kaiJanuary 9, 20182min52211
    U.S. မြန်မာခရစ်ယာန်အသင်းအဖွဲ့တွေ့ရဲ့ ခရစ်စမတ်အခမ်းအနားသတင်းများနဲ့ ခရစ်စမတ်ဆုတောင်းသတင်းများ။ LA မြန်မာကောင်စစ်ဝန်ချုပ်တက်ရောက်ခဲ့တဲ့ Chanukah ပွဲတော်။ Los Angeles မှာက ျင်းပခဲ့တဲ့ Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine ရန်ပုံငွေပွဲ။ One Myanmar Community က လူငယ်တွေ မြန်မာပြည်ကိုသွားရောက်ပြုခဲ့တဲ့ကုသိုလ်။ မောင်စွမ်းရည်ရဲ့ မင်းသစ်အလွမ်းစာ။ အောင်ဝေးရဲ့ ချစ်လို့ရေးတဲ့ကဗျာ(၁)။ ခင်မောင်အေး(Azusa)ရဲ့ ချစ်တဲ့တစိမ်းများ။ မောင်မိုးညိုရဲ့ SoC&Coverage Declaration ကို နားလည်ခြင်းဆောင်းပါး။ ဝင်းဗိုလ် ရဲ့ ၂၀၁ရ ဝက်သိုးလည်ပြန်သယော်စာ။ U.S. ရောက် တေးသံရှင် ရှင်ဖုန်းနဲ့ ခဏတာ အင်တာဗျူး။ မသန္တာအောင်(ဆေးပညာဘွဲ့)ရဲ့ ဂေါက်အဆစ်ယောင်ရောဂါ။ KZ […]


KyaemonJanuary 6, 201838min4030
၊မိုးလေဝသညွန်ချုပ်ဟာင်းဦးတွန်းလွင်ပြောတာက၊   ၊ရေကာတာလုပ်လို့ တရုပ်နိုင်ငံကမြစ်အခရာရစင်းကကောနေတယ်၊ အမှိုက်တွေနဲ့အရမ်းညစ်ပတ်တာ၊ဧည့်ကြိုသင်္ဘောလဲနဲပါးသွားတယ်၊ ၊ဆိုပြီးမဟုတ်မမှန်ပြောပါတယ်၊ ၊မြစ်ဆုံရေကာတာဆက်လုပ်ရင်ဒီလိုဘဲကောမယ်၊အမှိုက်တွေပိတ်ဆို့မယ်၊ ၊ဧည့်ကြိုလုပ်ငန်းလျော့နဲသွားမယ်ကိုဟောခဲ့တယ်၊ ၊ဒါတွေကမမှန်ကြောင်းကိုရှေ့ဆောင်းပါးအမှတ်၃၁ မှ၃ရထိမှာချေပထားပါတယ်၊   ၊ရေကာတာတွေတည်ဆောက်ပေမဲ့လဲ ၊ချုံကင်း၊နန်ဂျင်း။ဝူဟန်၊ရှန်ဟိုင်မြို၊ကြီးနားတဝှိုက် ၊အပါအဝင်ယန်ဇီမြစ်တလျှောက်လုံးကမကောပါ၊ အမှိုက်ပိတ်ဆို့တာလဲမတွေ့၊ဧည့်ကြိုလုပ်ငန်းနဲ့သင်္ဘောတွေလဲမလျှော့နဲသွားပါ၊ ၊ခုထိပါဘဲ၊ ၊ဒီဆိပ်ကမ်းမြို့ကြီးများအကြောင်းတွေကို၊ရှေ့ဆောင်းပါး#၅ဝမှစပြီးဒီဆောင်းပါး#၆၈မှာလဲဖတ်နိုင်ပါတယ် ၊ဖေ့ဘုက်ကမှတ်ချက်အလွဲတွေကိုတွေ့ပြန်တယ် ၊မြစ်​ဆုံတည်​​ဆောက်​ရင်​ဧရာဝတီ​ပြောက်​ပြီ ၊သူဒို့နိင်ငံရဲ့မြစ်တွေမှာတောင်မြစ်တွေခမ်းနေလောက်ပြီ   ၊လက် ရှိ သူတို့တရုပ် ပြည် က ယမ် စီမြစ် ကြီး ဘယ် ပျောက် သွားလဲ အရင် စုံစမ် းရလိ့မ် ့မယ်   ၊ဦးတွန်းလွင်တို့ပြောတာမမှန်၊ဖေ့ဘုက်ကထင်မြင်ချက်တလွဲတွေကိုထပ်လောင်းရှင်းလင်းရပါမယ်၊ ၊အောက်ပါဗီဒီယိုနဲ့ပုံတွေကဖြစ်ရပ်မှန်တွေကိုရှင်းလင်းဖော်ပြပါလိမ့်မယ်၊   ၊ဒီကြားမှာစာရှုပရိသတ်ကတရုပ်ပြည်ကိုအလည်အပတ်အဖြစ်ရောက်သွားသယောင်နဲ့ ၊ရှူခင်းအလှတွေကိုရှူစားခံစားရတာပေါ့လေ၊ဒိအပြင်အာဖရိကနိုင်ငံတွေကိုရောက်လို့ ။ဘယ်လိုကြိုးပမ်းကြပုံကိုလဲအားရစဖွယ်ခံစားရပါမယ်၊   ၊အင်္ဂလိပ်လိုမရရင်၊တတ်တဲ့သူနဲ့ဘာသာပြန်ခိုင်းပါ၊ ၊ပုံတွေကြည့်လို့လဲအကျိုးအကြောင်းကိုနားလည်ခန့်မှန်း ၊ရိပ်မိနိုင်ပါတယ်၊ ၊ဧည့်ကြိုသင်္ဘောလိုင်းတွေကတရုပ်နိုင်ငံဘက်ကိုပိုတိုးချဲ့လာတယ်၊ ၊၂၀၀၈ကမ႓ာ့စီးပွါးကျဆင်းပြီးတရုပ်စီးပွါးတက်လာလို့ပိုမိုရင်းနှီးမြုပ်နှံလာတယ်၊ ၊တရုပ်အလယ်အလတ်တန်းစားကပိုကြီးထွားလာပြီးသင်္ဘောနဲ့အပျော်စီးခရီးပိုထွက်ကြမယ်လို့တွက်ဆ ထားကြတယ်၊ ၊ဒီလိုတွက်ဆစီမံကြတဲ့သင်္ဘောလိုင်းမှာအမေရိကန်၊နော်ဝေး၊ဖင်လန်၊ဟောင်ကောင်၊သင်္ဘောလိုင်းတွေ ၊ပါဝင်ကြပြီးလိုင်းအားလုံးရဲ့၉၀%၊ဖြစ်တယ်၊ ၊သင်္ဘောသစ်နံမယ်တပ်၊ဖွင့်ပွဲအခမ်းအနားတွေအစည်းအဝေးပွဲတွေဆိုရင် ၊ရှန်ဟိုင်မှာဗဟိုရ်ပြုအခြေစိုက်ပြီးကျင်းပပြုလုပ်ကြတယ်၊  […]


Mon LayJanuary 5, 20181min2563
ဒီခေါင်းစဉ်လေးကတော့ 7 days news ကဆောင်းပါးလေးကနေကောက်နှုတ်ထားတာပါ။ သဘောကျလို့ပါ။ နှစ်တစ်နှစ်ပြီးသွားတိုင်း နောက်တစ်နှစ်ရောက်ရင် ကိုယ်နှစ်သစ်မှာ ဘာတွေပဲကောင်းတာလုပ်တော့မယ်။ မနှစ်ကအတိုင်းလုပ်မနေတော့ဘူးဆိုပြီး အကောင်းမြင်စိတ်လေးထားမယ့်သူများ ဒီဂဇက်မှာ ရှိပါလား..ဆွေးနွေးဖလှယ်ကြတာပေါ့။ မွန်လေးကတော့ မနှစ်ကလည်းခရီးတွေသွားတယ်..ဒီနှစ် ၂၀၁၈မှာလည်း ထပ်သွားဖို့ရှိပါတယ်။ ဖြစ်နိုင်ရင် ဗီဇာကင်းလွတ်ခွင့်ရတဲ့ အရှေ ့တောင် အာရှနိုင်ငံ9ကို ပြည့်အောင်သွားချင်ပါတယ်။(မလေးရှားကဗီဇာမရသေးလို့) ကျန်တဲ့သူတွေကိုကော ဘာတွေလုပ်ကြမှာလဲ။ ၂၀၁၈ မှာ ဘာတွေအဖြစ်ချင်ဆုံးလဲ ??????  


