ムラカミJuly 20, 20121min42718
    Texture ပိုင်း ပြန်လေ့လာဖြစ်တယ်… Ambiance ဆိုတဲ့ စကားလုံး ကို ဘယ်လို အဓိပ္ပါယ်နဲ့များ …dynamic range တွေ ကြားမှာ ဟိုပညာရှိတွေ ဝှက်ခဲ့တယ် မသိ .. တခါတလေတော့လည်း recipe  ဆိုတာတွေက အတော်လေး ကသုတ်ကရက်နိုင်ရဲ့…   ပြောရရင် .. မသိကိန်း၁လုံးပါ ပုဒ်စာ တောင် တွက်နည်း အမျိုးမျိုး ရှိလေတော့… လိုချင်တဲ့ final image ရဖို့ ..ဘယ်သူတွေ ဘယ်လမ်းက သွားသလဲတော့ ကျနော် မသိ .. ကျနော်သိတာက ..တော့ ..ခုတလော ..စိမ်ပြေနပြေ ..bottom-up လုပ်ရတာ ကို ကြိုက်နေလေရဲ့…. TIFF/16 ပြောင်းသုံးကြည့်ထားပါသည် … ဘာမှန်းမသိသော တခုခုတော့ ကွာမည် ထင်ပါအိ…။   […]


ဖိုးထောင်July 20, 20123min62022
မြို့မန္တလေး နဲ့ဝန်းကျင်ပုံလေးတွေ အမှတ်တရ တင်ပေးလိုက်ပါတယ် ကျုံးရေပြင် မြို့ရိုးနဲ့ ရှမ်းရိုးမ အလှ တိမ်တွေက အုံ့ဆိုင်း မှုန်မှိုင်းလို့နေသည် မန္တလာမဟီ အမြဲတမ်းလန်းဆန်း ကျုံးဘေးလမ်း စပါးတစ်စေ့ ဖန်တီးကြသူများ တင်တတ်မယ်ဆိုရင် အမှန်တကယ် ကျေးဇူးရှင် ရှုမဆုံးတော့ပြီ စိမ်းလဲ့လဲ့ခင်းဆီ လယ်ကွင်းတွေက တမျှော်တခေါ် စိုပြေလွင် ရိပ်သိမ်းချိန်ဆိုပြန်ရင် တောက်… သွားရည်တောင်ကျလာပြီ ဦးခိုင်ဆီကရတဲ့ ဆွဲပြားရောင်းရငွေ ဖွတ်ကလိဒင်္ဂါး ၁၀၀ဝ နဲ့ ချပြီကွာကဲ…….. ပုံလေးတွေအကုန်ကြည့်တဲ့အတွက် ကျေးဇူးပါ


the bestJuly 20, 20121min39525
ဖုန်းဘီလ်စနစ်မှ ငွေဖြည့်ကဒ်စနစ်သို့ ပြောင်းလဲအသုံးပြုနေသော မိုဘိုင်းဖုန်းကဒ်အချို့၏ ညဘက် (၁၁) နာရီ ကျော် ဖုန်းခေါ်ဆိုခမှာ (၂၅)ကျပ ်မဟုတ်ပဲ ကျပ်ငွေ (၅၀)အပြည့် ပေးဆောင်နေရတယ်လို ့ သုံးစွဲသူများထံက သိရှိရကြောင်း သတင်းများထွက်နေပါတယ်။ အရင်တစ်ခါကလည်း MISS CALL  ကိုငွေကျပ် (၃၀၀) ဖြတ်တာလည်းဖြစ်ခဲ့ဘူးတယ်။ အမှားကိုဝန်ခံတောင်းပန်တာလည်းမရှိခဲ့ဘူး။အခုလည်း သတင်းစာကနေ တရားဝင်မရှင်းသေးဘူး။   GSM ဖုန်းတွေ အင်တာနက်သုံးလို ့ရအောင် (၁၀၀၀၀)ကျပ် သွင်းရတယ်။ ပြင်ပဆိုင်ကိုလုပ်ခိုင်းရင်(၁၁၀၀၀)ကျပ်ပေးရတယ်။ ၃ရက်ကြာမှလိုင်းဖွင့်ပေးတယ်။ တစ်ချို ့ဆိုင်က (၁၇၀၀၀)ကျပ်ပေးရတယ်။နေ ့ချင်းလိုင်းဖွင့်ပေးတယ်။   ၂သိန်းတန် GSM ဖုန်းတွေ က 3G ရပြီး၊ ဝ၉-၅၀—— နဲ ့အရင် GSM ဖုန်းတွေ က 3G မရဘူး။ […]


