ဒီချုပ်အစိုးရထံ မျှော်လင့်ချက်များစွာထားခဲ့ပြီး အစိုးရ၏ အခက်အခဲများကို စာနာနားလည်သော်လည်း ငွေကြေးဖောင်းပွမှု ဒဏ်ကို ပြည်သူများ အလူးအလဲခံနေရခြင်းဖြစ်သည်။ ထို့ကြောင့် ဒေါ်လာကို ဈေးကစားနေမှုများကို အစိုးရက ထိရောက်စွာ အရေးယူရန်လိုပြီး ကျပ်ငွေတန်ဖိုးပြန်မာလာစေရန် စနစ်တကျအစီအစဉ်ဆွဲ၍ အာရုံစူးစိုက်ဆောင်ရွက် ရမည့် အချိန်ဖြစ်ပါသည်။ #credit အမှန်ကိုဆောင်ရွက်ရတော့မည့်အချိန်ဖြစ်သည်။ မဟုတ်ရင် မြန်မာငွေကြေးတန်ဖိုး မဟားတရားကိုကျသွားမယ့်ကိန်းဆိုက်နေပြီ။ ဒေါ်နယ်ထရန့်ကတော့ သူ့ငွေကြေးတိုးတက်အောင် သူကဘက်စုံကြိုးစားမှာပဲ။ သူ့မှာ အမေရိကန်တိုးတက်အောင် ကြိုးစားပိုင် ခွင့်ရှိတယ်။ သူသမ္မတ..ဒါသူ့အလုပ်။ ကိုယ်တွေကလည်း ကိုယ့်ငွေမတက်ရင်အောင် ကျမသွားအောင်လုပ်နိုင်ရမည်။ ခုဆိုဒေါ်လာတက်ရုံမက ရွှေဈေးပါလိုက်တက်တယ်။ ၁ဝသိန်းကျော်သွားပြီ။ ၁ဝသိန်း ၃သောင်းတဲ့။ ကိုယ်က အမြဲလက်စွပ်တို့၊ လက်ကောက်တို့ဝတ်ထားတတ်တယ်။ ခုဆို အိမ်က အကုန်ချွတ်ထားနော်.. ခေတ်ကကောင်းတာမဟုတ်…လုတာထက် သတ် သွားမှ ဟုတ်ပေ့ဖြစ်မယ်ဆိုလို့ ခုဆို Fancy လေးတွေနဲ့ပဲ အလှဆင်ထားရတယ်။ […]