Mလုလင္July 20, 20121min46842
ကျွန်တော် တို့တွေ ဓာတ်ပုံရိုက်ဖြစ်ပါတယ်။ အပျော်ပဲဖြစ်ဖြစ်၊ အမှတ်တရ ပဲဖြစ်ဖြစ်၊ သိမ်းထားချင်လို့ပဲဖြစ်ဖြစ် နောင်ပြန်ကြည့်တဲ့အခါ မှာစိတ်ကျေနပ်နေဖို့လိုမှာပါ။ ကျွန်တော် တို့လိုလက်သင်တွေ အဖို့ကတော့ တပါး တခြား ဆရာ တွေရိုက်တဲ့ ပုံတွေကြည့်ရင်းနဲ့သင်ယူ ရပါတယ်။ Facebook မှာလဲ အလွယ်တကူ ကြည့်လို့ ရတော့ အဲဒါလေး အခွင့်တော့ သာပါတယ်။ ရွာထဲမှာ ဓာတ်ပုံပြပွဲ လုပ်ဖြစ်တာကလဲ .. အဲ့လို ရည်ရွယ်တာပါ။ ရွာ့ ပြပွဲမှာ မြန်မာနိုင်ငံ ဓာတ်ပုံအသင်းက သင်တန်းဆင်း တွေလဲ လာပြ ကြတဲ့အတွက် ဂုဏ်ယူပါတယ်။ သူများ ရိုက်တဲ့ ပုံလေး ကိုကြည့်ရင်း နဲ့ ဒီပုံ မျိုး ကို ဘယ်လို angle က နေဘယ်လို ရိုက်ရင် .. […]


thihayarzarJuly 20, 20124min28112
ရွှေသာလျောင်းတောင်ပေါ်တွင်ရှိသောစေတီပုထိုးများ ဖြစ်ပါတယ်။ [/caption] မိသားစုသုံး ကင်မရာ အစုက်လေးနဲ့ ရိုက်ထားတာပါ။ သိစေချင်သော ဆန္ဒတစ်ခုတည်းပါ။ ပုံများကိုဆက်လက်တင်ပြပါဦးမည်။


အင်းလေး ရေကမ္ဘာရဲ့ တတိယ ဂလယ်ရီ ဖြစ်ပါတယ်..   အားပေးတဲ့ သူများကို အထူးပဲ ကျေးဇူးတင်ရှိပါဂျောင်း.. နောက်လာမည့် post မှာ ဂန္ဓာရီခရီးမှ စကီလေးများ ဖြစ်ကြောင်း.. ဂန္ဓာရီ ဆြာအုပ်.


thihayarzarJuly 19, 20121min1537
နန်းရင်းဝန် ( ဝန်ကြီးချုပ် ) ဦးစော နန်းရင်းဝန်ဟောင်း ဂဠုန်ဦးစောကို အုတ်ဖိုမြို့နယ် ကိုင်းကြီးရွာ၌ အဘမြေပိုင်ရှင် ဦးဖိုးကြူး၊ အမိ ဒေါ်ပန်းတို့မှ ၁၉၀ဝ ပြည့်နှစ်၊ မတ်လ (၁၆)ရက် (မြန်မာ သက္ကရာဇ် ၁၂၆၂ ခု၊ ကဆုန်လပြည့်ကျော် (၄)ရက်) ဗုဒ္ဓဟူးနေ့ ည (၇)နာရီ (၃၀) မိနစ်တွင် ဖွားမြင်သည်။ မွေးချင်းလေးယောက်အနက် ဒုတိယမြောက်ဖြစ်သည်၊ ကြို့ပင်ကောက်မြို့ ရိုမန်ကက်သလစ် သာသနာပြုကျောင်း၌ သတ္တမ တန်းအောင်မြင်သည် အထိ ပညာသင်ကြားခဲ့သည်။ ထို့ပြင် အင်္ဂလိပ်စာကို ကာလကတ်တား (ယခု ကိုးလ်ကတ်တား) မြို့သို့ သွားရောက် သင်ကြားခဲ့သည်။ ၁၉၂ရ ခုနှစ်တွင် တတိယတန်း ရှေ့နေ စာမေးပွဲ အောင်မြင်ကာ ရှေ့နေလိုက်ခဲ့သည်။ သာယာဝတီမြို့မ ဝံသာနုကောင်စီတွင် […]


