဖြစ်တာက ဗုဒ္ဓဟူးနေ့က… အဲလို နေနေရင်း စနေနေ့ကျတော့ ကျွန်တော်က စာသင်ဖို့သွားရတယ်ဗျ… အဲဒါ ယောက္ခထီးကို ပိုက်ဆံပေါ့… လျော်ကြေးရတာလဲ ရတာပေါ့… […]


ဇီဇီAugust 12, 201412min122066
  ဇီဇီ ဆာဆာ ပို့(စ) တွေ က ဒီ မှာပါ၊။ https://myanmargazette.net/wp-admin/edit.php?tag=%e1%80%87%e1%80%ae%e1%80%87%e1%80%ae-%e1%80%86%e1%80%ac%e1%80%86%e1%80%ac       အဟမ်းးး!!! နံပတ်တပ်တာက တခြားမဟုတ်ဘူးနော်။ အရီး ရေ တွက်ရလွယ်အောင်ရယ်။ အဟင့်။ ကြောက်နေရတာဗျဲ။ အပိုင်းခွဲတာကို ဂလောက် ရှင်းပြထားတာတောင်မှ ခံစားကြတယ် ဆိုတော့။ အဟင့်။ :a: ဘာပဲဖြစ်ဖြစ် စ မိတဲ့ လမ်းကို ဆုံးအောင်ဆက်လျှောက်ပါရစေ။ မကျေနပ်တာလေးတွေ စု ပြီး အကုန်ပြီးမှ ဆဲနိုင်ပါတယ်နော့။ :s:   ၄၉) ဂဇက် က ချစ်ရတဲ့ မောင်လေး တစ်ယောက်ပါပဲဗျ။ ရွာထဲ စဝင်ကတည်းက ပျော်ပျော်ရွှင်ရွှင်ကြိုဆိုခဲ့တာပေါ့ဗျာ။ ဗေဒင်… ရသစာ… ကဗျာ… ဘာသာရေး… နိုင်ငံရေး စတာတွေကိုပါ ရေးနိုင် […]


ခင္ခAugust 12, 20141min3074
” ရထား ကြီးကိုတော့ မမြင်ရတော့ဘူးပေါ့ (ဒုတိယပိုင်း) “   ရထား ကြီးကိုတော့ မမြင်ရတော့ဘူးပေါ့။(ပထမပိုင်း) ( https://myanmargazette.net/202257 ) …………………………………………………………………………………………………………………………… ………………………………………………………………………………………………………………………….. ရထားတစ်စီးဘူတာထဲဝင်လာရင်း ဥဩဆွဲသံကြားလိုက်တော့မှ ဖိုးဝေ ရဲ့ လက်ကိုင်ပဝါလေးကိုကိုင်ရင်း အတွေးတွေရပ်ပြီး ဖိုးဝေ တစ်ယောက် ဘူတာစင်္ကြန် ကနေ ပန်းအိ စီးနင်းလိုက်ပါသွားတဲ့ရထားသွားရာဘက်ကို တစ်ချက်ကြည့်မိလိုက်ပေမယ့် ရထား ကြီးကိုတော့ မမြင်ရတော့ဘူးပေါ့။   ” ဖေကြီး သမီးကို ကျောင်းပို့ရတော့မှာလေ” ” ဪ အေးအေး လာပါပြီ” ” သမီးကိုကျောင်းပို့ပေးလိုက်အုံးမယ်ဆိုပြီး ဘီဒိုထဲကရှပ်အင်္က ျီထုတ်လိုက်တာ အဲဒီ လက်ကိုင်ပဝါလေး တွေထွက်ကျတာကောက်ရင်း အကြာကြီးဘဲရပ်နေတာ ဘာတွေများဒီလောက်တောင် တွေးနေတာလဲ ဖေကြီးက ဒီနေ့အတန်းပိုင်ဆရာမက မိဘခေါ်ခဲ့ပြောထားတဲ့နေ့ကျမှ ဖေကြီးကလည်း နောက်ကျနေတယ်” […]


