Mon LayNovember 12, 20184min3530
ခုရေးမယ့် ပိုစ့်လေးကတော့ မွန်လေး ဘယ်ပဲသွားသွား ငွေရှင်းတဲ့အခါ ငွေသားထက်  credit card သုံးတာလေးနဲ့ အရမ်းအသုံး ဝင်ပုံလေးပြန်ရှယ်ချင်လို့ပါ။🔷💳🔷  ပြည်တွင်းပဲဖြစ်ဖြစ်၊ ပြည်ပပဲဖြစ်ဖြစ်သွားတဲ့အခါလည်း ပိုက်ဆံတွေ အများကြီးမယူသွားပဲ ကဒ်လေးနဲ့ငွေရှင်းတာက စမတ်ကျ သလို၊ ခါးပိုက်နှို်က်တဲ့ ရန်ကလည်းကာကွယ်နိုင်ပါတယ်။ ကဒ်မပျောက်အောင်တော့ သတိတော့ထားပေါ့နော်။😁 ခုတော့ မြန်မာပြည်မှာ credit card ရနိုင်တဲ့ ဘဏ်တွေတော်တော်များများရှိနေပါပြီ. မွန်လေးကတော့ Travel Show သွားရင်း #Aya Bank ကpromotion ချတာနဲ့ကြုံလို့ Aya credit card လေးလုပ်ထားလိုက်ပါတယ်။💳 အဲ့credit card လေးကို ရဖို့ဆိုရင် မွန်လေးတို့မှာ အရင်ဦးဆုံး သက်ဆိုင်ရာဘဏ်အကောင့်ရှိရပါမယ်။ ပြီးရင် လုပ်ငန်းပိုင်ရင် လည်းလုပ်ငန်းလိုင်စင်တို့၊ ဝန်ထမ်းဆိုရင်လည်း သက်ဆိုင်ရာ မန်နေဂျာ၊ သူဌေးတို့ရဲ ့လစာထောက်ခံချက်တို့၊ […]


kaiNovember 11, 20181min104110
The Myanmar GazetteNovember 201811″ x 17″ 32 PagesPrinted in Los Angeles ✔မောင်စွမ်းရည်ရဲ့ ပြည်ပစာနယ်ဇင်း✔ဆောင်းဦးပန်း အင်တာဗျူးတဲ့ Lလွန်းဝါ✔နိုဝင်ဘာအလှပန်းအဖြစ် Enzali Min✔မသန္တာအောင် (ဆေးပညာဘွဲ့) ရေးတဲ့ ဆီးချိုရောဂါနှင့်အဆစ်အမြစ်ရောဂါစုများ✔မောင်မိုးညိုရဲ့ ဘဝတသက်စာပြင်ဆင်ကြဖို့ အစီအမံတွေ✔ဒေါက်တာအောင်ဇော်ထိုက် ရှင်းပြတဲ့ ဝက်ခြံ✔တိမ်မည်းရဲ့ အတိတ်ကအမှတ်တရများသိမ်းဆည်းရာ✔လစဉ်ဖေါ်ပြနေကျ မြန်မာ/ကမ္ဘာ့တလအတွက် နေ့စဉ်သတင်းဒိုင်ယာရီ၊ ဗေဒင်၊ကာတွန်း၊ အင်္ဂလိပ်စာသင်ခန်းစာ၊မြန်မာဆယ်လီဘရိတ်တီသတင်းများအပါအဝင် အမေရိကပြည်တွင်း မြန်မာ-အမေရိကန်လှုပ်ရှားမှုသတင်းများအစုံအလင်ဖြင့် မြန်မာ့ဂဇက်ထွက်နေပါပြီ။အမေရိကပြည်ရှိမြန်မာစတိုးဆိုင်၊ ဆေးခန်း၊ ဘုန်းကြီးကျောင်း၊ ချပ်ချ်တို့မှာ အခမဲ့ရယူပါ။ https://issuu.com/myanmargazette/docs/myanmar_gazette_nov_2018