“အင့်”… “ခွပ်” ဆက်တိုက်ဆိုသလို ကျနော်လဲ ယိုင်သွားပြီး ဟန်ချက်မနည်းထိန်းလိုက်ရပါတယ်။ စကားပြောလက်စ ကျနော်ဖုန်းကတော့ မြေပြင်ပေါ်မှာ ။ “ဟာ..ဆောရီး အကိုရာ ဆောရီး” ။ကောင်လေးကအတင်းတောင်းပန်ရင်း ကျနော်ကိုတော်တော် အားနာနေပုံပါ။ တောင်းပန်တာက ကောင်လေး တိုက်လိုက်တာက ကောင်မလေး။ တစ်မျိုးပါပဲလား။ သူငယ်မကတော့ မတောင်းပန်တဲ့အပြင် ဂျိုကြည့် ကြည့်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ထွက်သွားပါကရောလား။ ကျနော်လဲ သူငယ်ချင်းဆေးခန်းလာပြတဲ့ လူနာတွေဆိုတော့ “အိုကေ ညီလေး ရတယ် ” ပြောပြီး သူငယ်ချင်းရှိရာ ဆေးခန်းတွင်းသို့ ဝင်လိုက်ပါ၏။ စိတ်ထဲမှာတော့ တင်းနေတာ မိုးလင်းကတည်းက..။ “ဟ..ငါ့ကောင်လူဆိုး ပျောက်ချက်သာားကောင်းလှချည်လား။ မျက်စိလည်လာတာတော့ မဟုတ်ပါဘူးနော ” “အေးမင်းဆီလာရတာလဲ ဗေဒင်တွေထဲက ပြသာဒါးပဲ..။ ကားပျက်လို့ ဝပ်ရှော့ထိုးပြီး မင်းနဲ့တွေ့ဖို့လာပါတယ် အဝင်ဝမှာတင် ဟိုလူနာ ၂ ယောက်တိုက်လို့ […]


ကျနော့် အနေဖြင့် ယခု ဝတ္ထုအတွင်းတွင် ကျနော်ချစ်သော ရွာသူားအပေါင်းတို့၏ အမည်များကို အသုံးပြုရန်အတွက် “ရွာသူားအပေါင်းအား ပန်ကြားခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ခွင့်တောင်းခဲ့ပြီး ဖြစ်ပါ၏။ ယခု ဝတ္ထုနှင့် ပတ်သက်၍ ပြောရမည် ဆိုပါလျှင် ကျနော်သည် ပရော်ဖက်ရှင်နယ် တစ်ယောက် မဟုတ်၊ ဝါသနာရှင် တစ်ယောက်သာ ဖြစ်သည့်အတွက်ကြောင့် အမှားများ ပါကောင်း ပါပါလိမ့်မည် ဖြစ်ပါသည်။ ထိုထိုသော အမှားများအား ထောက်ပြ ပေးပါရန်လည်း ကျနော်အနေဖြင့် ကြိုတင်၍ တောင်းခံအပ်ပါသည် ခင်ဗျာ။ ယခု ဝတ္ထုအား ယနေ့မှစတင်၍ ရေးသားပါ၏။ ဘယ်အချိန် ပြီးစီးမည်ကိုကား မသိပါ။ အဘယ်ကြောင့်ဆိုသော် ရေးပြီးသလောက် ရွာထဲကို တင်ခြင်းကြောင့် ဖြစ်ပါ၏။ သို့ရာတွင် ဆုံးခန်းတိုင်အောင် အကောင်းဆုံး ကြိုးစား၍ ရေးသားသွားမည်ဟု […]


alinsettJuly 19, 20121min1346
စိုးရက်ပ် လေးနှစ်သားအထိ စန်နိုဘားနေသွားတယ်။ တစ်မနက်မှာ စန်နိုဘား အိပ်ပျော်ရင်းမနိုးတော့ဘူး။ သေသွားပုံ သိပ်ငြိမ်းချမ်းတယ်။ သေတာကို မမှုတော့တဲ့ပုံမျိုး။ တောင်ကုန်းလေးပေါ်က သချႋုင်းမှာပဲ စန်နိုဘားကို မြှုပ်လိုက် ကြတယ်။ တလည်းပင်ကြီးအောက်မှာပေါ့။ အမေသေတော့ ဟက်ဆန်တော်တော် ခံစားရတယ်။ စိုးရက်ပ်က သာဆိုးသေး။ တစ်အိမ်လုံးပတ်ပြီး သူ့အဖွားကိုရှာနေတာ။ ဒါပေမယ့် ကလေးဆိုတော့ ကလေးပီပီ မေ့လွယ်ပျောက်လွယ်ပေါ့ကွယ်။ ……………………_________________________________________ တစ်အိမ်လုံးပတ်ပြီး သူ့အဖွားကိုရှာနေတာ။ ဒါပေမယ့် ကလေးဆိုတော့ ကလေးပီပီ မေ့လွယ်ပျောက်လွယ်ပေါ့ကွယ်။ အဲဒါ ၁၉၉၅ ခုပေါ့။ ရှိုရာဝီတွေ စစ်ရှုံးပြီးပြေးတာကြာပြီ။ ကဘူးကို မာဆွတ်ရယ်၊ ရာဘန်နီရယ်၊ မူဂျာဟစ်ဒင်တွေရယ် အပိုင်စီးထားတယ်။ အဲဒီ အင်အားစုတွေ ခွက်စောင်းခုတ်ကြတာ သိပ်ကြောက်စရာကောင်းတယ်။ ပြီးပါဦးမလား ဆိုတာတောင် ဘယ်သူမှမသိကြတော့ဘူး။ ဗုံးကြဲသံတွေ သေနတ်သံတွေဆိုတာ ကာကာတို့နားယဉ်နေပြီ။ အပျက်အစီးပုံထဲက […]


