သို့ / ဂေဇက် ရွာသူ၊ သားအပေါင်း ရက်စွဲ၊ လစွဲ၊ နှစ်စွဲ၊ အကုန်စွဲ .. ဗျဲ .. ။    ။ ၁၈-၇-၂၀၁၂ ။ အကြောင်းအရာ ။    ။ ပန်ကြားခြင်း …။ ဂေဇက်ဟူသော ရွာကြီးအတွင်းမှ ကျွန်ုပ်၏ ချစ်လှစွာသော ဘိုးဘိုး ဘွားဘွား ဦးဦး ဒေါ်ဒေါ် ကိုကို မမ ချောချော လှလှတို့ ခင်ဗျား ….. ကျွန်ုပ်သည် ဝါသနာအရ တိုးလို့တန်းလန်း စာများ ရေးသားတတ်သည်ကို အများသိကြပြီး ဖြစ်ပါ၏ .. 😀 သို့ရာတွင် ကျွန်ုပ်သည် ဒီတစ်ခါ ဆုံးအောင် ရေးမယ်ကွာ ဆိုသည့် စိတ်ဖြင့် “ရတနာသိုက် ရှာပုံတော်” ဟူသော ဝတ္ထုကြီးအား […]


myanmarcitizenJuly 18, 20121min27211
ဒီနေ့ မိုးသီးဇွန် blog ထဲဝင်ကြည့်တော့ ဒီကဗျာလေးကို သွားတွေတယ်ဗျာ။ ဖတ်ရင်းနဲ့ ကဗျာမဆုံးခင် မျက်ရည်ဝိုင်းလာလို့ မျက်ရည်မကျအောင်မနဲ့ ပုတ်ခတ် ပုတ်ခတ်လုပ် လိုက်ရတယ်။ ဒါနဲ့ပဲ MG မှာတင်အုန်းမှပဲ MG ကသူငယ်ချင်းတွေလဲဖတ်ပါစေတော့ဆိုပြီးတင်လိုက်တာပါ။ ဟိန်း လို့ပါတော့ ဟိန်း ဆိုသူကရေးထားတာနေမှာပါ။ တင်ပေးတဲ့သူကော ရေးတဲ့သူကော ကျေးဇူးပါဗျာ။ မူရင်းအတိုင်းလေးပဲ ပြန်တင်ပေးလိုက်ပါတယ်။ Credit to ဟိန်း နဲ့ ကိုမိုးသီးဇွန် blog ဗိုုလ်ချုပ်အောင်ဆန်း ( ဟိန်း) ခဏခဏ အသတ်ခံရတယ် ၊ ဘယ်တော့မှ မသေဘူး ။ ဟောဒီမြို့ကလေးမှာ … တည်းခိုခန်းတွေ ဘာပြုလို့ မရှိတာတုန်း ။ အမြန်လမ်းမကြီးက ဘာပြုလို့ မဖြတ်တာတုန်း ။ ဘူတာရုံကလေးက ဘာပြုလို့ စုတ်ပြတ်နေတာတုန်း […]


ko layJuly 18, 20121min1567
သံတွဲမြို့နယ်၊ငပလီကမ်းခြေရှိ တိုးချဲ့တပ်ပိုင်မြေအဖြစ်သိမ်းယူထားသော ကမ်းခြေမြေကွက်များတွင် Max Myanmar ကုမ္ပဏီမှ ဟိုတယ်ဆောက်လုပ်ရန် ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။ ၎င်းမြေကွက်များအတွက်ပိုင်ရှင်အား ထိုက်တန်သော လျော်ကြေးပေးခြင်းမရှိပဲ၂၀၀ဝ ပြည့်နှစ်တွင် သံတွဲ မ.ယ.က ၏အမိန့်အမှတ် (၁/၂၀၀၀)ဖြင့် ဖယ်ရှားစေခဲ့ခြင်းဖြစ်သည်။ သိမ်းယူသောမြေများမှာ မဇင်ကျေးရွာအထိရှည်ပြီး တစ်မိုင်ခွဲခန့်ရှိသည်။ ထိုမြေများပေါ်တွင် ၂၀၀၁ ခုနှစ်မှစ၍ ဟိုတယ်များဆောက်လုပ်ခဲ့ကာ လက်ရှိတွင် Amazing ဟိုတယ် တစ်လုံးသာ ဖွင့်လှစ်နိုင်သေးသည်။ မြေများသိမ်းယူခြင်းနှင့်ပတ်သက်ပြီး ယခင်အစိုးရလက်ထက်က တိုင်ကြားရန်အခွင်အရေးမရှိ၍ မတိုင်နိုင်ခဲ့ကြပဲ ၂၀၁၁ အောက်တိုဘာတွင် နိုင်ငံတော်သမ္မထံ တင်ပြခဲ့ကြောင်း မြေသိမ်းဆည်းခံရသူများက ပြောသည်။ ထို့နောက် ယခုနှစ်ဇန်နဝါရီတွင် အမျိုးသားလွှတ်တော်၊ လူ့အခွင့်အရေးဆိုင်ရာကော်မတီထံ ထပ်မံတင်ပြ ခဲ့ကြကြောင်းလည်း ၎င်းတို့ကပြောသည်။ တိုင်ကြားစာကိုလက်ခံရရှိကြောင်းနှင့် ဆက်လက်ဆောင်ရွက်နေကြောင်း ကော်မတီ၏အကြောင်းပြန်စာကို မတ်လက လက်ခံရရှိခဲ့ကြောင်း၎င်းတို့က ပြောသည်။ အဆိုပါသိမ်းဆည်းခဲ့သော […]