nld13.jpg

၂၀၁၈ နိုဝင်ဘာ ကြားဖြတ် ရွေးဂေါက်ပွဲ ပြီးဆုံးသွားပြီ၊ သတင်းများအရ အာဏာရ ဒီချုပ်ပါတီ ရနေရာနိုင် ၆နေရာ ရှုံးတယ်။ မြစ်ကြီးနား အမျိုးသားလွှတ်တော်နေရာ ကြိုတင်မဲကိစ္စ အငြင်းပွားမှု ရှိနေပေမဲ့ ရာခိုင်နှုန်း ၅ဝသာသာပဲ နိုင်တယ်။ ဒီချုပ်အတွက် လာမည့် ၂၀၂ဝရွေးဂေါက်ပွဲ အောင်နိုင်ရေး အချက်ပေးခေါင်းလောင်းသံလို့ အကဲဖြတ် အများစု လေသံတူတယ်။ မဲပေးခွင့်ရှိသူ ကိုးသိန်းမှာ မဲလာပေးသူ တဝက်ရှိတယ်လို့လည်း သတင်းမှာ ဆိုတယ်။ ပြင်ပ လေ့လာသူများရဲ့ အကဲဖြတ်ချက်နဲ့ မဲရလဒ် သိပ်ကွာတာ မတွေ့ရ။ ပြီးခဲ့တဲ့ ရွေးဂေါက်ပွဲ ရလဒ်၊ ကြားဖြတ်ရွေးဂေါက်ပွဲ သဘောသဘာဝနဲ့ ပစ္စုပ္ပန်နိုင်ငံရေး၊ စီးပွားရေး အခြေအနေများ ထည့်သွင်းသုံးသပ်လျင် အတော် နီးနီးစပ်စပ် ခန့်မှန်းနိုင်တယ်။ ကာယကံရှင် ပါတီများမှာတော့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲအပြင် […]


zaw linNovember 5, 20181min8196
ဖိုဘီကိတ်ရဲ့ ပုံလေးကိုကြည့် ရိုစီတာသီချင်းလေးကိုနားထောင် မန္တလေးမြို့ကြီးကိုလွမ်း ငါတမ်းတခဲ့ဘူးပါရဲ့။ ကျောင်းကိုအသွား အဖြူအစိမ်းလေးတွေကြား ခြေလှမ်းမှန်အောင်လျှောက် ပုဆိုးအထက်အောက်မှားတာကိုစ ငါအရှက်ရခဲ့ဘူးပါရဲ့။ မမတစ်ယောက် လူမြင်ကွင်းမှာစိတ်ဖေါက်လို့ ငါ့ပါးကိုနမ်း ရှက်သွေးဖြန်းဖြန်းထ အိမ်တွင်းပုန်းဘဝလည်းရောက်ခဲ့ဘူးပါရဲ့။ နယ်တကာသွား ကျားဆိုမှကျား တက်စုံရွက်ကုန်ဖွင့်ခဲ့တဲ့သကောင့်သား ခုများကျမှနောက်လှည့်ကြည့် အဖေါ်မရှိတဲ့အဖြစ် ချစ်တတ်တဲ့နှလုံးသား ယမုံနာတစ်ဖက်ကမ်းမှာထားခဲ့ရော့သလား အတိတ်တွေကိုပြန်ရစ် ရကော်ဒါလိုပြန်ရစ်လို့ရခဲ့ရင် ငါ့ရဲ့နှလုံးသား ပြန်ယူပေးကြပါလားဟင်