ムラカミJuly 19, 20122min33934
ငရဲ ကလာတော့ ပြာပူမကြောက် ဆိုသလို … ခိုးလို့ရတဲ့ ပစ္စည်း ကို သုံးပြီး ညာထားကြည့်တာ …   လူကြားကောင်းအောင် ..အိမ်စာ လုပ်တယ် ဘာညာ သာရေးထားရတယ်.. ဂယ်တော့ … ဂယ်တော့ …   😀     အလကားနောက်တာပါ သည်နေ့ နေ့တွက်မစီ သေးလို့ ပိုက်ပိုက် လာရှာတာပါ….   တကယ်ပြောတာပါ. .. ဘယ်လို လုပ်ထားသလဲ သိချင်ရင် ပြောပြပါ့မယ် ….   ခိခိ…   . . . . . . . . .           အင်းအင်း.. ဖြစ်သလိုလေး ထမင်း […]


Uncle MyoJuly 19, 20121min20714
ဒီလူကြီးရွာထဲရောက်လာပီး ပျောက်ချက်သားကောင်းနေလိုက်တာ ဘာတွေများကြိတ်ကြံနေတာလဲလို့တွေးမိကြမလားမသိဘူး မေ့တောင်မေ့နေဘီထင်ပါရဲ့ ဘယ်မှမသွား ဘာမှမလုပ်နိုင်လို့အိမ်ထဲမှာဘဲအညောင်းမိနေရပါတယ်။ ကျောင်းသားဘဝတုံးကလဲ ပထမနှစ်မှာ တရုပ်ဗမာအရေးအခင်း၊ ဒုတိယနှစ်မှာကျောင်းသားတစ်ယောက်က်ို စစ်တပ်ကကားနဲ့ကျောင်းရှေ့အဝင်ဝမှာဘဲ တိုးမိပီးဆုံးပါးသွားလို့ဆူပူခဲ့တဲ့(ပုသိမ်)အရေးအခင်း၊ တတိယနှစ်မှာသီရိဆောင်အရေးအခင်း၊ စတုတ္ထနှစ်မှာကျွန်းဆွယ်အရေးအခင်းတွေကြုံခဲ့ရပီး ကျောင်းသားဘဝလွန်မြောက်လာပီးတဲ့နောက်သားငယ်သမီးငယ်တွေ ဘုစုခရု လူဖြစ်စမှာ (၈၈)အရေးအခင်းကိုထပ်ကြုံရတော့ ခေတ်ပျက်တယ်၊လူတွေသေကြကြေကြတယ် ကျီးလန့်အစာစားနေကြရတယ်၊ တနေရာကတနေရာကိုသွားရေးလာရေးခက်ခဲခဲ့တယ် စီးပွါးရှာစားဘို့ခက်ခဲခဲ့တယ်၊ ခုအသက်အရွယ်မှာ မြေးငယ်ကလေးနဲ့ဖြစ်နေပြန်ပြီိဆိုတော့  ရခိုင်အရေးအခင်းလဲပေါ်လာရော ခေတ်များပျက်ခဲ့ရင်  ဆိုတဲ့ အတွေးနဲ့ မအေးနိုင်ခဲ့တာလဲပါတာပေါ့လေ- ဒို့ကိုတောမှာမွေးပါတယ်၊ လွတ်လပ်ရေးမရခင်ကပေါ့၊ပထမဆုံးဝမ်းလျှားမှောက်တဲ့နေ့ ဖေဖေနဲ့မေမေ ဝမ်းသာပျော်ရွှင်နေကြတဲ့အချိန်မှာ ရေဒီယိုကသတင်းမှာ ဗိုလ်ချုပ်တို့ကျဆုံးတယ်ဆိုတဲ့သတင်းကြားကြရလို့ စိတ်သောကရောက်ကြရတယ်လို့ဖေဖေနဲ့မေမေပြန်ပြောပြဘူးတယ်၊ အဲဒီနောက်  ဖေဖေမြို့ကိုလာပီး( ၈ မိုင်လောက်ဝေးပါတယ်)ဓါတ်ပုံပညာသင်ပါတယ်။အရင်ကပြောခဲ့ဘူးတယ်နော် တစ်ပတ်လောက် ဖေဖေ့ဆရာက ဦးမောင်သစ် ပါတဲ့။မောင်သစ်ဓါတ်ပုံဆ်ိုင် ဆိုပီးဓါတ်ပုံဆိုင်ဖွင့်ထားတယ်။ သူ့ကို ဆရာသစ် လို့ခေါ်ပါတယ်။ မီးရထားလမ်းက လှည်းလမ်းဂုံးကျော်ကိုဖြတ်အကူးမှာလိမ့်ကျပေါင်ရင်းကကျိုးသွားလို့ ဒုတ်ကောက်အားကိုးပြီးလမ်းလျှောက် သွားနေပုံကို မြင်ယောင်နေမိပါသေးတယ် ဖေဖေနဲ့မေမေ ပြန်ပြောပြခဲ့ကြတဲ့အထဲမှာ […]