KyaemonJuly 18, 201246min1652
 နော်ဝေရဲ့စီးပွါးရေးဟာနိုင်ငံပိုင်နဲ့ ပုဂ်ဂလိကပိုင်နှစ်မျိုးစလုံး ရောနှောဒွန်တွဲနေတဲ့စံနစ် ဖြစ်တာ၊ စက်မှုတော်လှန်ရေးခေတ် က စတင်ပြီး တိုးတက်မှုမြန်ဆန်လာတာ၊ သယံဇာတပေါကြွယ်တာကြောင့်ဖြစ်တာ၊ အဲဒီသယံဇာတပေါကြွယ်တဲ့အနက်က ရေနံရှာဖွေရေးနဲ့ထုတ်လုပ်ရေး၊ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနဲ့ ရေသတ်တဝါလုပ်ငန်း (ပင်လယ်ငါးဖမ်းလုပ်ငန်း) တို့ပါဝင်တာ၊ အခြားဥရောပနိုင်ငံနဲ့နှိုင်းရင် နော်ဝေရဲ့လူနေမှုအဆင့်အတန်းဟာ အလွန်ကြီးမြင့်တာ၊ ခိုင်လုံ ဘက်စုံ ကျနတဲ့ လူမှုဖူလုံရေးစံနစ်လဲရှိတာ၊ The economy of Norway is a developed mixed economy with heavy state-ownership in strategic areas of the economy. Although sensitive to global business cycles, the economy of Norway has shown robust growth since […]


[1]                        “ဝါဆို ဝါခေါင် ရေကကြီးသနဲ့………………..”   ပြီးခဲ့တဲ့ဥပုဒ်နေ့က စစ်ကိုင်းဘက်ကမိတ်ဆွေတစ်ယောက်ဆီကို ကန်ပါတ်လမ်းကနေအသွားရှမ်းလေးကျွန်းရေမြုတ်နေတာကိုတွေ့ရတော့ အံ့ဩသွားပါတယ်။ ခါတိုင်းဆိုရင် ဒုတိယဝါဆို ဒါမှမဟုတ်ဝါခေါင်လကျမှ ရေဝင်တတ်တဲ့နေရာလေးက အခုပထမဝါဆိုမှာရေတွေရောက်နေလို့ပါ။ ရှမ်းလေးကျွန်းကတော့ ရှေးကတည်းက ဧရာဝတီမြစ်ရေတက်တယ်ဆိုရင် ရေဝင်နေကျ ရေမြုတ်နေကျနေရာပါဘဲ။ ဒါကြောင့်လဲ အဲဒီရွာမှာရှိတဲ့အိမ်အားလုံးခြေတံရှည်တွေဆောက်ထားပါတယ်။ ဒါပေမယ့်လဲ ရေတက်ပြီဆိုတာနဲ့တစ်ရွာလုံးရှိတဲ့လူရောနွားရော ရေလွတ်တဲ့ကန်ပါတ်လမ်းပေါ်ရောက်လာတာပါဘဲ။ ဒီလိုရေတက်ချိန်ဆိုရင် ဧရာဝတီမြစ်ရေကျချိန် သောင်ထွန်းနေတဲ့နေရာမှာယာယီတဲဆောက်ပြီးနေသူတွေရယ်၊ နုံးတင်မြေနုကျွန်းပေါ်မှာနေသူတွေနဲ့မြစ်ကမ်းနံဘေးက ရှိတဲ့ရွာကအိမ်တွေတင်မကပါဘူး စစ်ကိုင်း-ရွှေကြက်ယက်-အမရပူရ ကားလမ်းတောင်ဘက်မှာရှိတဲ့ရွာတွေကအိမ်တွေပါ စစ်ကိုင်းမန်းလေး ကားလမ်းဘေးမှာ အကုန်ရွှေ့ပြီးလာနေကြရတာနှစ်စဉ်နှစ်တိုင်းပါဘဲ။ ရေတက်ပြီဆိုတာနဲ့ကားလမ်းနံဘေးမှာ အိမ်လေးတွေအရှိုအရှိုနဲ့ပေါ်လာပြီး ရေမကျမခြင်းဒီအနားမှာဘဲဖြစ်သလိုနေကြရတော့တာပါဘဲ။ နှစ်စဉ်နှစ်တိုင်း ရေတက်လာရင် ရေလွတ်တဲ့နေရာပြောင်းနေလိုက် ရေကျတော့ မူရင်းနေရာပြန်သွားပြီ တံငါလုပ် ကိုင်းလုပ် ယာလုပ်နဲ့နေခဲ့ကြတာ ဘိုးစဉ်ဘောင်ဆက်အသားကျနေပြီလို့တောင်ဆိုနို်င်ပါတယ်။ ဒီလိုရေတက်ချိန်မှာဆိုရင်ရေဘေးပြေးလာတဲ့မိသားစုတွေအတော်များပါတယ်။ သူတို့ခမျာမှာ ယာယီဆောက်ထားတဲ့တဲပေါက်စနထဲမှာဖြစ်သလိုနေကြရပါတယ်။ နေ့ဆိုအိမ်ရှိလူကုန်အပြင်ထွက်နေ၊ညဆိုတိုးခွေ့အိပ်၊ထမင်းဟင်းချက်တော့ တဲ့ရှေ့မှာမီးခိုးတလူလူနဲ့ချက်။ သုံးတဲ့ရေက ကျောပေးထားတဲ့မြစ်ရေကိုခပ်သုံး။ အိမ်သာမရှိတော့ ကြုံတဲ့နေရာမှအညစ်အကြေးစွန့် […]


