Mon LayJuly 23, 201811min3360
ဘာလိုလိုနဲ့ရောက်သွားတာဆိုတော့ ဟိုလိုလိုတော့မဟုတ်တာအမှန်ပါပဲ..ဟီး 😂 #မြဘုရားနဲ့ဘုရင့်နန်းတော် 🙏 #ဖယောင်းရုပ်ထု 🗽 #Baiyoke Sky 76th ညစာ 🥩🍝🍴 #Safari World 🙉🐴🦁🐧🐳 #Cruise Dinner ⛴ #MBK 🛍🛒 #Dream World ကစားကွင်း  🤾‍♂️🤾 ———————————————————————————————————— ဒီခရီးစဉ်က အလုပ်ကနေ..တိုးလီဒါအနေနဲ့လိုက်သွားဖြစ်ခဲ့တဲ့ခရီးစဉ်ပါ..လိုက်ရမယ်လို့လည်းမထင်ထားပါဘူး။ မမျှော်လင့်ဘဲ ဘန်ကောက်ကိုတစ်ကြော့ပြန်ရောက်သွားခဲ့တာပေါ့နော်။ ၂ညအိပ် ၃ရက်ခရီးစဉ်လေးပါ။ ကိုယ်ကခရီးသွားရင်..သယ်ရင်းမိတ်ဆွေကို ခရီးစဉ်တွေအရင်ဆွဲ၊ပြီးရင် ဘွတ်ကင်တင်ပေး၊ ကိုယ်ပဲဦးဆောင်ခေါ်သွား (ကိုယ်တွေမှာကိုယ်ကအရင်ဦးဆုံးနိုင်ငံခြားရောက်ဖူးတာဆိုတော့လေ)တော့ခုလိုအဖွဲ့၁၆ ယောက်ကိုလည်းအဆင်ပြေပြေနဲ့ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။ တစ်ခါတစ်လေတိုးအဖွဲ့တွေနဲ့သွားတာ တော်တော်ပျော်ဖို့ကောင်းမှန်းကိုယ်တိုးလီဒါလုပ်တော့မှသိတော့တယ်။ #ဘယ်လိုသွားခဲ့လဲ🛫🛫 Nok Air နဲ့ မနက်ပိုင်းအချိန်ကိုယူပြီး ဘန်ကောက်ကိုလာခဲ့ကြပါတယ်။ Nok Air ကမနက်ပိုင်းအချိန်ရန်ကုန်ကနေစထွက် တာဆိုတော့ တော်တော်အချိန်ကောင်းတယ်။ ဘန်ကောက်ရောက်တာနဲ့ စပြီးလည်လို့ရတယ်လေ။ #ဘယ်တွေသွားခဲ့ကြလဲ။ #မြဘုရားနဲ့ဘုရင့်နန်းတော် 🙏 […]


  “လွယ်စေ သင့်၏ မသင့်၏ “ ကလေးမြို့ကိုရောက်သောအခိုက် မြို့ခံမိတ်ဆွေက ရိဒ်ရေကန်သို့သွားရအောင်အဖော်စပ်လေသောအခါ အသည်းပုံရှိသောရေကန်ကို ဓါတ်ပုံများတွင်သာမြင်ဘူးထားလေရာ ရောက်ဘူးချင်သည်နှင့်ကွက်တိမို့ နှစ်ခါမခေါ်ရဘဲခေါင်းငြိမ့်မိလေသည်။ နောက်နေ့မနက်စောစောတွင် ကျနော်တို့ ချင်းပြည်နယ်ခရီးကိုစခဲ့လေသည်။ တစ်ရက်ကိုတစ်သိန်းခွဲဖြင့် ငှားလာခဲ့သောကားသည် ဖိုးဝှီး ဖြစ်ပြီး ဒီလမ်းခရီးနှင့်လိုက်ဖက်သော ကားဖြစ်ကြောင်း ရှင်းပြသည်ကိုနားဆင်ရင်းတောင်တက်ခရီးစခဲ့လေသည်။ ပထမဆုံးခရီးမို့ ကြည့်မြင်ရသည်နေရာတိုင်းသည် လှပစွာတည်ရှိနေလေသည်။ မြေသားတောင်နံရံကိုပါတ်၍ ဖောက်ထားသော လမ်းဖြစ်သည်မို့ ဖုံတထောင်းထောင်းရှိလေသည်။ တစ်ဖက်တွင်တောင်နံရံ တစ်ဖက်တွင် ခြေတံရှည်အိမ်များရှိကြလေသည်။ တိုင်သေးသေးလေး ပေါ်တွင် အိမ် တင်ပြီးဆောက်ထားသောကြောင့် အိမ်တစ်ခုလုံးက လေထဲမှာဝဲနေသည်မှာနေချင်စရာကောင်းသလို အသဲယားစရာလည်းကောင်းလှပေသည်။ အတိုအရှည်မညီသောတိုင်များပေါ်တွင်လမ်းနှင့် အညီဆောက်ထားကြသည်ကများလေသည်။ အိမ်အများစုမှ သစ်သားအိမ်လေးများဖြစ်ပြီး အိမ်တိုင်းလောက်တွင် အိမ်ကပြင်အကျယ်ကြီးရှိနေလေသည်။ ထိုအိမ်လေးများကို မြင်မိသောအခါ ဆရာမ ဂျူး၏ တိမ်နှင့်ချည်သောကြိုးကို အထူးသတိရမိလေသည်။ မနက်(၇)နာရီလောက်က ကလေးမြို့က စထွက်လာခဲ့ကြသည်မှာ ၈နာရီခွဲကျော်ကျော်တွင် […]


နယ်တွေမှာ (အထူးသဖြင့် ပြည်နယ်တွေမှာ) အခုဖြစ်နေတဲ့ ဗိုလ်ချုပ်ကြေးရုပ် ပြဿနာ ကြည့်ရအောင်။ ဗိုလ်ချုပ်ကို ဗမာခေါင်းဆောင်မို့ နိုင်ငံရေးတက်ကြွသူ တိုင်းရင်းသားအချို့ မနှစ်မြို့ဘူး။ သူတို့မှာ အခြားနိုင်ငံရေး ရည်မှန်းချက် ရှိကောင်းရှိမှပေါ့။ ဗိုလ်ချုပ်ရုပ်ထု ပေါ်လာတော့ အံကိုက် ရိုက်ချလိုက်တယ်။ ဒီမိုကရေစီ နိုင်ငံရေးကို လက်ခံနိုင်ရင် သဘောထား ကွဲပြားမှုပါ တွဲပါလာတာမို့ စေ့စပ်ညှိနှိုင်း အဖြေရှာတာ ထုံးစံပဲ။ ကမာ္ဘမှာ လက်ခံတဲ့ အုပ်ချုပ်ရေး သီအိုရီမှာ ဗဟိုအစိုးရ အားကောင်းရမယ်။ ဒေသန္တရ အစိုးရများ အားသိပ်ကောင်းလျင် (ဝါ) သူတို့အပေါ် ဗဟိုအစိုးရ (ဖက်ဒရယ်အစိုးရ) ဩဇာသက်ရောက်မှု အားမကြီးလျင် မူဝါဒများ၊ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဖင့်လေးမည်၊ ကုန်ကုန်ပြောလျင် သူပုန်ကြီးတော့ အစိုးရဖြစ်၊ လက်ရှိအာဏာရပါတီ နိုင်ငံရေးပြိုင်ဖက် ဖြစ်လာမည်။ ဒါကြောင့် […]