ko sixNovember 5, 20181min4433
^^^^^^^^^^^^^^^^^^^ ဆိုက်ကလုံးကို ဆာဟာရက အမြဲ ကြိုဆိုနေသလောက် ပင်လယ်မှာပဲ အသေခံတယ် မွန်းကြပ်လာတိုင်း ခေါင်းမော့ပြီးရှူခဲ့တယ် ငဲ့ညှာမှုသမိုင်းမှာ အောက်ဆီဂျင်ကတော့ ယောက်ျားချင်းဆုံသလို ခပ်ပါးပါး ခြေဖျားထောက်ပြီး ခူးခဲ့တယ် ဓူဝံကြယ်ဟာ မြောက်အရပ်ကို သစ္စာရှိနေတုန်း ဆရာဝန်ကတော့ တစ်ခါရယ်ရင် တစ်ရက်အသက်ရှည်သတဲ့။ ဒီလိုပါပဲ အမြန်လမ်းမကြီးပဲဖြစ်ဖြစ် ရိုးမတောပဲဖြစ်ဖြစ် မြစ်ဆုံအရပ်ပဲဖြစ်ဖြစ် ကာဗွန်တွေပဲ တထောကြီး သီးထနေတယ်။ အိပ်မက်ကတော့ ယပ်တောင်တစ်ချက် ယပ်တိုင်း အောက်ဆီဂျင်တွေ လွင့်နေတယ်လို့ မက်ကောင်းနေတုန်း။ ကိုစစ်


ko sixNovember 3, 20181min3572
ပလပ်စတစ်ကောက်တတ်သူနဲ့ ကြွပ်ကြွပ်အိတ် မသုံးသူဟာ ထောင့်မညီဘူး။ ကြယ်မြင်လမြင်ခေါင်မိုးနဲ့ မြေညီထပ်အခန်းဟာ ထောင့်မညီဘူး။ ရွံ့စေးလမ်းနဲ့ နိုင်လွန်ကတ္တရာလမ်းဟာ ထောင့်မညီဘူး။ လက်လုပ်လက်စား ကြမ်းခင်းနဲ့ ခရိုနီမွေ့ယာဟာ ထောင့်မညီဘူး။ ငယ်ငယ်ကအိပ်မက်နဲ့ အနာဂတ်မျှော်စင်တွေဟာ ထောင့်မညီဘူး။ ရိုးရိုးကျင့်တာနဲ့ မြင့်မြင့်မှန်းတာဟာ ထောင့်မညီဘူး။ နိမ့်ချနေတာနဲ့ နိမ့်ကျနေတာဟာ ထောင့်မညီဘူး။ အချစ်ဆိုတာနဲ့ မေတ္တာတရားဆိုတာ ထောင့်မညီဘူး။ လာခြင်းဟာ ပြန်ခြင်းနဲ့ ထောင့်မညီဘူး။ ဒီလိုပါပဲ ထောင့်မညီဘူးဆိုတာကိုက အနားတွေမှာပဲ အပြစ်ဖြစ်နေသလိုလို။ သက်သေပြတာတော့ မဟုတ်ပါဘူး။ တကယ်က မင်းရပ်နေတဲ့ ပထဝီဝင်နဲ့ ငါရပ်နေတဲ့ ရေကြောမြေကြောတွေက ထောင့်တွေညီမနေကြဘူးဆိုတာ မင်းမြင်သွားရုံလေး နင်းပြလိုက်တာပါ။ ကိုစစ်