marblecommetJuly 18, 20121min30024
အခန်း။ ။ (ဝင်္ကပါ) ဦးနှောက်ကို ခဏအနားပေးပြီး ပကတိစိတ်နဲ့ တွေးကြည့်တယ်။ ဝင်္ကပါ ဆိုတာ ဘာလဲ ကိုကိုရဲ့..။ ဝင်္ကပါဆိုတာ သိပ်ကိုချွန်မြနေတဲ့ အဝန်းအဝိုင်းဖြစ်စဉ်ကြီးတစ်ခုပါကွာ။ အနားသပ်မျဉ်းလည်း သိပ်ကို ပိရိသပ်ရပ်တယ်။ ကိုဩဒနိတ်လည်း သိပ်ကို တိကျတယ်။ အလျှင်နှုန်း၊ အရွေ့လည်း သိပ်ကို စမတ်ကျတယ်။ အဲဒါ ဝင်္ကပါလို့ ခေါ်တာပေါ့ ပန်းဝါ။ ဒါက အဓိပါယ်ကောက်နုတ်ချက် တစ်ခုလား ကိုကို…။ ……. ကိုယ်တို့ဘဝမှာ ဗျူဟာတွေ ရှိကြတယ်။ ဘဝကို တည်ဆောက်ပြုပြင်ခြင်းဗျူဟာ။ စာသင်ကျောင်းက သင်ပေးလိုက်တဲ့ဗျူဟာ။ မိမိကိုယ်ကို သိတတ်တဲ့အချိန်မှာ တည်ဆောက်ထားတဲ့ဗျူဟာ။ စသည်ဖြင့်ပေါ့။ ဒါက သမားရိုးကျ ဗျူဟာတစ်ခု ဆိုပါစို့။ ဒါက ကောက်ကျစ်မှုမပါ။ စနစ်တကျ ကြံစည်ပြုမူခြင်းမပါတဲ့ ဗျူဟာပေ့ါ။ …. တချို့ […]