ဒေါ်ရှုတာ ခေါင်းမမာခဲ့ဖူး ဆိုလျင်.. … ဒေါ်ရှုတာ ငါတကော မကောခဲ့ဖူး ဆိုလျင်.. … ဒေါ်ရှုတာ စစ်တပ်မျက်နှာကြည့် အလိုက်အိုက် နေခဲ့မည် ဆိုလျင်… .. ဒေါ်ရှုတာ သားတို့သာမီးတို့ရယ် သည်းခံလက်ကြပါ လေပြေထိုးခဲ့မည် ဆိုလျင်… …. ဒေါ်ရှုတာ ယနေ့ လုပ်သလို ၈၈ အရေးအခင်းကာလ ဦးအောင်ကြီးရဲ့ “စစ်တပ်ကို ဆိတ်နက်တောင် မပြစ်မှားနဲ့” စကား နာယူခဲ့မည် ဆိုလျင်.. …. ဒေါ်ရှုတာ ၈၈ အရေးအခင်းတုံးက ဝန်ကြီးချုပ်ဟောင်း ဦးနု စင်ပြိုင်အစိုးရကို လိမ္မာပါးနပ်စွာ ထောက်ခံခဲ့မည် ဆိုလျင်…. … ဒေါ်ရှုတာ ၁၉၈၈ စစ်အာဏာသိမ်းပြီးနောက် စစ်ဆန့်ကျင် နယ်လှည့်စည်းရုံးရေး မဆင်းခဲ့ ဆိုလျင်… .. ဒေါ်ရှုတာ ၁၉၉ဝ ရွေးကောက်ပွဲ […]


kaiJuly 7, 20181min116611
The Myanmar Gazette July 2018 #115 ဆန်ဖရန်စစ်စကိုသင်္ကြန်။ ဓမ္မဒူတဝိဟာရကျောင်းတိုက်ဖွင့်ပွဲနဲ့တရားစခန်း။ Network of Myanmar American Association ရဲ့ Myanmar Cultural Day မောင်စွမ်းရည်ရဲ့ ဂန္တဝင်နဲ့ခေတ်ပေါ် ဆောင်းပါး။ အောင်ဝေးရဲ့ချစ်လို့ရေးတဲ့ကဗျာ(၁၀) သားစိုးရဲ့ ရောသမနှပ်လက်ဖက်နဲ့ အခြားအနုပညာအင်တာဗျူး။ မြန်မာ-အမေရိကန်ရှေ့နေ Fred Erick Win နဲ့ အမေရိကန်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာအမေးအဖြေ။ တိမ်မည်းရဲ့ IT ကိုယ်ခံသိုင်းကွက်၆၆ချက်။ မသန္တာအောင်(ဆေးပညာဘွဲ့) ရဲ့ ခါးနာရောဂါများ(၂) ဇူလိုင်အလှပန်း မေသန္တာအောင်။ လစဉ်ဖော်ပြနေက ျ ကာတွန်း။ အင်္ဂလိပ်စာသင်ခန်းစာဆောင်းပါး။ ဗေဒင်။ သုတ၊ ရသ စုံလင်စွာဖြင့် ဇူလိုင်လထုတ် မြန်မာ့ဂဇက် ထွက်နေပါပြီ။ မြန်မာဆိုင်များမှာ အခမဲ့ရယူနိုင်ပါပြီ။ The Myanmar Gazette July […]


ဇီဇီJuly 3, 20182min11115
  ဝါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံ ဟာ သီတဂူ ဇီဝီတဒါန သံဃာ့ဆေးရုံလောက် လူသိမများတာမျိုးရှိကောင်းရှိနိုင်မှာဖြစ်ပေမယ် နီးစပ်တဲ့ အသိုင်းအဝိုင်းဒေသမှာဆိုရင်တော့ ရဟန်းတော်များ၊ သီလရှင်များ၊ ယောဂီ များ၊ နွမ်းပါးသူများကို နွေးထွေးသော မေတ္တာဖြင့် အခမဲ့ ဆေးကုသပေးနေတဲ့ ဆေးရုံဖြစ်တယ်ဆိုတာ သိကြပါတယ်။   စစ်ကိုင်းတောင်ရိုး၊ ဝါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံကို ၁၉၈၄ ခုနှစ် အောက်တိုဘာ ၂ဝ ရက်က က ကျစွာဆရာတော် ဦးလက္ခဏ ဦးစီး တည်ထောင်ခဲ့တာပါ။ ဆရာတော်ဟာ စစ်ကိုင်းတောင်ရိုး ရွှေကျင်ဂိုဏ်းချုပ် ဖြစ်ပြီး ပြည်တွင်းပြည်ပ သာသနာပြု တရားစခန်းတွေ ဖွင့်လှစ်ခဲ့ပါတယ်။ စစ်ကိုင်းတောင်ရိုး(ဝါးချက်)ဇီဝိတဒါနသံဃာ့ဆေးရုံကြီးနှင့် သိရီလက္ခဏာဒဂုံသာသနာ့ရိပ်သာကြီး၏ပဓာနနာယကဆရာတော်ကြီးဒေါက်တာဘဒ္ဒန္တလက္ခဏ ဟာ ၂၀၁၄ ဇွန်လ ၄ ရက်နေ့ ညက သက်တော် ၈ဝ […]


KyaemonJuly 1, 201832min9232
  ၊၊ဆောင်းပါး# ၇၆မှာထောက်ပြခဲ့တယ်၊၊ ၊၁၊ရေကာတာတွေလုပ်လို့တရုပ်နိုင်ငံကမြစ်အခရာရစင်းကောတယ်ဆိုတာ မဟုတ်မမှန်ပါ၊ဒီလိုပြောနေမဲ့အစား၊အနီးအနားကရဲရွာရေကာတာကိုသွားလေ့လာပါ၊ ၊ရဲရွာရေကာတာနဲ့ဝန်းကျင်လဲ ၊မကောပါ၊ ၊ရွှေကျင်ကရေကာတာ၊ရွှေလီ၊ပေါင်းလောင်းရေကာတာဝန်းကျင်တို့လဲ ၊မကောပါ၊ အနီးအနားလက်လှမ်းမှီရေကာတာကိုချန်လှပ်ပြစ်တာကလုံးဝမသင့်တော်ပါ၊    ၊၂၊ရေကာတာထဲကိုရေတွေ၊စတင်ပြီးရေတင်တာနဲ့ဘဲငလျင်ကြီးတွေဖြစ်တယ်လို့၊ တဘက်ကပြောတယ်၊အပြောပါဘဲ၊မခိုင်လုံပါ၊ ၊တရုပ်နိုင်ငံကရေကာတာအကြောင်းကိုမပိုင်ဘဲနဲ့ရေးနေမဲ့အစား၊ ၊လက်လှမ်းမှီရဲရွာစတဲ့ဖော်ပြပါရေကာတာတို့မှာရေတွေ၊စတင်တာနဲ့ဘဲ၊ ငလျင်ကြီးလှုပ်ခတ်တာရှိမရှိစူးစမ်းသင့်တယ်၊ဖော်ပြသင့်တယ်၊ ဒီလိုကွက်ကျော်ချန်လှပ်တာကတာဝန်လစ်ဟင်းတယ်၊ ၊၃။ကျောက်စိမ်းလေလံမှရောင်းရငွေ၊ဓာတ်ငွေ့ရောင်းရငွေတွေ၊ဒါတွေလောက်တောင် ၊မရလို့ ၊သေးသိမ်တယ်၊မဖြစ်စလောက်ပါဆိုပြီး၊မြစ်ဆုံရေကာတာကိုမလုပ်သင့်ဘူးလို့ ၊မဟုတ်မဟပ်ကိုပြောလာခဲ့တယ်၊ ၊အမှန်မှာမြစ်ဆုံရေကာတာကကျောက်စိမ်းရောင်းရငွေ၊ဓာတ်ငွေ့ရောင်းရငွေတို့ ၊ထက်ပိုရမှာပါ၊ဆောင်းပါး# ၄၂ကိုကြည့်ပါ၊https://myanmargazette.net/229526 