ムラカミAugust 7, 20131min93137
မိန်းကလေးတယောက်ရယ်လို့ .. ဘယ်တုန်းကမှ.. ဟန်မူမများခဲ့သလို ငါ့အပေါ် မာန နဲ့ ဒေါသလည်း မထားတတ်ခဲ့တာ ငါ အသိဆုံးပါ..Shee..   တခါတခါ … မောင် .. နင့်ကိုငါချစ်တယ် လို့ နင် တခုတ်တရပြောတဲ့အခါတိုင်း.. ကျနော် လေထဲမြောက်တက်သွားပါသလား ကျနော်မသိပါ…   နင်အမြဲတမ်း ကလေးတယောက်လို အပြစ်ကင်းကင်း ပြုံးရယ်နေတတ်ဖို့ဆိုတာ ဒီဘဝအတွက် တော့ အသစ်ပြဌာန်းလာခဲ့တဲ့ တာဝန်တခုရယ်ပေါ့..   ငါတာဝန်ကျေပါရစေ…ဘာလို့လဲဆိုတော့ အဲ့သည့်ကောင်မလေးနဲ့ဝေးပြီး တယောက်ထဲဆက် နေနေဖို့ ငါ့မှာ သတ္တိလက်ကျန် တအားလျော့နည်း ပါးလျှနေလို့ပါပဲ..   တခါတလေ..အဲ့ဒိကလေးမ ငိုရှိုက်လိုက်တိုင်း ကျနော် ငရဲကြီး၈ထပ်မှာခေါင်းစိုက်မိသလို ခံစားရတာ အချစ်..လို့ ဆိုရင် ကျနော်ရင်ကော့ပြီး ဝန်ခံခဲ့ပါရစေ မေမေ…    


သုံးပန်လှ တောင်သမန် အမှတ်(၂) “အဆင့်ဆင့်ဖြတ်သန်းလွမ်းစရာတွေချန်ထားခဲ့တဲ့ တောင်သမန်”       ကျနော်ငယ်ငယ်က အိမ်နံဘေးနားက ဘကြီးအောင် ဆိုတဲ့ အဘိုးတစ်ယောက်ရှိပါတယ်။ သူ အမြဲတမ်းဆိုနေ ညီးနေလွန်းလို့အလွတ်ရနေတဲ့ သီချင်းလေးတစ်ပုဒ်ရှိပါတယ်။ သူဆိုတဲ့သီချင်းက အစလဲမပါ အဆုံးလဲမပါဆိုတော့ ဘာသီချင်းမှန်း မသိပေမယ့် သူဆိုတဲ့အသံနဲ့စာသားလေးက တော့လွမ်းစရာကောင်းလွန်းနေပါတယ်။ “ပုဆိုးကစို   မိုးကညိုသနဲ့ သစ်ပင်အောက်မှာဝင်ကာခို ဦးပိန်တံတားကိုလျောက်ခဲ့ပြန်   ပုဆိုးကစိုစိုနဲ့   မိုးကလဲညိုညိုနဲ့ သစ်ပင်အောက်မှာဝင်ကာခို ဦးပိန်တံတားကိုလျောက်ခဲ့ပြန်” သူဆိုတာက ဒီအပိုဒ်လေးကိုဘဲ ထပ်ခါထပ်ခါဆိုတာပါ။ အဲဒီကတဲက ဦးပိန်တံတားဆိုတာကြီးကိုလွမ်းနေခဲ့ရတာ။ ဦးပိန်တံတားပါမှတော့ သူ့ကို ရင်ခွင်ထဲ ထည့်သိမ်းထားတဲ့ တောင်သမန်အင်းက အလိုလိုပါတော့တာပေါ့။   မန်းလေးမြို့ မတည်ခင်က ကုန်းဘောင်ဆက်မင်းများနန်းစိုက်ခဲ့တဲ့ အမရပူရမြို့ကို ကျနော်တို့မန်းလေးသားတွေကတော့ မန်းလေးမြို့ရဲ့တောင်ဘက်မှာရှိလို့ တောင်မြို့လို့ဘဲခေါ်ပါတယ်။ “အင်းအိုင်ဝိုက်လည် မြို့ကြီးတည်ပြန်………..” ဆိုတဲ့ […]


