Mon LayAugust 26, 20194min32452
မြန်မာ့လက်မှုပစ္စည်းတွေကို ချစ်မြတ်နိုးပြီး စိတ်ကြိုက်ရွေးဝယ်ချင်လို့ ပြီးခဲ့တဲ့အပတ်က YK collections ဆိုင်လေးကို မွန်လေးရောက်ခဲ့ပါတယ်။ ဆိုင်ဖွင့်ပွဲလေးလည်းဖြစ်တော့ သွားရောက်အားပေးခဲ့ပါတယ်။ YK Collections Social Enterprise ဟာ ၂၀၁ဝ ခုနှစ်ကတည်းကစတင်ပြီး မြန်မာ့လက်မှုပစ္စည်းလေးတွေကို ကိုယ်ပိုင်ဒီဇိုင်းနဲ့ ထုတ်ဝေဖြစ်ခဲ့ပါတယ်။ ပြည်တွင်းက ပစ္စည်းတွေနဲ့ပဲ နားဆွဲ၊ လက်ဝတ်လက်စား၊ ဆွဲကြိုး၊ မြန်မာ့ရိုးရာအရုပ်တွေ၊ လက်ဖက်ခြောက် စတဲ့စတဲ့ ထုတ်ကုန်တွေအများကြီးကို နှစ်ပေါင်းများစွာ ​ထဲက ​တော်​​တော်​ဖြည်​းဖြည်​း​လေးနဲ့  အောင်မြင်အောင်ထုတ်ဝေနိုင်ခဲ့တာ အခုဆိုရင် သက်တမ်း၉နှစ်ထိ ရောက်ရှိခဲ့ပါပြီ။ ကိုယ်ဆို ဆို်င်ထဲဝင်လိုက်တာနဲ့ စပါးလင် အနံ့သင်းသင်းလေးရလိုက်လို့ စိတ်ကိုကြည်လင်သွးတာပဲ။ ပြထားတဲ့ပစ္စည်းလေးတွေကလည်း ချစ်စရာလေးတွေ..သေးသေးကွေးကွေး ဘုစုခရုကနေ..တောင်းအကြီးကြီးတွေအထိရှိတယ်။ ဝယ်ယူရရှိနိုင်သော ပစ္စည်းများ ချည်သားအိတ်လေးတွေ ချိုင်းညှပ်အိတ်ကအစ ရှော့ပင်အိတ်လေးတွေထိ၊ ဒေါ်စုပုံပါတဲ့ စာအုပ်လေးတွေ၊ စကျင်ကျောက်လေးတွေနဲ့လုပ်ထားတဲ့ အကောင်ပလောင်လေးတွေ၊ ကြာပန်းပုံ ပန်းကန်ပြားတွေ ကိုယ်ဆိုလာဘ်ကောင်းအောင် […]


Mon LayAugust 26, 20193min35380
Traditional things လေးတွေဆို မွန်လေးက အရမ်းကြိုက်တာပါ…  Review Stay Tuned!!#ချစ်ခြင်းအားဖြင့်ဖန်တီးသည်#yk#collections#myanmar#traditional#things#innovativecraftproducts#Jewellery#RedLuckySeed#Eco_Friendly#ykcollections#TropicalSeeds#craftedinmyanmar#rings#earrings#bracelet#accessories#Myanmar#Ladies#Smart#SocENT


