လဂျ်ဝန်တီ အဖမ်းခံရလို့ စိတ်ထဲမှာ ဝမ်းနည်းလို့ မဆုံးသေးဘူး ၊ နောက်ထပ် ကြေကွဲစရာ ကြုံရပြန်တယ်။ ရှန်ကာတစ်ယောက် ချောင်းလေးတဟွတ်ဟွတ် နဲ့ ကျွန်တော့်အခန်းကိုရောက်လာပြီး အိပ်ယာပေါ် ပစ်လှဲချလိုက်တယ်။ သူ့ကြည့်ရတာတော် အင်အားကုန်ခမ်းနေပုံပဲ။ သူ့ခြေတွေ လက်တွေ နာကျင် ကိုက်ခဲနေတဲ့အကြောင်း ဝူးဝူးဝါးဝါးနဲ့ ရှင်းပြသေးတယ်။ကျွန်တော် သူ့နဖူးစမ်းကြည့်တော့ အဖျားနည်းနည်းရှိ ပုံရတယ်။             “ကဲ..ရှန်ကာရေ..မင်း အအေးမိတယ်နဲ့တူတယ်..သွား..မင်းအခန်းမှာ နားချေဦး..ငါဆေးလေးဘာလေး             ယူလာခဲ့မယ်..” အဲဒါနဲ့ သူလည်း အိပ်ယာပေါ်က ထလို့ သူ့အခန်းကို ခြေဖျားလေးထောက်ပြီး ပြန်သွားတယ်။ ကောင်လေးကြည့် ရတာ ဂဏှာမငြိမ်ဘူး..။ မသက်မသာခံစားနေရသလား မသိဘူး။         […]


alinsettAugust 8, 20131min111636
ကံကြမ္မာက ကျွန်တော့်ဆီ . . . ဓါးထမ်းပြီး လာနေကျ ဖြစ်သည် ။   အဲဒီ အသိကို ကျွန်တော့် စိတ်နှလုံးထဲ စွဲမြဲသွားစေသော အဖြစ်များလည်း ရှိခဲ့သည်ပဲ ။   တကယ်ပဲ ကျွန်တော့်ကို မှ ကံတရားက ရက်စက် ခဲ့လေသလားးလို့ ့တွေးထင်ခဲ့ရပါသည် ။   ကျွန်တော့် ဘဝ ၏ စာမျက်နှာ တော်တော်များများ သည် ကံကြမ္မက ကျွန်တော့်ကို ကျကျနန အငြိုးထား ခဲ့သော စာမျက်နှာ များသာ . . . များနေသည် ။   ********************   ပိတ်ထားသော တံခါးချပ်တော်တော်များများကို ကျွန်တော်က မကြခဏ တွန်းဖွင့်နေရသည် ။ […]


အင်္ဂလိပ် တို့သည်မြန်မာနိုင်ငံကို သုံးကြိမ်မြောက် ကျုးကျော်စစ်ပြု၍ မြန်မာတို့ အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ရသည်။ မြန်မာတို့သည်ရရာလက်နက်စွဲကိုင်းရင်း အင်္ဂလိပ်နယ်ချဲ့အားတော်လှန်ရာမှ ဗိုလ်ချုပ်အောင်ဆန်းခေတ်သို့ရောက်လာသောအခါ နယ်ချဲ့တို့ကို သုံးကြိမ်မြောက်တွင် အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့သည်။ ပထမ ဂျပန်နှင့်ပေါင်း ၍တိုက်သည်။ ဒုတိယ အင်္ဂလိပ်နှင့်ပြန်ပေါင်း၍တိုက်သည်။ နောက်ဆုံး တိုင်းရင်းသားအချင်းချင်းပြန်ပေါင်း၍ တိုက်ထုတ်ရာမှ လွတ်လပ်ရေးရရှိခဲ့သည်။ ဤကားမြန်မာ့အချုပ်အခြာ အာဏာပိုင်ရေး အတွက် သုံကြိမ်မြောက် အရှုံးနှင့် သုံးကြိမ်မြောက် ၌ လွတ်လပ်ရေး အောင်မြင်မူ့သမိုင်းဖြစ်သည်။ သမိုင်းဘီး တပါတ်လည်နေသလား? ? ? ရှစ် ရှစ် ရှစ် ရှစ် တွင် တကြိမ်တော့တိုက်ခဲ့ပြီ ထင်ပါသည်။ ဟိုးတုန်းကလို ရွှေရည်စိမ်ရခဲ့သည်။ ဒုတိယအကြိမ် ? ? ? ? တတိယ အကြိမ် ? ? ? […]