ရဲရွာရေကာတာ၊ရွှေကျင်၊ရွှေလီ၊ပေါင်းလောင်းရေကာတာ ၊တို့ရဲ့ရောင်းရငွေထက်လဲပိုရမှာပါ၊ ၊မြစ်ဆုံရဲ့လျှပ်စစ်ထုတ်နိုင်စွမ်းအားကပိုကြီးလို့၊ ၊ရေကာတာအလယ်အလတ်တွေ၊ခဲမူးစေ့တွေကသူနေရာနဲ့သူတန်ဖိုးရှိသလို၊ ၊မြစ်ဆုံရေကာတာဆိုတဲ့ရွှေဒင်္ဂါးကလဲသူ့နေရာနဲ့သူတန်ဖိုးရှိတယ်၊ပိုလို့သာ ၊တန်ဖိုးကြီးအသုံးဝင်ပါတယ်၊  ၊ခဲမူးစေ့တွေကိုရအောင်မနဲကြိုးစားရပြီး၊ရွှေဒဂါးကျောက်တန်ပတ္တမြားကျတော့ ဘာဖြစ်လို့လွှင့်ပစ်ရမှာလဲ?၊ဆောက်လက်စငွေများစွာကုန်ကျခံပြီးမှဘာဖြစ်လို့စွန့်ပစ် ရမှာလဲ?၊ရေကာတာကြီးကရေကာတာလေးတွေထက်ဆိုးကျိုးသက်သာကြောင်း၊ ကောင်းကျိုးပိုဖြစ်ထွန်းကြောင်:၊အမေရိကန်တက္ကသိုလ်စာတမ်း၂ခုတောင်ထွက်လာပြီဘဲ၊ ၊ရဲရွာရေကာတာ၊လောပီတ၊စသည်တို့ကိုခွင့်ပြုနိုင်သေးရင်ဆောက်လက်စ၊ကုန်ကျပြီးလက်စ၊ ၊မြစ်ဆုံရေကာတာကိုလဲခွင့်ပြုသင့်ပါတယ်၊   ၊စဉ်းစားပါအုန်းလေ၊အရင်းအမြစ်က၊ဒေသခံတွေကိုကျေနပ်အောင်ဝေစားမျှစားလုပ်နိုင်ရမယ် ၊မဟုတ်လား၊ဒါကခေါင်ဆောင်ကောင်းတိုင်းတို့ရဲ့အလုပ်တာဝန်တရပ်ပါလို့ပြောရင်လွန်မယ်လို့မထင်ပါ၊   === ၊လိုအပ်ရင်၊တဘက်သားကိုဖြေရှင်းခွင့်ပေးပြီး၊ဝိုင်းဝန်းပြီးအကြံပေးဖို့တောင်းဆိုနိုင်တယ်၊   တရုပ်နိုင်ငံကအကူအညီ ၊၂၀၁၅တုန်းကမြန်မာနိုင်ငံရေကြီးချိန်မှာသံအမတ်ကြီးဟုန်လျန်ဦးဆောင်တဲ့ Blue Sky၊ကယ်ဆယ်ရေးအဖွဲ့၃ဖွဲ့၊   ၊ကယ်ဆယ်ရေး ၊အမြန်သင်္ဘောSpeedboatsအစီး၁၀၀၊ရေသန့်၊အစားအစာတွေ (၊တရုပ်ငွေယွန်၁ဝသန်းဖိုး) ၊ကိုလိုက်ဖြန့်ချီလှူဒါန်း၊     Published […]


Mon LayJune 29, 20181min5842
အဟမ်းဟမ်း…ခရီးမသွားတာ ၃လလောက်ကြာသွားတော့ နောက်လထဲလည်း ပိတ်ရက်ကလည်းရှိနေတော့..မွန်လေးပြည်တွင်းခရီးစဉ်အနေနဲ့ ပုဂံကိုသွားမလားလို့စိတ်ကူးပါတယ်။ ပုဂံကို ဆယ်တန်းအောင်ပြီး တစ်ခေါက်ပဲရောက်ဖူးပါသေးတယ်..