၁၉၈၈ ခုနှစ်၊ ဇွန်လ ရန်ကုန်မြို့ရှိ ကျွန်မအိမ်က ပြည်လမ်းမကြီးဘေးမှာ ဖြစ်၏။ ပြည်လမ်း၊ လှည်းတန်းမီးပွိုင့်ကား ထူးခြားမှု ဝိသေသ ရှိသည်။ လမ်း ၅ လမ်းဆုံသဖြင့် စည်ကားသည်။ အနားမှာ ရန်ကုန် တက္ကသိုလ်ကြီး ထီးထီးရှိနေခြင်းကလည်း တစ်မျိုးဂုဏ်ရှိနေသည်။ ထို့ကြောင့်ပင် တစ်ခုခု လူသိရှင်ကြားဖြစ်လိုလျှင် ဤဆုံရပ်ကို လာတတ်ကြ၏။ ထိုနေ့က ပြည်လမ်းမပေါ်မှာ အဖြူ၊ အစိမ်းလေးတွေ လျှောက်လာကြသည်ဟု ကြားရ၏။ ကျွန်မ ထွက်ကြည့်ပါသည်။ ကလေးလေးတွေကို အံ့ဩစိတ်ဖြင့်ကြည့်ရင်း ဝမ်းနည်းသလို ခံစားရပါသည်။ စာရေးဆရာ မောင်အောင်မွန် ရောက်လာသည်။ သူက လက်ခုပ်တီး၏။ ကျွန်မက မတီးရဲချေ။ ထိုနေ့ ညနေမှာပါပဲ….. ကလေးလေးတွေကို မြေနီကုန်း ရုပ်ရှင်ရုံအနီးတွင် လုံခြုံရေးခေါ် မော်တော်ကားကြီးများနှင့် တိုက်ပစ်သတဲ့။ ကျွန်မ ဝမ်းနည်းနေသည်။ […]


Mr. MarGaAugust 6, 20131min74322
. . . . . . . . . . . ကွန်ပျူတာရှေ့မှာ မလှုပ်မယှက် နဲ့ ထိုင်နေတာ နာရီအတော်တောင် ကြာပေါ့ ဘေးကို ဝေ့ကြည့်လိုက်ပြန်တော့ စာရွက်တွေက ပြန့်ကျဲလို့။ လူကတော့ ဒီအတိုင်း ငြိမ်တုန်း၊ တွေးတုန်းပဲ။ ကိုယ်တိုင်လဲ ဘာဖြစ်နေတယ်ဆိုတာကို သိတယ်။ ဘာကြောင့် ဖြစ်တယ် ဆိုတာလဲ သိတယ်။ ဘယ်လိုလုပ်ရင် အဆင်ပြေသွားမယ် ဆိုတာကိုလဲ သိတယ်။ အနာလဲသိ ဆေးလဲရှိပါရဲ့နဲ့ အခုအချိန်အထိ ဒီလောက် ဖြစ်နေတာ မဟုတ်သေးဘူး။ စိတ်က အရာတော်တော်များများကို အလိုမကျ ဖြစ်နေမိတယ်။ အပြင်ပန်းမှာ ပြုံးပြုံးရွှင်ရွှင် နေတတ်တဲ့ အကျင့်ကိုလဲ အတော် အမြင်ကတ်နေပြီ။ ဘာကြောင့်များ သူများတွေလို ဖွင့်ဟ […]


