ငယ်ငယ်တုန်းက ကြားခဲ့ဖူးတဲ့သီချင်းလေး..အဲ့အဓိပ္ပါယ်ကိုငယ်ငယ်တုန်းက ဘာမှန်းသေချာမသိခဲ့ပေမဲ့..ခုလို ၂ဝကျော်ပတ်လည်၊ အလုပ်တွေလုပ်၊ အိမ်ကိစ္စတွေဝိုင်းကူနဲ့ စိတ်ဖိစီးမှုများလာတဲ့အခါကျတော့ မှ ဒီသီချင်းရဲ့ အနှစ်သာရနဲ့ အဓိပ္ပါယ်ကို ကောင်းကောင်းသိလာခဲ့ရပါတယ်။ ဘယ်တော့မှ လည်းပြန်မရနိုင်မှန်းလည်း အသက်တွေကြီးလာလေလေ တဖြည်းဖြည်းရိပ်မိလာခဲ့ပါတယ်။ 😣😣ဒါပေမဲ့ ကလေးဘဝ ကို နောက်တစ်ခေါက်ပြန်ရနိုင်မယ့် နေရာလေးတစ်ခုကို ကံကောင်းစွာနဲ့ပဲ မွန်လေး ရှာဖွေတွေ့ရှိခဲ့ ပါတယ်။ 💡 သူလေးကတော့ Happy World Amusement Zone ပါပဲ။ အဲ့ကို ဟိုးငယ်ငယ်လေးတုန်းက ဦးလေးတို့၊ အဒေါ်တို့လိုက်ပို့လို့ ရောက် ဖူးပြီးပေမယ့် ဘယ်နှစ်ကြိမ်သွားသွား အသက်သာကြီးလာတာ ငယ်ငယ်တုန်းက Happy World မှာမျောက်ရှုံးအောင်ဆော့ခဲ့သလို..ခုအသက်ကြိီးမှပြန်ရောက်တော့လည်း မျောက်ရှုံးအောင်ပြန်ဆော့တာပါပဲ။ 😃😃 အဲလောက်ကို ကလေးဘဝပြန်ရောက်သလို ခံစားမိတဲ့နေရာလေးကတော ့Happy World အပြင်မရှိတော့ဘူးထင်ပါတယ်။ ကဲဘယ်လိုလဲ..သွားချင်နေပြီဟုတ်?? 👈👈 နေရာလေးရဲ့တည်နေရာက […]