ムラカミAugust 8, 20131min98525
ရွာကား ဆူချေပီ။ ထုံးစံအတိုင်း ဒါက သဂျီး စနက်မကင်း… မြို့ကလာသည့် အလှဖန်တီးရှင် ဂျော်လကီတွေကို ရွာထဲ ဆိုင်ဖွင့်ခွင့် ပေးလိုက်ခြင်းက စလေသည်။ ဟုတ်သည် မတူတဲ့အတွေးနဲ့ လွတ်ပျံ့စွဲ ကြီးစိုးတဲ့ရွာပေပဲ..။ ဒါမျိုးလာကြောလို့ ရမလား ဆိုပီး ကိုရင်ညောင်ဝတုတ်တယောက် အလှပြင်ဆိုင် ထဖွင့်လေ၏။ ဘာတဲ့ မာမီသော်(ဆွေးတက္ကသိုလ်) ဆိုလား ..။ သူ၏ ကြီးမားတုတ်ခိုင်သော ခါးကြီးကို နွဲ့ကာ နွဲ့ကာဖြင့် ဆင်မယဉ်သာလမ်းလျောက်လေပုံအား မဖွဲ့ပြတတ်သော်လည်း မိတ်ဆွေများကို မြင်အောင် ပြချင်မိသေး၏။ ထိုအခါ ရွာသားချင်းချင်း ဒီလိုကြောလို့ ရမလား ဆိုပီး အင်္ဂလိကန် မံမီဆွေကလည်း ဟိုမြားနတ်မောင် သေနာကောင်က ဘယ်ချောင်ဘယ်နား အလေသွားပီး ငါ့အားပစ်ထားပါသနည်း ဟုကြွေးကျော်ကာ သူငယ် ထားဖို့ စိုင်းပြင်းပြန်လေသည်။ သည်တော့ သူနှင့်ပုလင်းတူဗူးဆို့ […]


First eleven အင်တာနက်စာမျက်နှာမှာ အမျိုးသားလွှတ်တော်ဥက္ကဌ ဗိုလ်ချုပ်ဟောင်း ဦးခင်အောင်မြင့်ရဲ့ ရှစ်လေးလုံး ငွေရတု သဝဏ်လွှာ ဖတ်ရသဗျ.. ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုကို၁၉၃ဝ ရေနံမြေ သပိတ်ကြီးနဲ့ နှိုင်းယှဉ်ဂုဏ်ပြု အစချီထားပြီး အလယ်လောက်မှာ ဟောသည်လို ဆိုသဗျ “၁၉၆၂ နောက်ပိုင်းတွင် ၁၃၀ဝ ပြည့် အရေးတော်ပုံ၏ ရည်မှန်းချက် တစ်ရပ်ဖြစ်သော ဆိုရှယ်လစ် အရေးအတွက် ဦးလှည့်ကြိုးပမ်း ခဲ့ပါသော်လည်း တစ်မျိုးသားလုံး မျှော်လင့်တောင့်တခဲ့ကြသည့် ငြိမ်းချမ်းသာယာ ဝပြောသော ခေတ်မီနိုင်ငံတော်သစ်ကိုကား မတည်ဆောက်နိုင်ခဲ့ပါ။ ဤကာလရှည်ကြီးအတွင်း ကမ္ဘာ့နိုင်ငံရေး တူရူချက်မှာလည်း တစ်ရာ့ရှစ်ဆယ်ဒီဂရီ လှည့်ပြောင်းသွားသည်ကို သတိပြုမိပါသည်။ အထူးသဖြင့် နှစ်ဆယ်ရာစုနှောင်းပိုင်း ဆယ်စုများလောက်မှစ၍ ကမ္ဘာ့လူထု၏ တိမ်းညွတ်မှုမှာ ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် ဖြစ်လာသည်။ မြန်မာနိုင်ငံ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ […]