Mon LayNovember 2, 201812min3861
ရာမညမြေလို့ပြောလိုက်ရင်..မော်လမြိုင်ဆိုတာလူတိုင်းသိကြမယ်ထင်ပါတယ်နော်။ ဆွဲဆောင်မှုရှိလှတဲ့သဘာဝအလှအပတွေနဲ ့ သာယာဖွယ်နေရာလေးတစ်ခုဖြစ်တဲ့ မွန်ပြည်နယ် မော်လမြိုင်မြို ့လေးကို TV ထဲမှာတော့ ခဏခဏတွေ့ဖူးနေကျပါ။ ♥️☘🌸🍀ကမာ္ဘကျော်ကဗျာဆရာ Rudyard Kipling ကတောင် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖူးတဲ့ သုံးရက်အတွင်းစပ်ဆိုခဲ့တဲ့ “By the oldMoulmein Pagoda” ဆိုတဲ့ ကဗျာထဲမှာမော်လမြိုင်ဒေသလေးက ပြီးပြည်စုံလှတဲ့ သဘာဝအလှတရားတွေနဲ့ပြည့် စုံနေကြောင်းကိုလည်းစပ်ဆိုရေးသားခဲ့ပါသေးတယ်။ အေးလှတဲ့ ဆောင်းတွင်းအခါသမယ ခရစ်စမတ်ကာလလေးမှာ အလည် သွားရောက်ဖို့ သင့်တော်အတွက်ကြောင့် ရုံးကဘယ်သွားကြမလဲလို့မေးလိုက်တော့မွန်လေးက မော်လမြိုင်လို့ပဲ ဖြေလိုက် တာပေါ့။ ✔️ရန်ကုန်ကနေသိပ်မဝေးတဲ့ ခရီးစဉ်ဒေသလေးဖြစ်တာနဲ့အညီ စနေ၊ တနင်္ဂနွေပိတ်ရက်တိုလေးကို အချိန်ပေးရုံနဲ့ ဘုရားပုထိုးများ၊ သမိုင်းဝင်နေရာများ၊ သဘာဝလိုဏ်ဂူများနဲ့ ကမ်းခြေစတဲ့ နေရာအနှံ့ကို ကုန်ကျစရိတ်နည်းနည်းနဲ့ ခြေဆန့်နိုင် တဲ့ နေရာလေးလည်းဖြစ်ပါတယ်။ 😄😃😀   မော်လမြိုင်ဆို သည်မှာ💌   […]


ko sixOctober 31, 20181min4404
ပိုက်ဆံမရှိဘူးလို့ ငြီးနေတာ အပျင်းမှာ ဂျိုတပ်ထားကြောင်း လက်မှတ်။ အလုပ်အကိုင်ရှာပါးတာကို လေပင့်နေရင်း သူများချွေးနည်းစာမှာ ဝင်ကစွတ် အမေရိကန်စစ်စတန်ကို နားမလည်ဘူး တစ်နေ့ ၅၀၀ဝ ရတာလုပ်မလား ဒီမေးခွန်းမှာ လိုအပ်ရင်အချိန်မရွေး ဖုန်းဆက်ဖို့ ပုံနှိပ်ထားပါတယ်။ သို့သော်လည်း သို့သော်လည်း ထိုငနဲသားဟာ စာမေးပွဲခန်းကို ဒီကနေ့အထိ ရောက်မလာခဲ့ဘူး။ ကိုစစ်


kaiOctober 30, 20183min2912
ယခုလမှာ နည်းနည်းထူးခြားပြီး လူသိနည်းတဲ့ Structure လေးတစ်ခုအကြောင်းပြောပြလိုပါတယ်။ conditionals တို့ adjective clause တို့ကို လူသိများပေမယ့် ယခုဖော်ပြမယ့် structure လေးကို သိသူ၊ သုံးတတ်သူနည်းပါတယ်။ ဒါပေမဲ့ တော်တော်လေးအသုံးဝင်တဲ့ structure လေးပါ။ ဒီ structure လေးကို make, have , get ဆိုတဲ့ ကြိယာ လေးတွေနဲ့ သုံးရပါတယ်။ ရှင်းအောင်ပြောရရင် တစ်စုံတယောက်က မလုပ်ချင်တဲ့ မလုပ်လိုတဲ့ကိစ္စ တခုခုကို နောက်တစ်ယောက်က အတင်းအင်အားသုံးပြီး power ပြပြီး သို့မဟုတ် ချော့မော့ပြီး လုပ်ခိုင်းတဲ့ အခါမျိုးမှာ သုံးနိုင်ပါတယ်။ ဆိုပါစို့ ကလေးက ကျောင်းကပြန်လာပြီး video game ပဲ ဆော့နေတယ်။ အိမ်စာလုပ်ဖို့ သတိမေ့နေတယ်ဆိုရင် မိဘရဲ့ […]