Mon LayJanuary 5, 20181min1610
နှစ်သစ်ကူးညတွင် သေ ဆုံးသူလေးဦးအပါအဝင် အရေး ပေါ်ဌာနသို့ ထိခိုက်ဒဏ်ရာရရှိမှု ကြောင့် ရောက်ရှိသည့် လူနာ ၂၀ဝ ဦးရှိကြောင်း ရန်ကုန်ပြည် သူ့ဆေးရုံကြီး ဆေးရုံအုပ်ဒေါက် တာခင်သိင်္ဂီမြင့်က ပြောသည်။၂၀၁၆   နှစ်သစ်ကူးညက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေး ပေါ်ဌာနသို့ ရောက်ရှိသည့် လူနာ ၁၇ရ ဦးရှိပြီး ၂၀၁ရ တွင် လူနာ ၂၃ ဦးပိုများခဲ့သည်။ #credit 7 days news. New Year လို့ခေါ်တဲ့နှစ်သစ်ကူးညမှာ လူငယ်တွေမို့ပျော်ကြတာလည်းပျော်ကြပေ့ါ။ ဒါပေမဲ့ ခုလိုခိုက်ရန်ဖြစ်ပြီးထိခိုက်ဒဏ်ရာရတဲ့သူနဲ့ သေဆုံးသွားကြတဲ့သူတွေရှိတော့ ကြားမိတာစိတ်မကောင်းဖြစ်မိပါတယ်။ ကိုယ်တွေလည်းလူငယ်ပါပဲ။ လူငယ်ပီပီကဲကြသောက်ကြပေမယ့် ကိုယ်စည်းကိုယ်တော့စောင့်ကြပါသေးတယ်။ ဘာကြောင့်များသူတို့ အဲလိုဖြစ်ကြသလဲ တွေးတော့တွေးကြည့်မိပါတယ်။ သူတို့မိဘတွေကိုလည်း သနားမိတာ အမှန်ပါပဲ။ အဲလောက်တောင်ကဲကြရသလားလို့ လူကြီးပီပီပြောမိလိုက်ချင်ပါတယ်။


ရက်များမကြာခင် ဆရာမ ချစ်မြတ်နိုး ပဲခူးအင်းတကော်ကျောင်း အလှူငွေလာဘ်ခံ ပိတ်ပါတော့မည်။ လှူလိုသူ နတ်သမီး နတ်သားလောင်းလျာများ အမြန်စာရင်းပေးပါ။ ။။ ။။။။ ။။။။ ။။။ ။။။ အခြစ်များစွာနှင့် မွမွကြောင်ကြီး ၁လ ၄ရက် ၂၀၁၈ အထိ အလှူရှင်စာရင်း ၁။ ကောင်းကင်ပြာ – ၃၀,၀၀ဝ x ၂ = ၆၀,၀၀ဝ ကျပ်တိတိ (ငွေလက်ခံ ၃၀,၀၀ဝ AYA သဘာဝ – ၁၂လ ၂၆ရက် ၂၀၁၇) ၂။ Wei Wei (ခ) ဧတီဝမ် – ၁၀၀,၀၀ဝ x ၂ = ၂,၀၀,၀၀ဝ ကျပ်တိတိ (ငွေလက်ခံ ၁၀၀,၀၀ဝ CB ဝေါင်း […]


aye.kkDecember 31, 20171min4947
ဒီနေ ့ကနှစ်တစ်နှစ်အတွက် နှစ်တစ်နှစ်ရဲ ့၊နောက်ဆုံးရက်နေ ့လေးပါ။ ကျွန်မအတွက်တော့၊  ပစ္စုပ္ပန်လို ့ဆိုပါရစေ။ ကျွန်မအတွက် အကောင်းဆုံးအဖော်မွန်ဖြစ်တဲ့ နှစ်သစ်လက်ဆောင်က၊ ကျွန်မရဲ ့ခန္ဓာကိုယ်မှာ အမြဲရှိနေတဲ့ “ကံ,ဉာဏ်,ဝီရိယ”တွေပါ။ လူတိုင်းက ချမ်းသာချင်ကြပါတယ်။ ဆင်းရဲတာကို မနှစ်မြို ့ကြပါဘူး။ ကျွန်မလည်း ဒီအတိုင်းပါဘဲ။ ချမ်းသာချင်ပါတယ်။ ချမ်းသာချင်တယ်ဆိုပေမယ့်လည်း၊ကျွန်မပြုလုပ်နေတဲ့အလုပ်က၊ ကောင်းမှသာလျင် ကောင်းကျိုးခံစားရမယ်ဆိုတာ အလိုလိုနားလည်မိပြီးသားပါ။ ကျွန်မပြုလုပ်တဲ့ “အလုပ်”(“ကံ”)မရှိဘူးဆိုပါလျင်၊ အကြောင်းတရားလည်း မရှိ၊ အကျိုးတရားလည်း မရရှိနိုင်တော့ပါဘူး။ ကျွန်မမှာ ပြုလုပ်ချင်တဲ့ “”စိတ်စေတနာ” တစ်နည်းအားဖြင့် ဆိုရပါလျင် “ကံ”ရှိရပါမယ်။ ကိုယ်ပြုလုပ်လိုက်တဲ့အလုပ်က အကျိုးရှိလား၊မရှိလားဆိုတာ၊စဉ်းစားဆင်ခြင်တဲ့ဉာဏ်ရှိရပါမယ်။ အကျိုးရှိတယ်,အကျိုးမရှိဘူးဆိုတာ၊ကိုယ်ပိုင်ဉာဏ် ရှိဖို ့လည်း လိုအပ်ပါတယ်။ အကျိုးရှိတာကိုသိပြီး၊လုံ ့လဝီရိယ(ကြိုးစားအားထုတ်မှု)မရှိပါလျင်၊ မလုပ်ပဲနေနေပါလျင် မချမ်းသာနိုင်ပါဘူး။ ဒီအတိုင်းဘဲနေနေရင်တော့ ၊ ဒုံရင်း,ဒုံရင်းဖြစ်နေမှာလို ့(စကားအရ) ပြောပြချင်မိပါတယ်။ အခုဆို လူတိုင်းအတွက်၊အားလုံးအတွက် နှစ်တစ်နှစ်ရဲ ့ ပြီးဆုံးသွားတော့မယ့်၊ နောက်ဆုံးနေ ့ရက်လေးကို  […]


ကထူးဆန္းDecember 31, 20172min3992
က ျန်းမာရေး မကောင်းဖြစ်နေတဲ့ ရွာထဲ က ျန်းမာရေးအတွက် အထောက်အကူဖြစ်မယ် ယုံကြည်တဲ့ Group လေး တစ်ခု ကို New Year Present အနေနဲ့ မိတ်ဆက်ပေးပါရစေ ။ သိပြီးသူ ဆိုရင်တော့ လဲ ဟုတ် …Happy New Year ပါ ခင်ဗျ ။ စာဖတ်အားကောင်းသူများဆိုတော့ အသေးစိတ်တော့မရေးတော့ဘူးနော် .. ဟီး … အမှန်တော့ ရေး ရမှာ ပ ျင်းတာလဲ ပါပါတယ် ။ မိတ်ဆက်လေးဘဲ ပြောရရင်တော့ ခုနောက်ပိုင်း antibiotic အစား Probiotic ခေတ်စား လာ တာ မှာ Probiotic ကြွယ်ဝ တဲ့ Water Kefir […]


kaiDecember 31, 20172min1923
