ဒီခရီးစဉ်လေးကတော့ ဟိုးခပ်ငယ်ငယ်တုန်းက ကျိုက်ထီးရိုးနဲ့ သာမညကို အတူတူဆက်သွားခဲ့ဖူးတဲ့ခရီးစဉ်လေးပါ။😊😊 နှမြောစရာကောင်းတာကတော့ ခုချိန်မှာ သာမညဆရာတော်ဘုရားကြီးလည်းပျံလွန်သွားတော့ လုံးဝကိုပျောက်ကွယ်သွားခဲ့တဲ့ ခရီးစဉ်ဆိုလည်းမမှားပါဘူး။ 😞😞 အရင်ကဆို သာမညဆရာတော် ဘုရားကြီးရဲ ့ဂုဏ်သတင်းကျော်ဇောမှုကြောင့် ပြည်တွင်း ခရီးသွားကုမ္ပဏီတွေက သာမည ခရီးစဉ်ဆိုပြီး ဆွဲခဲ့ကြပါတယ်။ မြန်မာနိုင်ငံအနယ် နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်အပေါင်းတို့ကလည်း သာမညတောင်ကို မဖြစ်မနေသွားရောက်ပြီး မျက်နှာကြည်လင်နေတဲ့ ဆရာတော်ကို ဖူးမြော်ကြလို့ သာမညတောင်ဟာ ရာသီမရွေး အထူးပင်စည်ကားခဲ့သောနေရာ ဖြစ်ခဲ့ပါတယ်။ ပြီးတော့ သာမညတောင်ကို လာရောက်လည်ပတ်ကြတဲ့ လူထုပရိသတ်ထောင်ပေါင်းများစွာကို သက်သတ်လွတ် ထမင်းဟင်းများနဲ့ ကျွေးမွေးဧည့်ခံလို့ မွန်လေးငယ်ငယ်တုန်းက စားခဲ့ဖူးပါတယ်။ အရမ်းလည်းအရသာရှိပါတယ်။ ပဲဟင်းကိုထမင်းနဲ့ရွှဲရွှဲလေးစားရတာဘယ်လောက်တောင် အရသာရှိလဲဆိုတာ ခုစာဖတ်နေတဲ့သူကို စားကြည့်စေချင်ပါတယ်။ အဲလို သာမညကိုလာရောက် သူ လူထုမင်းပရိသတ်တွေကို သက်သတ်လွတ်ထမင်း ဟင်းနဲ့ ဧည့်ခံကျွေးမွေးတာ တစ်ရက်ကို ဆန်တင်း […]