Mon LayAugust 22, 20191min33390
ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးတဲ့။ တကယ်ကိုမှန်တဲ့စကားပါ။ ခုဆို ပတ်ဝန်းကျင်မှာ ဆင်တုပ်ကွေးဖြစ်နေကြတဲ့သူတွေ၊ သွေးလွန်တုပ်ကွေးဖြစ်နေကြသူတွေမှ အားကြီးပဲ။ ပြန်လည်းဖြစ်ကြတယ်ဆိုပဲ။ ကို်ယ်လည်း မဖျားအောင် အမြဲဂရုစိုက်နေရတယ်။ အလုပ်လုပ်နေရတော့ ဖျားလို့မဖြစ်ဘူးလေနော်။ ဖျားတယ်ဆိုတာက ခုခံအားကျဆင်းလို့ဖြစ်တာတဲ့။ ကိုယ်ခံအားနည်းလို့ပေါ့နော်။ ပြင်ပက ရောဂါတွေ၊ virus တွေမဝင်လာအောင် ကိုယ်ခံအားကောင်းနေမှဖြစ်ပါမယ်။ ဒီတော့ မွန်လေးမဖျားအောင်..အမြဲခေါင်းကြည်ပြီးလန်းဆန်းနေအောင် နေ့တိုင်းသောက်တဲ့ အားဆေးတစ်ခုကို ပြန်ရှယ်ပေးချင်ပါတယ်။ ခုမှသောက်တဲ့အားဆေးမဟုတ်ပါဘူး။ ဆယ်တန်းလောက်ကတည်းက အဖွားက စာကျက်ရ ကောင်းအောင်၊ မှတ်မိအောင်၊ ဉာဏ်ကောင်းအောင်သောက်ခိုင်းခဲ့တာဆိုတော့ ခုထိဆက်သောက်နေခဲ့တာဆိုတော့ တော်တေ်ာကြာပါပြီ။ အဲ့ဆေးကို မေ့လို့ ၃-၄ရက်လောက်မသောက်မိရင် လူဆိုတာနှုံးချိပြီး အဖျားဝင်လာရော။ ဖျားပြီဆိုရင် ငါအဲ့ဆေးသောက်မိလား..မသောက်မိလားပြန်တွေးရင် အာ..ငါမသောက်မိပါလားဆိုပြီးဖြစ်ရော။ အရမ်းကိုသိသာတယ်။ လူတစ်ယောက်က ဗီတာမင်ကိုတစ်နေ့ထဲပြည့်ဝစွာ စားဖို့လိုပါတယ်။ အဲလိုပြည့်ဝအောင် တစ်နေ့ထဲစားဖို့က လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ခု #Centrum အားဆေးတစ်ထောင့်ထဲက multivitamin […]


Mon LayAugust 20, 20191min2750
ခုနောက်ပိုင်း မြန်မာလူမျိုးတွေက နိုင်ငံရပ်ခြားကိုခရီးသွားတာအရမ်းများလာတယ်။ ပိတ်ရက်ရှိပြီဆိုတာနဲ့ oversea oversea ပဲသွားမယ်ဆိုတာချည်းပဲ။ ဒီတော့ တိုးလုပ်ငန်းတွေလည်း outbound ကိုပိုလုပ်လာကြတယ်။ အဲ့မှာ မြန်မာလူမျိုးတွေကို နို်င်ငံခြားထိဦးဆောင်ခေါ်သွားပေးမယ့် မြန်မာကတိုးလီဒါရဲ ့တာဝန်က အရမ်းကိုအရေးကြီးပါတယ်။ ဟိုဘက်ကဂိုက်ကဘယ်လောက်ပဲ အဆင်မပြေဖြစ်နေပါစေ..ဒီဘက်ကမြန်မာဂိုက်ကကောင်းကောင်း handle လုပ်နိုင်ရင် ခရီးစဉ်အစအဆုံး အဆင်ပြေနိုင်ပါတယ်။ အဲ့လောက်ထိသူ့တာဝန်ကအရေးပါလို့ သူမှာရှိသင့်တဲ့ တာဝန်တွေကို ဖေ်ာပြပေးလိုက်ပါတယ်။ ၁။ နိုင်ငံခြား ​ဘာသာစကား ကျွမ်​းကျင်​စွာ တတ်​ကျွမ်​းရမည်​။ အထူးသဖြင့် အင်္ဂလိပ်စာပေါ့နော်။ အင်္ဂလိပ်စာကတော့ ကမ္ဘာသုံးကိုး။ ၂။ ကို်ယ်သွားမယ့်နေရာတွေအကုန်လုံးရဲ ့အကြောင်းကိုသိထားရပါမယ်။ ဒါကလည်း google မှာရိုက်ရှာရင်အကုန်ရပါတယ်။ facebook တစ်ခုလုံးကို ဝင်မွှေလည်းရတယ်။ ၃။ ဟိုရောက်ရင်လည်း အလျဉ်းသင့်သလို ဒါကတော့ ဘာ၊ ဟိုဟာကတော့ ဘာဆိုပြီး ပြောပြတတ်ရပါမယ်။ ၄။ ဟာသဉာဏ်ကလေးရွှင်ရင် […]