ယခုလမှာ Clauses လေးတွေ phrases လေးတွေ အကြောင်း ခေတ္တရပ်နားပြီး လွန်စွာအသုံးဝင်တဲ့ adverb လေးတွေအကြောင်း လေ့လာကြရအောင်။ adverb လေးတွေဟာ ကြိယာလေးတွေ၊ adjective လေးတွေအပြင် အခြားadverb လေးတွေကိုပါ အထူးပြုနိုင်တဲ့အတွက် သုံးတတ်ရင် သုံးတတ်သလို အလွန်လှပတဲ့ ဝါကျလေးတွေ ဖွဲ့စည်းလို့ရအောင် ထောက်ကူပေးတက်ပါတယ်။ adverb လေးတွေရဲ့ အသုံးဝင်ပုံကို သဘောပေါက်နားလည်သွားအောင် only ဆိုတဲ့ adverb လေးနဲ့ သက်သေပြလိုပါတယ်။ ဒီနေရာမှာ နမူနာလေးဟာ အဓိပ္ပါယ်အနည်းငယ် ကြမ်းတမ်းတဲ့အတွက် ရိုင်းပြတဲ့အတွက် ခွင့်လွှတ်ဖို့ တောင်းပန်လိုပါတယ်။ ခပ်ကြမ်းကြမ်း ခပ်ရိုင်းရိုင်းလေး အသုံးပြုလိုက်ရတာက ဗိုလ်ချုပ်အောင်ဆန်း တခါကပြောခဲ့ဘူးသလို ခပ်ကြမ်းကြမ်း ခပ်ရိုင်းရိုင်း လေးဆိုရင် လူတွေက မှတ်မိတတ်လို့ပါ။ ကဲ အောက်ပါဝါကျလေးကို ကြည့်ကြရအောင်။ “I […]


kaiDecember 30, 20171min4018
၂၀၁၈ရောက်၍တဆောင်းသစ်သွားပြန်ပြီ။ ဒီဆောင်းကတော့ ကယ်လီဖိုးနီးယားမှာ သမိုင်းစံချိန်တင် တောမီးတွေလောင် အပူချိန်တွေတက် လေရူးသရမ်းပြီးခြောက်သွေ့သလောက် ဝါရှင်တန်-နယူးယောက်အရှေ့မြောက်ဒေသတွင် အနုတ်၃၄ဖာရင်ဟိုက်အထိသွားတွေ့ကာ မှတ်တမ်းသစ်တင်၍ ကျန်တပြည်လုံးမတော့ စံချိန်တင်အောင်အေးသည်တဲ့။ ကျွန်ုပ်တို့၏ချစ်လှစွာသောသမ္မတကြီးကတော့ “good old global warming,” ဟုဆိုကာ ကမ္ဘာရာသီအပြောင်းကို ပျက်ရယ်ပြုပါသည်။ ၂၀၁ရကို လည်ပြန်ကြည့်လျှင် နည်းပညာနှင့်ငွေကြေးလောက(သွား)ပေါင်းစည်း၍ အပြောင်းအလဲကြီးတခု သိသာထင်ရှားသည်။ တို့ထိမရ ငွေကြေးဖြစ်သည့် Bitcoin ခေါ် Cryptocurrency တည်း။   အသည်းလေးကျန်ခဲ့ ပြောင်းခိုသူများဖြစ်သော မြန်မာ-အမေရိကန်တို့သည် နေ့တဓူဝ လုပ်ရင်းကိုင်ရင်း နေထိုင်ရင်းနှင့်ပင် မိမိငယ်ဘဝကျန်ခဲ့ရာ အဖမြန်မာပြည်အတွက်လည်း အမြဲထည့်စဉ်းစားကြရသည်။ လူခန္ဓာသည်သာ ဤမြေမှာတည်လျှက် အသည်းလေးကား ဟိုမှာကျန်ခဲ့သည်မဟုတ်ပါလား။ မဟာမြန်မာရွေ့ပြောင်းမှုကြီးဖြစ်သော ၁၉၉ဝ နောက်ပိုင်း မွေးရာမြေမှစွန့်ခွာထွက်ကြရာ ယခုအနှစ်၃ဝကပ်ခဲ့ပြီ။ ရောက်ရာနိုင်ငံတို့တွင် ၁ဝနှစ်မက အခြေကျလာသူတို့ပင်ရှိကြကုန်ရာ အခြေကျယုံမက ဖင်ထိုင်ပင်ကျ၍ […]