kaiOctober 28, 20182min2380
MAGA vs MSMအမေရိကား၏ သတင်း၊စာနယ်ဇင်း၊မီဒီယာသည် အခြေခံဥပဒေအရအကာအကွယ်ပေးထား၏။Mainstream media (MSM)တို့ကို တိုက်ခိုက်၍ Fake News ပြောလေ့ရှိသော MAGA သမ္မတထရမ့်သည်ပင် ဥပဒေကြောင်းအရ တိုက်ရိုက်တရားစွဲအရေးယူခဲ့ခြင်းမရှိ။ သူ့အားရည်စူးထုတ်ပြန်သော သတင်းမီဒီယာကြီးများကို ပြန်လည်တုံ့ပြန်ရန် Fox News နှင့်လက်ယာယိမ်းမီဒီယာတို့ကို အပိုင်တွဲယူထားကာ လိုအပ်လျှင် ထိုမိတ်ဖက်မီဒီယာများထံမှ တိုက်ရိုက်အကြံဉာဏ် အကူအညီယူသည်အထိလုပ်နေခဲ့သည်။ ရုရှန်းတို့သည် မီဒီယာ/ဆိုရှယ်မီဒီယာတို့သုံး၍ ၂၀၁၆သမ္မတရွေးကောက်ပွဲကိုပင်ဝင်ရောက်စွက်ဖက်ခဲ့သည်။ သမ္မတအိုဘားမားနှင့် သမ္မတထရမ့်တို့မှ စီးပွားရေးပိတ်ဆို့မှုများချကာ အရေးယူသည်။အမေရိကပြည် ဂရင်းကဒ်ကိုင်ထားသူ ဝါရှင်တန်ပို့စ် သတင်းသမား Khashoggi သည် တူရကီ နိုင်ငံ အစ္စတန်ဘူလ်ရှိ ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ရုံးအတွင်း အစဖျောက်သတ်ခံခဲ့ရသည်။ ထိုလူသတ်မှုအပေါ် ထရမ့်က “that is no excuse” ဟုပြောခဲ့သည်။ ဒေါ်လာဘီလီယံရာချီသော စီးပွားရေးအကျိုးစီးပွားကိုပင် ရင်းစားကာ ရီပိုတာတဦးဖက်မှ […]

Travelling-is-Learning-600x315.jpg

⏩ ရွှေမြန်မာတို့ ခရီးသွားခြင်း ⏪ 🔹 မြန်မာနိုင်ငံမှာ ခရီးသွားခြင်းအလေ့အထ အတော်လေး ထွန်းကားလာခဲ့ပါပြီ။ ဟိုးအရင်က မိသားစုတွေ၊ အိမ်နီးနားချင်းတွေစုပြီး သွားကြတဲ့ ဘုရားဖူးခရီးကနေ အလည်အပတ်ခရီး၊ အပန်းဖြေခရီး၊ တောင်တက်ခရီး၊ တောတွင်းလမ်းလျှောက်ခရီး၊ အပျော်စီးသင်္ဘောခရီး စသဖြင့် ပြည်တွင်းပြည်ပ ခရီးစဉ်မျိုးစုံကို သီးသန့်၊ အဖွဲ့လိုက် သွားကြတဲ့အထိ ခရီးသွားခြင်းအလေ့အထဟာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပါတယ်။ 🔹 လက်ရှိခေတ်ရေစီးကြောင်းအရ မြန်မာတွေ ဘာလို့ခရီးသွားလဲဆိုရင် ဓာတ်ပုံရိုက်ချင်လို့ လို့ပဲ ဖြေရမယ်ထင်ပါရဲ့။ မြန်မာလူမျိုးတွေအများစုဟာ ငွေကုန်ကြေးကျခံပြီး ခရီးသွားလို့ တစ်နေရာရောက်ပြီဆိုရင် ရှုခင်းလှလှကို နောက်ခံထားပြီး ကိုယ့်ပုံကို ပုံစံအမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်ကြမယ်။ ပြီးရင် Social Media တွေမှာ Check-in ဝင်မယ်၊ ဓာတ်ပုံတင်မယ်။ ပြီးရင် နောက်တစ်နေရာကို ဆက်သွားကြမယ်။ ဒါနဲ့ပဲ […]