Mon LayAugust 15, 20191min2220
ခရီးချည်းပဲသွားချင်နေတဲ့စော်လေးများ သင်တို့ဆီမှာရှိပါလား။ ပြီးတော့ ခရီးပဲသွားနေလို့ ကိုယ်နဲ့ တွေ့ချိန်နည်းတာမျိုးတို့ ဒါမှမဟုတ် ခရီးသွားဖေ်ာအဖြစ်နဲ့ လိုက်ပေးရတာတို့ဆို ငွေခဏခဏကုန်တာပဲဆိုပြီး တွေးနေတယ်မှတ်လား။ အဲလိုအဆိုးမြင်တဲ့အပိုင်းက မတွေးဘဲ..အကောင်းဘက်ကဖြစ်လာတယ်လို့တွေးလိုက်ရင် ကိုယ့်ချစ်သူကို ပိုလို့တောင်ချစ်သွားနိုင်တယ်နော်။ ဒီတော့ မွန်လေးက ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးမယ်နော် ✔️ သူအလုပ်ကိုကြိုးစားလုပ်၊ငွေစုပြီး ခရီးသွားတဲ့အတွက်ကြောင့် အလုပ်ကြိုးစားချင်စိတ်ရှိတယ်ဆိုပြီး ပီတဖြစ်နိုင်ပါတယ်။ ✔️ ခရီးသွားလို့ ဒေသန္တယ ဗဟုသုတ ကြွယ်ဝတယ်ဆိုပြီးလည်း အထင်ကြီးနိုင်ပါတယ်။✔️ ပြန်ရှယ်ပေးတတ်တဲ့ စိတ်ကလေးကြောင့်လည်း စိတ်ထားကောင်းတဲ့ကောင်မလေးအဖြစ်အသိအမှတ်ပြုနိုင်ပါတယ်။✔️ ခရီးသွားတဲ့မိန်းကလေးတွေဟာ အများအားဖြင့်ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့အတွက်ကြောင့် ပျော့ညံ့တဲ့သူမဟုတ်ကြောင်းကို ဂုဏ်ယူနိုင်ပါတယ်။✔️ သူမကို မိတ်ကပ်တွေ နှုတ်ခမ်းနီတွေ ဝယ်ပေးရတာထက် သူကြိုက်တဲ့၊ သူ့ဆန္ဒကိုဖြည့်ဆည်းပေးရတာလောက် စိတ်ချမ်းသာစရာကောင်းတာ မရှိပါဘူး။✔️ သူမဘာလိုချင်တယ်ဆိုတာကို သူမဖာသာသိတဲ့အတွက်ကြောင့် ရည်မှန်းချက်ကြီးတဲ့ကောင်မလေးအဖြစ်လည်း လေးစားနိုင်ပါတယ်။ ✔️ စာဖတ်အားသန်တဲ့အတွက်ကြောင့်လည်း စဉ်းစားချင့်ချိန်နိုင်စွမ်းရှိတဲ့ကောင်မေးလလို့ မှတ်ယူနိုင်ပါတယ်။ အကယ်လို့များ သင်ကိုယ်တိုင်လည်းကောင်မလေးနဲ့အတူခရီးသွားတဲ့အခါ တစ်ယောက်ကိုတစ်ယောက်လည်းပိုနားလည်လာနိုင်ပါတယ်။ ကဲ ဒီလိုဆို ခရီးသွားမက်တဲ့ကောင်မလေးကိုရထားတာ […]