အချစ်ဆိုတာ……………………………. တိမ်ပြာတို ့လွင်းပါးမှုနဲ ့…………… ့ငြိမ့်ညောင်းခြင်းအတိပြီးသော ရင်ခွင်မှာ ရာဘင်ဒြာနတ်တဂိုးရဲ ့ ဂီတလင်္ကာကို သိမ့်သိမ့်ဆတ်ဆတ်ခံစားပြီး အချစ်၏ ချွေလင့်သော လက်ကို မထိတထိလှမ်းရင်း လွမ်းမောစေတဲ ့အရာ….. ချိုပျစ်ပျစ်ရသဂီတလို ့………. ့မက်မက်ရှိုက်ရှိုက် စွဲလန်းခဲ ့ပေမယ့် မာယာပျားရည်တို ့လိမ်းကျံထားသော…နတ်ဆိုးရဲ ့တယောကြိုး.. မသိစိတ်အဟုန်နဲ ့ချစ်သူရနံ ့ကို ဖမ်းဆုပ်…ကမ်းပါးမှာပြုတ်ကျစေသောအရာ…. တွယ်တာစရာလို ့ဘဲထင်မှားစေတဲ ့ကဗျာ…။ တစ်ခါတစ်ခါ နေရာမရွေး ပေါက်ဖွားတတ်သော ဗိုင်းရပ်ကိုမှ ကိုယ်တွင်းနာအဖြစ် တယုတယ သိမ်းချင်မိစေတဲ ့အရာ…။ ဒါကို…………. တစ်သက်တာလို ့အက္ခရာထွင်းနေကာမှ နောက်ကျောကိုဆောက်နဲ ့ကိုယ်တိုင်ထွင်းခံလိုက်ရတဲ ့ယုံကြည်မှု ဖောက်ဖျက်ရေးသခင်မရဲ ့လက်နက်ပုန်း……….။ တခါတခါလ ဲအချစ်တံလျှပ်တွေက ကန္တာရထဲကို ဆွဲသွင်းပြီး လမ်းပျောက်ခြင်းကိုဖြစ်စေတတ်တဲ ့ပဉ္စလက်..။ အချစ်ဆိုတာ………………………. မာယာနှုပ်ခမ်းကို တမ်းခြင်းတွေနဲ […]


kotun winlattAugust 7, 20131min4387
“ဟင်…အို…ဒုက္ခပါပဲ….” ကျမ နှုတ်မှ အာမေဋိတ်သံများ အဆက်မပြတ်ပေါ်ထွက်လာကာ လက်ထဲမှ ကိုင်ထားသည့် ဖုန်းမှ မည်သည့် ခလုတ်ကိုနှိပ်လိုက်ရမည် မသိအောင်ဖြစ်သွားသည်။ ကျမဘေးမှ ရပ်ကြည့်နေသည့် ဆရာကြီးမှာလည်း ကျမကို အံ့ဩသော မယုံနိုင်သော မျက်နှာဖြင့် ကျမကိုတစ်လှည့် ကျမကိုင်ထားသည့် ဖုန်းမျက်နှာပြင်ပေါ်မှာ လှုပ်ရှားနေသည့် ပုံများကို တစ်လှည့် ငေးကြည့်ရင်း ဆွံ့အနေသည်။ ကျမမှာ လူကြီးရှေ့မှာ မိမိသိထားသည့် အချက်အလက်လေးတွေကို ပြောပြလိုသည့် ဆန္ဒဖြင့် ကိုယ့်ဆရာကို လူတတ်ကြီးလုပ်မိခြင်းကပင် ဒီပြဿနာ၏ အစပင်လား မပြောတတ်… တကယ်ကို ကျမ မျက်နှာထားစရာ မရှိအောင် ..ရပ်နေသည့်နေရာလေးကပင် ပျောက်ကွယ်သွားချင်မိလောက်အောင် ရှက်ရွံ့ရမိသည့် နေ့တစ်နေ့ပင်….။   @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@   ကျမနေထိုင်သည့် တောမက မြို့မကျ ရွာကြီးမှာ ဆက်သွယ်ရေးတာဝါတိုင်ကြီး လာရောက်စိုက်ထူးပြီး ဝန်ထမ်းများကို […]