                        ဒီကနေ့အတွက် စိတ်ဝင်စားဖွယ် အကောင်းဆုံး ဖတ်စရာတခုကတော့ တရုတ်နိုင်ငံမှာ အပတ်စဉ် ထုတ်ဝေတဲ့ 南方周末 – Southern Weekly (Southern Weekend) စာစောင်နဲ့ ဦးအောင်သိန်းလင်း အင်တာဗျူး ဆိုတာပါပဲ။ ဒီစာစောင်ဟာ တရုတ်နိုင်ငံမှာ အလယ်အလတ်အကျဆုံး၊ ဩဇာလွှမ်းမိုးမှုအရှိဆုံး လို့ New York Times သတင်းစာက ဆိုထားပါတယ်။ တရုတ်လို ဖော်ပြထားတဲ့ အင်တာဗျူးကို ဘားမားနက် burmanet.org မှာ အင်္ဂလိပ်ဘာသာပြန်ထားပါတယ်။ အဲဒီထဲက ကောက်နုတ်ချက်တချို့ကတော့ ဒီလိုပါ – -အနောက်က မြန်မာပြည်ကို ပိတ်ဆို့ပြီး သူတို့ရဲ့ ရုပ်သေးအစိုးရကို […]


သူရႆဝါJuly 20, 20121min1586
သူရဿဝါနှင့် မသိခြင်းဒုက္ခ (၅) – သူရဿဝါ – ကမ္ဘာက အကျယ်ကြီး .. လူ့ဦးနှောက်က သေးသေးလေး။ လောကကြီး ထဲမှာ ဖြစ်ပျက် နေသမျှ ကိစ္စတွေ၊ အကြောင်း တရားတွေ အားလုံးကို လူ၏ ဦးနှောက် သေးသေး လေးထဲ အကုန်လုံး ထည့်ထားဖို့ မဆန့်တဲ့ အခါ မသိခြင်းတွေ ဖြစ်လာသည်။ အဲဒီ မသိခြင်း တွေကြောင့် ရောက်ရတဲ့ ဒုက္ခတွေလည်း များလာသည်။ မောင်ဝါဝါမှာ အဲဒီလို မသိခြင်းကြောင့် ဖြစ်ရသော ဒုက္ခတွေ အတော်ကို များသည်။ အဲဒီ ဒုက္ခတွေ အကြောင်း ရေးလာ တာလည်း များပါပြီ။ မောင်ဝါဝါ၏ မသိခြင်းကြောင့် ဖြစ်သော ဒုက္ခကို သူများ တွေလည်း ခံရသည်၊ […]