kaiAugust 14, 20191min166016
၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား။မြောက်ဦးဆရာတော်၏သက်တော်၆ဝပြည့် မွေးနေ့အခမ်းအနား။မြန်မာ-အမေရိကန်တို့ရဲ့ Care Packages United စေတနာ့ဝန်ထမ်းကုသိုလ်။New York က MCA NY ရဲ့ Summer Water Festival မျက်နှာဖုံးသတင်းများ။မောင်စွမ်းရည်ရဲ့ ကဗျာဆရာကြီးများရဲ့အိမ်သို့ ဆောင်းပါး။Henry Kao ရဲ့ ချိုင်းနားကွေ့ဇိုးသို့ ခရီးသွားဆောင်းပါး။သန္တာအောင်(ဆေးပညာဘွဲ့)ရဲ့ Scleroderma အရေပြားမာရောဂါစု။U.S. ပြည်နယ်များမှ ဝါဆိုသင်္ကန်းကပ်သတင်းများ။မောင်မိုးညိုရဲ့ Rebecca Zahau အကြွေစောလေသူ ဆောင်းပါး။လူငယ်တေးသံရှင်ဇွဲပြည့်နဲ့ အမေးအဖြေကဏ္ဍ။ုဩဂုတ်အလှပန်း Mia Violet Khin လစဉ်ဖော်ပြနေကျ ဆရာမျိုးကျော်မြင့်ရဲ့အင်္ဂလိပ်စာသင်္ခန်းစာဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ဗေဒင်ကဏ္ဍ သုတ၊ ရသစုံလင်စွာ ဓာတ်ပုံဝေဝေဆာဆာဖြင့်၂၀၁၉၊ ဩဂုတ်လထုတ် မြန်မာ့ဂဇက် ထွက်နေပါပြီ။ အမြို့မြို့ရှိ မြန်မာဆိုင်များမှာ အခမဲ့ရယူပါ။ Elon Musk just endorsed democrat Andrew […]


Mon LayAugust 14, 20191min2170
ငယ်တုန်းရွယ်တုန်းမှာ ခရီးပိုသွားပါ။ သန်တန်းမြန်တုန်းမှာ ခရီးပိုသွားပါ။ လူတွေအကြောင်းသိချင်ရင် ခရီးပိုသွားပါ။ အပြင်လောကမှာ ဘာတွေဖြစ်ပျက်နေလဲသိချင်ရင် ခရီးပိုသွားပါ။ လူတွေနဲ့ကင်းချင်ရင် ခရီးပိုသွားပါ။ စိတ်ညစ်နေရင် ခရီးပိုသွားပါ။ အပေါင်းအသင်းတိုးချင်ရင် ခရီးပိုသွားပါ။ ပျော်ချင်ရင် ခရီးပိုသွားပါ။ အသုံးအဖြုန်းလျှော့ပြီး ခရီးပိုသွားပါ။ ကမ္ဘာလောကကြီးကို ချစ်တတ်အောင် ခရီးပိုသွားပါ။ အပင်လေးတွေကို ချစ်တတ်အောင် ခရီးပိုသွားပါ။ သဘာဝကို ချစ်တတ်အောင် ခရီးပိုသွားပါ။ သူများကို စေတနာနဲ့ မျှဝေတတ်အောင်လည်း ကြိုးစားပါ။