“သိတော့ သိနေတယ် ဒါပေမယ့်…..”     မဟာသကျသီဟ(အများ အခေါ် စက်ကြာသီဟ) ဘုရားပါတ်ဝန်းကျင် အထူးသဖြင့် လမ်း၃ဝနဲ့၃၂လမ်းကြားက အရှုပ်ဆုံးပါဘဲ။ ဒီပါတ်ဝန်းကျင်မှာက လက်ကားဖြန့်တဲ့ဆိုင်ကြီးတွေရှိကြပါတယ်။ ဆီပွဲရုံ ဆန်ပွဲရုံ ထန်းလျက်ပွဲရုံ ဆားပွဲရုံ တွေရှိတော့ အတော်လေးစည်ကားသပေါ့။ ဟိုအရင်က ဒီနားပါတ်ဝန်းကျင်က ပန်းဒိုင်လဲရှိ မြစ်သားကျောက်ဆည်ကားဂိတ်တွေလဲရှိ ဆိုတော့ပိုပြီးစည်ကားခဲ့ပါတယ်။ အခုချိန်မှာတော့ ပန်းသည်တွေကိုလဲ ဧရာဝတီကမ်းနံဘေး မရမ်းခြံဆိပ်ကိုရွှေ့လိုက်ပါတယ်။ ကားဂိတ်တွေကိုလဲကားကြီးဝင်းဘက်ကို ရွှေ့လိုက်ပြန်ပါတယ်။ ဒါပေမယ့်ပန်းလက်လီရောင်းတဲ့ ဈေးတန်းလေးက၃၁လမ်းနဲ့၈၅လမ်းဒေါင့်မှာတန်းစီပြီးဖွင့်ထားတဲ့အပြင်ကားဂိတ်တွေကလဲ ဒီပါတ်ဝန်းကျင်မှာဘဲလာလာပြီး ခရီးသည်စောင့်ကြ ကုန်တင်ကြနဲ့ဆိုတော့ လမ်းက အမြဲကျပ်ပိတ်လို့နေပါတယ်။ ကားဂိတ်ထိုးထားတယ်ဆိုတော့ ကုန်လာပို့တဲ့ ဆိုက်ကားတွေ တွန်းလှည်းတွေ ခေါက်တိုကားတွေနဲ့ ဆိုပြန်တော့ရှုပ်သထက်ရှုပ်ပါဘဲ။ ဒီ၈၅လမ်းက အရင်ကလမ်းကျဉ်းကျဉ်းလေးမို့ကားကျပ်တယ်လို့ ဆိုကြပါတယ်။ အခုလမ်းချဲ့ပြီးပြင်လိုက်တော့ အရင်ထက် နှစ်ဆလောက်ကျယ်လာပါတယ်။ ဒါပေမယ့် လမ်းက ကျပ်မြဲပိတ်မြဲ။   အခုရက်ပိုင်းမှာ […]


Foolish GirlAugust 6, 20131min3194
ဟိုးအရင်ကငါ့ရဲ့ကောင်းကင်မှာ ထွန်းလင်းခဲ့တဲ့ကြယ်လေးရေ ကြွေချိန်တန်ရင်ကြွေမယ်ဆိုတာသိပေမယ့် မင်းကြွေမှာကိုစိုးမိတယ် မင်းသာကြွေခဲ့ရင်ဆိုတဲ့အသိကြောင့် ညတိုင်းမင်းနဲ့စကားပြောခဲ့တယ် တစ်ရက်တည်းပါ တစ်ရက်ပါပဲ မင်းနဲ့မတွေ့လိုက်မိတဲ့အချိန်မှာ မင်းဟာငါ့ရဲ့ကောင်းကင်ကို ကျောခိုင်းပြီး ကြွေသွားခဲ့ပြီလေ


Foolish GirlAugust 6, 20131min4076
ဟိုးအရင်က ငါ့ရဲ့ကောင်းကင်မှာကြယ်တွေလင်းလက်ခဲ့ဖူးတရ် ဒါပေမယ့်  အဲဒီကြယ်စင်တွေဟာ ငါ့ရဲ့ကောင်းကင်အတွက်မဟုတ်ခဲ့ဘူး…… ဖြတ်သန်းခဲ့ပါတယ် အထီးကျန်တဲ့နေ့တွေကိုပျင်းရိစွာနဲ့ပေါ့ လမိုက်ညပေါင်းများစွာကလည်း တိတ်တခိုးလှောင်ရယ်နေကြတယ်…… ဒါပေမယ့် တစ်ခုသောဆောင်းရာသီရဲ့လမိုက်ညမှာ ငါ့ရဲ့ကောင်းကင်မှာ ကြယ်တစ်ပွင့်ထွန်းလင်းခဲ့တယ် လင်းလက်တဲ့အဲဒီကြယ်ပွင့်ဟာ ငါ့အတွက် တခဏတာလား ? ဒါမှမဟုတ်……. တဘဝစာလား..? စဉ်းစားရင်းတွေဝေခဲ့ရတယ် ဘယ်လိုဘဲဖြစ်နေပါစေ ကြယ်ပွင့်လေးရယ် မင်းကိုခင်တွယ်နေပါရစေ ကြယ်လေးကြွေချိန်ထိတိုင်ပေါ့……….