My-Quote-600x338.jpg

🔹 ဟိုတစ်လောက သင်တန်းမှာ ဆရာက ကိုယ့်ဘဝရဲ့ Best Time နဲ့ Worst Time (၅) ခုစီကို အဖြစ်အပျက်၊ အသက်၊ ခုနှစ် အတိအကျတွေနဲ့ ချရေးခိုင်းတယ်။ 🔹 This too will pass ဆိုတဲ့ စကားလေးကို အရမ်းကြိုက်လို့ ကိုယ့်ဘဝရဲ့ ဆောင်ပုဒ်အဖြစ် လက်ကိုင်ထားခဲ့တာ အဲဒီသင်တန်းမှာ သက်သေပါပဲ။ 🔹 ကိုယ့်ရဲ့ အပျော်ဆုံးအချိန်တွေ၊ အခက်ခဲအပင်ပန်းဆုံး အချိန်တွေဟာ အခုချိန်မှာ အဖြစ်အပျက်တစ်ခုထက် မပိုခဲ့ပါဘူး။ အဲဒီအချိန်တုန်းကတော့ ကိုယ့်ဘဝရဲ့ အကြီးမားဆုံးသော အရာတွေ ဖြစ်ခဲ့တာပေါ့။ 🔹 ငယ်ငယ်တုန်းက ကျောင်းတက်ရင် ကိုယ်တက်ရတဲ့အတန်းက စာတွေက အရမ်းခက်ပြီး ပြီးခဲ့တဲ့နှစ်က စာတွေက လွယ်တယ်လို့ ထင်ခဲ့ကြဖူးတယ်မို့လား။ အဲဒီလိုပဲ ကိုယ့်ထက် […]


KyaemonOctober 27, 201811min3920
Ni Ni Win မသိသေးတဲ့ပြည်သူတွေကိုနားလည်အောင်သိအောင်ဆက်လက်ဆောင်ရွက်စေချင်ပါသည် ၊မှန်ပါတယ်၊ဒီလိုဘဲခံယူပြီးရေးနေတာပါဘဲ၊၊ဖတ်ကြိမ်သိန်း၁၃ဝကျော်ပါပြီ၊၊မိုးဇလဆရာကြီးဦးထွန်းလွင်ကရခဲ့တဲ့မဲဆန္ဒနှစ်သိန်းကျော်ထက်အတိုင်းထက်အလွန်သာသွားပါပြီ၊၊လေးသိန်းခုနှစ်သောင်းနီးပါးမဲဆန္ဒရလို့၂.၂၅ဆရှိပါတယ်၊ “Protest” Cartoons In Facebook’s “Myitsone” dam, comments section, some “dissenters” put up overly many, (6 to 11 insertions), each time, with only the exact same image (see below). It seemed they wanted to inflate their “protest” votes. ၊ကန့်ကွက်မဲမှာဖောင်းပွအောင်၊ပုံတစ်ပုံနှစ်ပုံစီတင်မဲ့ အစား ၆ပုံ၁၁ပုံ၅ဝပုံထိတောင်တင်ခဲ့တယ်၊ One dissenter even inserted 56 exact same cartoon in one […]