lon donJuly 18, 20121min1747
ငယ်စဉ်က အဖော်ခင်မှု ဆော့ဖော်ဆော့ဖတ်ရှာမှုကြောင့် မကြာခဏ လူကြီးမိဘများ၏ အဆူ၊ အပြော၊ အရိုက်အပုတ် ခံခဲ့ရသည်။ အပေါင်းအသင်းနည်းသူ၊ အေးအေးလူလူ နေတက်သူကို လူတောမတိုးသူ၊ အပေါင်းအသင်းများသူကို လူဝင်ဆန့်သူလို့ ဆိုကြပြန်သည်။ လူဖြစ်လို့တစ်ဦးတည်း၊ တစ်ယောက်တည်းနေလို့မှ မရတာ၊ ကိုယ်လို့သူလို့ လူအသိုင်းအဝိုင်းနှင့် နေတတ်ကြပါကလား။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနှင့် သင့်တင့်လျော် ကန်အောင် နေမှ၊ ထိုင်မှ၊ ပြောမှ၊ ဆိုမှ အဆင်ပြေမည်မဟုတ်လား။ ငယ်သူတို့က သက်ကြီးရွယ်အိုများကို အဖော်လုပ် မိတ်ဖွဲ့ဘို့ကလည်း မသင့်။ ကြီးသူတို့၏ ဆိုဆုံးမမှုကို တုတ်ကွရိုသေ မျက်နှာပိုးသေပါမှ၊ ဂါရဝ၊ နိဝါတ မဟုတ်ပေ ဘူးလား။ သို့နှင့် လူတစ်လုံး၊ သူတစ်လုံးဖြစ်မှ ကိုယ်ခြေထောက်ပေါ် ကိုမတ်၊ အရပ်တကာ ဒိုးယိုဖောက် ကိုယ့်ဝန် ကိုထမ်း၊ ကိုယ့်လမ်းကို ကိုယ်လျှောက်တော့မှ ခင်ရာဆွေမျိုး၊ […]


NovyJuly 18, 20121min46543
ရွာထဲက စာရေးသူ တစ်ယောက်ရေးတဲ့ ဂျုံမြက်နုရဲ ဆေးဖက်ဝင်ပုံတွေကို ဖက်ပြီး ထဲက စိတ်ဝင်စားပြီး စိုက်ချင်နေတာ ရန်ကုန်မှာ ဂျုံေစေ့ရှာလို မရဖြစ်နေတော့ မစိုက်ရဘူး ဇွန်ကကုန် လောက်မှာ သူငယ်ချင်းတစ်ယောက်ဆီက ရလို့ စိုက်ပြီး ဂျုံမြက်နု ဖျော်ရည်လုပ်ပြီး သောက်နေတယ် ရွာသူားတွေလည်း စိုက်နိုင် သောက်နိုင်အောင် ဓာတ်ပုံလေးတွေတင်လိုက်ပါတယ်   ဂျုံစေ့တွေပါ     ဂျုံမြက်နု ဂျုံစေ့တွေကို ပန်းအိုးထဲမှာ စိုက်ထားတာပါ ခူးပြီးသာ ဂျုံမြတ်နု ဂျုံစေ့ကို စိုက်ပြီး 8-10ရက်သားမှာ ခူးထားတာပါ အဲဒီ အချိန်က ဆေးဖက်အဝင်ဆုံးလို့ပြောလို့ပါ ဖျော်ရည်စက်နဲ့ ကြိတ်လိုက်ပြီ သန့်စင်အောင် ဆေးထားတဲ့ ဂျုံမြက်နတွေကို သကြားလေးနဲနဲ ထည့်ပြီး ရေနဲ့ ကြိတ်လိုက်ထားတာပါ ဂျုံမြက်နုဖျော်ရည် ဂျုံမြက်နုဆိုတဲ့ အတိုင်း မြက်ရနံ့လေးတော့ […]


ဦး ဂ်စ္July 18, 20121min57119
HIV အတွက် ဆေးသစ်ပေါ်ပြီ HIV ရောဂါပိုးကို ကာကွယ်တာဆီးနိုင်မယ့် ဆေးဝါးတမျိုးကို အမေရိကန် အစားအသောက်နှင့် ဆေးဝါး ထိန်းချုပ်ရေးဌာန Food and Drug Adminstration (FDA) က ဇူလိုင်လ ၁၆ ရက်နေ့က ထောက်ခံ အတည်ပြုပေးလိုက်ပါတယ်။ ကမာ္ဘပေါ်မှာ ကြောက်စရာ အကောင်းဆုံးရောဂါဖြစ်တဲ့ (AIDS) ရောဂါဆိုးကို ဖြစ်ပေါ်စေတဲ့ ဗိုင်းရပ်စ် တမျိုးဖြစ်တဲ့ HIV ပိုး ကို ကာကွယ်နိုင်မယ့် ဆေးဝါးမျိုးကို ထုတ်လုပ်နိုင်ဖို့အတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ် ကတည်းက ဆေးဝါ သုတေသီတွေ ကြိုး စားခဲ့ကြတာဖြစ်ပါတယ်။ ထို ဆေးဝါးကို တီထွင်နိုင်ခဲ့တဲ့အတွက် အောင်မြင်မှု မှတ်တိုင်တစ်ရပ် ဖြစ်ခဲ့ပါတယ်တဲ့။ ယခုအချိန်မှာတော့ HIV ပိုးကို တားဆီးပေးနိုင်တဲ့ (Truvada) လို့ […]