၁၉၈၉ခုနှစ် တိန်အင်န်မင်ရင်ပြင် ဆန ်ဒပြမှုအား တရုတ်စစ်တပ်၏ ဖြိုခွဲမှုတွင် အနဲဆုံး လူတသောင်း ပစ်သတ်ခံခဲ့ရကြောင်း အသစ်ထုတ်ပြန်သော ယူကေနိုင်ငံထုတ် မှတ်တမ်းများအရ သိရသည်။ ထိုအရေအတွက်မှာ တရုတ်ပြည်ဆိုင်ရာ ဗြိတိသ ျှ သံအမတ်ကြီး အလံဒေါ်နယ်ထံမှ လာသော လ ျှို့ဝှက် သံတမန် ကေဘယ်လ်ကြေးနန်း ပေးပို့ချက်တွင် ဖေါ်ပြထားသည်။ သတင်းရင်းမြစ်မှာ တရုတ်နိုင်ငံတော်ကောင်စီ အဖွဲ့ဝင်တဦး၏ သူငယ်ခြင်းဖြစ်သည်။ ယခင်ခန့်မှန်းချက် သေဆုံးသူ အရေအတွက်မှာ ရာပေါင်းများစွာမှ ထောင်ဂဏန်းစွန်းစွန်းသာ ဖြစ်သည်။ ၁၉၈၉ ဇွန်လကုန်ပိုင်း တရုတ်အစိုးရ ကြေငြာချက်တွင်မူ အရပ်သား နှစ်ရာ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာ ၁၉၈၉ ဇွန်၄ တန်ပြန်တော်လှန်ရေး အကြမ်းဖက် အဓိကရုဏ်းကြောင့် သေဆုံးသည်ဟုဆိုသည်။ ။။။။။ ။။။။ မစ်စတာဒေါ်နယ် ကြေးနန်းမှာ […]


KyaemonDecember 30, 20175min4241
  ၊ပြန်ဖျက်နေတယ်    သူတို့နိုင်ငံကမြစ်တွေကို ဒီလိုမဆောက်တာ ဘာလို့လဲဆိုတာ ရှင်းနေပါတယ်။ဆောက်ပြီးသားနိုင်ငံတွေမှာ တဖြည်းဖြည်းပြန် ဖျက်နေပါတယ် ၊ဖြေ။   ၊မမှန်ပါ၊ ၊နိုင်ငံတွေမှာ၊ ရကာတာတွေကိုဖျက်နေတာမဟုတ်ပါ၊၊ဘယ်နိုင်ငံကဘယ်ရေကာတာကိုဖျက်တယ်ဆိုတာကိုအတိအကျမပြောဘဲဝါးချနေတာ၊၊ ၊သက်သေအထောက်အထားမပြနိုင်လို့ထင်ကြေးသာသာပါဘဲ၊ မခိုင်လုံ၊ မလေးနက်ပါ၊   ၊အမေရိကန်ကရေကာတာသောင်းချီပြီးဆောက်တယ်၊ ၊နောက်ပိုင်းမှာတရုပ်နိုင်ငံကသောင်းချီဆောက်လာတယ်၊ ၊မိမိတို့နိုင်ငံမှာဆောက်ကြတယ်၊ ၊စစ်အစိုးရကအနောက်နိုင်ငံဂျပန်တရုပ်ကိုရေကာတာလာလုပ်ဖို့ ၊သွားဖိတ်တယ်၊အားလုံးကလာမလုပ်လို၊နိုင်ငံကမတည်ငြိမ်လို့။ ၊လာကူညီတည်ဆောက်ဖို.