အဓိပတိ လမ်းမှာ ခြေရာ မထပ်ခင် လမ်းခွဲ ခဲ့ရတယ် ။ ” ကျောင်းဖွင့်ချိန် ” ဆိုတဲ ့ အဲလက်စ် ရဲ့သီချင်း ပြန်နားထောင်ရင်း… ငါလွမ်းမိတယ် ။ ဒီတစ်ခေါက်… ကျောင်းဝန်းထဲရောက်လို ့… လမ်းလျှောက်မိတော့.. အဓိပတိလမ်းနဲ ့ ဘွဲ ့နှင်းသဘင် ခန်းမဆောင်ကို… ငါကြည့်မိတယ် ။ မင်း..သတိတရနဲ ့… လာလည်တဲ့အတွက်… ငါတို့ဝမ်းသာလိုက်တာလို ့.. ပြောနေသလို .. ငါ ခံစားရတယ် ။ ဒါနဲ ့…. ဘွဲ ့နှင်းသဘင်ရဲ ့ အနောက်မှာ ရှိတဲ့… ပုဂံလမ်းကို ရောက်မိတယ် … အရာရာ အားလုံး.. အသက် ပြန်ဝင်လာတယ် ။ ခံစားကြည့်ပေးပါ….။ ဘယ်လောက်တောင် […]


nicolus agralAugust 7, 20131min45510
သူငယ်ချင်းတစ်ယောက် ဘွဲ့လွန်ဝင်ခွင့်ဖြေတော့ “ဒီနှစ် ဆိုကရေးတီးမှာ ပြိုင်နေတာ ဘာဇာတ်တော်လဲ။” လို့ အမေးခံရတယ်။ မာစတာလိုချင်တဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ တိုင်းပြည်ရဲ့ မျက်မှောက်ရေးရာ အဖြာဖြာကို ဂလောက်တော့ တီးမိခေါက်မိ ရှိသင့်တာပေါ့။ တို့သယ်ရင်းကြီးကလည်း အဲ့လောက်တော့ မပိန်းပါဘူး။ ဆရာဝန်ပါဆိုမှ ဗိုလ်ချုပ်ကို လုပ်ကြံတာ နဂါးဒေါ်ဦးပါ လို့ ဖြေမယ့်အစားမျိုးလား။ “ရာမဇာတ်တော်ကြီးပါ ခင်ဗျာ။” လို့ မဆိုင်းမတွ ဖြေလိုက်နိုင်သားပဲ။ မောင်မင်း လူကလေး။ ငယ်ပါသေးတယ်။ ကိုယ့်ဆရာကြီးတွေ ဆက်တိုက်ဆင်လာတဲ့ နောက်သိုင်းကွက်အစမှာ ကျွမ်းထိုးနောက်ပြန် တပ်လန်လာခဲ့တယ်။ “အေး ဟုတ်ပြီ။ ရာမာယနဇာတ်တော်ကြီးကနေ မင်းအတွက် ဘာတွေ သင်ခန်းစာရသလဲ။ နည်းနည်းရှင်းပြစမ်းပါဦး။” တဲ့။ အဲဒီမေးခွန်းကို ကြားမိတဲ့အချိန်မှာတော့ ကိုယ့်ပါးစပ်ကတော့ တစ်ခွန်းပဲ ထွက်တယ်။ ရာမဇာတ်တော်က ပြောချင်တာ “အိမ်ကမိန်းမကို ဘယ်တော့မှ […]


alinsettAugust 7, 20131min76625
လိင်ပြောင်းလဲခြင်း ပြုလုပ်ကြတာတွေ ကြားနေ တွေ ့နေရတဲ့ အခါတိုင်း ကျွန်တော် စိတ်မသက်မသာ ဖြစ်မိပါတယ် ။   ယောကျာ်း တစ်ယောက် အဖြစ်ကနေ မိန်းမတစ်ယောက် အဖြစ် ပြောင်းလဲ လိုက်တာပဲ ဖြစ်ဖြစ် . .   မိန်းမတစ်ယောက်ကနေ ယောကျာ်းတစ်ယောက် အဖြစ် ပြောင်းလဲလိုက်တာပဲ ဖြစ်ဖြစ်   တစ်ခုသေချာတာကတော့ . . .   ===================   ယောက်ျားတစ်ယောက်က မိန်းမ အဖြစ် လိင်ပြောင်းလဲ ခံယူလိုက်တဲ့အခါ မိခင် ဖခင် နှစ်ပါးရဲ ့သား တစ်ယောက် သေဆုံးသွားပါတယ် ။   ယောကျာ်းတစ်ယောက် သေဆုံး ပျောက်ကွယ်သွားပြီး မိန်းမ ဆိုပြီး ဘဝတစ်ခု ထပ်ပေါ်လာပါတော့တယ် […]