snow whiteJuly 19, 20121min24319
အမေ မေမေနေကောင်းလား ချစ်သမီးလေး စာရေးပေးလိုက်ပါတယ် မေမေ  ချစ်သမီးလေး အလုပ်လည်းအဆင်ပြေပါတယ်။  သင်တန်းတက်ရတာလည်းအဆင်ပြေပါတယ် ။မေမေ မေမေ ့ မေတ္တာ ငတ်မွတ်တာကလွဲလို့  ကျန်တာ အကုန်ပြည့်စုံပါတယ် မေမေ… မေမေကိုအရမ်းလွမ်းမိတယ်မေမေ။   ငယ်ဘဝလေးကိုလည်းပြန်လိုချင်နေမိတယ် မေမေ… နယ်မှာနေခဲ့ရတဲ့ အချိန်လေးတွေပြန်လိုချင်မိတယ် မေမေရယ်။။ ချစ်သမီးလေး ဒီစာရေးနေတဲ့အချိန်က မေမေကို ပိုလို့ပိုလို့ လွမ်းနေတယ် မေမေ ရန်ကုန်မြို့မှာမှ အလုပ်မရရင် ဘယ်အလုပ်မှာမှ မလုပ်ဘူးဆိုတဲ့မေမေရဲ့ ချစ်သမီးလေး အလုပ်ရလို့ ရန်ကုန်မြို့ကိုရောက်ရှိခဲ့တာ ဒီနေ့နဲ့ဆို  တစ်နှစ်နဲ့ နှစ်လပြည့်ပြီပေါ့မေမေရယ် မေမေ့အနားကိုလည်း ပြန်မလာနိုင်ခဲ့တာ တစ်နှစ်နဲ့နှစ်လပါဘဲ မေမေရယ်….. အဝေးတစ်နေရာကနေ ပိုက်ဆံလေးပို့လိုက် ဖုန်းလေးဆက်လိုက်နဲ့နေခဲ့ရတဲ့ အဖြစ်လေးပါ   ပြေးကြည့်မှ အမေတစ်ခုသမီးတစ်ခု ဆိုသလို ဘဝလေးအဖြစ်ကနေ ချစ်သမီးလေး ကမေမေ့အနားမှာမနေနိုင်ဘဲ ရန်ကုန်မြို့မှာမှ အလုပ်အကိုင်တွေလည်းများတယ် လစာကောင်းလည်းရတယ်  […]