kaiAugust 12, 20141min77725
ဂျာမန်ဒဿနပညာရှင် ဟေဂေလ် (Hegel) က “နိုင်ငံရေးတွင် ထာဝရမိတ်ဆွေ၊ ထာဝရ ရန်သူမရှိ၊ ထာဝရ အကျိုးစီးပွါးသာ ရှိသည်” ဟု ဆိုခဲ့ဖူးသည်။ ဆရာကြီး ဒဂုန်တာရာက “နိုင်ငံရေး လုပ်တယ်ဆိုတာ ရန်သူကိုမိတ်ဆွေ ဖြစ်အောင် လုပ်တာ” ဟုဆိုကာ “ရန်သူမရှိ မိတ်ဆွေသာရှိ” အယူအဆကို မြန်မာများအတွက်ချပြခဲ့သည်။ ၈။၈။၁၉၈၈ – ၈-၈-၂၀၁၄ ၂၆နှစ်တိုင်ခဲ့ပြီ။ အရပ်သားနှင့်ကျောင်းသားရန်ဖြစ်ရာမှ ၈၈အရေးအခင်းဖြစ်သည်ဟူသော ခပ်နှိမ်နှိမ်အမြင်ကို ထိုစဉ်ကစစ်တပ်၏စိတ်ဓါတ်စစ်ဆင်ရေးပိုင်းမှ ရိုက်ချက်အဖြစ်ခိုက်ကာထားပေးခဲ့သည်။ အကြောင်းတရားစင်စစ်သည်ကား ၁၉၈ရ စက်တင်ဘာ ၅ရက် (လူထု၏စည်းစိမ်ဥစ္စာကို ဖျက်စီးလိုက်သည့်)ငွေစက္ကူများသိမ်းခြင်းမှဟု အတတ်ဆိုပါမည်။ ငွေစက္ကူသိမ်းသဖြင့် ဒေါသထွက်နေသော အာအိုင်တီကျောင်းသားများ အင်းစိန်လမ်းမပေါ်ပြေးထွက်ကာ ဖြတ်မောင်းလာသောအစိုးရကားများကိုတား၍ မီးတင်ရှို့ခြင်းမှ “စ”သည်။ ၈ရကျောင်းသားထုအုံကြွမှုကို လူထုကြီးမှတိုက်ရိုက်ပါဝင်ပါတ်သက်လာမှုသည် လူထုကြီး၏စည်းစိမ်ဥစ္စာကို သိမ်းပိုက်ဖျက်စီးခံရခြင်းကြောင့်သာဖြစ်ပါ၏။ အရေးတော်ပုံဖြိုခွဲခဲ့သူတို့က “သမိုင်းရေစီး လှိုင်းကြီးလေထန် […]


( Super moon ညမုာ မင်း နဲ့ ငါ ) ဩဂုတ်လ ၁ဝ ရက် ဝါခေါင်လပြည့်နေ့ ၊ တစ်နေ့လုံး ရုံးကလူတွေနဲ့ သန်လျင်ဘက်က သီလရှင်စာသင်တိုက်တစ်ခုဆီ အလှူကိစ္စနဲ့သွားခဲ့ရလို့ ပင်ပန်းချင်နေတာမို့ ကုတင်ပေါ်လှဲနေရင်း ကလာနေတဲ့ ဇာတ်ကားကိုကြည့်ရင်း နားနေမိတယ် ၊ ဆိုင်မှာထိုင်နေကျ ဘော်ဒါတွေကတောင် ဘာလဲ Super moon နေ့ ရေကြီးမယ်ဆိုလို့ စောစောတက်ပြေးတာလားလို့ နောက်ကြသေးတယ် ၊ ဟုတ်ပါတယ်လေ ၊ ရ နာရီတောင် မထိုးသေးပဲကိုး ၊ ခဏအကြာမှာတော့ ဖုန်း ဝင်လာတယ် ၊ ကိုယ်မသိတဲ့ နံပါတ် ၊ ဟုတ်ကဲ့ ပြောပါ ဆိုတော့ ( ဦး = = ဆက်တာပါ […]


ခင္ခAugust 12, 20141min38914
” ဪ ငါလည်း  လှုပ်ရှားမိပါ၏ “   ကောင်းကင်ကို မော့ကြည့်လိုက်တော့ တိမ်တိုက်တွေက လှုပ်ရှားကာရွှေ့နေကြတယ်။ လူတွေကိုကြည့်လိုက်တော့လည်း ဟိုဟိုဒီဒီ သွားလာလှုပ်ရှား နေကြတယ်။ လမ်းပေါ်မှာလည်း ကားမျိုးစုံကလည်း အမောင်းနင်လို့ လှုပ်ရှားသွားနေကြရော။ လက်မှပတ်ထားတဲ့ နာရီကိုငုံကြည့်မိတော့ နာရီစက္ကန့်တံကလည်း ရွှေ့လျားကာလှုပ်ရှားနေစဲ အဲဒီအချိန် ခွေးသုံးကောင် ကျုပ်ရှေ့နောက်ကနေ အပြေးလေးဖြတ်ကာ လှုပ်ရှားသွားလေရဲ့ တဖက်လမ်းက သစ်ပင်ကိုလှမ်းကြည့်မိတော့ လေအတိုးမှာ သစ်ရွက်ကလေးတွေဟာ လှုပ်ရှားနေပေါ့ ထိုသစ်ပင်က ဌက်တစ်သိုက်ကလည်း စတင်လှုပ်ရှား ကောင်းကင်ကိုပြန်တက်သွားတယ် ဒီကမ္ဘာကြီးကလည်း နေကို ရက်ပေါင်းသုံးရာခြောက်ဆယ့်ငါးရက် တစ်ပတ်အဖြစ်ပတ်ကာ အမြဲလှုပ်ရှား နေတယ်တဲ့ ကိုယ့် ကို ပြန် တွေး မိ တယ် ငါ ဘာ လို့ ရပ် နေ တာ လဲ […]