Mon LayAugust 13, 20192min2920
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြေညာစာအမှတ် (၄၉/၂၀၁၉)အားထုတ်ပြန်ထား “၂၀၁၉ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်းရှိအများပြည်သူတို့၏ အလုပ်ပိတ်ရက် (သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ရုံးပိတ်ရက်များ) 🤩သီတင်းကျွတ်ရုံးပိတ်ရက်- ၁၁.၁၀.၂၀၁၉ မှ ၁၅.၁၀.၂၀၁၉(၅ ရက်) (သောကြာ,စနေ,တနင်္ဂနွေ,တနင်္လာ,အင်္ဂါ) 😍တန်ဆောင်မုန်းရုံးပိတ်ရက်- ၉.၁၁.၂၀၁၉ မှ ၁၂.၁၁.၂၀၁၉(၄ ရက်) (စနေ,တနင်္ဂနွေ,တနင်္လာ,အင်္ဂါ)တို့ကိုပြင်ဆင်သတ်မှတ်ခဲ့ကြောင်းပါတဲ့… ချစ်တို့ရေ… ပိုက်ပိုက်လေးတွေစုထားကြမယ်နော်….ခုကတည်းက.. အဲကျရင်အမုန်းခရီးထွက်ကြမယ်… #breakingnews #holidays


Mon LayAugust 13, 20195min4000
အို.. ကိုရွှေမိုးရယ်.. ဘယ်လောက်တောင်ဝမ်းနည်းနေလို့ မရပ်နိုင်မစဲနိုင်..ဒီလောက်တောင်ရွာနေရတာလဲ🌧🌧🌧 နေရာလှလှလေးတွေတွေ့ရင် ဓါတ်ဖမ်းချင်စိတ်ကိုထိန်းမရတာဆောရီးပါ။ ထပ်ပြီးတင်ဖို့ ရှယ်ဖို့ စာတွေရှိပါသေးတယ်လို့..ဖတ်ပြီးဝေဖန်ပေးပါလို့.. Comment တစ်ခုက အသက်ပါပဲလို့။ #rainyday #raining #outside #yangon #international #airport #travelemperor


Mon LayAugust 9, 20191min3080
Espearado Lake View Hotel ကမွန်လေးအတွက် လာပေးသွားတာပါ။ မွန်လေးကိုလည်း facebook မှာ follow လုပ်ထားနို်င်ပါတယ်။ www.facebook.com/travelemperor1 ကိုlike & see first လုပ်ထားနိုင်ပါတယ်


Mon LayAugust 9, 20191min4752
မနေ့က ညဘက်သယ်ရင်းက ရှော့ပင် ထွက်ကြရအောင်ဆိုပြီး ခေါ်တော့ အိမ်နဲ့နီးတဲ့ မြန်မာပလာဇာကို မွန်လေးတို့သွားဖြစ်ခဲ့ပါတယ်။ ပစ္စည်းတွေဝယ်သင့်တာဝယ်ပြီး https://www.facebook.com/innwabooks/ စာအုပ်ဆိုင်လည်းတွေ့ရော..ဝင်ကြမယ်ကွာဆိုပြီး ဝင်ကြရော။ ဖွင့်ထားတာတော့ကြာပြီ။ သပ်သပ်ရပ်ရပ်လေးနဲ့ အဆင့်မီတဲ့ စာအုပ်ဆိုင်လေးလို့ မြင်မိတယ်။ အထဲမှာ သုတ၊ရသ၊စီးပွားရေး၊ပညာရေးစတဲ့ စာအုပ်အမျိုးပေါင်း (၅၀)ကျော်လောက်ရှိပါတယ်။ ကို်ယ်လိုချင်တဲ့စာအုပ်တွေရွေးချယ်ပြီး အေးအေးဖတ်လို့ရတဲ့ထိုင်ခုံလေးတွေရှိတယ်။ ကော်ဖီသောက်ချင်လည်း ရတယ်။ ရှော့ပင်းစင်တာမှာဖွင့်ထားတာဖြစ်ပေမဲ့ တိတ်ဆိတ်တယ်။ စာဖတ်ဝါသနာပါတဲ့သူတွေအတွက် တော်တော်လေးအဆင်ပြေတယ်။ တနင်္လာနေ့ဆိုရင် drinks အားလုံး 15% discount နဲ့ပေးတဲ့အစီအစဉ်ရှိပါတယ်။ စာအုပ်ဆိုင်ဆိုတာထက် စာကြည့်တိုက်လေးနဲ့လည်း တူတယ်လို့ခံစားမိတယ်။ ပြီးတော့ စာအုပ်တွေကိုစာရေးဆရာတွေကိုယ်တိုင်လက်မှတ်ရေးထိုးရောင်းချပေးတဲ့ပွဲတွေကိုလည်းမကြာခဏလုပ်လေ့ရှိတယ်လို့လည်းသိရပါတယ်။ ဖွင့်ချိန်ကလည်း မနက် (၉)၊ ည(၉)ပါ။ ဒီတော့ ရှော့ပင်ထွက်ရင်း ဗဟုသုတတိုးအောင် သွးာစေချင်ပါတယ်။ နေရာလေးကတော့ အမှတ် 206D၊ ဒုတိယထပ် Myanmar Plaza၊ ကမာ္ဘအေးဘုရားလမ်းပါ။