KyaemonJuly 20, 201217min1626
Flickr: Search randijaa’s photostream http://www.flickr.com/search/?w=61931570@N00&q=theisendammen Link လင့်ခကိုနှိပ်ပြီးစလိုက်ရှိုးကိုကြည့်ပါ Slideshow Search results for theisendammen http://www.flickr.com/search/show/?q=theisendammen&w=61931570%40N00&ss=2 ——   Thalion83 Theisendammen | Flickr – Photo Sharing! http://www.flickr.com/photos/kjellsor/4147190320/ Flickr: Thalion83’s stuff tagged with theisendammen http://www.flickr.com/photos/kjellsor/tags/theisendammen/ Link လင့်ခကိုနှိပ်ပြီးစလိုက်ရှိုးကိုကြည့်ပါ Slideshow theisendammen tag http://www.flickr.com/photos/kjellsor/tags/theisendammen/show/   Flickr: Search mortsan’s photostream http://www.flickr.com/search/?w=97522422@N00&q=theisendammen Mortson Link လင့်ခကိုနှိပ်ပြီးစလိုက်ရှိုးကိုကြည့်ပါ Search results for theisendammen http://www.flickr.com/search/show/?q=theisendammen&w=97522422%40N00&ss=2 Burgemo Link လင့်ခကိုနှိပ်ပြီးစလိုက်ရှိုးကိုကြည့်ပါ theisendammen tag […]


ta muJuly 20, 20121min1659
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို ့တွင် လူစီး နှင့် ကုန်တင်ယာဉ်များ တခြားမြို ့များသို ့ ပြေးဆွဲခြင်းမပြုပဲ ရပ်ဆိုင်းထားကာ ဂိတ်ပိုင်ရှင်များနှင့် ကားဆရာများ ဆန္ဒပြနေကြကြောင်းသတင်းရရှိပါသည်။ အဆိုပါဆန္ဒပြမှု ့ကို ၂၀.၇.၂၀၁၂ မှစတင်ကာ ၂၂.၇.၂၀၁၂ အထိ (၃)ရက်တိုင်တိုင် ကားများမပြေးဆွဲပဲ ရပ်ဆိုင်းထားမည်ဟု သိရပါသည်။ အဓိကကတော့ အခွန်အခတွေ သတ်မှတ်ထားတဲ့ နှုန်းထားထက် ပိုကောက်တာတွေ၊ လမ်းခရီးတလျှောက်လုံးမှာ ရဲ ၊မူးယစ် ၊အကောက်ခွန်က ဝန်ထမ်းတွေကို ပစ္စည်းပါသည်ဖြစ်စေ ၊မပါသည်ဖြစ်စေ ပေးရတဲ့ လဘက်ရည်ဖိုးတွေက  မတန်တစများလွန်းနေတာကြောင့် ဆန္ဒပြရတာပါဟု ကားပိုင်ရှင်တစ်ဦးက ပြောပြပါသည်။ “ဒီလိုကားတွေ ရပ်ဆိုင်းထားတော့ ကျမတို ့ကုန်စိမ်းသည်တွေက အဓိက ဒုက္ခရောက်ရတာပေါ့။ ကုန်စိမ်းတွေကို အချိန်မှီမပို ့နိုင်တော့ ပုတ်ကုန်တာပေါ့။အရင်တောင် ရတော့မှာ မဟုတ်ဘူး။ အသား၊ ငါးဈေးတွေလဲ […]


Ko out of...July 20, 20121min1607
(၁) အတ္တဟိတ ပရဟိတလို့ လူတွေပြောပြောနေကြပါတယ်… တနည်းဒါကို ကိုယ်ကျိုးကြည့်နဲ့ ကိုယ်ကျိုးစွန့်ဝါဒ လို့ပြောရမှာပေါ့… ဗုဒ(Buddha)ဘာသာကတော့ အလယ်အလတ်ဝါဒ ဆိုတော့ နှစ်ခုမျှရမှာဖြစ်လို့ တစ်ခုတည်းသော အကျိုးဆိုတာ မရှိရပါဘူး… (၂) “မိတ်ဆွေကောင်းရှိရင် ကိစ္စခပ်သိမ်းရဲ့ တစ်ဝက်ပြီးတယ်” လို့ရှင်အာနန္ဒာက ဘုရားကိုလျှောက်ဖူးတယ်။ ဒါကိုဘုရားက ” ငံဦး အာနန္ဒာ ” လို့ပြောပြီး မိတ်ဆွေကောင်း ရှိရင် ကိစ္စအားလုံးကိုပြီးစေတယ် လို့မိန့်ခဲ့ဖူးတယ်…ဒါဆို ကိုယ့်ကို သူများက ပြောခွင့်ပေးတာမျိုး ဘယ်သူ့ဆီမှာ အပြည့်အဝရခဲ့ပြီလဲ?… (၃) ဘုရားတပည့်မှန်ရင် ငုံ့မခံဘူး။ မတရားနဲ့လည်း မတုံ့ပြန်ဘူး..တတိယလမ်းက တရားနဲ့ တုံ့ပြန်ဖို့တော့ လိုတာပေါ့။ ကိုယ့်ကို မတရားသူကို တရားနဲ့ ဘယ်လိုတုံ့ပြန် ရမလဲပေါ့။ ဒါက အရိယာမှ သိရမည့်အရာဘဲ`…. (၄) အရိယာတရားဟာ “အသာဓုံ […]