ဇီဇီAugust 7, 20131min103635
ဒီမှာ ဒီမှာ!!! တစ်ခုလောက် ပြောပြမို့။ ပြောစရာလည်း ဒီရွာထဲပဲရှိတာဆိုတော့လေ………. . . ဒီလိုပါ။ ကဗျာပြခန်း ကိစ္စပေါ့။ စတင်သူ အလက်ဆင်းးးး၊ ကြိုးစားပေးသူ လုံမလေးနဲ့၊ ဦးဆောင်သူ သဂျားးး တို့ကြားမှာ ကျနော် က အချောင်ခိုနေတာ။ ပြီးမှ ကိုယ့် ပြခန်း အလှည့်အတွက်ပဲ သီးသန့် လူ စာရင်းကို ကဗျာ လိုက်တောင်းတာမျိုးပဲ လုပ်လာတာပါ။ လူ ၁၅ ယောက်လောက်တော့ နည်းမျိုးစုံသုံးပြီး ကဗျာတောင်းလို့ရတာပေါ့လေ။ . . ခုဟာက ဘာလို့မှန်းမသိ ကဗျာ ပြခန်းကို ကဗျာ ပို့တာ နည်းနည်းလာတယ်တဲ့။ စဉ်းစားကြည့်တော့လည်း ……… ကဗျာ ပြခန်းကို ပို့မဲ့ အစား ကိုယ့်ဟာကိုယ် ပို့(စ) အနေနဲ့ တင်ချင်စိတ်ရှိနေမှာတို့ […]


manawphyulayAugust 7, 20131min3172
မြန်မာနိုင်ငံမှာ အဓိက ကုန်ထုတ်စွမ်းအားစုဖြစ်တဲ့ လုပ်ငန်းခွင်အတွင်းရှိ လူငယ်များ အရည်အသွေး တိုးတက်လာစေဖို့ အလွန်လိုအပ်နေတဲ့အချိန် ဖြစ်ပါသည်။ စာတွေ့လက်တွေ့ နှစ်ရပ်လုံး ကျွမ်းကျင်တတ်မြောက်သူ လူငယ်များ အများအပြား ပေါ်ထွက်လာစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ CVT Myanmar သင်တန်းအကြောင်း တင်ပြလိုပါသည်။ CVT ဆိုသည်မှာ Center for Vocational Training ဖြစ်ပါသည်။ CVT Myanmar သည် Non-profit organization ဖြစ်ပါသည်။ CVT သည် လက်ရှိလုပ်ငန်းခွင်အတွင်း ဝင်ရောက်လုပ်ကိုင်နေသူ လူငယ်များ မိမိကိုယ်တိုင် စရိတ်ကျခံရန် မလိုအပ်ဘဲ တက်ရောက်နိုင်သည့် လူငယ်တို့ ရွေးချယ်သည့် သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနေသော သင်တန်းကျောင်းတစ်ခုပင် ဖြစ်ပါသည်။ ဤသင်တန်းကျောင်းသည် အလုပ်ခွင်အတွင်း လက်တွေ့လေ့လာမှုနှင့် CVT […]


၈၈၈၈ အရေးတော်ပုံနဲ့ ပတ်သက်ပြီး အဲဒီအချိန်က အာဏာရ မဆလပါတီ ယခု တစညပါတီ ပြောခွင့်ရသူ ဦးဟန်ရွှေကို ဧရာဝတီမဂ္ဂဇင်းကမေးတော့ ဒီလိုဖြေတယ်“ ရွေးကောက်ပွဲလုပ်ဖို့ ကတိပေးပြီးသား ဖြစ်တယ်၊ ……. ……… လုပ်တဲ့အခါမှာ အခက်ခဲ ၂ ခု ကျော်လွှားရမှာက တခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁ ကိုပြင်ရမှာ။… ………. အဲဒီတုန်းက ဥပဒေဆိုတာ လူက လုပ်တာပဲ၊ လူကပြင်ရင်ရတယ် ပြောတာပဲ။ မလိုဘူး၊ ကြားဖြတ်အစိုးရပဲ လိုတယ်လို့ ပုတ်ခတ် ပြောခဲ့ကြတယ်။ ……….. …. အဲဒီလို ဖြစ်ခဲ့ကြတော့ အခု နမူနာပဲလေ။ အများကြီး ပေရှည်သွားတယ်။ …… အဲဒီလိုနဲ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ တပ်ကို အာဏာ လွှဲလိုက်ရတယ်။ […]