Mon LayAugust 6, 20192min58650
သက်တန့်(မေရီ) ရေးတဲ့ စစ်မှန်သော မိမိနှင့်တွေ့ဆုံခြင်း စာအုပ်ကိုဖတ်ပြီးနောက် မွန်လေးကိုယ်တွေ့ပါ တကယ်ခံစားပြီး ကျင့်သုံးလိုက်လို့ အဆင်ပြေသွားတာလေးကို မွန်လေးရဲ ့follower လေးတွေလည်း ဗဟုသုတရပြီး ဘဝတစ်လျှောက်လုံးကျင့်သုံးနို်င်စေဖို့ ပြန်ရှယ်ပေးလိုက်ပါတယ်။ အရင်ဦးဆုံး မေးခွန်းလေးကသိပ်လှတယ်။ ငါ..ဘယ်သူလဲတဲ့။ ခုစာဖတ်နေတဲ့သူလည်း ဖြေကြည့်ပါ..ငါဘယ်သူလဲ။ စစ်မှန်တဲ့ ငါကဘယ်သူလဲ။ စစ်မှန်တဲ့..ငါကို ဘယ်လိုရှာလို့ရသလဲဆိုရင် အပြင် ပရောဂကြောင့်ဖြစ်လာတဲ့ ကို်ယ့်အတွေး၊ စိတ်ခံစားမှု၊ ခန္ဓာကိုယ်ရဲ ့အတားအဆီးနဲ ့ ကန့်သတ်မှုတွေရ ဲ့အောက်မှာ မရှိတဲ့လူတွေဟာ စစ်မှန်တဲ့မိမိကိုရှာဖွေနိုင်တဲ့သူတွေပါတဲ့။ အဆုံးသတ်မှာ စစ်မှန်တဲ့မိမိရှိတဲ့သူဟာ ချစ်ခြင်းမေတ္တာ၊ ဝမ်းမြောက်မှု နှင့် ငြိမ်းချမ်းမှု တို့ရှိတဲ့သူပါပဲ။ ဟုတ်ပြီ။ မွန်လေးတို့ဘယ်လိုရှာမလဲ။ အရင်ဦးဆုံး စက်ဝိုင်းပုံဆွဲလိုက်ပါ။ ပုံလည်းပြထားပါတယ်။ အဲ့မှာ စစ်မှန်တဲ့မိမိဆီရောက်ဖို့ က Body လည်းကျန်းမာသန်စွမ်းနေဖို့လိုပါတယ်။ ဟုတ်ပါတယ်။ လူတွေက နေ့စဉ်အလုပ်နဲ့ […]