ယုံကြည်မူဖြင့် ……ဖြတ်ကျော်ခြင်း                   လောကကြီးမှ ထူး ဆန်း အံ့ဩ ဘွယ်ရာ လို့ အပြော နိုင်ဆုံးက ယုံ ကြည့် မူ့ ကြောင့်ဖြစ်လာ တဲ့ စိတ်စွမ်းအင်ပါဘဲ။ ဒီစိတ်စွမ်းအင်ရဲ့ ထိန်းချုပ်မူ့ နဲ့  ကို်ယ်ခန္ဓာရဲ့နာကျင်မူ့ တွေ ကို မေ့ ထားနိုင်ပါတယ်။ ဒီပုံလေးတွေက တော့  စန္ဒီမယ်တော်ကိုပူဇော်ပွဲမှာ မြင်တွေ့ ခဲ့ ရတဲ့ ရိုးရာ ပူ ဇော် ပသ မူ့  ဖြစ်ပါတယ်။ မှန်တာ မ မှန် တာ နည်း လမ်း ကျ တာ မကျ တာ […]


ကုိ ထြဋ္August 11, 20141min61720
မေ့နေလောက်ပြီ ထင်တယ်ဗျ.. အားဘူးဗျာ.. မိုးရွာတုန်းရေခံနေရတယ်… မြေလေးကောင်းတုန်း အဲဘက်ကို လှည့်နေတာနဲ့.. ဘာမှ မလုပ်ဖြစ်ဘူး… အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရပါပဲ… ဖုန်းပါ ပိတ်ရတဲ့ အထိပဲ… အခုလဲ စိတ်ကပါတယ်.. အချိန်က မရ.. ကိုယ့်ကို မေ့မှာလဲ စိုးတော့ ပို့စ်တခု တင်ရတယ်ဗျို့… ပြီးရင် ISO ဆိုတာကြီးက တမှောင့်… အခု Proverbs လေးတွေက တချို့က ကိုယ်တွေ့တွေ… ဟဲ… 🙂 🙂   ၁  သင့်မယားကို ညနေခင်းမှာ မကျိန်ဆဲပါနှင့်။ သို့မဟုတ်ပါက သင်တကိုယ်တည်း အိပ်ရလိမ့်မည်။ (တရုတ်) Curse Not Your Wife In The Evening Or You […]


weiweiAugust 11, 20141min112322
ဇီဇီရဲ့ စတစ်ကီရိုက်တွေကို တွေ့ပြီး သတိရမိတာလေးတစ်ခု စမ်းလုပ်ကြည့်တာပါ။ စိနတိုင်းမှာနေခဲ့စဉ်တုန်းက စားခဲ့ဖူးတာလေးကို ပြန်အောက်မေ့ပြီး တီထွင်ထားတဲ့ menu တစ်ခုဖြစ်ပါတယ်။ ရိုးရှင်းလွယ်ကူပြီး စားလို့ကောင်းတဲ့အတွက် တင်ပြလိုက်ပါတယ်။ ပါဝင်သောပစ္စည်းများ ကောက်ညှင်း … ဆန်ချိန်ခွက် ၁ ခွက် ဝက်သားကြိတ်ပြီးသား …. ၃၀ဝ ဂရမ် (၂ဝ ကျပ်သားခန့်) ဆား .. အနဲငယ် သကြား … တစ်ဇွန်း ပဲငံပြာရည် .. အကြည်/အနောက် ဂျုံမှုန့် …. ၂ စွန်း ကြက်သွန်မြိတ် … ၂ ပင်ခန့် နှမ်းဆီ .. လက်ဖက်ရည်ဇွန်း ၂ ဇွန်း ငရုတ်ကောင်းမှုန့် .. အနဲငယ် ကြက်ဥ (သို့) ဘဲဥ … […]