alinsettAugust 6, 20134min82825
  ဒီကနေ ့ အလုပ် နားရက်ဖြစ်တာကြောင့်… ဘယ်ကို သွားရမလဲ.. ဘာလုပ်ရမလဲ… ဆိုပြီး..အစီအစဉ်ဆွဲတော့… ၁ ။ ဂဇက် စာပေဆုရ စာမူများ / ကဗျား.စုစည်းထုတ်ဝေ ထားတဲ ့.. စာအုပ်ကလေးတစ်အုပ်… ဆရာမဝင့်ပြုံးမြင့်ဆီကို ပို ့ရမယ်..။ ၂ ။ ကျန်းမာရေးအတွက်.. ဆရာဝန်ဆီ သွားရမယ် …။ ၃ ။…….. ?????? အစီအစဉ်က..သုံးခုလောက်မှ..တစ်နေ့တာ နားရက်က တန်မှာ..။ ဘာ ထပ်လုပ်ရမလဲ… ဘယ်သွားရမလဲ…… တွေးလိုက်တော့….. MCC မှာ… ရှစ်လေးလုံးအရေးတော်ပုံကြီး ငွေရတုရန်ပုံငွေ ပွဲတော်..ရှိတာကို.. တွေးမိသွားတယ် ။ မနေ့က  သတင်းဂျာနယ်တစ်စောင်မှာ.တွေ့လိုက်တာ…။ 6 / 7 / 8   သုံးရက် ဆိုတော့.. ဒီနေ့မှ […]


MAUNGAugust 6, 20131min50511
တစ်ခါတုံး ကပေါ့ဗျာ။ ကျွန်တော် မောင် တစ်ယောက် ကားငှါးစီးပြီး အာလာဒင် ကို ဂိမ်း ဆော့ဖို့သွားပါရော ။ ကား ကနံပါတ် အနက်ကြီး နဲ့ဗျ ။ ကားဆရာ နဲ့ ထွေရာလေးပါး လေးပြော ရင်းနဲ့ မြေနီကုန်း မီးပွိုင့် နားရောက်လာရော ။ ဗြုန်း ဆိုရှေ့က တက်စီ က မီးပြ ပြီးယာဉ်ကြော ပြောင်းဖို့ ကြိုးစားရော ။ ကျွန်တော် စီးလာတဲ့ ကားဆရာ ကလဲ လုံးဝ လမ်းမပေးဘဲ ရှေ့ ကားကို အတင်းကပ် ၊ တက်စီ ဆရာကလဲ ခေါင်းထိုးဝင် နဲ့ တိုက်မလိုဖြစ် ကြရော ။ အဲဒီ ကစပြီး ကားသမား နှစ်ယောက် […]


Yan Nyein ThuAugust 6, 20131min3918
ငါဟာ ငွေမက်တဲ့သူမဟုတ်ဘူး ငါမင်းကို အရမ်းချစ်ခဲ့တာပါ ငါမင်းကို မချစ်ခဲ့တာမဟုတ်ဘူး ငါ့ရင်ထဲကို မင်းမမြင်ခဲ့တာပါ ငါမင်းအပေါ် ဂရုမစိုက်တာမဟုတ်ဘူး ငါ့ဂရုစိုက်မှုတွေကို မင်းမခံစားတတ်ခဲ့တာပါ မင်းစည်းစိမ်တွေကြောင့် မင်းအနားမှာငါနေတာမဟုတ်ဘူး မင်းကိုချစ်တဲ့စိတ်နဲ့ မင်းနံဘေးမှာ ငါရှိနေချင်တာပါ မင်းငါ့ကိုလက်ညိုးထိုးပြီး ပိုးစိုးပက်စက်ပြောခဲ့တယ် ဘယ်လောက်ပြောပြော ငါခံနိုင်ရည်ရှိပါတယ် ဒါပေမဲ့ ငါ့အချစ်ကို ပျက်ရယ်မပြုပါနဲ့ ငါ့ကို ငွေမက်တဲ့သူလို့မပြောပါနဲ့ ငါဟာ ငွေမက်လို့မင်းကိုချစ်ခဲ့တာမဟုတ်ဘူး ငါဟာ စည်းစိမ်ချမ်းသာလိုချင်လို့ မင်းအနားနေခဲ့တာမဟုတ်ဘူး ငါ့ရင်ထဲမှာ မင်းအပေါ်ချစ်စိတ်တစ်ခုတည်းရှိတာပါ ကျေးဇူးပြုပြီး ငါ့ကိုငွေမက်တဲ့သူလို့ မပြောပါနဲ့ ငါ့ကိုငွေမက်တဲ့သူလို့ မပြောပါနဲ့ ငါ့ကိုငွေမက်တဲ့သူလို့ မပြောပါနဲ့