ရတနာသိုက် ရှာပုံတော် အပိုင်း (၁) အား ဖော်ပြခဲ့ပြီး ဖြစ်ပါ၏။ ဖတ်ရှုလိုသူများ အနေဖြင့် လင့်ခ်ပေါ်တွင် ကလစ်နှိပ်၍ ဖတ်ရှုနိုင်ပါကြောင်း … လူရွယ်တစ်ယောက် ရောက်လာခြင်း အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး နှစ်ရက်ခန့်အကြာတွင် အကောင်းစားဟု ဆိုနိုင်ဖွယ်ရှိသော အနက်ရောင် ကားလေးတစ်စီးသည် အဆိုပါ လက်ဖက်ရည်ဆိုင်လေးရှေ့သို့ လာရောက် ရပ်တန့်လိုက်သည်ကို တွေ့ရလေ၏။ အဆိုပါ ကားအတွင်းမှ ဒရိုင်ဘာ ဖြစ်သူသည် ပြာပြာသလဲ အမူအယာဖြင့် ကားပေါ်မှဆင်းပြီးလျှင် ကားနောက်ခန်းတံခါးအား ဖြည်းညှင်းစွာ ဆွဲ၍ ဖွင့်လိုက်လေ၏။ လက်ဖက်ရည် ထိုင်နေသူများနှင့် လမ်းသွားလမ်းလာ များမှာ အဆိုပါ ဖြစ်ရပ်အား ငေး၍ ကြည့်ရှုနေသည့် အခိုက်မှာပင် ကားပေါ်မှ လူတစ်ယောက် ဆင်းလာသည်ကို တွေ့ရလေ၏။ ကားပေါ်မှ ဆင်းလာသူမှာ နက်ပြာရောင် […]


ခင္ခJuly 20, 20121min1758
တိုင်းပြည်တိုင်း တိုင်းပြည်တိုင်း မှာ တပ်မတော်(စစ်တပ်)ဆိုတာရှိကြပါတယ်။ အဲဒီတပ်မတော်ထဲဝင်ရောက် တာဝန်ထမ်းဆောင်ကြတဲ့ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား စသည့် စစ်သည်တွေအားလုံးဟာ တိုင်းပြည်အတွက်အရေးကြုံလာတဲ့အခါ မိမိအသက်ကို ပဓာနမထားကြဘဲ အသက်ကိုစွန့်လွှတ်စွန်စား တိုက်ပွဲဝင်ကြတဲ့ သူရဲကောင်းတွေဖြစ်ကြမှာပါ၊ အဲဒီလို မိမိအသက်ကို ပဓာနမထားဘဲ တိုင်းပြည်အတွက်စွန့်လွှတ်စွန့်စားသည် စစ်သည် သူရဲကောင်းတွေကို တိုင်းပြည်ကအသိမှတ်ပြုချီးကျူးကြတာကိုလည်း သတင်းတွေ၊ မီဒီယာတွေနဲ့ ရုပ်ရှင်တွေ ဇာတ်လမ်းတွေမှာ တွေ့မြင်ကြပါလိမ့်မယ် ထင်ပါတယ်။ အခုဟာက ဖော်ပြခဲ့တဲ့ စစ်သည်တွေတော့မဟုတ်ပါဘူး မိမိအသက်ကိုပဓာနမထားကြသူတွေကတော့ မန္တလေးမှာ ယာဉ်စည်းကမ်းမလိုက်နာဘဲ ဆိုင်ကယ်စီးရင် ဆိ်ုင်ကယ်စီးဦးထုပ်မဆောင်းဘဲ သွားလာကြသူများဖြစ်ပါတယ်၊ များသောအားဖြင့် လူငယ်လူရွယ်တွေများသလို တစ်ခါတရံလူကြီးပိုင်းတွေပါ တွေ့ရတတ်ပါတယ်၊ ကျွန်တော်တော့ ဘယ်လိုမှစဉ်းစားမရဘူး၊ မတော်တဆဆိုတာ ကြိုတင်ဖုန်းဆက် အကြောင်းကြားပြီးမှ တွေ့ရတဲ့ကိစ္စမဟုတ်ဘူးလေ၊ မနေ့က ကိစ္စရှိလိုညနေခင်းလောက် မြို့ထဲကားနဲ့ရောက်လာရင်လှမ်းတွေ့လိုက်ရတဲ့ မြင်ကွင်းက  ၇၃လမ်း […]