၊တရုပ်နိုင်ငံကိုအတန်တန်ဖိတ်ပြန်တယ်၊ ၊အမျိုးမျိုးအာမခံဂတိပေးပြန်တယ်၊  ၊ကိုယ့်နိုင်ငံမှာမလုပ်ဘဲနဲ့သူများနိုင်ငံမှာလာလူလည်လုပ်တာမဟုတ်ပါ၊ UKယူကေသံအမတ်ဟောင်းရေးသားချက်တွေကိုရှေ့ဆောင်းပါး ၁၂ မှာကြည့်ပါ ၊   မွမ်းမံတာ၊ဖျက်တာမဟုတ် ၊ ICOLDအကြီးစား၊ရေကာတာအသင်းကြီးရဲ့စည်းမျဉ်းပြဌာန်းချက်အသစ်တွေကိုလိုက်နာသောအားဖြင့်၊ နိုင်ငံတွေကပြန်လည်မွန်းမံနေတာကိုတဖြည်းဖြည်းဖျက်နေတယ်လို့ပြောရင်မမှန်ပါ၊ ၊ရေကာတာခုနှစ်သောင်း၊ရှစ်သောင်းရှိပြီးနောင်လဲသောင်းချီမွန်းမံတိုးချဲ့မယ်၊သောင်းချီပြီးအသစ်တည်ဆောက်အုန်းမယ်၊၊လို.့အမေရိကန်စွမ်းအားဝန်ကြီးဌာနကြေ့ငြာစာတမ်းအကြောင်း ၊မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths ။အမှတ်စဉ်ရနဲ့၃၀၊ကိုကြည့်ပါ၊   ၊နှစ်၁၅ဝကျော်ဟောင်းနွမ်းကာ၊တွက်ခြေမကိုက်ဖြစ်ပြီး၊ပုဂ္ဂလိကပိုင်ရှင်တွေကထပ်မရင်းနိုင်တော့တဲ့ရေကာတာကလေး ၊တခုတလေ၊ဖျက်တာကိုချဲ့ကားပြီးပြောတာပါ၊၇၀၀၀၀၊၈၀၀၀ဝရေကာတာရှိလို့သမုဒ္ဒရာကရေတပေါက်ကိုလာအာလူးပေးနေတာပါ၊ ——–       Sharing တရုပ်က၉ဆရမယ် မန်မာက၁ဆရမယ် အဲဒီလိုသိထားပါ […]


ဇီဇီDecember 29, 20175min78412
ကျော့်မယ် အမလိုချစ်ရတဲ့ အမကြီးတစ်ယောက် တောင်ကြီးမြို့ မယ်ရှိတယ်ဗျ! အရင် ခင်ဇော်ရဲ့ ထမင်းဆိုင်တွေ အတွက် ကူပေးနေကျ အမပါ။ သူ့ အစွမ်းကတော့ အစားအသောက် တစ်ခုကို တစ်ခါစားဖူး ဖတ်ဖူး ကြားဖူးပြီးရင် ရအောင် ချက်နိုင်စွမ်းရှိတာပါပဲ! စိတ်ကလည်းမြန်ချက်! ကိုယ်တွေနဲ့ ဘာမှ သေချာမပြောရသေးခင် “ချက်ပြုတ်ပို့ဆောင်” အလုပ်တွေကို စလုပ်တော့တာပါပဲ! ကိုယ့်မယ် ခုမှ စားညွှန်းရေးပေးဖို့ စာလိုက်စီပေးနေရတုန်း!! ဆိုတော့ အောက်ပါ အချက်တွေကို အရင်မှတ်ပါ! ၁)တောင်ကြီး မြို့တွင်းသာ ပို့ပေးနိုင်မယ့် အစားအသောက်တွေက သူ့ ဝေါမှာ အရင်ကြည့်ပါ! အစာပလာ ပါဝင်ပစ္စည်း ကောင်းကောင်းသုံးပါတယ်၊ အချိုမှုန့် မသုံးပါ! ၂) ဆိုင်ရာ ပိုင်ရာ ကားဂိတ်ထိ သွားယူနိုင်ကြရင်တော့ စားချင်တဲ့ အစားအသောက်စာရင်း နဲ့ […]