ချိုနွဲ့ရီ တီတာချစ်ခွန်း နေချည်ယွန်းတော့ နော့ကာမြူသည် ကလူကျီဆယ် ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့နှင့် ပုလဲသွယ်စီတန်း ရင်ခေတ်ပန်းပျို သန္တာနှုတ်ခမ်း မြရည်သန်းစို မျက်ဝန်းညိုရှင် ကျွန့်သခင်အား အသည်းကိုပေး ချစ်ရေးဆိုသော် ကျီဆယ်ကာပြေး လေချိုသွေးသည် ကြားလေသွေးသော် ဝေးမှာစိုးမိ တွေးမကြည့်လို ချစ်မူပိုအား ချစ်သနားလျှင် ပြုံးလိုက်စမ်းပါ့ ဟန်ဆောင်နေရင်ပင်ပန်းမယ်။