tharli karJuly 18, 20121min29220
က =   ကလေးငယ်ချစ်စဖွယ်၊ ရွာသူများရဲ့ အရွယ် ခ  =    ခရေကုံး မလေးပြုံး၊ ဂေးဇက်ကြောင်ကြီး အလှဆုံး။ ဂ  =    ဂဏန်းသွင်ပြုံးရွှင်ရွှင်၊ ဂေးဇက်ရွာအဝင် င  =    ငချိတ်ပေါင်း စားလို့ကောင်း၊ ဂေးဇက်ရွာသူ -င်ဟောင်းလောင်း။ စ  =    စခန်းသာ ဂေးဇက်မှာ၊ ကြုံတဲ့အခါတိုင်း ဝင်ရေးပါ ဆ =    ဆရာမရိုသေကြ၊ ဒေါ်ဒေါ်အိတုံ     ဝ တ တ။ ဇ  =    ဇောက်ဆရာ ဦးဇင်းထိုးဟာ၊ တရားတွေလည်း ဟောသဗျာ ည =   ညပိုင်းမှ ကွန်းနရှင်က၊ ပို့(စ်) တင်ရင်လည်း အဆင်ပြေလှ။ တ […]


ကထူးဆန္းJuly 18, 20121min30526
အာ … ဟိ ။။ ဒုသမ္မတ ရွေးကောက်ပွဲ ရွှေ့လိုက်တယ်တဲ့ ။ သတိပြုမိသူလည်း ရှိ ။ မပြုမိသူလည်း ရှိမှာပေါ့နော် ။။ အမည် တင်သွင်းခံရသူ သား က ဩစတြေးလျ နိုင်ငံသား ဖြစ်နေလို့တဲ့ ။ ချွေးမ ကလည်း ဩစတြေးလျ သူ ဆိုတော့ .. ဩစတြေးလျ စီတီဇင် များ ပြန် အပ်ကြပြီး ဟုတ် တော့ ဘူး လုပ်ကြဦးမလား မသိ ….. အာ..ဟ်ိ။။။ xxxxxxxxxxxxxxxxxxxxxxxxxxxxx ဘယ်နှယ့် ဘယ်နှယ့် ကျုပ်တို့ ပြည်သူ့ရဲ တွေကို အလုပ်မလုပ်ကြဘူး ပြောကြသတုံး … May I help you ကို Pay […]


marblecommetJuly 18, 20121min38224
အခန်း။ ။ (အိပ်မက်) အိပ်မက်တစ်ခုထဲ ရောက်နေသည်။ ရှေ့တူရူမှာ ပွဲတော်၏ အသံများ ဆူညံပျံ့လွင့်နေ၏။ ကိုယ်တို့နှစ်ယောက်လည်း ထိုနေရာသို့ တရွေ့ရွေ့ တလွင့်လွင့်။ စိမ်းမြမြ မြက်ခင်းဆီက နိမိတ်ပုံတစ်ခု သယ်ဆောင်လာတဲ့ လေညှင်းတစ်ချက်က သုတ်ခနဲ တိုက်ခတ်သွားတဲ့အခါ အရိုးထဲထိ အေးစက်တုန်ခါသွားသည်။ နွေးလျလျ လက်ကလေး တစ်ဖက် ကိုယ့်လက်ကိုလာထိကိုင်သည်။ ကိုယ် လှည့်ကြည့်လိုက်သောအခါ သူမနှင့် အကြည့်ချင်းဆုံကြသည်။ ကိုယ်တို့ တစ်ယောက်စိတ်ကို တစ်ယောက်သိနေကြတယ်။ ဟုတ်တယ်။ ဟုတ်တယ်။ သူမ မျက်ဝန်းမှာ ပွင့်နေတဲ့ စံပါယ်တွေကို ကိုယ်ကလွဲလို့ ဒီကမ္ဘာပေါ်မှာ ဘယ်သူတစ်ဦး တစ်ယောက်ကမှလည်း တွေ့ရှိရမှာ မဟုတ်ပါဘူး။ စကားပြောဖို့ အလျှင်းမလိုတဲ့ ကိုယ်တို့ ဘာသာစကားနဲ့ ကိုယ်တို့ဟာ ရှေ့သို့ တရွေ့ရွေ့ . . .။ […]