အဲ့နောက်ပိုင်းတစ်ခါမှမရောက်သေးပါ။ ခုတစ်ခါ ထပ်သွားမယ်ဆိုပြီး ပြင်နေတယ်ပေါ့နော်။ ပြီးတော့ တစ်နေရာသွားရင် စာဖတ်ပြီးမှသွားလေ့ရှိတဲ့မွန်လေးက စာတွေလည်းရှာဖတ်တယ် ပေါ့နော်။ အဲ့မှာ စာရေးသူတစ်ယောက် နာမည်တော့မသိတော့ပါ။ သူက ပုဂံကကလေးတွေအကြောင်းတွေကိုရေးထားတာလေးသွားတွေ့ပါတယ်။ သူတို့လေးတွေက ကျောင်းပိတ်ရက်ဆို မိဘတွေကိုကူညီဖို့ဘုရားမှာပန်းရောင်းတဲ့သူနဲ့ စကားပြန်ဂိုက်လုပ်တဲ့သူနဲ့ အဲလို လုပ်ကျွေးကြတယ်လို့ဖတ် ရပါတယ်။ ဖတ်လည်းပြီးရော သနားစိတ်လေးတွေဝင်ရော။ အရင်ကဆို ခရီးသွားရင်စားမယ်သောက်မယ်ဝယ်မယ်လည်မယ်ပဲစိတ်ရှိခဲ့တာ။ ခုတော့ ကလေးတွေကိုလှူချင်စိတ်လေးပါဖြစ်ပါလို့..ခရီးသွားရင်းလှူမယ်စိတ်ကူးပါတယ်။ ခုရွာထဲကလူတွေလည်းလှူဖို့ သဒ္ဓါတရားထက်သန်ရင် လှူစေချင်ပါတယ်။ ဓါတ်ပုံရိုက်ပြီးလည်းပို့စ်ပြန်တင်ပေးပါမယ်။ မွန်လေးဘဏ်အကောင့်ပေးပါမယ်.. Yoma Bank 014335036237 Daw Aye Myat Mon + Daw Aye Aye Khine KBZ ATM card 99930713300423101 – […]


kaiJune 29, 20182min1741
ယခုလမှာ Grammar ကို လက်တွ့အသုံးချပြီး ဝါကျလေးတွေရေးတတ်လာေအောင်လေ့လာကြပါစို့။ ယခင်လက အင်္ဂလိပ်စာ ကောင်းကောင်းရေးတတ်လိုလျှင် ဝါကျ ၄မျိုးရေးတတ်ဖို့လိုအပ်ကြောင်း ဖော်ပြခဲ့ပြီး ပါပြီ။ Simple sentences Compound sentences Complex sentences Compound complex sentences ဖော်ပြပါဝါကျ ၄ခုအနက် အလွယ်ဆုံးလို့ ကျောင်းသူကျောင်းသားအများစု ထင်တတ်တဲ့ Simple sentences ကို အဓိကထားပြီးလေ့လာကြရအောင်၊အရင်လက ပြောခဲ့သလိုပါပဲ Simple sentences ဆိုတာ subject သို့မဟုတ် verb တခုတည်းသာပါတဲ့ဝါကျတွေကို ဆိုလိုပါတယ်။ ဦးစွာပထမလွယ်ကူတဲ့ ဝါကျလေးတွေကိုကြည့်ကြရအောင်။ ဖော်ပြပါ structure ကို အရင် လေ့လာဖို့လိုပါတယ်။ Subject + verb +/- object Subject +subject + verb […]


kaiJune 28, 20181min1941
