မင်္ဂလာပါ. ခရီးထွက်တော့မယ့်သူတွေအတွက် ကားငှားတော့မယ့် သူတွေအတွက် ကားငှားခါနီး လုပ်ဆောင်သင့် သည်များကို ပြောပြပေးချင်ပါတယ်။ ခရီးစဉ် အရင်ဦးဆုံး ခရီးစဉ်ကိုစဉ်းစားပါ။ ကိုယ်ဘယ်သွားမယ်၊ လူဘယ်နှယောက်လဲ စသဖြင့်။ ကားစငှားပါ။ ဝန်ဆောင်မှုကောင်းလား။ Review ကရော ဘယ်လိုလဲလိုက်လံရှာဖွေပြီး ကားစငှားပါ။ ဒါခုခေတ်မှာ တော်တေ်ာလေးခေတ်စားလာတာတွေ့ရတယ်။ ကားရွေးချယ်မှုမှန်ကုန်ပါစေ။ ကားငှားတော့မယ်ဆိုရင် မိမိမှာ လူဘယ်နှယောက်ပါမှာလဲ။ ၃ယောက်နဲ့ High way ခရီးသွားမယ်ဆို saloon လိုမျိုးသင့်တော်ပါတယ်။ ဒါပေမဲ့ လူက၁၅ယောက်နဲ့ အံစာတုန်းကားကို High way သွားတာမျိုးတော့မဖြစ်သင့်ဘူးထင်ပါတယ်။ ဘာလို့ဆို အံစာတုံးကားက ကားသမားအပါဆို ၁၄ခုံ ၁၅ခုံအတိ၊ အဝေးသွားရင် တစ်ယောက်ကို ခရီးဆောင်အိတ်က အနည်းဆုံး ၁ယောက် ၁လုံးပါလာမှာပဲ။ ၁၅ယောက်ဆို ၁၅လုံး။ ဘယ်လိုထိုင်ကြမလဲ။ ပစ္စည်းထားဖို့ကလည်း နေရာက ချန်ရဦးမယ်။ […]