Zaw ThantAugust 6, 201311min124254
.. ကျွန်တော့်တို့ လူတိုင်းလူတိုင်းမှာ ဦးနှောက်တစ်ခုစီတော့ ရှိကြတယ်ဗျ.. သေးတာ ကြီးတာ နောက်ထား ကိုယ်ပိုင် တစ်ယောက်တစ်လုံးစီတော့ ရှိကြတာပဲ၊ Hand Phone တွေလိုပေါ့.. Hand Phone တွေကျတော့ ကိုယ်ကိုင်ထားတဲ့ဟာက မန်မိုရီက ဘယ်လောက် သိမ်းဆည်းနိုင်မှုက ဘယ်လောက် ဆိုတာမျိုး သိကြတယ်.. အဲ့ဒါတွေပေါ်မူတည်ပြီး ဘယ်လောက်အလုပ်လုပ်နိုင်တယ်၊ ဘာတွေ ဘယ်လောက်သိမ်းဆည်းထားနိုင်တယ် သိရတယ်.. အဲ..ကိုယ့် ဦးနှောက်ကကျတော့ အဲ့ဒါမျိုးတွေမသိရတော့ အထီးမှန်း အမမှန်းမသိ စီးရတဲ့ မြင်းလိုပဲ.. ဒါပေမယ့် ဆေးသိပ္ပံဆရာသမားတွေ ရဲ့ ကောင်းမှုကြောင့် ဦးနှောက် အလုပ်လုပ်ပုံတွေကို အကြမ်းဖြင်းတော့ ပြောလို့ရပါပြီ.. သူတို့ပြောထားတာတွေ အခြေခံပြီး ကိုယ့်ဦးနှောက်ကို ဘယ်သန်နေလား ညာသန်နေလား ခွဲကြည့် လို့ရပါပြီ.. ကိုယ်ရဲ့ ဦးနှောက် ဘယ်သန်လား ညာသန်လား […]


ခင္ခAugust 6, 20131min56621
“ မမေ့နိုင်စရာအတည် ယနေ့တိုင်ပါပြီ။´´   သမိုင်းတစ်ခေတ် ဆန်းသစ်ချင်လို့ အာဏာရှင်အစိုးရ ဖြုတ်ချကြစို့ ထစ်ကထဲဆို ပြစ်မယ်ဆိုဘဲ ထစ်ကနဲဆို ရိုက်မယ်ဆိုဘဲ ထစ်ကနဲဆို ဖမ်းမယ်ဆိုဘဲ မှိုင်းခွဲရလည်း ခွဲမှာဘဲ မျက်ရည်ယိုဗုံးလည်း သုံးမှာဘဲ မီးသတ်ကားနဲ့ ရေဖြန်းကာရိုက် သူတို့ပြောတော့ လူစုခွဲသတဲ့ လက်ထဲမှာက လက်နက်မရှိ စာရွက်ကိုင်ဆောင် ကျောင်းသားထုကို ညင်းပန်းသတ်ကာ အမှုန့်ချေပေါ့ သမဂ္ဂအရေး ဦးသန့်အရေးနဲ့ ဆယ်ဗင်းဂျုလိုင် ငွေစက္ကူသိမ်း ထိုထိုအရေးများ လက်နက်အားကိုး ချေမှုန်းခဲ့တာ လူမဆန်စွာမို့ အခုဖုန်းမော် ကျဆုံးရသည့် အာအိုင်တီခေါ် ကျောင်းသားအရေးမှ ဒို့ကျောင်းသားသွေး နီကာရဲသည် ပြကြပါစို့ ဦးတည်ရက်စွဲ ၈ရက် ၈ လ ၈၈ ဝယ် ကျောင်းသားထုတို့ လမ်းပေါ်တက်မယ် ပြည်သူလူထု ပါဝင်နွဲကြတိုက်တွန်းပါသည် ရှစ်လေးလုံးအရေးတော်ပုံ အောင်ရမည်။ […]