“တရားဝင်သင့်/မဝင်သင့်..” မြန်မာပြည် ဇွန် ၂ဝရက်နေ့ထုတ်ကြေးမုံသတင်းစာတွင် ပါမောက္ခ ဒေါက်တာခင်မောင်ကြီး (စိတ်ကျန်းမာ၊ မူးယစ်)၏ဆေးခြောက်နှင့်စိတ်ကျန်းမာရေး ဆောင်းပါးဖေါ်ပြကာ ဆေးခြောက်တရားဝင်သုံးစွဲမှု တောင်းဆိုခြင်း ကိစ္စမေးလာပါက “ဆရာကတော့ နိုး (No) ပါပဲ”ဟု ပုဂ္ဂလိကထင်မြင် ယူဆချက်ပေးခဲ့သည်။ ဆရာဝန်/တာဝန်ရှိခဲ့သူဖြစ်၍ သူသိသောသူ့အလုပ်သူလုပ်သည်ဆိုရမည်ဖြစ်သော်ငြား အဆိုပါအချက်တို့ကို ယခုခေတ်ကမ္ဘာနှင့်ချိန်ဆကြည့်နိုင်ရန် မြန်မာဥပဒေပြုအမတ်တို့တွင်တာဝန်ရှိလာပါသည်။ သို့ဆိုသော် ပြည်သူလွှတ်တော်ကိုယ်စားလှယ်တို့၏ အသိဉာဏ်ရေးရာကြွယ်ဝမှုနှင့် နိုင်ငံရေးပါးဝမှုတို့သည် တိုင်းပြည်အနာဂတ်အတွက်လွန်စွာအရေးကြီးသောအခြေအနေရောက်နေသည်။ “Cannabis, Coca, Poppy & Methamphetamine” ဆေးခြောက်၊ ဟိုးယခင် ကိုကာကိုလာအဖျော်ရည်ပေါ်စဉ်က တွင်ထည့်ခဲ့သုံးခဲ့သည်ဆိုသော ကိုကာရွက်(ကိုကင်းထုတ်ရာအရွက်) နှင့် မြန်မာတို့၏ ရွှေတြိဂံနယ်မြေမှ ကမ္ဘာ့တန်းအထုတ်ဆုံးဖြစ်ခဲ့ဖူးသည့် ဘိန်း တို့သည် သဘာဝအပင်ထွက်များဖြစ်ကြ၍ ယာဘ-မြင်းဆေးမှာမူ ဓာတုဆေးဝါးဖြစ်သည်။ အဝတ်လျှော်စက်တလုံးစာမျှသာအရွယ်ရှိသော စက်များဖြင့် မြန်မာနယ်စပ်ရွာများတွင် Meth မူးယစ်အဆိပ်ဆေးဝါးများထုတ်ကြသည်မှာ မြန်မာသည်ကမ္ဘာ့အထုတ်ဆုံးတိုင်းပြည်သွားဖြစ်နေ၏။ သဘာဝပေးမဟုတ်မူ၍ပြင်းထန်သောသက်ရောက်မှုရှိကာ သုံးသူတို့မျိုးကန်းနိုင်သည်။ […]


Kyi LwinJune 20, 20181min5437
မင်္ဂလာပါ မြန်ဂေဇက်ရွာ လွမ်းလွန်းလွန်းလို့လာ မရောက်တာကြာ ကျန်းခန့်သာလို့ မာကြရဲ့လားဗျာ။   မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင်။


ကေကျုတို့ ရှစ်လေးလုံးပါတီကို ရွေးကော်က ကန့်ကွက်သူရှိလို့ နံမယ်ပြောင်းခိုင်းလိုက်တယ်။ မူလတင်တဲ့နံမယ်က ရှစ်လေးလုံးပါတီ နောက်တော့ ရှစ်လေးလုံးနံမယ်ကို တပါတီတစုတဖွဲ့အတွက် မသုံးရလို့ ပြည်တွင်းပြည်ပကနေ ကန့်ကွက်လို့ ရွေးကော်က ခေါ်တွေ့တာကြောင့် ရှစ်လေးလုံးပြည်သူ့ပါတီလို့ အမည်ပြောင်းလိုက်ရတယ်။ ယနေ့ဆိုလျင် ပါတီတည်ထောင်ခွင့် တင်ထားတာ ခြောက်လပြည့်တော့မည်။ ပြစ်ချက်မရှိတဲ့ နိုင်ငံရေးပါတီလောင်းတခုကို ဟန့်တားပိတ်ပင်တာ ဥပဒေနဲ့ မညီပါ။ ကန့်ကွက်သူ နှစ်ရာကျော်ကြောင်း သတင်းများအရ သိရတယ်။ ကန့်ကွက်သူရှိတိုင်း လုပ်ကြေးဆို ရွေးကော်လူဂျီးများ ကိုယ့်တာဝန် ကိုယ်ယူဖို့ လိုလိမ့်မယ်။ တုန်ချိတုန်ချိ ငှက်အဆိုးရ လက်ထက်မှာ သိပ်မမျှှော်လင့် စကောင်းပေမဲ့ ဒီလောက်ထိတော့ မျက်နှာလွဲခဲပစ် မလုပ်သင့်ဘူး။ ကိုယ်နိုင်တုံး ဖိထောင်းရင် ကိုယ်ခံရတဲ့ အလှည့်ရောက်တဲ့အခါ အကျနာလိမ့်မယ်။ ဖဆပလ လက်ထက်မှာ ဦးနုအစိုးရ လူအများစု ထောက်ခံတယ်ဆိုပြီး အတိုက်အခံကို […]


“မင်းတိုင်းကျေ “ ကျနော်အလုပ်အတွက် ဘဏ်အတော်များများသို့ မကြာခဏ ရောက်လေသည်။ တံခါးဝတွင်တန်းစီရပ်နေသော ဝန်ထမ်းများထံမှ “ကျေးဇူးတင်ပါတယ်”ဆိုသောအသံကို ဘဏ်အဝင်တွင်ဖြစ်စေ အထွက်တွင်ဖြစ်စေ ကြားရမြဲဖြစ်လေသည်။ သို့သော်ကျနော်ရင်ထဲစိတ်ထဲတွင်မည့်သို့မျှ မခံစားရ။ ညွှတ်နူးသောစိတ်သည် ရောက်မလာခဲ့။ ကျနော်စိတ်ထဲတွင်ရောက်လာသောစကားလုံးသည်ကား ငယ်စဉ်ကတည်းက ကြားနေကျဖြစ်သော “မင်းတိုင်းကျေ “ဆိုသည့် စကားလုံးပင်ဖြစ်လေသည်။ ကျနော်ငယ်ငယ်က အဆော့မက်ပါသည်။ အဖွားက လက်တိုလက်တောင်းခိုင်းစရာရှိလျှင် ကျနော်ကိုဘဲခေါ်ပါသည်။ သူခိုင်းလိုက်သည်ကိုအမြန်ပြီးအောင်လုပ် ပေးပြီးသူငယ်ချင်းများနှင့်ပြန်ကစားဘို့သာစိတ်ရှိပါသည်။ ဥပမာ အဖွားက တရုတ်ပဲငံပြာရည်ဝယ်ခိုင်းသည်ဆိုပါစို့။ အဖွားကြိုက်သော ပဲငံပြာရည်မှာ ၃၄လမ်း မှာရှိသော အရှုပ် တို့ စက်ရုံမှဖြစ်ပါသည်။ ကြာညို့ဆိုလျှင်လည်းထို့အတူ။ အရှုပ်တို့ စက်မှထွက်သော ပစ္စည်းက လေးလေးပင်ပင်ရှိသည် သုံးရသည်မှာ တာသွားသည် ဟုဆိုလေသည်။ ကျနော့်အမြင်ကား ဒီပဲမှနေ၍ ဒီလိုနည်းဖြင့်ချက်သော ပဲငံပြာရည်ဖြစ်စေ ကြာညို့ဖြစ်စေ အတူတူ ပင်။ ထို့ကြောင့် […]