ခင္ခJuly 20, 20121min1536
ဇူလိုင်လ ၁၉ ရက်နေ့  မနေ့ကမနက် ၈ နာရီလောက် မြန်မာ့ရုပ်မြင်သံကြားဖွင့်ကြည့်တော့ ၆၅နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ရန်ကုန်မြီု့ အာဇာနည်ဗိမ္မာန်ကနေ တိုက်ရိုက်ထုတ်လွင့်တာကို ကျွန်တော့်သက်တမ်းတလျောက်မှာ ပထမဆုံးတွေ့မြင်ခဲ့လိုက်ရပါတယ်။ မြန်မာနိုင်ငံခေတ်အဆက်ဆက် ညပိုင်းသတင်းကျမှသာ အာဇာနည်နေ့ကျင်းပပုံကိုစောင့်ကြည့်ခဲ့ရတာ အခုတော့ မြန်မာ့ရုပ်မြင်သံကြားက တိုက်ရိုက်တွေ့ရပြီပေါ့၊ နောက်နှစ်တွေလည်း အခုလိုမျိုးအဓွန့်ရှည်စေကြောင်းဆန္ဒဖြစ်မိပါတယ်။ လောကမှာ ဖခင်ဆိုတာ အဆင်မပြေတဲ့အကြောင်းတစ်စုံတစ်ကြောင့် မေ့ထားချင်တယ်၊ စကားထဲ ထဲ့မပြောချင်ပေမယ့် အရွယ်ရောက်လို့ကျောင်းစတက်ရင် ကျောင်းပုံစံမှာ အဖအမည် ဘယ်သူလဲမေးခံရမယ် ဖြည့်ရမယ်၊ ဒီလိုဘဲ နိုင်ငံသားဖြစ်ကြောင်းမှတ်ပုံတင်လုပ်မယ် အဖအမည် ဘယ်သူလဲ မေးကြပြန်ရော၊ ကိစ္စရပ်တစ်ကြောင့် အမှု့အခင်းဖြစ်တယ် အဖ ဦး————၏သား/သမီး အမည် ဦး/ဒေါ်/ကို/မောင်/မ——–လို့ခေါ်ဝေါ်ဆိုကြပြန်ရော၊ အရပ်ထဲ မင်းဘယ့်သူ့သားလဲလို့ မေးရင် ဖခင်ဘယ်သူလည်းလို့ရည်ရွယ်မေးကြတာများပါတယ်၊ ဆိုလိုတာက ဖခင်ဟူသည် ပြစ်ပယ်၍ရကောင်းတာမဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်တို့မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီးလို့ ကဗျည်းတင် […]