ကထူးဆန္းJuly 19, 20121min56345
မင်္ဂလာပါ ရွာ သူား တို့ခင်ဗျား။ ရွာသူား တို့ကို အသိပေးရမဲ့ အချိန် ရောက်လာလို့ ကျွန်တော်တို့ ရခိုင်သွေးချင်းများအတွက် လက်ဆောင် ရဲ့ နောက်ဆက်တွဲ အနေနဲ့ အမှန်တစ်ကယ်လိုအပ်နေတဲ့ ကချင်ပြည်နယ် မော်လူးခရိုင်မှ ပထမ မူလခေါင်တုန့်စည်ရွာ ၏ ကျေးရွာ မှုလတန်းဆောက်လုပ်မှု့တွင် သွပ် နှင့် တကွ လိုအပ်သည်များ အတွက် လှုကြမယ် ဆိုသည်နှင့် ပါတ်သက်၍ အသိပေးလိုပါတယ် ခင်ဗျာ။ ဒီရက်များ အတွင်းမှာ ကျွန်တော်တို့ ရွာသား ကိုထွန်းဝင်းလတ် နှင့် ဆက်သွယ်ခဲ့ပြီး ကိုထွန်းဝင်းလတ်ရဲ့ ဆက်သွယ်ပေးမှု့ နှင့် ၎င်း ကျောင်းကို ဦးစီးခေါင်းဆောင် ဆောင်ရွက်ပေးနေသော ဘုန်းဘုန်း ဦးကာလိန္ဒ နဲ့ပါ အောက်ပါ အတိုင်း ဆက်သွယ်မှု့ ရခဲ့ပါသည် ။ […]


lon donJuly 19, 20121min59
ယနေ့သည်အာဇာနည်ပုဂ္ဂုလ်ကြီးများ ကျဆုံးသွားခဲ့ကြသည်မှာ ( ၆၅ ) ကြိမ်မြောက် ခဲ့ပါပြီး။ ထိုထိုသော အာဇာနည်ပုဂ္ဂုလ်ကြီးများသည်- *  –  သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်သော *  –  သူပိုင်ပစ္စသည်းကို ခိုးယူခြင်းမှ ရှောင်ကြဉ်သော *  –  သူများ၏မယားနှင်သားသမီးများကို မတရားကျူးလွန်းခြင်းမှ ရှောင်ကြဉ်သော *  –  သူတစ်ပါးအကျိုးပျက်စီးထိခိုက်အောင်လိမ်ပြောခြင်းမှ ရှောင်ကြဉ်သော *  –  လူအချင်းချင်းတစ်ယောက်နှင့်တစ်ယောက်မုန်းအောင် ဂုံးတိုက်၊ ချောက်တွန်းသောစကားမှရှောင်ကြဉ်သော *  –  မကြားကောင်းမနာသာ ရေရွက်ဆဲဆိုသောစကားမှ ရှောင်ကြဉ်သော *  –  အကြောင်းအကျိုးမဆက်စက်ဘဲ အကျိုးမရသော စကားမျိုးမှ ရှောင်ကြဉ်သော *  –  သူတစ်ပါးပိုင် ပစ္စသည်းဥစ္စာတို့ကို ရရှိပိုင်ဆိုင်အောင် မတရားနည်းလမ်းများကို ကြံဆောင်တွေးတောခြင်းမှ ရှောင်ကြဉ်သော *-    အခြားသူများကိုမတရားနှိပ်ဆက်လိုခြင်း ရန်ုတုံးပြန်လက်စားချေလိုခြင်းစသော […]


KyaemonJuly 19, 20125min1171
  ဟုတ်ကဲ့၊ ၁၈၈၈ ခုနှစ် ကိုမှားပြီးရိုက်တာ မဟုတ်ပါ၊  ၁၂၄ နှစ်တုန်းကဖြစ်ရပ်မှန်တွေပါ၊     နော်ဝေနိုင်ငံ    Theisendammen, Trondheim ရပ် မြူနီစီပါယ် ရုံးရဲ့ မှတ်တမ်းဟောင်းများသိုလှောင်ခန်း  က  ရှာရှာဖွေဖွေ ရယူတင်ဆက်လာတဲ့ မှတ်တမ်းဝင် ရှားပါးဓာတ်ပုံတွေပါ၊   သူများနိုင်ငံကသင်ခန်းစာတွေရယူနိုင်တာလဲ ရှိကောင်းရှိမှာပါ၊   ဟိုအချိန်က စက်ကရိယာပစ်စည်း ချို့တဲ့တာ ကို မညည်းမညူရဘဲ၊ ရှိတာလေး သံတူကြီးတွေကိုင်ဆောင်ကာ ကျောက်တုံးကြီးတွေကို ပင်ပန်းကြီးစွာ ထုခွဲခဲ့ကြတာကိုမြင်ယောင်မိတာ၊      ရေကာတာ တခုဖြစ်မြောက်လာအောင် ဝါယာမ စိုက်ထုတ်ပြီး    ဇွဲနဘဲနဲ့လုပ်နိုင်ခဲ့တာ ကို ချီးကျူးတာပါ   ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုရမှာပါ       Workers building […]